< ရုသ 2 >

1 နော​မိ​တွင်​ဗော​ဇ​ဆို​သူ ဆွေ​မျိုး​တစ်​ဦး​ရှိ ၏။ သူ​သည်​နော​မိ​၏​ခင်​ပွန်း​ဧ​လိ​မ​လက်​၏ သား​ချင်း​စု​ဝင်၊ ချမ်း​သာ​ကြွယ်​ဝ​၍ သြ​ဇာ ရှိ​သူ​တစ်​ဦး​ဖြစ်​ပေ​သည်။-
וּֽלְנָעֳמִ֞י מְיֻדָּע (מֹודַ֣ע) לְאִישָׁ֗הּ אִ֚ישׁ גִּבֹּ֣ור חַ֔יִל מִמִּשְׁפַּ֖חַת אֱלִימֶ֑לֶךְ וּשְׁמֹ֖ו בֹּֽעַז׃
2 ရု​သ​က​နော​မိ​အား``ကောက်​ရိတ်​သူ​တို့​ချန် ထား​ခဲ့​သည့်​ကောက်​သင်း​ကို​ကောက်​ရန် ကျွန်​မ အား​လယ်​ကွင်း​များ​သို့​သွား​ခွင့်​ပြု​ပါ။ ကျွန် မ​သည်​ဤ​သို့​ကောက်​ခွင့်​ပြု​မည့်​တစ်​စုံ​တစ် ယောက်​ကို​တွေ့​ပါ​လိမ့်​မည်'' ဟု​ဆို​လျှင်၊ နော​မိ​က​လည်း``ငါ့​သ​မီး၊ သွား​လေ​တော့'' ဟု​ပြန်​ပြော​၏။
וַתֹּאמֶר֩ ר֨וּת הַמֹּואֲבִיָּ֜ה אֶֽל־נָעֳמִ֗י אֵֽלְכָה־נָּ֤א הַשָּׂדֶה֙ וַאֲלַקֳטָ֣ה בַשִּׁבֳּלִ֔ים אַחַ֕ר אֲשֶׁ֥ר אֶמְצָא־חֵ֖ן בְּעֵינָ֑יו וַתֹּ֥אמֶר לָ֖הּ לְכִ֥י בִתִּֽי׃
3 သို့​ဖြစ်​၍​ရုသ​သည်​လယ်​ကွင်း​များ​သို့​သွား ပြီး​လျှင် ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ သူ​တို့​ချန်​ထား​ခဲ့​သည့်​ကောက်​သင်း ကို​ကောက်​၏။ သူ​သွား​ရောက်​မိ​သည့်​လယ်​ကွင်း မှာ​ဗော​ဇ​ပိုင်​သော​လယ်​ကွင်း​ဖြစ်​နေ​သည်။
וַתֵּ֤לֶךְ וַתָּבֹוא֙ וַתְּלַקֵּ֣ט בַּשָּׂדֶ֔ה אַחֲרֵ֖י הַקֹּצְרִ֑ים וַיִּ֣קֶר מִקְרֶ֔הָ חֶלְקַ֤ת הַשָּׂדֶה֙ לְבֹ֔עַז אֲשֶׁ֖ר מִמִּשְׁפַּ֥חַת אֱלִימֶֽלֶךְ׃
4 အ​ချိန်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ ဗော​ဇ ကိုယ်​တိုင်​ပင်​ဗက်​လင်​မြို့​မှ​ရောက်​ရှိ​လာ​လျက် မိ​မိ​၏​အလုပ်​သ​မား​များ​အား``ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၍​နှုတ်​ဆက်​၏။ ကောက်​ရိတ်​သ​မား​များ​က``ထာ​ဝ​ရ​ဘု​ရား သည် အ​ရှင့်​အား​ကောင်းချီး​ပေး​တော်​မူ​ပါ​စေ သော'' ဟု​ပြန်​ပြော​ကြ​၏။
