< ရုသ 3 >
1 ၁ များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။-
След това, свекърва й Ноемин й рече: Дъщерьо моя, да не потърся ли спокойствие за тебе та да благоденствуваш?
2 ၂ သင်နှင့်အတူတူအလုပ်လုပ်သည့်အမျိုး သမီးများ၏သခင်ဖြစ်သူ ဗောဇသည် ငါ တို့နှင့်ဆွေမျိုးတော်စပ်သည်မဟုတ်လော။ ယခုငါပြောသည့်စကားကိုနားထောင်ပါ လော့။ သူသည်ယနေ့ညနေတွင် မုယော စပါးများကိုနယ်လျက်နေလိမ့်မည်။-
И сега, не е ли от нашия род Вооз, с чиито момчета беше ти? Ето, тая нощ той вее ечемика на гумното.
3 ၃ သို့ဖြစ်၍သင်သည်ကိုယ်လက်သုတ်သင်ပြီး လျှင် နံ့သာအမွှေးအကြိုင်များလူး၍အလှ ဆုံးအဝတ်အစားများကိုဝတ်ဆင်ကာသူ စပါးနယ်ရာသို့သွားပါလော့။ သို့ရာတွင် ထိုအရပ်သို့သင်ရောက်ရှိနေကြောင်းကို သူ စားသောက်ပြီးသည်တိုင်အောင်သူ့အား အသိမပေးနှင့်။-
Умий се, прочее, и помажи се, и облечи се с дрехите си и слез на гумното; но да се не покажеш на човека, догде не е свършил яденето и пиенето си.
4 ၄ သူအိပ်စက်ရန်လဲလျောင်းသည့်နေရာကိုမှတ် သားထားလော့။ သူအိပ်ပျော်သွားသောအခါ ကျမှသွား၍စောင်ကိုမပြီးလျှင် သူ၏ခြေ ရင်းတွင်ဝင်၍လဲလျောင်းနေပါလေ။ သင့်အား အဘယ်သို့ပြုစေလိုသည်ကိုသူပြောပြ ပါလိမ့်မည်'' ဟုဆို၏။
И като си ляга, забележи мястото гдето ляга, и иди та подигни покривката из към нозете му и легни; и той ще ти каже що трябва да направиш.
5 ၅ ရုသကလည်း``မိခင်မှာထားသမျှအတိုင်း ကျွန်မပြုပါမည်'' ဟုပြန်ပြော၏။
А тя й рече: Всичко що ми каза, ще сторя.
6 ၆ ထိုနောက်ရုသသည်ကောက်နယ်တလင်းသို့ သွား၍ မိမိ၏ယောက္ခမမှာကြားလိုက်သည် အတိုင်းပြု၏။-
И тъй слезе на гумното, та стори всичко, що й заповяда свекърва й.
7 ၇ ဗောဇသည်စားသောက်၍ပြီးသောအခါစိတ် ရွှင်ပြလျက် စပါးပုံရှိရာသို့သွား၍အိပ် လေသည်။ ရုသသည်သူ၏ထံသို့တိတ်တ ဆိတ်ချဉ်းကပ်၍ စောင်ကိုမပြီးလျှင်သူ၏ ခြေရင်းတွင်လဲလျောင်းလိုက်၏။-
А Вооз, като яде и пи и сърцето му се развесели, отиде да си легне край купа ечемик; а тя дойде тихо та подигна покривката откъм нозете му и легна.
8 ၈ သန်းခေါင်အချိန်၌ဗောဇသည်အိပ်ရာမှရုတ် တရက်နိုးလာသဖြင့် ကိုယ်ကိုလှည့်လိုက်ရာ မိမိခြေရင်းတွင် အိပ်လျက်နေသည့်အမျိုး သမီးကိုတွေ့ရှိရသဖြင့်၊-
И около среднощ човекът се стресна и обърна; и ето жена лежеше при нозете му.
9 ၉ ``သင်သည်အဘယ်သူနည်း'' ဟုမေး၏။ ရုသကလည်း``အရှင်၊ ကျွန်မသည်ရုသဖြစ် ပါသည်။ အရှင်သည်ကျွန်မနှင့်ဆွေမျိုးတော် စပ်သူဖြစ်၍ ကျွန်မအားကြည့်ရှုစောင့်ရှောက် ရန်တာဝန်ရှိသူဖြစ်ပါ၏။ ထို့ကြောင့်ကျွန်မ အားထိမ်းမြားလက်ထပ်တော်မူပါ'' ဟုပြန် ပြောလေ၏။
И рече: Коя си ти? И тя отговори: Аз съм слугинята ти Рут; простри, прочее, полата си над слугинята си, защото си ми близък сродник.
10 ၁၀ ဗောဇကလည်း``သင့်ကိုထာဝရဘုရား ကောင်းချီးပေးတော်မူပါစေ။ ယခုသင်ပြု သောအမှုသည် ယခင်ကသင့်ယောက္ခမအား ပြုခဲ့သည့်အမှုထက်ပင်ပို၍ သင်၏သစ္စာရှိ မှုကိုပေါ်လွင်စေပါ၏။ သင်သည်ဆင်းရဲသူ သို့မဟုတ်ချမ်းသာသူ လူပျိုလူရွယ်တစ်စုံ တစ်ယောက်ကိုရှာနိုင်သော်လည်းမရှာခဲ့ပါ။-
А той каза: Благословена да си от Господа, дъщерьо; тая последна доброта, която се показала, е по-голяма от предишната, гдето ти не отиде след млади, били те сиромаси или богати.
