< ဇာခရိ 14 >
1 ၁ ထာဝရဘုရားအရေးယူဆောင်ရွက်တော်မူ မည့်နေ့ရက်ကာလကျရောက်လာလိမ့်မည်။ ထို အခါယေရုရှလင်မြို့သည်တိုက်ခိုက်လုယက် ခြင်းကိုခံရလျက် လူတို့၏တိုက်ရာပါပစ္စည်း များကိုသင်တို့မျက်မှောက်၌ပင်ခွဲဝေယူ ကြလိမ့်မည်။-
A day is coming for the Lord, when your plundered possessions will be divided while you watch.
2 ၂ ယေရုရှလင်မြို့ကိုစစ်ဆင်ရန်ထာဝရ ဘုရားသည် လူမျိုးတကာတို့အားစုရုံး ခေါ်ဆောင်ကာလာတော်မူလိမ့်မည်။ ထိုမြို့ သည်အသိမ်းခံရလိမ့်မည်။ အိမ်များသည် အလုခံရလျက်အမျိုးသမီးများသည် လည်း မတော်မတရားပြုကျင့်ခြင်းကိုခံရ ကြလိမ့်မည်။ လူဦးရေထက်ဝက်မျှပြည်နှင် ဒဏ်သင့်ကြမည်ဖြစ်သော်လည်း ကျန်ထက် ဝက်မှာထိုမြို့မှပြောင်းရွှေ့ရကြလိမ့်မည် မဟုတ်။-
And all the nations will gather to Jerusalem, to fight against it. The city will be taken and the houses plundered and the women raped. Half of the city will go into captivity, and the rest of the people left in the ruins.
3 ၃ ထိုနောက်ထာဝရဘုရားသည်အတိတ် ကာလများမှာကဲ့သို့ထွက်ကြွတော်မူ၍ ထိုလူမျိုးတို့အားတိုက်ခိုက်တော်မူလိမ့် မည်။-
Then the Lord will go forth and fight against these nations, as once he fought in the day of battle.
4 ၄ ထိုအခါကိုယ်တော်သည်ယေရုရှလင် မြို့၏အရှေ့ဘက်၌ရှိသောသံလွင်တောင် ပေါ်တွင်ရပ်တော်မူသဖြင့် သံလွင်တောင် သည်အရှေ့မှအနောက်သို့နှစ်ခြမ်းကွဲ လျက်ချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပေါ်လာ လိမ့်မည်။ တောင်တစ်ခြမ်းသည်မြောက်ဘက် သို့လည်းကောင်း၊ အခြားတစ်ခြမ်းသည် တောင်ဘက်သို့လည်းကောင်း၊ ရွေ့လျား သွားလိမ့်မည်။-
On that day his feet will stand on the Mount of Olives, (which is opposite Jerusalem, on the east). The Mount of Olives will be split into halves, from east to west, by an exceedingly great valley; and half of the mountain will slide northwards and half southwards.
5 ၅ သင်တို့သည်တောင်နှစ်ခြမ်းခွဲရာချိုင့်ဝှမ်း လမ်းဖြင့်ထွက်ပြေးလွတ်မြောက်ကြလိမ့် မည်'' ဟုယုဒဘုရင်သြဇိ၏လက်ထက် ၌မြေငလျင်လှုပ်စဉ်အခါက သင်တို့ ၏ဘိုးဘေးများထွက်ပြေးရကြသကဲ့ သို့သင်တို့သည်လည်းထွက်ပြေးရကြ လိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရ ဘုရားသည် မိမိနှင့်အတူကောင်းကင် တမန်များကိုခေါ်ဆောင်ကာကြွလာ တော်မူလိမ့်မည်။
You will escape through my valley – the valley between the hills will extend as far as Azel, and you will flee as you fled from before the earthquake, in the days of Uzziah king of Judah. But the Lord your God will come, and all the holy ones with him.
6 ၆ ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။-
And in that day, there will be no heat nor cold nor frost,
7 ၇ မှောင်မိုက်လည်းရှိတော့မည်မဟုတ်၊ ထူးခြား သောနေ့ဖြစ်မည်။ ညဥ့်အချိန်၌ပင်လျှင် အစဉ်အမြဲနေရောင်လင်း၍နေလိမ့်မည်။ အဘယ်အခါ၌ဤသို့ဖြစ်ပျက်လာမည် ကိုမူ ထာဝရဘုရားတစ်ပါးတည်းသာ လျှင်သိတော်မူ၏။
but it will be constant day – it is known to the Lord – with neither day nor night. Even at evening time there will be light.