וְהִנֵּה־בֹ֗עַז בָּ֚א מִבֵּ֣ית לֶ֔חֶם וַיֹּ֥אמֶר לַקֹּוצְרִ֖ים יְהוָ֣ה עִמָּכֶ֑ם וַיֹּ֥אמְרוּ לֹ֖ו יְבָרֶכְךָ֥ יְהוָֽה׃
5 ဗော​ဇ​သည်​အ​လုပ်​သ​မား​ခေါင်း​ဆောင် အား``ထို​သူ​ငယ်​မ​သည်​အ​ဘယ်​သူ​ဖြစ် ပါ​သ​နည်း'' ဟု​မေး​၏။
וַיֹּ֤אמֶר בֹּ֙עַז֙ לְנַעֲרֹ֔ו הַנִּצָּ֖ב עַל־הַקֹּֽוצְרִ֑ים לְמִ֖י הַנַּעֲרָ֥ה הַזֹּֽאת׃
6 အ​လုပ်​သ​မား​ခေါင်း​ဆောင်​က``ထို​သူ​ငယ်​မ သည် မော​ဘ​ပြည်​မှ​နော​မိ​နှင့်​အ​တူ​လိုက်​လာ သည့်​မော​ဘ​အ​မျိုး​သ​မီး​ဖြစ်​ပါ​သည်။-
וַיַּ֗עַן הַנַּ֛עַר הַנִּצָּ֥ב עַל־הַקֹּוצְרִ֖ים וַיֹּאמַ֑ר נַעֲרָ֤ה מֹֽואֲבִיָּה֙ הִ֔יא הַשָּׁ֥בָה עִֽם־נָעֳמִ֖י מִשְּׂדֵ֥ה מֹואָֽב׃
7 သူ​သည်​ကောက်​ရိတ်​သ​မား​များ​၏​နောက်​မှ လိုက်​၍ ကောက်​သင်း​ကောက်​ခွင့်​ကို​ကျွန်​တော် ၏​ထံ​တွင်​တောင်း​ခံ​ကာ နံ​နက်​စော​စော​မှ​စ ၍​ကောက်​သင်း​ကောက်​လျက်​နေ​ခဲ့​ပါ​၏။ ယ​ခု မှ​သာ​လျှင်​လယ်​တဲ​တွင်​ခေတ္တ​နား​နေ​ပါ​သည်'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။
וַתֹּ֗אמֶר אֲלַקֳטָה־נָּא֙ וְאָסַפְתִּ֣י בָֽעֳמָרִ֔ים אַחֲרֵ֖י הַקֹּוצְרִ֑ים וַתָּבֹ֣וא וַֽתַּעֲמֹ֗וד מֵאָ֤ז הַבֹּ֙קֶר֙ וְעַד־עַ֔תָּה זֶ֛ה שִׁבְתָּ֥הּ הַבַּ֖יִת מְעָֽט׃
8 ထို​အ​ခါ​ဗော​ဇ​က​ရု​သ​အား``နား​ထောင်​ပါ ငါ့​သ​မီး၊ ဤ​လယ်​ကွင်း​မှ​တစ်​ပါး​အ​ခြား လယ်​ကွင်း​များ​သို့​သွား​၍ ကောက်​သင်း​မ​ကောက် ပါ​နှင့်။ ဤ​လယ်​ကွင်း​တွင်​နေ​၍​အ​မျိုး​သမီး များ​နှင့်​အ​တူ​လုပ်​ဆောင်​ပါ​လော့။-
וַיֹּאמֶר֩ בֹּ֨עַז אֶל־ר֜וּת הֲלֹ֧וא שָׁמַ֣עַתְּ בִּתִּ֗י אַל־תֵּלְכִי֙ לִלְקֹט֙ בְּשָׂדֶ֣ה אַחֵ֔ר וְגַ֛ם לֹ֥א תַעֲבוּרִ֖י מִזֶּ֑ה וְכֹ֥ה תִדְבָּקִ֖ין עִם־נַעֲרֹתָֽי׃
9 သူ​တို့​အ​ဘယ်​နေ​ရာ​တွင်​ကောက်​ရိတ်​ကြ​သည် ကို​စောင့်​၍ ကြည့်​ကာ​သူ​တို့​နှင့်​အ​တူ​လိုက်​သွား ပါ​လော့။ သင့်​အား​အ​နှောင့်​အ​ယှက်​မ​ပေး​ရန် ငါ​၏​အ​လုပ်​သ​မား​များ​ကို​မှာ​ထား​ပြီ။ သင် ရေ​ငတ်​သည့်​အ​ခါ​အိုး​ထား​ရာ​သို့​သွား​၍ သူ တို့​ခပ်​ထား​သည်​ရေ​ကို​သောက်​ပါ​လော့'' ဟု ဆို​၏။
