< ဇာခရိ 11 >
1 ၁ အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည် မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။
黎巴嫩! 打開你的門,讓火來吞滅你的香柏!
2 ၂ အို ထင်းရှူးပင်တို့ငိုကြွေးမြည်တမ်းကြလော့။ သစ်ကတိုးပင်များသည်ပြိုလဲကြလေပြီ။ ကြက်သရေဆောင်သည့်ထိုအပင်တို့သည် ပျက်ပြုန်း၍သွားလေပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့ငိုကြွေး မြည်တမ်းကြလော့။ ထူထပ်သည့်သစ်တောကိုခုတ်လှဲလိုက်ကြ လေပြီ။
松樹,哀號吧! 因為香柏已被伐倒,高大者已被摧毀;巴商的橡樹,哀號吧! 因為不可深入的樹林全已倒下。
3 ၃ ဘုရင်မင်းတို့သည်ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြ၏။ သူတို့၏ဘုန်းအသရေကားကွယ်ပျောက် သွားလေပြီ။ ခြင်္သေ့များ၏ဟောက်သံကိုနားထောင် ကြလော့။ သူတို့ခိုအောင်းရာယော်ဒန်မြစ်ဝှမ်းရှိ သစ်တောသည်ကားပျက်ပြုန်း၍သွားလေပြီ။
聽,牧人在哀號,因為他們的的光榮己被破壞;聽,幼獅在咆哮,因為約旦的豪華已遭摧毀。
4 ၄ ငါ၏ဘုရားသခင်ထာဝရဘုရားကငါ့ အား``သင်သည်သတ်ရန်လျာထားသည့်သိုး စုမှသိုးထိန်းကဲ့သို့ပြုမူလော့။-
上主,我的天主這樣說:「你要牧放這待宰的羊群!
5 ၅ သိုးရှင်များသည်ထိုသိုးတို့ကိုသတ်ဖြတ် ကြသော်လည်း အဘယ်သို့မျှအပြစ်မသင့် ကြ။ သူတို့သည်သိုးသားကိုရောင်းပြီး လျှင်`ငါတို့ကားချမ်းသာကြွယ်ဝလာလေ ပြီ။ ထာဝရဘုရားသည်မင်္ဂလာရှိတော်မူ စေသတည်း။' သိုးထိန်းများပင်လျှင်မိမိ တို့၏သိုးများကိုသနားဖော်မရကြဟု ဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
那些購買牠們來宰殺的,以為無過;那賣出他們的的還說;上主應受讚美,因為我成了富翁! 那牧放牠們的,毫不憐惜牠們。
6 ၆ (ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
我也決不再憐恤這地上的居民──上主的斷語;看,我要將每個人交在他的的牧人手中.和他的君王手中,讓他們毀滅這地, 決不由他們手中搶救。
7 ၇ သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-
這樣我就代替賣羊人牧放待宰的羊群。我取了兩根棍杖:一根我稱它為「愛護」,一根我叫它作「聯合」;我這樣牧放了羊群。
8 ၈ ငါသည်မိမိအားမုန်းသည့်သိုးထိန်းသုံး ယောက်ကိုသည်းမခံနိုင်သဖြင့် သူတို့ အားတစ်လတည်းတွင်ဖယ်ရှားပစ်လိုက်၏။-
在一個月內,我竟廢除了三個牧人;終於我的人神也厭煩了羊群,而他們的心也厭惡我。
9 ၉ ထိုနောက်ငါ၏သိုးအုပ်အား``ငါသည်သင် တို့၏သိုးထိန်းမလုပ်လိုတော့ပါ၊ သေရ မည့်သိုးတို့သည်သေကြပါလေစေ။ အသတ် ခံရမည့်သိုးများသည်လည်းအသတ်ခံရ ကြပါလေစေ။ အသက်မသေဘဲကျန်ရှိ သည့်သိုးများသည်လည်း မိမိတို့အချင်း ချင်းသတ်ဖြတ်ကြပါလိမ့်မည်'' ဟုပြော ဆို၏။-
我於是說:我不願再失放你們:那要死的,就讓他死去;那要喪亡的,就讓他喪亡;那劓剩下的,就讓他們彼此吞食。
