< ဇာခရိ 12 >

1 ဤ​ဗျာ​ဒိတ်​တော်​သည်​မိုး​ကောင်း​ကင်​ကို ဖြန့်​ကြက်​၍​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​ပြီး လျှင် လူ​သတ္တဝါ​အား​အ​သက်​ကို​ပေး​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​စပ်​ဆိုင် သည့်​ဗျာ​ဒိတ်​တော်​ဖြစ်​၏။-
Enoncé de la parole de l’Eternel concernant Israël: Parole de l’Eternel qui a déployé les cieux, fondé la terre et formé l’esprit qui anime l’homme:
2 ကိုယ်​တော်​က``ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို စ​ပျစ်​ရည်​ခွက်​ဖ​လား​နှင့်​တူ​စေ​မည်။ မြို့ ပတ်​ဝန်း​ကျင်​ရှိ​လူ​မျိုး​တ​ကာ​တို့​သည် ထို​စ​ပျစ်​ရည်​ကို​သောက်​၍ သေ​သောက်​ကြူး များ​ကဲ့​သို့​ယိမ်း​ယိုင်​လျက်​နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ဝိုင်း​ရံ တိုက်​ခိုက်​ကြ​သော​အ​ခါ အ​ခြား​ယု​ဒ​မြို့ တို့​သည်​လည်း​အ​ဝိုင်း​ခံ​ရ​ကြ​လိမ့်​မည်။-
"Voici que je vais faire de Jérusalem une amphore donnant le vertige à tous les peuples d’alentour; même pour ce qui est de Juda, il sera là quand Jérusalem sera serrée de près.
3 သို့​ရာ​တွင်​ထို​အ​ချိန်​အ​ခါ​၌​ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို လေး​လံ​သော​ကျောက်​တုံး ကြီး​သ​ဖွယ်​ဖြစ်​စေ​မည်။ ထို​ကျောက်​ကို​ကြိုး စား​၍​ချီ​မ​သည့်​လူ​မျိုး​သည်​အ​နာ​တ​ရ ဖြစ်​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း တို့​သည်​ထို​မြို့​ကို​ဝိုင်း​ဝန်း​တိုက်​ခိုက်​ကြ လိမ့်​မည်။-
En ce jour, je ferai de Jérusalem une pierre lourde à soulever pour toutes les nations; tous ceux qui voudront la soulever s’écorcheront cruellement. Cependant tous les peuples de la terre se réuniront contre elle.
4 ထို​အ​ခါ​ငါ​သည်​သူ​တို့​၏​မြင်း​များ​ကို ခြောက်​လှန့်​ကာ​မြင်း​စီး​သူ​ရဲ​အ​ပေါင်း​ကို ရူး​သွတ်​သွား​စေ​မည်'' ``ယု​ဒ​ပြည်​သား တို့​ကို​ငါ​ကြည့်​ရှု​မည်။ ရန်​သူ​တို့​၏​မြင်း များ​ကို​မူ​ကား​မျက်​စိ​ကန်း​စေ​မည်။-
En ce jour, dit l’Eternel, je frapperai tous les chevaux d’épouvante et leurs cavaliers de démence; mais sur la maison de Juda j’aurai les yeux ouverts, tandis que je frapperai de cécité tous les chevaux des nations.
5 ထို​အ​ခါ​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ယေရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ မိ​မိ​၏ လူ​မျိုး​တော်​အား​ခွန်​အား​ကို​ပေး​တော်​မူ ပါ​၏​ဟု​ယု​ဒ​နွယ်​သား​စု​များ​သည်​မိ​မိ တို့​အ​ချင်း​ချင်း​ပြော​ဆို​ကြ​လိမ့်​မည်။''
Alors les chefs de Juda diront en leur cœur: "Je vais renforcer le courage des habitants de Jérusalem par l’Eternel-Cebaot, leur Dieu."
6 ``ထို​အ​ခါ​ငါ​သည်​ယု​ဒ​နွယ်​သား​စု​များ ကို​တော​မီး​ကဲ့​သို့​လည်း​ကောင်း၊ စ​ပါး​မှည့် လျက်​နေ​သည့်​လယ်​ကွက်​တွင်​လောင်​သော​မီး ကဲ့​သို့​သော်​လည်း​ကောင်း​ဖြစ်​စေ​မည်။ သူ​တို့ သည်​မိ​မိ​တို့​အ​နီး​အ​နား​ရှိ​လူ​မျိုး​အ​ပေါင်း တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ကြ​လိမ့်​မည်။ ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​မူ​ကား မိ​မိ​တို့​မြို့ တွင်း​၌​ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ကြ​လိမ့်​မည်။
En ce jour, je ferai des chefs de Juda comme un brasier allumé parmi du bois, comme une torche enflammée au milieu d’un tas de gerbes; ils dévoreront, à droite; à gauche, toutes les nations environnantes; mais Jérusalem continuera à être solidement assise dans Jérusalem.