עֵינַ֜יִךְ בַּשָּׂדֶ֤ה אֲשֶׁר־יִקְצֹרוּן֙ וְהָלַ֣כְתְּ אַחֲרֵיהֶ֔ן הֲלֹ֥וא צִוִּ֛יתִי אֶת־הַנְּעָרִ֖ים לְבִלְתִּ֣י נָגְעֵ֑ךְ וְצָמִ֗ת וְהָלַכְתְּ֙ אֶל־הַכֵּלִ֔ים וְשָׁתִ֕ית מֵאֲשֶׁ֥ר יִשְׁאֲב֖וּן הַנְּעָרִֽים׃
10 ၁၀ ရု​သ​သည်​မြေ​သို့​တိုင်​အောင်​ဦး​ညွှတ်​ပျပ်​ဝပ် လျက် ဗော​ဇ​အား``အ​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​မ​ကဲ့​သို့​နိုင်​ငံ​ခြား​သူ​တစ်​ဦး​ကို ဤ​မျှ ဂ​ရု​တ​စိုက်​ပြု​၍​သ​နား​ကြင်​နာ​ပါ​သ​နည်း'' ဟု​ဆို​လျှင်၊
וַתִּפֹּל֙ עַל־פָּנֶ֔יהָ וַתִּשְׁתַּ֖חוּ אָ֑רְצָה וַתֹּ֣אמֶר אֵלָ֗יו מַדּוּעַ֩ מָצָ֨אתִי חֵ֤ן בְּעֵינֶ֙יךָ֙ לְהַכִּירֵ֔נִי וְאָנֹכִ֖י נָכְרִיָּֽה׃
11 ၁၁ ဗော​ဇ​က``သင်​သည်​ခင်ပွန်း​ကွယ်​လွန်​ချိန်​မှ​စ ၍ မိ​မိ​၏​ယောက္ခ​မ​အား​အ​ဘယ်​သို့​ပြု​စု​ခဲ့ သည်​ကို​ငါ​ကြား​သိ​ပြီး​ပါ​ပြီ။ သင်​သည် အ​ဘယ်​သို့​မိ​မိ​၏​မိ​ဘ​များ​နှင့်​တိုင်း​ပြည် ကို​စွန့်​ခွာ​လျက် ယ​ခင်​အ​ဘယ်​အ​ခါ​က​မျှ မ​တွေ့​မ​မြင်​ဘူး​သည့်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ​ထိုင်​ရန်​လာ​ရောက်​ခဲ့​ကြောင်း​ကို လည်း​ငါ​သိ​ပါ​၏။-
וַיַּ֤עַן בֹּ֙עַז֙ וַיֹּ֣אמֶר לָ֔הּ הֻגֵּ֨ד הֻגַּ֜ד לִ֗י כֹּ֤ל אֲשֶׁר־עָשִׂית֙ אֶת־חֲמֹותֵ֔ךְ אַחֲרֵ֖י מֹ֣ות אִישֵׁ֑ךְ וַתַּֽעַזְבִ֞י אָבִ֣יךְ וְאִמֵּ֗ךְ וְאֶ֙רֶץ֙ מֹֽולַדְתֵּ֔ךְ וַתֵּ֣לְכִ֔י אֶל־עַ֕ם אֲשֶׁ֥ר לֹא־יָדַ֖עַתְּ תְּמֹ֥ול שִׁלְשֹֽׁום׃
12 ၁၂ ထာ​ဝ​ရ​ဘု​ရား​သည်​ယင်း​သို့​သင်​ပြု​သည့် အ​တွက် သင့်​အား​ဆု​ကျေး​ဇူး​တော်​ကို​ချ ပေး​တော်​မူ​ပါ​စေ​သော။ သင်​ခို​လှုံ​ချဉ်း​ကပ် သည့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ဆု ကျေး​ဇူး​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ဆို​လေ​၏။