10 ၁၀ ထိုနောက်ငါသည်လူမျိုးတကာတို့နှင့် ထာဝရဘုရားပြုတော်မူခဲ့သည့်ပဋိ ညာဉ်တော်ကိုဖျက်သိမ်းသည့်အနေဖြင့်``ကျေး ဇူးပြုခြင်း'' နာမည်တွင်သောတောင်ဝှေး ကိုယူ၍ချိုးပစ်လိုက်လေသည်။-
以後,我就拿起我的棍杖「愛護」,把它折斷,藉以廢除我與眾百姓所結的盟約。
11 ၁၁ ဤသို့လျှင်ပဋိညာဉ်တော်သည်ထိုနေ့၌ ပျက်ပြား၍သွားလေတော့၏။ သိုးများ ကိုဝယ်ယူရောင်းချသူတို့သည်ငါ့အား စောင့်၍ကြည့်နေကြ၏။ သူတို့သည်ငါ၏ အပြုအမူအားဖြင့်ထာဝရဘုရားဗျာ ဒိတ်ပေးတော်မူလျက်ရှိကြောင်းကိုသိ ကြ၏။-
盟約便在那一天廢除了;於是那些注視我的羊販子,便知道這是上主的話。
12 ၁၂ ငါကသူတို့အား``သင်တို့ပေးလိုလျှင်ငါ၏ လုပ်အားခကိုပေးကြလော့။ မပေးလိုလျှင် လည်းနေကြတော့'' ဟုပြော၏။ သို့ဖြစ်၍သူ တို့သည်ငါ့လုပ်အားခအဖြစ်ငွေစသုံး ဆယ်ကိုပေးကြ၏။
以後,我對他們說:如果你們看著好,就給我工資,不然,就算了。他們於是衡量了二十兩銀子作我的工資。
13 ၁၃ ထာဝရဘုရားကငါ့အား``ထိုငွေများ ကိုဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့်လိုက် လော့'' ဟုမိန့်တော်မူသည့်အတိုင်းငါသည် မိမိ၏တန်ဖိုးအဖြစ်သူတို့အကဲဖြတ် သည့်မြောက်မြားလှသောငွေစသုံးဆယ် ကိုယူ၍ဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ထည့် လိုက်လေသည်။-
那時上主對我說:「你把他們對我所佔計的高價投入寶內! 我就是拿了那三十兩銀子,投入上主殿內寶庫裏
14 ၁၄ ထိုနောက်ငါသည်``စည်းလုံးခြင်း'' နာမည်တွင် သောတောင်ဝှေးကိုချိုးပစ်လိုက်၏။ ထိုအခါ ယုဒပြည်နှင့်ဣသရေလပြည်စည်းလုံးမှု သည်ပျက်ပြား၍သွားလေတော့၏။
我又折斷我的另一根棍杖「聯合」,藉以廢除與以色列間的手足情誼。
15 ၁၅ ထာဝရဘုရားကငါ့အား``သင်သည်နောက် တစ်ကြိမ်သိုးထိန်းကဲ့သို့ပြုမူပြန်ဦးလော့။ ယခုအကြိမ်၌သိုးထိန်းမိုက်ကဲ့သို့ဖြစ်၏။-
上主又對我說:「你再取一套愚昧收入的服裝,
16 ၁၆ ငါသည်မိမိ၏သိုးစုအတွက်သိုးထိန်းတစ် ဦးကိုခန့်ထားခဲ့သော်လည်း သူသည်သေဘေး တွေ့သည့်သိုးများကိုမကူညီ။ ပျောက်သည့် သိုးများကိုမရှာဖွေ။ အနာရသည့်သိုးများ ကိုမကုသ။ မသေဘဲကျန်ရှိနေသောသိုး များကိုလည်းမကျွေးမွေး။ ယင်းသို့ပြုမည့် အစားသူသည်အဆူဖြိုးဆုံးသောသိုးတို့ ၏အသားကိုစား၏။ သူတို့၏ခွာများကို လည်းချွတ်ပစ်၏။-
因為.看,我將在地上興起一個牧人:那喪失的,他不去尋找;那迷途的,他不去搜索;那受傷的,他不去醫治;那病弱的,他不去扶持;卻要擇肥而食,並且剝去牠們的蹄子。
17 ၁၇ တန်ဖိုးမရှိသောသိုးထိန်းမိုက်သည်အမင်္ဂ လာရှိ၏။ သူသည်မိမိ၏သိုးစုကိုစွန့်ပစ် ထားလေပြီ။ စစ်မက်ဘေးဒဏ်ကြောင့်သူ၏ လက်ရုံးနှင့်ညာမျက်စိသည်ပျက်ပြုန်း၍ သွားလိမ့်မည်။ သူ့၏ညာလက်ရုံးသည်ရှုံ့တွ တွန့်လိမ်လျက်၊ ညာမျက်စိသည်လည်းအလင်း ကွယ်၍သွားလိမ့်မည်'' ဟုမိန့်တော်မူ၏။
禍哉! 那拋棄羊群的愚昧牧人! 願刀劍落在他的臂膊和他的右眼上! 願他的臂膊枯槁! 願他的右眼完全失明!