8 ၈ ထိုနေ့ရက်ကာလကျရောက်လာသောအခါ ယေရုရှလင်မြို့မှစမ်းရေများစီးဆင်း၍ လာလိမ့်မည်။ ထိုရေ၏တစ်ဝက်သည်ပင်လယ် သေထဲသို့လည်းကောင်း၊ အခြားတစ်ဝက်သည် မြေထဲပင်လယ်ထဲသို့လည်းကောင်း တစ်နှစ် ပတ်လုံးဆောင်းရောနွေပါစီးဆင်းသွားလိမ့် မည်။-
And on that day living waters will flow from Jerusalem, half of them to the eastern sea and half of them to the western sea; in both summer and winter.
9 ၉ ထိုအခါကမ္ဘာတစ်ဝှမ်းလုံးကိုထာဝရ ဘုရားအုပ်စိုးတော်မူလိမ့်မည်။ လူအပေါင်း တို့သည်လည်းကိုယ်တော်အား မိမိတို့၏ ဘုရားသခင်အဖြစ်ဝတ်ပြုကိုးကွယ်ကာ ထိုနာမတော်တစ်ပါးတည်းဖြင့်သိမှတ် ကြလိမ့်မည်။
The Lord will be king over all the earth. On that day the Lord will be one, and his name one.
10 ၁၀ မြောက်ဘက်ရှိဂေဘမြို့မှသည် တောင်ဘက်ရှိ ရိမ္မုန်မြို့တိုင်အောင်ယေရုရှလင်မြို့ပတ်ဝန်း ကျင်မှ မြေများကိုညီညာအောင်ညှိရကြ လိမ့်မည်။ ယေရုရှလင်မြို့သည်လည်းပတ် ဝန်းကျင်မြေများ၏အထက်တွင်မိုး၍နေ လိမ့်မည်။ ဤမြို့သည်ဗင်္ယာမိန်တံခါးမှသည် တံခါးဟောင်းရှိခဲ့ဖူးသည့်မြို့ထောင့်တံခါး တိုင်အောင်လည်းကောင်း၊ ဟာနနေလရဲတိုက် မှသည်နန်းတော်စပျစ်သီးနယ်ရာကျင်း များတိုင်အောင်လည်းကောင်းတည်ရှိလိမ့်မည်။-
The land will be changed to plain, from Geba to Rimmon, south of Jerusalem, but Jerusalem will be high and inhabited as it stands, from the Benjamin Gate up to the place of the first gate, and from the Tower of Hananel to the Corner Gate, and as far as the king’s winepresses.
11 ၁၁ လူတို့သည်ဆုံးပါးပျက်စီးမည့်ဘေးဖြင့် ခြိမ်းချောက်မှုမခံရတော့ဘဲ ထိုအရပ်တွင် ဘေးမဲ့လုံခြုံစွာနေထိုင်ရကြလိမ့်မည်။
Jerusalem will be inhabited, for never again will it be doomed to destruction, and its people will abide in security.
12 ၁၂ ထာဝရဘုရားသည်ယေရုရှလင်မြို့ကို တိုက်ခိုက်သူလူမျိုးအပေါင်းတို့အပေါ် သို့ ကြောက်မက်ဖွယ်ကောင်းသည့်အနာရောဂါ ဘေးသက်ရောက်စေတော်မူလိမ့်မည်။ သူတို့ သည်အသက်ရှင်လျက်ရှိစဉ်အခါ၌ပင် အသားအရေများပုပ်ပျက်၍သွားလိမ့် မည်။ သူတို့၏မျက်စိများနှင့်လျှာများ သည်လည်းပုပ်ပျက်၍သွားလိမ့်မည်။
This is the plague with which the Lord will strike all the peoples who array themselves against Jerusalem: he will make their flesh rot while they stand on their feet, and their eyes will rot in their sockets, and their tongues will rot in their mouth.
13 ၁၃ ထိုအခါထာဝရဘုရားသည် သူတို့အား အလွန်ရှုပ်ထွေးကြောက်လန့်စေတော်မူမည် ဖြစ်၍ လူတိုင်းပင်မိမိတို့အနီးတွင်တွေ့ ရှိသူတို့ကိုဖမ်းဆီးတိုက်ခိုက်ကြလိမ့်မည်။-
On that day a great panic sent by the Lord will fall on them. Everyone will seize their neighbours and attack them.
14 ၁၄ ယုဒပြည်သူတို့ကမူယေရုရှလင်မြို့ အတွက် ခုခံကာကွယ်တိုက်ခိုက်ကာလူမျိုး တကာတို့၏ဥစ္စာဘဏ္ဍာများဖြစ်သော ရွှေ ငွေအဝတ်အစားအမြောက်အမြားကို တိုက်ရာပါပစ္စည်းအဖြစ်သိမ်းယူကြလိမ့် မည်။
Even Judah will fight at Jerusalem, and the wealth of the surrounding nations will be gathered up – gold and silver and piles of clothing.