יְשַׁלֵּ֥ם יְהוָ֖ה פָּעֳלֵ֑ךְ וּתְהִ֨י מַשְׂכֻּרְתֵּ֜ךְ שְׁלֵמָ֗ה מֵעִ֤ם יְהוָה֙ אֱלֹהֵ֣י יִשְׂרָאֵ֔ל אֲשֶׁר־בָּ֖את לַחֲסֹ֥ות תַּֽחַת־כְּנָפָֽיו׃
13 ၁၃ ရု​သ​က​လည်း``အ​ရှင်၊ အ​ရှင်​သည်​ကျွန်​မ အ​ပေါ်​တွင်​များ​စွာ​က​ရု​ဏာ​ထား​ပါ​ပြီ။ ကျွန်​မ​သည်​အ​ရှင့်​အ​စေ​ခံ​များ​၏​အ​ဆင့် အ​တန်း​ကို​မီ​သူ​ပင်​မ​ဟုတ်​သော်​လည်း အ​ရှင် သည်​ချို​သာ​စွာ​ပြော​ဆို​ခြင်း​အား​ဖြင့်​ကျွန်​မ ကို​အား​တက်​စေ​ပါ​၏'' ဟု​ပြန်​ပြော​၏။
וַ֠תֹּאמֶר אֶמְצָא־חֵ֨ן בְּעֵינֶ֤יךָ אֲדֹנִי֙ כִּ֣י נִֽחַמְתָּ֔נִי וְכִ֥י דִבַּ֖רְתָּ עַל־לֵ֣ב שִׁפְחָתֶ֑ךָ וְאָנֹכִי֙ לֹ֣א אֶֽהְיֶ֔ה כְּאַחַ֖ת שִׁפְחֹתֶֽיךָ׃
14 ၁၄ ထ​မင်း​စား​ချိန်​ရောက်​သော​အ​ခါ​၌ ဗော​ဇ သည်​ရု​သ​အား``လာ​၍​မုန့်​သုံး​ဆောင်​လော့။ မုန့်​ကို​အ​ချဉ်​ရည်​တွင်​နှစ်​၍​စား​လော့'' ဟု ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည် အ​လုပ်​သ​မား များ​နှင့်​အ​တူ​ထိုင်​လေ​သည်။ ထို​အ​ခါ​ဗော​ဇ သည်​သူ့​အား​ပေါက်​ပေါက်​အ​နည်း​ငယ်​ကို လှမ်း​၍​ပေး​၏။ ရု​သ​သည်​ဝ​အောင်​စား​ပြီး နောက်​မုန့်​ကျန်​သေး​၏။-
וַיֹּאמֶר֩ לָ֨ה בֹ֜עַז לְעֵ֣ת הָאֹ֗כֶל גֹּ֤שִֽׁי הֲלֹם֙ וְאָכַ֣לְתְּ מִן־הַלֶּ֔חֶם וְטָבַ֥לְתְּ פִּתֵּ֖ךְ בַּחֹ֑מֶץ וַתֵּ֙שֶׁב֙ מִצַּ֣ד הַקֹּֽוצְרִ֔ים וַיִּצְבָּט־לָ֣הּ קָלִ֔י וַתֹּ֥אכַל וַתִּשְׂבַּ֖ע וַתֹּתַֽר׃
15 ၁၅ ထို​နောက်​သူ​သည်​ကောက်​သင်း​ကောက်​ရန်​ထ ၍​သွား​သော​အ​ခါ ဗော​ဇ​သည်​အ​လုပ်​သ​မား များ​အား``သူ့​အား​ကောက်​လှိုင်း​စီး​များ​ချ ထား​ရာ​အ​ရပ်​၌​ပင် ကောက်​သင်း​ကောက်​ခွင့် ပြု​ကြ​လော့။ သူ့​အား​မ​ဟန့်​တား​ကြ​နှင့်။-
וַתָּ֖קָם לְלַקֵּ֑ט וַיְצַו֩ בֹּ֨עַז אֶת־נְעָרָ֜יו לֵאמֹ֗ר גַּ֣ם בֵּ֧ין הָֽעֳמָרִ֛ים תְּלַקֵּ֖ט וְלֹ֥א תַכְלִימֽוּהָ׃
