< တိတု 3 >

1 တိုင်း​ပြည်​အုပ်​ချုပ်​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ ၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​၍ သူ​တို့​၏​စ​ကား​ကို နား​ထောင်​ကြ​ရန်​လည်း​ကောင်း၊ ကောင်း​မြတ်​သော အ​မှု​ကိစ္စ​မှန်​သ​မျှ​ကို​ဆောင်​ရွက်​ဖို့​အ​သင့်​ရှိ ကြ​ရန်​လည်း​ကောင်း သင်​၏​လူ​စု​အား​သ​တိ ပေး​လော့။-
Erinnere sie, daß sie der obrigkeitlichen Gewalt unterthan seien, gehorchen und bereitwillig seien zu jedem guten Werke,
2 မည်​သူ့​အ​ကြောင်း​ကို​မျှ​မ​ကောင်း​မ​ပြော​ဘဲ ငြိမ်း​ချမ်း​ခင်​မင်​စွာ​နေ​ထိုင်​ကြ​စေ​ရန်​နှင့် အ​စဉ်​အ​မြဲ​လူ​ခပ်​သိမ်း​တို့​အား​သိမ်​မွေ့​စွာ ဆက်​ဆံ​ကြ​စေ​ရန်​သူ​တို့​အား​ပြော​ကြား လော့။-
niemand lästern, sich ferne von Streit halten, nachgiebig sein, nichts als Milde beweisend gegen jedermann.
3 အ​ခါ​တစ်​ပါး​က​ငါ​တို့​ကိုယ်​တိုင်​ပင်​လျှင် မိုက်​မဲ​၍ မ​နာ​ခံ​ဘဲ​လမ်း​မှား​လျက်​နေ​ခဲ့ ကြ​၏။ ရမ္မက်​ဆန္ဒ​နှင့်​အ​မျိုး​မျိုး​သော​အ​ပျော် အ​ပါး​လိုက်​စား​မှု​များ​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏။ ငါ​တို့​၌​အ​မြဲ​ပင်​မ​နာ​လို​သော​သ​ဘော၊ ငြူ စူ​သော​သ​ဘော​ရှိ​ခဲ့​ကြ​၏။ သူ​တစ်​ပါး​တို့ သည်​ငါ​တို့​ကို​မုန်း​ကြ​၏။ ငါ​တို့​က​လည်း သူ​တို့​ကို​မုန်း​ကြ​၏။-
Denn einstmals waren auch wir unverständig, ungehorsam, verirrt, mancherlei Begierden und Lüsten fröhnend, lebend in Bosheit und Neid, des Abscheus Gegenstand, und untereinander uns hassend:
4 သို့​ရာ​တွင်​ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ၏​က​ရု​ဏာ​တော်​နှင့်​မေတ္တာ​တော်​ပေါ်​လွင်​ထင် ရှား​လာ​သော​အ​ခါ၊-
als aber die Güte und Menschenfreundlichkeit Gottes unseres Heilandes erschien,
5 ငါ​တို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​ပေ သည်။ ဤ​သို့​ကယ်​တင်​ခြင်း​ခံ​ရ​သည်​မှာ​ငါ တို့​ကိုယ်​တိုင်​ပြု​လုပ်​ခဲ့​သည့်​ကောင်း​မှု​တစ်​စုံ တစ်​ရာ​ကြောင့်​မ​ဟုတ်။ ကိုယ်​တော်​သည်​မိ​မိ​၏ က​ရု​ဏာ​တော်​နှင့်​အ​ညီ​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​အား​ဖြင့် ငါ​တို့​အား​အ​သစ်​သော​မွေး ခြင်း​နှင့်​ဘ​ဝ​သစ်​ကို​ဆေး​ကြော​ခြင်း​ဖြင့် ပေး​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-
da hat er nicht durch Werke in Gerechtigkeit, welche wir thaten, sondern nach seinem Erbarmen uns gerettet durch ein Bad der Wiedergeburt und Erneuerung des heiligen Geistes,
6 ဘု​ရား​သ​ခင်​သည်​ငါ​တို့​၏​ကယ်​တင်​ရှင် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​ကို​ငါ​တို့​အ​ပေါ်​သို့​ကြွယ်​ဝ​စွာ​သွန်း လောင်း​တော်​မူ​၏။-