11 ၁၁ ရုသ၊ ယခုသင်မစိုးရိမ်ပါနှင့်။ သင်ပြော သမျှအတိုင်းငါပြုမည်။ သင်သည်အကျင့် သီလရှိသည့်အမျိုးသမီးတစ်ဦးဖြစ် သည်ကိုတစ်မြို့လုံးသိကြပါသည်။-
И сега, дъщерьо, не се бой; аз ще сторя за тебе всичко що казваш; защото целият град на людете ми знае, че си добродетелна жена.
12 ၁၂ ငါသည်သင်၏ဆွေမျိုးအရင်းအချာဖြစ်၍ သင်၏အတွက်တာဝန်ရှိသည်ကားမှန်၏။ သို့ ရာတွင်ငါ့ထက်ပင်ပို၍ရင်းချာသည့်ဆွေ မျိုးတစ်ဦးရှိပါသေးသည်။-
И сега, вярно е, че аз съм близък сродник; има обаче друг сродник по-близък от мене.
13 ၁၃ သင်သည်ယနေ့ညဥ့်ကုန်ဆုံးသည်တိုင်အောင် ဤနေရာတွင်နေပါလော့။ သင်၏အတွက်ထို သူတာဝန်ယူလိုသည်မယူလိုသည်ကိုမိုး သောက်သောအခါ ငါတို့မေးမြန်းစုံစမ်းကြ မည်။ အကယ်၍သူတာဝန်ယူလိုပါလျှင်ယူ ပါလေစေ။ သူမယူလိုလျှင်မူကား ငါတာဝန် ယူမည်ဖြစ်ကြောင်းအသက်ရှင်တော်မူသော ဘုရားကိုတိုင်တည်၍ငါကျိန်ဆိုပါ၏။ ယခု သင်သည် ဤနေရာတွင်လဲလျောင်းလျက်မိုး သောက်ချိန်တိုင်အောင်နေပါလော့'' ဟုဆို၏။
Остани тая нощ и утре, ако иска той да изпълни към тебе длъжността на сродник, добре, нека я изпълни; но, ако не иска да изпълни към тебе длъжността на сродник, тогава заклевам се в живота на Господа, аз ще изпълня тая длъжност към тебе. Пренощувай тук.
14 ၁၄ သို့ဖြစ်၍ရုသသည်မိုးသောက်ချိန်တိုင်အောင် ဗောဇ၏ခြေရင်းတွင်အိပ်လျက်နေ၏။ သို့သော် လည်းဗောဇသည်ရုသရောက်ရှိလာကြောင်း ကို အဘယ်သူမျှမသိစေလိုသောကြောင့် ရုသသည်မိုးမလင်းမီအိပ်ရာမှထလေ သည်။-
И тя лежа при нозете му до сутринта, и стана преди да може човек да разпознае човека, защото той рече: Нека не се знае, че жена е дохождала на гумното.
15 ၁၅ ထိုအခါဗောဇကသူ့အား``သင်၏ခြုံထည် ကိုဤနေရာတွင်ဖြန့်လော့'' ဟုဆိုသည် အတိုင်းသူသည်ပြု၏။ ဗောဇသည်မုယော စပါးတစ်တင်းခန့်ကိုလောင်းထည့်ပြီးလျှင် ချီပင့်၍ပေးသဖြင့်ရုသသည်ထိုစပါး ထုပ်နှင့်မြို့သို့ပြန်လေ၏။-
Рече още: Донеси покривалото, което е върху тебе, и дръж го. И като го държеше, той премери шест мери ечемик, та го натовари на нея; и тя си отиде в града.
16 ၁၆ သူသည်မိမိ၏ယောက္ခမထံသို့ရောက်သော အခါ ယောက္ခမက``ငါ့သမီး၊ သင့်အရေး အဘယ်သို့နည်း'' ဟုမေး၏။ ရုသသည်ဗောဇပြုသမျှကိုနောမိ အားပြန်ကြားပြီးနောက်၊-
И като дойде при свекърва си, тя й каза: Що ти стана, дъщерьо моя. И тя й разправи всичко, що й стори човекът.
17 ၁၇ ``သူသည်ကျွန်မအား`မိခင်ထံသို့လက်ချည်း သက်သက်မပြန်ရ' ဟုဆိုကာဤမုယောစပါး ကိုပေးလိုက်ပါသေးသည်'' ဟုပြော၏။
Каза още: Даде ми тия шест мери ечемик, защото ми рече: Да не идеш празна при свекърва си.
18 ၁၈ နောမိက``ရုသ၊ ဤအမှုအဘယ်သို့အဆုံး သတ်သည် ကိုသိရှိရသည်တိုင်အောင်စိတ်ရှည် လျက်စောင့်နေပါလော့။ ဗောဇသည်ယနေ့ ဤကိစ္စမပြီးပြတ်မချင်း နားနေလိမ့်မည် မဟုတ်'' ဟုဆို၏။
А тя рече: Седни, дъщерьо моя, догде видиш как ще се свърши работата; защото човекът няма да се спре, докато не свърши работата още днес.