16 ၁၆ ကောက်​လှိုင်း​စည်း​များ​မှ​စပါး​နှံ​အ​နည်း ငယ်​ကို​ဆွဲ​ထုတ်​၍ သူ​၏​အ​တွက်​ချ​ထား ပေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​၏။
וְגַ֛ם שֹׁל־תָּשֹׁ֥לּוּ לָ֖הּ מִן־הַצְּבָתִ֑ים וַעֲזַבְתֶּ֥ם וְלִקְּטָ֖ה וְלֹ֥א תִגְעֲרוּ־בָֽהּ׃
17 ၁၇ သို့​ဖြစ်​၍​ရု​သ​သည် လယ်​ကွင်း​ထဲ​တွင်​ည​နေ စောင်း​သည်​တိုင်​အောင် ကောက်​သင်း​ကောက်​ပြီး နောက်​ကောက်​နှံ​များ​ကို နယ်​လိုက်​သော​အ​ခါ မု​ယော​စပါး​တင်း​ဝက်​ခန့်​ရ​ရှိ​လေ​သည်။-
וַתְּלַקֵּ֥ט בַּשָּׂדֶ֖ה עַד־הָעָ֑רֶב וַתַּחְבֹּט֙ אֵ֣ת אֲשֶׁר־לִקֵּ֔טָה וַיְהִ֖י כְּאֵיפָ֥ה שְׂעֹרִֽים׃
18 ၁၈ သူ​သည်​ထို​စပါး​ကို​ယူ​၍​မြို့​သို့​ပြန်​ပြီး လျှင် မိ​မိ​၏​ယောက္ခ​မ​အား​ပြ​၏။ မိ​မိ​ချန် ထား​သည့်​အ​စား​အ​စာ​ကို​လည်း​ပေး​၏။-
וַתִּשָּׂא֙ וַתָּבֹ֣וא הָעִ֔יר וַתֵּ֥רֶא חֲמֹותָ֖הּ אֵ֣ת אֲשֶׁר־לִקֵּ֑טָה וַתֹּוצֵא֙ וַתִּתֶּן־לָ֔הּ אֵ֥ת אֲשֶׁר־הֹותִ֖רָה מִשָּׂבְעָֽהּ׃
19 ၁၉ နော​မိ​က``သင်​သည်​ယ​နေ့​အ​ဘယ်​မှာ​ကောက် သင်း​ကောက်​ခဲ့​ပါ​သ​နည်း။ မည်​သူ့​လယ်​တွင် ကောက်​ခဲ့​ပါ​သ​နည်း။ ဘု​ရား​သ​ခင်​သည် သင့် ကို​ကြည့်​ရှု​သူ​အား​ကောင်း​ချီး​ပေး​တော် မူ​ပါ​စေ​သော'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​အ​မည်​ရှိ​သူ​လူ တစ်​ဦး​၏​လယ်​တွင် မိ​မိ​ကောက်​သင်း​ကောက်​ခဲ့ ကြောင်း​ကို​နော​မိ​အား​ပြော​ပြ​လေ​သည်။
וַתֹּאמֶר֩ לָ֨הּ חֲמֹותָ֜הּ אֵיפֹ֨ה לִקַּ֤טְתְּ הַיֹּום֙ וְאָ֣נָה עָשִׂ֔ית יְהִ֥י מַכִּירֵ֖ךְ בָּר֑וּךְ וַתַּגֵּ֣ד לַחֲמֹותָ֗הּ אֵ֤ת אֲשֶׁר־עָשְׂתָה֙ עִמֹּ֔ו וַתֹּ֗אמֶר שֵׁ֤ם הָאִישׁ֙ אֲשֶׁ֨ר עָשִׂ֧יתִי עִמֹּ֛ו הַיֹּ֖ום בֹּֽעַז׃