7 ``ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​တပ်​မ​တော် ကို​ဦး​စွာ​ပ​ထ​မ​အောင်​ပွဲ​ခံ​စေ​မည်။ ဤ​နည်း အား​ဖြင့်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ခံ​ယူ​ရ ရှိ​မည့်​ဂုဏ်​အ​သ​ရေ​သည် အ​ခြား​ယု​ဒ အ​မျိုး​သား​တို့​၏​ဂုဏ်​အ​သ​ရေ​ထက် ကြီး​မြတ်​လိမ့်​မည်​မ​ဟုတ်။-
Et tout d’abord l’Eternel viendra au secours des tentes de Juda, pour que la gloire de la maison de David et la gloire des habitants de Jérusalem ne s’élèvent pas trop au-dessus de Juda.
8 ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။-
En ce jour, l’Eternel étendra sa protection sur les habitants de Jérusalem, et alors le plus vacillant parmi eux sera comme David, et ceux de la maison de David paraîtront à leurs yeux comme des êtres divins, comme des anges de l’Eternel.
9 ထို​အ​ခါ​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို တိုက် ခိုက်​သည့်​လူ​မျိုး​မှန်​သ​မျှ​တို့​အား​သုတ် သင်​ဖျက်​ဆီး​မည်။
En ce jour, je m’appliquerai à détruire toutes les nations venues contre Jérusalem.
10 ၁၀ ``ငါ​သည်​ဒါ​ဝိဒ်​၏​သား​စဉ်​မြေး​ဆက်​များ နှင့် အ​ခြား​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား တို့​အား​က​ရု​ဏာ​ထား​တတ်​သော​သ​ဘော၊ ဆု​တောင်း​ပတ္ထ​နာ​ပြု​တတ်​သော​သ​ဘော နှင့်​ပြည့်​ဝ​စေ​မည်။ သူ​တို့​သည်​မိ​မိ​တို့​ဋ္ဌား နှင့်​ထိုး​၍​သတ်​ခဲ့​သူ​ကို​ကြည့်​ပြီး​လျှင် တစ် ဦး​တည်း​သော​သား​၏​အ​တွက်​ငို​ကြွေး​မြည် တမ်း​ဘိ​သ​ကဲ့​သို့ ထို​သူ​၏​အ​တွက်​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ သူ​တို့​သည်​သား​ဦး သေ​ဆုံး​ရ​သူ​များ​ကဲ့​သို့​ဝမ်း​နည်း​ပက် လက်​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
Mais sur la maison de David et sur les habitants de Jérusalem je répandrai un esprit de bienveillance et de pitié, et ils porteront les regards vers moi à cause de celui qui aura été percé de leurs coups, ils le regretteront comme on regrette un fils unique, et le pleureront amèrement comme on pleure un premier-né.
11 ၁၁ ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ငို​ကြွေး မြည်​တမ်း​မှု​သည်​မေ​ဂိဒ္ဒေါ​လွင်​ပြင်​တွင် ဗာ​လ နတ်​ဘုရား​အ​တွက်​ငို​ကြွေး​မြည်​တမ်း​မှု​ကဲ့ သို့​ကြီး​ကျယ်​ပေ​လိမ့်​မည်။-
En ce jour, il y aura grand deuil à Jérusalem, comme fut le deuil de Hadad-Rimôn dans la vallée de Meghiddôn.
12 ၁၂ တိုင်း​ပြည်​တွင်း​ရှိ​အိမ်​ထောင်​မိ​သား​စု​များ တစ်​ခု​စီ​ခွဲ​၍ ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့် မည်။ ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​သည့်​အိမ်​ထောင် မိ​သား​စု၊ နာ​သန်​မှ​ဆင်း​သက်​သည့်​အိမ် ထောင်​မိ​သား​စု၊-
Et le pays sera en deuil, chaque famille à part, la famille de la maison de David à part et leurs femmes à part, la famille de la maison de Nathan à part et leurs femmes à part,
13 ၁၃ လေ​ဝိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊ ရှိ​မိ​မှ​ဆင်း​သက်​သည့်​အိမ်​ထောင်​မိ​သား​စု၊-
la famille de la maison de Lévi à part et leurs femmes à part, la famille de Séméi à part et leurs femmes à part,
14 ၁၄ အ​ခြား​အိမ်​ထောင်​မိ​သား​စု​များ​စ​သည် ဖြင့် တိုင်း​ပြည်​တွင်​ရှိ​သ​မျှ​သော​အိမ်​ထောင် မိ​သား​စု​တို့​သည်​သီး​သန့်​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ အိမ်​ထောင်​မိ​သား​စု တစ်​ခု​စီ​၌​လည်း​အ​မျိုး​သား​များ​သီး သန့်၊ အ​မျိုး​သ​မီး​များ​သီး​သန့်​ဖြင့်​ငို ကြွေး​ကြ​လိမ့်​မည်။
de même toutes les familles restantes, chaque famille à part et leurs femmes à part.

< ဇာခရိ 12 >