den er ausgegossen hat auf uns reichlich durch Jesus Christus unsern Heiland,
7 ယင်း​သို့​ပြု​တော်​မူ​ခြင်း​မှာ​ငါ​တို့​သည်​ကျေး​ဇူး တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက် ဆံ​မှု​ကို​ရ​ရှိ​ကာ ငါ​တို့​မျှော်​လင့်​တောင့်​တ​သည့် ထာ​ဝ​ရ​အ​သက်​ကို​ခံ​ယူ​ရ​ကြ​စေ​ရန်​ပင် ဖြစ်​ပေ​သည်။- (aiōnios g166)
damit wir gerechtfertigt durch dessen Gnade Erben würden nach der Hoffnung des ewigen Lebens. (aiōnios g166)
8 ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။-
Bewährt ist das Wort, und darüber wünsche ich sollst du festes Zeugnis geben, damit, die zum Glauben an Gott gekommen, sich befleißigen gute Werke zu treiben; das ist gut und nützlich für die Menschen.
9 သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။-
Thörichte Grübeleien, Geschlechtsregister, Streiterei und Gesetzeszänkereien aber sollst du meiden; sie nützen nichts und führen zu nichts.
10 ၁၀ စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။-
Einen Sektierer meide, wenn du ihn zum zweiten Male gewarnt hast,
11 ၁၁ ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။
und denke, daß er verdreht ist und sündigt, durch sich selbst gerichtet.
12 ၁၂ အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-
Wenn ich Artemas oder Tychikus an dich schicke, so eile zu mir nach Nikopolis zu kommen; denn dort habe ich im Sinn den Winter zu bleiben;
13 ၁၃ ရှေ့​နေ​ဖြစ်​သူ​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ခရီး​ပြု နိုင်​ရန်​အ​တွက်​အ​စွမ်း​ကုန်​ကူ​ညီ​ဆောင်​ရွက် ပေး​လော့။ သူ​တို့​တွင်​လို​လေ​သေး​မ​ရှိ​ရ အောင်​လည်း​ကူ​ညီ​လိုက်​ပါ။-
Zenas aber, den Gesetzesgelehrten und Apollos fertige ab, unter Fürsorge, daß es ihnen an nichts fehle.
14 ၁၄ စား​ဝတ်​နေ​ရေး​အ​တွက်​အ​မှန်​တ​ကယ်​လို​အပ် သည်​တို့​ကို​ရ​ရှိ​နိုင်​ရန် ငါ​တို့​၏​လူ​စု​သည် ကောင်း​သော​အ​သက်​မွေး​မှု​ကို​ပြု​ကြ​ရန်​သွန် သင်​လော့။ မိ​မိ​တို့​၏​လုပ်​အား​ကို​အ​ချည်း​နှီး မ​ဖြစ်​စေ​ရ​ကြ။
Unsere Leute sollen auch lernen tüchtige Arbeit für die Notdurft zu treiben, damit sie nicht ohne Einkommen seien.
15 ၁၅ ငါ​နှင့်​အ​တူ​နေ​သူ​အ​ပေါင်း​တို့​က​သင့်​အား နှုတ်​ဆက်​လိုက်​၏။ ယုံ​ကြည်​ခြင်း​တ​ရား​၌​ငါ တို့​၏​မိတ်​ဆွေ​များ​အား​နှုတ်​ဆက်​လော့။ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ အား​လုံး​ခံ​စား​ရ​ကြ​ပါ​စေ​သော။ တိ​တု​သြ​ဝါ​ဒ​စာ​ပြီး​၏။
Es grüßen dich alle, die bei mir sind. Grüße die uns lieben im Glauben. Die Gnade mit euch allen.

< တိတု 3 >