20 ၂၀ နော​မိ​က​လည်း``ထာ​ဝ​ရ​ဘု​ရား​သည် ဗော​ဇ အား​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။ ထာ​ဝ​ရ ဘု​ရား​သည်​အ​သက်​ရှင်​သူ၊ သေ​သူ​တို့​အား မိ​မိ​ထား​ရှိ​သည့်​က​တိ​တော်​တို့​ကို​အ​စဉ် အ​မြဲ​တည်​စေ​တော်​မူ​ပါ​၏'' ဟု​ဆို​ပြီး​လျှင် ဆက်​လက်​၍``ဤ​သူ​သည်​ငါ​တို့​နှင့်​ဆွေ​မျိုး ရင်း​ချာ​တော်​စပ်​၍ ငါ​တို့​အား​ကြည့်​ရှု​စောင့် ရှောက်​ရန်​အ​တွက်​တာ​ဝန်​ရှိ​သူ​တစ်​ဦး​ဖြစ် သည်'' ဟု​ဆို​၏။
וַתֹּ֨אמֶר נָעֳמִ֜י לְכַלָּתָ֗הּ בָּר֥וּךְ הוּא֙ לַיהוָ֔ה אֲשֶׁר֙ לֹא־עָזַ֣ב חַסְדֹּ֔ו אֶת־הַחַיִּ֖ים וְאֶת־הַמֵּתִ֑ים וַתֹּ֧אמֶר לָ֣הּ נָעֳמִ֗י קָרֹ֥וב לָ֙נוּ֙ הָאִ֔ישׁ מִֽגֹּאֲלֵ֖נוּ הֽוּא׃
21 ၂၁ ထို​အ​ခါ​ရု​သ​က``မု​ယော​စ​ပါး​ကို​အ​လုပ် သ​မား​တို့​ရိတ်​သိမ်း​ကာ​လ​မ​ကုန်​မ​ချင်း ကောက်​သင်း​လာ​၍ ကောက်​ရန်​ကျွန်​မ​အား​သူ မှာ​ကြား​လိုက်​ပါ​သည်'' ဟု​ပြော​၏။
וַתֹּ֖אמֶר ר֣וּת הַמֹּואֲבִיָּ֑ה גַּ֣ם ׀ כִּי־אָמַ֣ר אֵלַ֗י עִם־הַנְּעָרִ֤ים אֲשֶׁר־לִי֙ תִּדְבָּקִ֔ין עַ֣ד אִם־כִּלּ֔וּ אֵ֥ת כָּל־הַקָּצִ֖יר אֲשֶׁר־לִֽי׃
22 ၂၂ နော​မိ​သည်​ရု​သ​အား``ငါ့​သ​မီး၊ သင်​သည် အ​ခြား​သူ​တစ်​ဦး​တစ်​ယောက်​၏​လယ်​သို့ သွား​ခဲ့​သော် အ​နှောင့်​အ​ယှက်​ခံ​ကောင်း​ခံ ရ​ပေ​လိမ့်​မည်။-''
וַתֹּ֥אמֶר נָעֳמִ֖י אֶל־ר֣וּת כַּלָּתָ֑הּ טֹ֣וב בִּתִּ֗י כִּ֤י תֵֽצְאִי֙ עִם־נַ֣עֲרֹותָ֔יו וְלֹ֥א יִפְגְּעוּ־בָ֖ךְ בְּשָׂדֶ֥ה אַחֵֽר׃
23 ၂၃ သို့​ဖြစ်​၍​ရု​သ​သည်​ဗော​ဇ​၏​လယ်​၌​ပင် အ​မျိုး​သ​မီး​များ​နှင့်​အ​တူ​လုပ်​ဆောင်​ကာ မု​ယော​စပါး​နှင့်​ဂျုံ​စပါး​များ​ရိတ်​သိမ်း​ပြီး သည်​တိုင်​အောင် ကောက်​သင်း​ကောက်​လျက်​နေ​၏။ သူ​သည်​မိ​မိ​၏​ယောက္ခ​မ​နှင့်​အ​တူ​ဆက် လက်​၍​နေ​ထိုင်​လေ​သည်။
וַתִּדְבַּ֞ק בְּנַעֲרֹ֥ות בֹּ֙עַז֙ לְלַקֵּ֔ט עַד־כְּלֹ֥ות קְצִֽיר־הַשְּׂעֹרִ֖ים וּקְצִ֣יר הַֽחִטִּ֑ים וַתֵּ֖שֶׁב אֶת־חֲמֹותָֽהּ׃

< ရုသ 2 >