15 ၁၅ ရန်သူတပ်စခန်းမှမြင်း၊ ကုလားအုတ်၊ မြည်း အစရှိသည့်တိရစ္ဆာန်အပေါင်းတို့အပေါ် သို့လည်း ကြောက်မက်ဖွယ်ကောင်းသည့်အနာ ရောဂါဘေးကျရောက်လိမ့်မည်။
Plague will fall upon the horses, mules, camels, and asses, and on all the animals in all those camps.
16 ၁၆ ထိုအခါယေရုရှလင်မြို့ကိုတိုက်ခိုက်ခဲ့ ကြသောလူမျိုးတို့အနက်မှအသက် မသေဘဲ ကျန်ရှိသူလူအပေါင်းတို့သည် အနန္တတန်ခိုးရှင်ထာဝရဘုရား၏အုပ် စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုး ဝတ်ပြုကြရန်လည်းကောင်း၊ သစ်ခက်တဲ နေပွဲတော်ကိုကျင်းပကြရန်လည်းကောင်း ထိုမြို့သို့နှစ်စဉ်နှစ်တိုင်းလာရောက်ကြ လိမ့်မည်။-
All who are left of all the nations which fought against Jerusalem will come up from year to year to worship the King, the Lord of hosts, and to keep the pilgrim-feast of tabernacles.
17 ၁၇ အကြင်လူမျိုးသည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏အုပ်စိုးမှုကိုဝန်ခံ၍ ကိုယ်တော်အားရှိခိုးဝတ်ပြုရန်ငြင်းဆန် ၏။ ထိုလူမျိုးတို့၏ပြည်သည်မိုးခေါင် လိမ့်မည်။-
Whoever of all the peoples of the earth will not come up to Jerusalem to worship the King, the Lord of hosts, on them there will be no rain.
18 ၁၈ အကယ်၍အီဂျစ်အမျိုးသားတို့သည်သစ် ခက်တဲနေပွဲတော်ကိုကျင်းပရန်ငြင်းဆန် ကြပါမူ သူတို့သည်ယင်းသို့ငြင်းဆန်သူ များအတွက်ထာဝရဘုရားစေလွှတ်တော် မူသောအနာရောဂါဘေးနှင့်ကြုံတွေ့ရ လိမ့်မည်။-
If the family of Egypt does not go up nor enter in, on them also will come the plague with which the Lord will strike the nations.
19 ၁၉ ဤကားသစ်ခက်တဲနေပွဲတော်ကိုမကျင်း ပခဲ့သော် အီဂျစ်ပြည်နှင့်အခြားနိုင်ငံ အပေါင်းတို့ခံရကြမည့်အပြစ်ဒဏ်ပင် ဖြစ်သတည်း။
This will be the punishment for the sin of Egypt and the punishment for the sin of all nations which do not come up to keep the feast of the tabernacles.
20 ၂၀ ထိုအချိန်ကာလ၌မြင်းကကြိုးတန်ဆာ ခေါင်းလောင်းများပေါ်တွင်``ထာဝရဘုရား အားဆက်ကပ်ထားသည်'' ဟူသောစာတမ်း ကိုကမ္ပည်းထိုး၍ထားလိမ့်မည်။ ဗိမာန်တော် တွင်ချက်ပြုတ်သည့်အိုးများသည်ယဇ်ပလ္လင် ရှေ့မှခွက်ဖလားများကဲ့သို့သန့်ရှင်းမြင့် မြတ်ကြလိမ့်မည်။-
On that day there will be inscribed upon the bells of the horses, ‘Holy to the Lord’ and the pots in the house of the Lord will be as holy as the sacrificial bowls before the altars.
21 ၂၁ ယေရုရှလင်မြို့နှင့်ယုဒပြည်တစ်ပြည် လုံးတွင်ရှိသမျှသောအိုးတို့ကိုလည်း သန့်ရှင်းမြင့်မြတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ် မှုတွင်အသုံးပြုရန်အတွက် သီးသန့်ထား ရှိကြလိမ့်မည်။ ထိုနေ့ရက်ကာလကျ ရောက်လာသောအခါ အနန္တတန်ခိုးရှင် ထာဝရဘုရား၏ဗိမာန်တော်တွင် အဘယ် သို့သောရောင်းဝယ်သူတစ်ဦးတစ်ယောက် မျှရှိတော့မည်မဟုတ်။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
Every pot in Jerusalem and in Judah will be holy to the Lord of hosts and all who sacrifice will come and take of them and cook the sacrifices in them. There will be no more traffickers in the house of the Lord of hosts in that day.