< ရုသ 4 >
1 ၁ ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
А Бо́аз прийшов до брами, та й сів там. Аж ось проходить родич, про якого говорив був Боаз. І він сказав йому́: „Зайди сюди, послухай, і сядь отут!“І той зайшов і сів.
2 ၂ ထိုနောက်ဗောဇသည်အကြီးအကဲတစ်ကျိပ် ကိုလည်းပင့်ဖိတ်ပြီးလျှင် ထိုအရပ်တွင်ထိုင် စေ၏။ သူတို့ထိုင်ကြသောအခါ၊-
А Боаз узяв десять мужа зо старши́х того міста та й сказав: „Сідайте тут!“І вони посідали.
3 ၃ သူသည်မိမိ၏သားချင်းအား``ယခုအခါ နောမိသည်မောဘပြည်မှပြန်လာပြီ။ သူ သည်ငါတို့သားချင်းဧလိမလက်ပိုင် သည့်လယ်မြေကိုရောင်းချလိုပါသည်။-
І сказав він до родича: „Діля́нку поля, що нашого брата Елімеле́ха, продала́ Ноомі́, яка вернулася з моавського поля.
4 ၄ ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
А я постановив: Подам тобі до ушей твоїх, говорячи: Купи при тих, що сидять тут, та при старши́х мого народу. Якщо викупиш — викупи, а якщо не викупиш — скажи мені, і нехай я знаю, бо окрім тебе нема кому викупити, а я за тобою“. А той сказав: „Я викуплю“.
5 ၅ ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။
І сказав Бо́аз: „Того дня, коли набу́деш поле з руки Ноомі, то набудеш також моавитянку Рут, жінку померлого, — щоб поставити ім'я́ померлому на наді́лі його“.
6 ၆ ထိုသူက``ထိုသို့ဖြစ်ပါမူငါ့သားသမီး များက ထိုလယ်မြေကိုအမွေခံရကြလိမ့် မည်မဟုတ်သဖြင့် ဝယ်ယူပိုင်ခွင့်ကိုငါစွန့် လွှတ်လိုက်ပါပြီ။ ငါမဝယ်ယူလိုတော့ပါ။ သင်ပင်ဝယ်ယူပါလော့'' ဟုပြန်ပြော၏။
А родич сказав: „Не можу я викупити собі, щоб не понищити свого наді́лу. Викупи собі мого викупа, бо я не можу викупити“.
7 ၇ ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
А оце було колись серед Ізраїля на викуп, і на заміну, і на ствердження кожної справи: чоловік здіймав санда́лю свою, і давав своєму ближньому, і це було свідо́цтвом серед Ізраїля.
8 ၈ သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-
І сказав родич до Боаза: „Купи собі!“І зняв свою́ санда́лю.
9 ၉ ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-
І сказав Боаз до старши́х та до всього народу: „Ви свідки сьогодні, що я набув усе, що Елімеле́хове, і все, що Кілйонове та Махлонове з руки Ноомі́.
10 ၁၀ ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
А також моавітянку Рут, Махлонову жінку, набув я собі за жінку, щоб поставити ім'я́ померлому на спа́дкові його, — і не буде знищене ім'я померлого між братами його та з брами його місця. Ви сьогодні свідки на це! “
11 ၁၁ မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
І сказав увесь народ, що були в брамі, та старші, свідки: „Нехай дасть Господь цю жінку, що входить до дому твого, як Рахи́ль та як Лі́ю, що вони оби́дві збудували Ізраїлів дім. І розбагатій в Ефраті, і здобуть собі славне ім'я́ в Віфлеємі.
12 ၁၂ ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။
А з насіння, що Господь дасть тобі від цієї молодої жінки, нехай стане дім твій, як дім Переца, що Тамар породила була Юді“.
13 ၁၃ သို့ဖြစ်၍ဗောဇသည်ရုသအားမိမိ၏ ဇနီးအဖြစ်သိမ်းပိုက်ပြီးလျှင် အိမ်သို့ခေါ် ဆောင်သွားလေသည်။ ထာဝရဘုရားသည် ရုသအားကောင်းချီးပေးတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍သားကိုဖွား မြင်၏။-
І взяв Бо́аз Рут, і вона стала йому за жінку. І він увійшов до неї, а Господь дав їй вагітність, — і вона породила сина.
14 ၁၄ အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။-
І сказали жінки́ до Ноомі́: „Благословенний Господь, що не позбавив тебе сьогодні родича! І буде славним ім'я́ його серед Ізраїля.
15 ၁၅ သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
І він буде тобі потішителем душі та на вижи́влення твоєї сивини́, бо породила його твоя невістка, що любить тебе, що ліпша тобі за сімо́х синів“.
16 ၁၆ နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
І взяла́ Ноомі ту дитину, і поклала її на коліна свої, і була їй за няньку.
17 ၁၇ အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။
А сусідки назвали ім'я́ йому, говорячи: „Народився син для Ноомі́!“І назвали ім'я йому: Ове́д. А він — батько Єссе́я, Дави́дового батька.
18 ၁၈ ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။
А оце Перецові нащадки: Перец породив Гецрона,
а Гецрон породив Рама, а Рам породив Аммінадава,
а Аммінадав породив Нахшона, а Нахшон породив Салмона;
а Салмон породив Бо́аза, а Бо́аз породив Ове́да;
а Ове́д породив Єссе́я, а Єссе́й породив Дави́да.