< ဇာခရိ 10 >
1 ၁ နွေဦးပေါက်သောအခါမိုးရွာစေရန်ထာဝရ ဘုရားအား လျှောက်ထားတောင်းခံကြလော့။ မိုး တိမ်များကိုစေလွှတ်ကာမိုးရွာစေ၍လူခပ် သိမ်းတို့အတွက် လယ်ပြင်များကိုစိမ်းလန်း စေတော်မူသောအရှင်ကားထာဝရဘုရား ပေတည်း။-
၁နောက် မိုဃ်းရွာရာကာလ တွင် မိုဃ်း ရွာစေမည် အကြောင်း၊ ထာဝရဘုရား ထံ တော်၌ ဆုတောင်း ကြလော့။ ထာဝရဘုရား သည် လျှပ်စစ် ကိုပြင်ဆင် ၍ များစွာမိုဃ်း ရွာ စေသဖြင့်၊ ခပ်သိမ်း သောလူတို့အဘို့ လယ်ပြင် ၌ အပင် ပေါက်စေတော်မူမည်။
2 ၂ လူတို့သည်နတ်ရုပ်များ၊ ရုပ်တုများ၊ ဗေဒင် ဆရာများကိုမေးမြန်းစုံစမ်းကြ၏။ သို့ ရာတွင်သူတို့ရရှိသည့်အဖြေများမှာ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သည့်မုသားစကား များဖြစ်၏။ အချို့သောသူတို့သည်အိပ်မက် များကိုအနက်ဖွင့်ကြ၏။ သို့ရာတွင်သူတို့ သည်သင်တို့အားလမ်းမှားသို့သာလျှင် ပို့ဆောင်ပေးတတ်၏။ သူတို့အထဲမှရရှိ သည့်နှစ်သိမ့်မှုမှာလည်းအချည်းနှီးသာ လျှင်ဖြစ်ပေသည်။ ထို့ကြောင့်လူတို့သည် လမ်းလွဲသည့်သိုးများကဲ့သို့လှည့်လည် သွားလာလျက်နေရကြ၏။ ဦးစီးခေါင်း ဆောင်မရှိသဖြင့် ဒုက္ခရောက်လျက်ရှိ ကြ၏။
၂တေရပ်ရုပ်တု တို့သည် အနတ္တ စကားကို ပြော ကြ၏။ ပရောဖက် လုပ်သောသူတို့ သည် မုသာ ရူပါရုံကိုမြင် ၍ ၊ မ မှန်သော အိပ်မက် ကို ဟောပြော ကြ၏။ အချည်းနှီး နှစ်သိမ့် စေကြ၏။ ထိုကြောင့် ၊ သိုးစု ကဲ့သို့ လည် သွား၍ သိုးထိန်း မ ရှိသောကြောင့် ဆင်းရဲ ခံရကြ၏။
3 ၃ ထာဝရဘုရားက``ငါသည်မိမိလူမျိုး တော်ကိုအုပ်စိုးသည့်မင်းတို့အား အမျက် ထွက်သဖြင့်အပြစ်ဒဏ်ခတ်မည်။ ယုဒ ပြည်သားတို့သည်ငါ၏လူမျိုးတော်ဖြစ် သဖြင့် အနန္တတန်ခိုးရှင်ငါထာဝရဘုရား သည်သူတို့ကိုစောင့်ထိန်းကြည့်ရှုမည်။ သူ တို့သည်ငါ၏အင်အားကြီးမားသည့်စစ် မြင်းများဖြစ်ကြလိမ့်မည်။-
၃သိုးထိန်း တို့ကို ငါ အမျက် ထွက် ၍ ၊ ဆိတ်ထီး တို့ကို စစ်ကြော သဖြင့် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် မိမိ သိုးစု ယုဒ အမျိုး ကို အကြည့်အရှု ကြွလာ ၍ ၊ ဘုန်း တော်ကို ဆောင်သော စစ်တိုက် မြင်း ကဲ့သို့ ဖြစ် စေတော်မူမည်။
4 ၄ သူတို့အထဲမှမင်းများ၊ ခေါင်းဆောင်များ၊ တပ်မှူးများအစရှိသည်တို့ပေါ်ထွန်း လာမည်။-
