< တိတု 3 >
1 ၁ တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ ၏အုပ်စိုးခြင်းကိုဝန်ခံ၍ သူတို့၏စကားကို နားထောင်ကြရန်လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စမှန်သမျှကိုဆောင်ရွက်ဖို့အသင့်ရှိ ကြရန်လည်းကောင်း သင်၏လူစုအားသတိ ပေးလော့။-
REMIND them to be subject to princes and those invested with authority, to obey magistrates, to be ready for every good work,
2 ၂ မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။-
to slander no man, to be inoffensive, gentle, shewing all meekness to all men.
3 ၃ အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
For we ourselves also in time past were thoughtless, disobedient, erroneous, enslaved by various passions and pleasures, living in malice and envy, hateful, hating one another.
4 ၄ သို့ရာတွင်ငါတို့ကယ်တင်ရှင်ဘုရားသခင် ၏ကရုဏာတော်နှင့်မေတ္တာတော်ပေါ်လွင်ထင် ရှားလာသောအခါ၊-
But even then the kindness and love of God our Saviour to man shone forth,
5 ၅ ငါတို့သည်ကယ်တင်ခြင်းကိုခံရကြပေ သည်။ ဤသို့ကယ်တင်ခြင်းခံရသည်မှာငါ တို့ကိုယ်တိုင်ပြုလုပ်ခဲ့သည့်ကောင်းမှုတစ်စုံ တစ်ရာကြောင့်မဟုတ်။ ကိုယ်တော်သည်မိမိ၏ ကရုဏာတော်နှင့်အညီသန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ငါတို့အားအသစ်သောမွေး ခြင်းနှင့်ဘဝသစ်ကိုဆေးကြောခြင်းဖြင့် ပေးတော်မူသောကြောင့်ဖြစ်၏။-
not for works of righteousness which we had done, but according to his mercy he saved us, by the laver of regeneration, and by renovation of the Holy Spirit;
6 ၆ ဘုရားသခင်သည်ငါတို့၏ကယ်တင်ရှင် ယေရှုခရစ်အားဖြင့် သန့်ရှင်းသောဝိညာဉ် တော်ကိုငါတို့အပေါ်သို့ကြွယ်ဝစွာသွန်း လောင်းတော်မူ၏။-
which he poured out upon us richly through Jesus Christ our Saviour;
7 ၇ ယင်းသို့ပြုတော်မူခြင်းမှာငါတို့သည်ကျေးဇူး တော်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံမှုကိုရရှိကာ ငါတို့မျှော်လင့်တောင့်တသည့် ထာဝရအသက်ကိုခံယူရကြစေရန်ပင် ဖြစ်ပေသည်။- (aiōnios )
that justified by his grace, we might become heirs in hope of eternal life. (aiōnios )
8 ၈ ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
Faithful is the saying, and of these things I wish thee firmly to testify, that they who have believed in God be careful to be pre-eminent in good works. These are becoming and advantageous to men.
9 ၉ သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။-
But foolish disquisitions, and genealogies, and disputes, and contentions about the law avoid; for they are unprofitable and vain.
10 ၁၀ စိတ်ဝမ်းကွဲပြားမှုများကိုဖြစ်စေသောသူအား အနည်းဆုံးနှစ်ကြိမ်သတိပေးပြီးနောက်သူ နှင့်ထပ်မံ၍မည်သို့မျှမဆက်ဆံနှင့်။-
An heretical person after a first and second admonition reject;
11 ၁၁ ထိုသို့သောသူသည်ဖောက်ပြန်သောသူဖြစ် ကြောင်းသင်သိ၏။ ထိုသူ့အပြစ်သည်သူအပြစ် ရှိကြောင်းကိုသက်သေထူလျက်ရှိပေသည်။
knowing that such a one is perverted, and sinneth, being self-condemned.
12 ၁၂ အာတေမကိုဖြစ်စေ၊ တုခိတ်ကိုဖြစ်စေသင့်ထံ သို့ငါစေလွှတ်လိုက်သောအခါ ငါရှိရာနိကော ပလိမြို့သို့အစွမ်းကုန်ကြိုးစား၍လာခဲ့လော့။ ထိုမြို့တွင်ဆောင်းရာသီအတွင်းနေထိုင်ရန် ငါဆုံးဖြတ်ပြီးဖြစ်၏။-
When I shall send Artemas unto thee, or Tychicus, hasten to come to me unto Nicopolis: for there I have determined to pass the winter.
13 ၁၃ ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။-
Send forward diligently Zenas the lawyer and Apollos, that nothing may be wanting for them.
14 ၁၄ စားဝတ်နေရေးအတွက်အမှန်တကယ်လိုအပ် သည်တို့ကိုရရှိနိုင်ရန် ငါတို့၏လူစုသည် ကောင်းသောအသက်မွေးမှုကိုပြုကြရန်သွန် သင်လော့။ မိမိတို့၏လုပ်အားကိုအချည်းနှီး မဖြစ်စေရကြ။
And let those who belong to us learn also to be pre-eminent in good works for all necessary calls, that they be not without fruits.
15 ၁၅ ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။
All that are with me salute thee. Salute those who love us with fidelity. Grace be with you all. Amen. This epistle was written to Titus appointed by suffrage first bishop of the church of Crete, from Nicopolis in Macedonia.