< ဇာခရိ 12 >
1 ၁ ဤဗျာဒိတ်တော်သည်မိုးကောင်းကင်ကို ဖြန့်ကြက်၍ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီး လျှင် လူသတ္တဝါအားအသက်ကိုပေးတော် မူသောထာဝရဘုရား၏ထံတော်မှ ဣသရေလအမျိုးသားတို့နှင့်စပ်ဆိုင် သည့်ဗျာဒိတ်တော်ဖြစ်၏။-
Revelação da palavra do SENHOR sobre Israel: O SENHOR, que estende o céu, e funda a terra, e forma o espírito do ser humano em seu interior, diz:
2 ၂ ကိုယ်တော်က``ငါသည်ယေရုရှလင်မြို့ကို စပျစ်ရည်ခွက်ဖလားနှင့်တူစေမည်။ မြို့ ပတ်ဝန်းကျင်ရှိလူမျိုးတကာတို့သည် ထိုစပျစ်ရည်ကိုသောက်၍ သေသောက်ကြူး များကဲ့သို့ယိမ်းယိုင်လျက်နေကြလိမ့်မည်။ သူတို့သည်ယေရုရှလင်မြို့ကိုဝိုင်းရံ တိုက်ခိုက်ကြသောအခါ အခြားယုဒမြို့ တို့သည်လည်းအဝိုင်းခံရကြလိမ့်မည်။-
Eis que eu farei de Jerusalém um copo de cambalear a todos os povos de ao redor; e também será sobre Judá, durante o cerco contra Jerusalém.
3 ၃ သို့ရာတွင်ထိုအချိန်အခါ၌ငါသည် ယေရုရှလင်မြို့ကို လေးလံသောကျောက်တုံး ကြီးသဖွယ်ဖြစ်စေမည်။ ထိုကျောက်ကိုကြိုး စား၍ချီမသည့်လူမျိုးသည်အနာတရ ဖြစ်လိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်း တို့သည်ထိုမြို့ကိုဝိုင်းဝန်းတိုက်ခိုက်ကြ လိမ့်မည်။-
E será naquele dia, que farei de Jerusalém uma pedra pesada a todos os povos; todos os que a carregarem serão seriamente feridos, ainda que todas as nações da terra se ajuntarão contra ela.
4 ၄ ထိုအခါငါသည်သူတို့၏မြင်းများကို ခြောက်လှန့်ကာမြင်းစီးသူရဲအပေါင်းကို ရူးသွတ်သွားစေမည်'' ``ယုဒပြည်သား တို့ကိုငါကြည့်ရှုမည်။ ရန်သူတို့၏မြင်း များကိုမူကားမျက်စိကန်းစေမည်။-
Naquele dia, diz o SENHOR, ferirei com espanto a todo cavalo, e com loucura ao cavaleiro; mas sobre a casa de Judá abrirei meus olhos, e a todo cavalo dos povos ferirei com cegueira.
5 ၅ ထိုအခါအနန္တတန်ခိုးရှင်ထာဝရဘုရား သည်ယေရုရှလင်မြို့တွင်နေထိုင်သူ မိမိ၏ လူမျိုးတော်အားခွန်အားကိုပေးတော်မူ ပါ၏ဟုယုဒနွယ်သားစုများသည်မိမိ တို့အချင်းချင်းပြောဆိုကြလိမ့်မည်။''
Então os líderes de Judá dirão em seu coração: Os moradores de Jerusalém serão minha força no SENHOR dos exércitos seu Deus.
6 ၆ ``ထိုအခါငါသည်ယုဒနွယ်သားစုများ ကိုတောမီးကဲ့သို့လည်းကောင်း၊ စပါးမှည့် လျက်နေသည့်လယ်ကွက်တွင်လောင်သောမီး ကဲ့သို့သော်လည်းကောင်းဖြစ်စေမည်။ သူတို့ သည်မိမိတို့အနီးအနားရှိလူမျိုးအပေါင်း တို့ကိုသုတ်သင်ဖျက်ဆီးကြလိမ့်မည်။ ယေရု ရှလင်မြို့သူမြို့သားတို့မူကား မိမိတို့မြို့ တွင်း၌ဘေးမဲ့လုံခြုံစွာနေကြလိမ့်မည်။
Naquele dia farei dos líderes de Judá como um braseiro de fogo debaixo da lenha, e como tocha de fogo debaixo de gravetos; e consumirão todos os povos ao redor à direita e à esquerda; e Jerusalém continuará habitada em seu lugar, em Jerusalém.