၄ထိုအမျိုး ထဲက တိုက်ထောင့် အမြစ်ကျောက်၊ တံစို့ ၊ စစ်တိုက် လေး ၊ မင်း ဖြစ်သော လူအပေါင်း တို့သည် ထွက် ကြလိမ့်မည်။
5 ၅ ယုဒပြည်သားတို့သည်လမ်းများပေါ်ရှိ ရွှံ့နွံထဲတွင် ရန်သူများကိုကျော်နင်းပစ် ကြသည့်စစ်သည်တော်များကဲ့သို့အောင်ပွဲ ခံရကြလိမ့်မည်။ ထာဝရဘုရားသည်သူတို့ နှင့်အတူရှိတော်မူသဖြင့် သူတို့သည်ရန် သူမြင်းစီးသူရဲများကိုပင်လျှင်တိုက် ခိုက်နှိမ်နင်းကြလိမ့်မည်။
၅သူတို့သည် စစ်တိုက် ရာတွင် လမ်း ၌ ရှိသောရွှံ့ ကိုနင်း သော စစ် သူရဲကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထာဝရ ဘုရား ၏ ကျေးဇူးတော်ကို ခံရသောကြောင့် ၊ စစ်တိုက် ၍ မြင်း စီး သူရဲတို့ကို အရှက် ခွဲကြလိမ့်မည်။
6 ၆ ``ငါသည်ယုဒပြည်သားတို့ကိုကြံ့ခိုင် စေ၍ ဣသရေလပြည်သားတို့ကိုကယ်တင်မည်။ ငါသည်သူတို့အားကရုဏာထား၍၊မိမိ တို့ နေရင်းဌာနေသို့ပြန်လည်ခေါ်ဆောင်လာ မည်။ သူတို့သည်ငါ၏ပစ်ပယ်မှုကိုအဘယ် အခါ၌မျှ မခံရဘူးသူများကဲ့သို့ဖြစ်လိမ့်မည်။ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၍ သူတို့၏ဆုတောင်းပတ္ထနာများကိုနားညောင်းမည်။
၆ယုဒ အမျိုး ကိုလည်း ငါခိုင်ခံ့ စေမည်။ ယောသပ် အမျိုး ကိုလည်း ငါကယ်တင် မည်။ သူ တို့ကို သနား စုံမက်သောကြောင့် နေရာ ချမည်။ သူ တို့သည် နှင်ထုတ် ခြင်းကို မ ခံဘူးသကဲ့သို့ ဖြစ် ကြလိမ့်မည်။ ငါ သည် သူ တို့၏ဘုရား သခင် ထာဝရဘုရား ဖြစ်၍ သူ တို့စကားကို နားထောင် မည်။
7 ၇ ဣသရေလအမျိုးသားတို့သည်စစ်သည်သူရဲ များကဲ့သို့ ကြံ့ခိုင်လျက်စပျစ်ရည်သောက်သူများကဲ့သို့ ပျော်ရွှင်လျက်နေလိမ့်မည်။ သူတို့၏သားမြေးများသည်ဤအောင်ပွဲကို ပြန်လည်သတိရကာ ထာဝရဘုရားပြုတော်မူခဲ့သည့်အမှု တော်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
၇ဧဖရိမ် အမျိုးသားတို့သည် သူရဲ ကဲ့သို့ ဖြစ် ၍ ၊ စပျစ်ရည် နှင့်ဝသကဲ့သို့ ဝမ်းမြောက် ကြလိမ့်မည်။ သား မြေးတို့သည် မြင် လျက် ဝမ်းမြောက် ၍ ၊ ထာဝရဘုရား ကို အမှီပြု လျက် ရွှင်လန်း ကြလိမ့်မည်။
8 ၈ ``ငါသည်မိမိ၏လူမျိုးတော်ကိုခေါ်ယူ စုရုံးမည်။ လူတို့ကိုကယ်တင်၍ရှေးကနည်းတူ ဦးရေတိုးတက်များပြားစေမည်။
