< တိတု 2 >
1 ၁ သို့ရာတွင်သင်သည်မှန်ကန်သည့်အယူဝါဒ နှင့်ကိုက်ညီသည့် အကြောင်းအရာကိုသွန်သင် ရမည်။-
But you, speak what fits with faithful instruction.
2 ၂ အသက်အရွယ်ကြီးရင့်သူအမျိုးသားတို့အား သမ္မာသတိရှိရန်၊ တည်ကြည်ရန်နှင့်ဣန္ဒြေစောင့် စည်းကြရန်လည်းကောင်း၊ စစ်မှန်သောယုံကြည် ခြင်း၊ မေတ္တာ၊ ခံနိုင်ရည်တို့ဖြင့်ပြည့်ဝကြစေရန် လည်းကောင်းသွန်သင်လော့။-
Teach older men to be temperate, dignified, sensible, sound in faith, in love, and in perseverance.
3 ၃ ထိုနည်းတူစွာအသက်အရွယ်ကြီးရင့်သူ အမျိုးသမီးတို့သည်လည်း ဘုရားတရား ကြည်ညိုသူများဖြစ်ရန်သွန်သင်လော့။ သူ တို့သည်သူတစ်ပါး၏အသရေကိုဖျက်သူ များ၊ အရက်၏ကျွန်များမဖြစ်စေရ။ အကောင်း ကိုသင်ကြားပေးတတ်သူများဖြစ်ရကြမည်။-
Teach older women likewise to be reverent in behavior, not slanderers or being slaves to much wine, but to be teachers of what is good.
4 ၄ သို့မှသာသူတို့သည်မိမိတို့ထက်အသက် ငယ်ရွယ်သူအမျိုးသမီးတို့အား ကိုယ့်ခင်ပွန်း၊ သားသမီးများကိုချစ်ခင်မှု၊-
In this way they may train the younger women to love their own husbands and children,
5 ၅ ဣန္ဒြေစောင့်စည်းမှု၊ ဖြူစင်မှု၊ အိမ်ရှင်မကောင်း ပီသမှုနှင့်ခင်ပွန်းသည်၏စကားကိုနား ထောင်မှုတို့ကိုလေ့ကျင့်သင်ကြားပေးနိုင်မည်။ ဤနည်းအားဖြင့်ဘုရားသခင်၏တရား တော်ကိုပုတ်ခတ်ပြောဆိုသူရှိမည်မဟုတ် ပေ။
to be sensible, pure, good housekeepers, and obedient to their own husbands. They should do these things so that God's word may not be insulted.
6 ၆ ထိုနည်းတူစွာငယ်ရွယ်သူအမျိုးသားများ အားဣန္ဒြေစောင့်စည်းရန်တိုက်တွန်းလော့။-
In the same way, encourage the younger men to use good sense.
7 ၇ ကိစ္စအဝဝ၌သင်ကိုယ်တိုင်ပင်လျှင်စံနမူ နာကောင်းကိုပြလော့။ တည်ကြည်လေးနက်စွာ သြဝါဒပေးလော့။-
In all ways present yourself as an example of good works. In your teaching, show integrity, dignity,
8 ၈ သင်၏ရန်သူများသည်ငါတို့အားအဘယ် အမှုတွင်မျှအပြစ်ရှာ၍မရသဖြင့် အရှက် ကွဲကြစေရန်သင်သည်သူတစ်ပါးတို့ပြစ် တင်ဝေဖန်မှုမပြုနိုင်အောင်လျောက်ပတ်သည့် စကားကိုပြောဆိုလော့။
and a correct message, so that anyone who opposes you may be ashamed because they have nothing bad to say about us.
9 ၉ အစေခံကျွန်တို့သည်မိမိတို့သခင်များ ၏စကားကိုနားထောင်ရကြမည်။ အစစ အရာရာတွင်သခင်တို့နှစ်သက်အောင်ပြုရ ကြမည်။ စကားတုံ့ပြန်ပြောဆိုမှု၊-
Teach slaves to obey their masters in everything, to please them and not argue with them,
10 ၁၀ သို့မဟုတ်ခိုးဝှက်မှုကိုမပြုရ။ ယင်းသို့ပြု မည့်အစားသူတို့သည်အစဉ်ရိုးသား၍ သစ္စာ ရှိသူများဖြစ်ကြောင်းပေါ်လွင်စေရမည်။ ဤ နည်းအားဖြင့်သူတို့သည်မိမိတို့ပြုသမျှ သောအမှုတို့တွင် ငါတို့ကယ်တင်ရှင်ဘုရား သခင်၏တရားတော်အရောင်အဝါကိုပိုမို၍ ထွန်းတောက်စေကြလိမ့်မည်။
to not steal from them, but instead to demonstrate all good faith, so that in every way they may bring credit to the teaching about God our Savior.
11 ၁၁ ဘုရားသခင်သည်လူသားအပေါင်းတို့အား ကယ်တင်ရန်အတွက် မိမိ၏ကျေးဇူးတော်ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။-
For the grace of God has appeared for the salvation of all people.
12 ၁၂ ငါတို့သည်မိမိတို့၏ကြီးမြတ်သည့်ဘုရား သခင်တည်းဟူသော ကယ်တင်ရှင်ယေရှုခရစ် ၏ဘုန်းအသရေတော်ထင်ရှားပေါ်ထွန်းမည့် မင်္ဂလာနေ့မြတ်ကိုစောင့်မျှော်ကာ ဘုရားမဲ့ တရားမဲ့ပြုကျင့်ခြင်းနှင့်လောကရမ္မက်ဆန္ဒ တို့ကိုစွန့်ပစ်ကြရန်လည်းကောင်း၊ ဣန္ဒြေစောင့် စည်းခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းဘုရား ဝတ်၌မွေ့လျော်ခြင်းတို့ဖြင့်ဤလောက၌ အသက်ရှင်ကြစေရန်လည်းကောင်း ထို ကျေးဇူးတော်ကငါတို့အားဆုံးမ သွန်သင်လျက်ရှိ၏။- (aiōn )
It trains us to reject godlessness and worldly passions, and to live self-controlled, upright, and godly lives in this age, (aiōn )
while we look forward to receiving our blessed hope, the appearance of the glory of our great God and Savior Jesus Christ.
14 ၁၄ ငါတို့အားဆိုးညစ်မိုက်မဲမှုအပေါင်းမှကယ် ဆယ်တော်မူရန်လည်းကောင်း၊ ငါတို့သည်စိတ် နှလုံးဖြူစင်သန့်ရှင်းလျက်ကိုယ်တော်သာ လျှင်ပိုင်တော်မူသောသူများဖြစ်လျက် အကျင့် ကောင်းများ၌စိတ်အားထက်သန်ကြစေရန် လည်းကောင်းခရစ်တော်သည်ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
Jesus gave himself for us in order to redeem us from all lawlessness and to make pure, for himself, a special people who are eager to do good works.
15 ၁၅ သင်သည်ဤအကြောင်းအရာများကိုဟော ပြောသွန်သင်လော့။ အားပေးတိုက်တွန်းဆုံးမ သွန်သင်သည့်အခါ၌သင်၌ရှိသမျှသော အခွင့်အာဏာကိုအသုံးပြုလော့။ သင့်အား အဘယ်သူမျှအထင်မသေးစေနှင့်။
Speak of these things, encourage people to do them, and give correction with all authority. Let no one disregard you.