< ဇာခရိ 13 >

1 ထာ​ဝ​ရ​ဘု​ရား​က``ထို​အ​ချိန်​ကျ​ရောက် လာ​သော​အ​ခါ ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက် များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား မိ​မိ​တို့​၏​အ​ပြစ်​များ​နှင့်​ရုပ်​တု ကိုး​ကွယ်​မှု​မှ​သန့်​စင်​စိမ့်​သော​ငှာ​စမ်း ရေ​ပေါက်​ဖွင့်​လျက်​လာ​လိမ့်​မည်။-
At that time [it will be as though] [MET] there will be a fountain from which water flows continually to cleanse the descendants [MTY] of [King] David and [all] the [other] people in Jerusalem from the guilt of the sins that they have committed, [especially] from becoming unacceptable to me [by worshiping idols].
2 ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-
The Commander of the armies of angels says, “At that time, I will prevent [people from even mentioning] the names of the idols in their country, and no one will remember them any more. I will also expel from the land all the people who falsely claim that they are prophets [DOU].
3 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ် တော်​ကို ဆင့်​ဆို​သူ​ရှိ​နေ​သေး​ပါ​မူ​သူ​၏ မိ​ဘ​များ​သည် သူ့​အား`သင်​သည်​ထာ​ဝ​ရ ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​ပါ သည်​ဟု​ဆို​သော်​လည်း မု​သား​စ​ကား​များ ကို​သာ​လျှင်​အ​သုံး​ပြု​သ​ဖြင့်​သေ​ဒဏ် ခံ​ရ​ပေ​မည်' ဟု​ဆို​ကာ​ထို​သူ​ဟော​ပြော နေ​ချိန်​၌​ပင် သူ​၏​မိ​ဘ​များ​သည်​သူ့ အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​ကြ​လိမ့်​မည်။-
If someone continues to prophesy [falsely], his parents must say to him, ‘You have told lies saying that Yahweh [MTY] gave those messages to you, so you must be executed.’ [So] if someone prophesies [like that], his own father and mother must stab him [and kill him].
4 ထို​အ​ချိန်​ကျ​ရောက်​လာ​သော​အ​ခါ​အ​ဘယ် ပ​ရော​ဖက်​မျှ မိ​မိ​တွေ့​မြင်​ရ​သည့်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တွက်​ဂုဏ်​ယူ​ဝါ​ကြွား​လိမ့်​မည် မ​ဟုတ်။ အ​ဘယ်​သူ​မျှ​ပ​ရော​ဖက်​၏​အ​ပြု အ​မူ​မျိုး​ကို​ပြု​လိမ့်​မည်​မ​ဟုတ်။ လှည့်​ဖျား ရန်​အ​လို​ငှာ​ပ​ရော​ဖက်​၏​အ​ဝတ်​မျိုး​ကို လည်း​ဝတ်​လိမ့်​မည်​မ​ဟုတ်။-
At that time, the false prophets will be ashamed [that they claimed to have received messages from me in] their visions and prophesies [that they told to people]. They will no [longer] deceive people by wearing the clothes [that prophets usually wear], clothes made of [animals’] hair.
5 ယင်း​သို့​ပြု​မည့်​အ​စား`အ​ကျွန်ုပ်​သည်​ပ​ရော ဖက်​မ​ဟုတ်​ပါ။ လယ်​သ​မား​ဖြစ်​၍​တစ်​သက် လုံး​လယ်​ယာ​ကို​ထွန်​ယက်​ခဲ့​ပါ​၏' ဟု​ဆို လိမ့်​မည်။-
[So] each of them will say, ‘I am not [really] a prophet; I am a farmer, and I have been a farmer on my land ever since I was a boy!’
6 ထို​နောက်​အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်`သင် ၏​ရင်​၌​ရှိ​သော​ဒဏ်​ရာ​ကား​အ​ဘယ်​နည်း' ဟု မေး​ခဲ့​သော်​ထို​သူ​က`အ​ကျွန်ုပ်​သည်​ဤ​ဒဏ် ရာ​များ​ကို​မိတ်​ဆွေ​တစ်​ဦး​၏​အိမ်​တွင်​ရ​ရှိ ခဲ့​ပါ​သည်' ဟု​ပြန်​ပြော​လိမ့်​မည်'' ဟူ​၍​မိန့် တော်​မူ​၏။
But someone, [seeing the wounds on one of those prophet’s bodies, will suspect that he injured himself during rituals to worship idols, and he] will ask ‘Why are those wounds on your body?’ And he [will lie, saying] ‘I was injured [when I was] at my friend’s house.’”
7 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အို ဋ္ဌား၊ နိုး​ထ​၍​ငါ​၏​အ​မှု​တော်​ထမ်း​သိုး​ထိန်း​ကို တိုက်​ခိုက်​လော့။ သူ့​အား​သတ်​ဖြတ်​လော့။ ထို အ​ခါ​သိုး​တို့​သည်​က​စင့်​က​ရဲ​ဖြစ်​၍​သွား လိမ့်​မည်။ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​ကို တိုက်​ခိုက်​မည်​ဖြစ်​၍၊-
The Commander of the armies of angels says, “[My] sword [APO] must strike [the one who is like] [MET] my shepherd, the man who is (my companion/very (close/dear) to me). When the shepherd is killed, [those who are like] [MET] his sheep will scatter. [And those who are like] [MET] my little sheep will [also] be attacked [IDM].”
8 ဤ​ပြည်​သူ​ပြည်​သား​သုံး​ပုံ​နှစ်​ပုံ​သေ​ဆုံး လိမ့်​မည်။''
Yahweh [also] says, “Two-thirds [of the people in Judah] will die [DOU]. [Only] one-third [of the people in Judah] will remain alive.
9 ``ထို​နောက်​ငါ​သည်​ငွေ​ကို​မီး​နှင့်​ချွတ်​သ​ကဲ့ သို့ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သူ​သုံး​ပုံ တစ်​ပုံ​ကို​သန့်​စင်​စေ​မည်။ သူ​တို့​၏​အ​ကဲ​ကို စမ်း​၍​ကြည့်​မည်။ ငါ​သည်​ရွှေ​ကို​စမ်း​သပ်​၍ ကြည့်​သ​ကဲ့​သို့​သူ​တို့​ကို​စမ်း​သပ်​ကြည့်​မည်။ ထို​အ​ခါ​သူ​တို့​သည်​ငါ့​ထံ​သို့​ဆု​တောင်း ပတ္ထနာ​ပြု​ကြ​လိမ့်​မည်။ ငါ​သည်​လည်း​နား ညောင်း​မည်။ သူ​တို့​သည်​ငါ​၏​လူ​မျိုး​တော် ဖြစ်​ကြောင်း​သူ​တို့​အား​ငါ​ဖော်​ပြ​မည်။ သူ တို့​က​လည်း​ငါ​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ဝန်​ခံ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
And I will test the ones that remain alive [by causing them to experience great difficulties, to find out if they will continue to worship me]. I will purify them like [MET] a man purifies gold or silver by putting it into a [very hot] fire. [Then] my people will call to me [MTY] [for help], and I will answer them. I will say [to them], ‘You are my people,’ and they will say, ‘Yahweh is our God.’”

< ဇာခရိ 13 >