၈သူ တို့ကို ငါနှိုးဆော် ၍ စုဝေး စေမည်။ သူ တို့သည် ငါ၏ရွေးနှုတ် ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြား သကဲ့သို့ တဖန် များပြား ကြလိမ့်မည်။
9 ၉ ငါသည်သူတို့အားလူမျိုးတကာတို့ထံသို့ ပျံ့လွင့်စေခဲ့သော်လည်း၊ ထိုဝေးလံရာအရပ်များမှသူတို့သည်ငါ့ကို အောက်မေ့သတိရကြလိမ့်မည်။ သူတို့နှင့်သူတို့သားသမီးများသည် အသက်မသေဘဲ ကျန်ရစ်ကာမိမိတို့ပြည်သို့ပြန်လာကြ လိမ့်မည်။
၉သူ တို့ကို တပါး အမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ငါကြဲ သဖြင့် ၊ ဝေး သောပြည်၌ ငါ့ ကိုအောက်မေ့ ၍ ၊ သားမြေး တို့နှင့်တကွ အသက်ရှင် လျက် ပြန် လာကြလိမ့်မည်။
10 ၁၀ ငါသည်သူတို့အားအီဂျစ်ပြည်နှင့်အာရှုရိ ပြည်မှ ပြန်လည်ခေါ်ဆောင်ကာ၊မိမိတို့နေရင်းပြည်တွင် နေရာချထားမည်။ သူတို့အားဂိလဒ်ပြည်နှင့်လေဗနုန်ပြည်တွင် လည်း ငါနေရာချထားမည်။ သို့ဖြစ်၍လူတို့နေစရာမြေမလောက် နိုင်အောင် ရှိလိမ့်မည်။
၁၀သူ တို့ကို အဲဂုတ္တု ပြည် မှ တဖန် ငါဆောင် ခဲ့ဦးမည်။ အာရှုရိ ပြည်မှ ခေါ်၍ စုဝေး စေမည်။ ဂိလဒ် ပြည် နှင့် လေဗနုန် ပြည်သို့ တဖန် ငါဆောင် ခဲ့သဖြင့် ၊ သူတို့ နေစရာဘို့ မြေမလောက်နိုင်။
11 ၁၁ သူတို့သည်ဘေးအန္တရာယ်ရှိသောပင်လယ်ကို ဖြတ်၍သွားရကြသောအခါငါသည် လှိုင်းတံပိုးများကိုဆုံးမမည်။ နိုင်းမြစ်မှရေနက်ရာအရပ်တို့သည်လည်း ခန်းခြောက်၍သွားလိမ့်မည်။ အာရှုရိပြည်၏မာန်မာနကိုငါချိုးနှိမ် မည်။ စွမ်းအင်ကြီးမားသည့်အီဂျစ်ပြည်သည်လည်း တန်ခိုးအာဏာမှေးမှိန်၍သွားလိမ့်မည်။
၁၁ပင်လယ် အလယ် ၌ ရှောက်သွား ၍ ညှဉ်းဆဲ လျက် ၊ ပင်လယ် တံပိုးများကို ဒဏ်ခတ် တော်မူမည်။ မြစ် ၌ နက်နဲ သောအရပ်ရှိသမျှ တို့လည်း ခန်းခြောက် ကြ လိမ့်မည်။ အာရှုရိ ပြည်၏မာန ကို နှိမ့်ချ ၍ ၊ အဲဂုတ္တု မင်း၏ အာဏာ သည်လည်း ကွယ်ပျောက် လိမ့်မည်။
12 ၁၂ ငါသည်မိမိလူမျိုးတော်အားကြံ့ခိုင်စေမည်။ သူတို့သည်ငါ့အားဝတ်ပြုကိုးကွယ်လျက် ငါ၏စကားကိုနားထောင်ကြလိမ့်မည်'' ဤကားထာဝရဘုရားမိန့်မြွက်တော်မူသည့် စကားဖြစ်၏။
၁၂သူ တို့ကို ထာဝရဘုရား အားဖြင့် ငါခိုင်ခံ့ စေမည်။ နာမ တော်ကို အမှီပြုလျက် လှည့်လည်၍ သွား ကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။