7 ၇ ``ငါထာဝရဘုရားသည် ယုဒတပ်မတော် ကိုဦးစွာပထမအောင်ပွဲခံစေမည်။ ဤနည်း အားဖြင့်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် ယေရုရှလင်မြို့သူမြို့သားတို့ခံယူရ ရှိမည့်ဂုဏ်အသရေသည် အခြားယုဒ အမျိုးသားတို့၏ဂုဏ်အသရေထက် ကြီးမြတ်လိမ့်မည်မဟုတ်။-
E o SENHOR salvará primeiramente as tendas de Judá, para que a glória da casa de Davi e a glória dos moradores de Jerusalém não se exaltem sobre Judá.
8 ၈ ထိုကာလ၌ယေရုရှလင်မြို့တွင်နေထိုင် သူလူတို့အား ထာဝရဘုရားသည်ကွယ် ကာစောင့်ထိန်းတော်မူလိမ့်မည်။ သို့ဖြစ်၍ သူတို့အနက်အင်အားအချိနဲ့ဆုံးသော သူများပင်လျှင် ဒါဝိဒ်ကဲ့သို့ကြံ့ခိုင်၍ လာလိမ့်မည်။ ဒါဝိဒ်၏သားမြေးများသည် ထာဝရဘုရား၏ကောင်းကင်တမန်ကဲ့ သို့လည်းကောင်း၊ ဘုရားသခင်ကိုယ်တော် တိုင်ကဲ့သို့လည်းကောင်းသူတို့အားဦး စီးခေါင်းဆောင်ပြုလိမ့်မည်။-
Naquele dia o SENHOR defenderá os moradores de Jerusalém; e o que mais fraco dentre eles, naquele dia será como Davi; e a casa de Davi será como Deus, como o anjo do SENHOR diante deles.
9 ၉ ထိုအခါငါသည်ယေရုရှလင်မြို့ကို တိုက် ခိုက်သည့်လူမျိုးမှန်သမျှတို့အားသုတ် သင်ဖျက်ဆီးမည်။
E será naquele dia que eu buscarei destruir todas as nações que vierem contra Jerusalém;
10 ၁၀ ``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-
Porém sobre a casa de Davi e sobre os moradores de Jerusalém derramarei o Espírito de graça e de orações; e olharão a mim, a quem traspassaram; e farão pranto sobre ele, como pranto [da morte] de filho único; e chorarão amargamente por causa dele, tal como se chora pelo primogênito.
11 ၁၁ ထိုအခါ၌ယေရုရှလင်မြို့တွင်ငိုကြွေး မြည်တမ်းမှုသည်မေဂိဒ္ဒေါလွင်ပြင်တွင် ဗာလ နတ်ဘုရားအတွက်ငိုကြွေးမြည်တမ်းမှုကဲ့ သို့ကြီးကျယ်ပေလိမ့်မည်။-
Naquele dia haverá grande pranto em Jerusalém, como o pranto de Hadade-Rimom no vale de Megido.
12 ၁၂ တိုင်းပြည်တွင်းရှိအိမ်ထောင်မိသားစုများ တစ်ခုစီခွဲ၍ ငိုကြွေးမြည်တမ်းကြလိမ့် မည်။ ဒါဝိဒ်မင်းမှဆင်းသက်သည့်အိမ်ထောင် မိသားစု၊ နာသန်မှဆင်းသက်သည့်အိမ် ထောင်မိသားစု၊-
E a terra prateará, cada família por si só; a família da casa de Davi por si, e suas mulheres por si; a família da casa de Natã por si, e suas mulheres por si;
13 ၁၃ လေဝိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊ ရှိမိမှဆင်းသက်သည့်အိမ်ထောင်မိသားစု၊-
A família da casa de Levi por si, e suas mulheres por si; a família de Simei por si, e suas mulheres por si;
14 ၁၄ အခြားအိမ်ထောင်မိသားစုများစသည် ဖြင့် တိုင်းပြည်တွင်ရှိသမျှသောအိမ်ထောင် မိသားစုတို့သည်သီးသန့်စွာငိုကြွေး မြည်တမ်းကြလိမ့်မည်။ အိမ်ထောင်မိသားစု တစ်ခုစီ၌လည်းအမျိုးသားများသီး သန့်၊ အမျိုးသမီးများသီးသန့်ဖြင့်ငို ကြွေးကြလိမ့်မည်။
Todos as demais famílias, cada família por si, e suas mulheres por si.