< ရုသ 1 >

1 ရှေး​အ​ခါ​က​ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဘု​ရင် မ​ရှိ​သေး​မီ​အ​ချိန်​၌​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း ဘေး​ဆိုက်​ရောက်​သ​ဖြင့် ယု​ဒ​ပြည်​ဗက်​လင်​မြို့ သား​ဧ​လိ​မ​လက်​သည် မိ​မိ​၏​ဇနီး​နှင့်​သား နှစ်​ယောက်​တို့​ကို​ခေါ်​၍​မော​ဘ​ပြည်​တွင်​ခေတ္တ သွား​ရောက်​နေ​ထိုင်​လေ​သည်။ သား​နှစ်​ယောက် တို့​၏​နာ​မည်​များ​မှာ​မ​ဟာ​လုန်​နှင့်​ခိ​လျှုန် ဖြစ်​၏။ သူ​တို့​သည်​ဧ​ဖ​ရတ်​သား​ချင်း​စု ဝင်​များ​တည်း။ မော​ဘ​ပြည်​တွင်​သူ​တို့​နေ ထိုင်​လျက်​ရှိ​စဉ်၊-
In the days when the judges judged, there was a famine in the land. A certain man of Bethlehem Judah went to live in the country of Moab with his wife and his two sons.
2
The name of the man was Elimelech, and the name of his wife Naomi. The names of his two sons were Mahlon and Chilion, Ephrathites of Bethlehem Judah. They came into the country of Moab and lived there.
3 ဧ​လိ​မ​လက်​ကွယ်​လွန်​သွား​သ​ဖြင့် နော​မိ သည်​သား​နှစ်​ယောက်​နှင့်​ကျန်​ရစ်​လေ​သည်။-
Elimelech, Naomi’s husband, died; and she was left with her two sons.
4 ထို​သား​တို့​သည်​မော​ဘ​အ​မျိုး​သ​မီး​များ ဖြစ်​ကြ​သော​သြ​ရ​ပ၊ ရု​သ​တို့​နှင့်​အိမ်​ထောင် ကျ​ကြ​၏။ သူ​တို့​သည်​ထို​ပြည်​တွင်​ဆယ်​နှစ် ခန့်​နေ​ထိုင်​ကြ​ပြီး​နောက်၊-
They took for themselves wives of the women of Moab. The name of the one was Orpah, and the name of the other was Ruth. They lived there about ten years.
5 မ​ဟာ​လုန်​နှင့်​ခိ​လျှုန်​တို့​သည်​လည်း​ကွယ်​လွန် သွား​ကြ​ပြန်​၏။ သို့​ဖြစ်​၍​နော​မိ​သည်​လင် သား​မဲ့​အ​ထီး​ကျန်​ဖြစ်​လေ​တော့​၏။
Mahlon and Chilion both died, and the woman was bereaved of her two children and of her husband.
6 ကာ​လ​အ​တန်​ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား သည်​ကောက်​ပဲ​သီး​နှံ​အ​ထွက်​များ​စေ​ခြင်း​အား ဖြင့် မိ​မိ​၏​လူ​စု​အား​ကောင်း​ချီး​ပေး​တော်​မူ ကြောင်း​သ​တင်း​ကို​နော​မိ​ကြား​ရ​လေ​သည်။ သို့ ဖြစ်​၍​သူ​သည်​မိ​မိ​၏​ချွေး​မ​များ​နှင့်​အ​တူ မော​ဘ​ပြည်​မှ​ထွက်​ခွာ​ရန်​အ​သင့်​ပြင်​လေ​၏။-
Then she arose with her daughters-in-law, that she might return from the country of Moab; for she had heard in the country of Moab how the LORD had visited his people in giving them bread.
7 ယု​ဒ​ပြည်​သို့​စ​တင်​ထွက်​ခွာ​လာ​ကြ​စဉ်၊-
She went out of the place where she was, and her two daughters-in-law with her. They went on the way to return to the land of Judah.
8 နော​မိ​က​ချွေး​မ​များ​အား``သင်​တို့​သည် ကိုယ့်​မိ​ခင်​များ​အိမ်​သို့​ပြန်​ကြ​လော့။ သင်​တို့​သည်​ငါ​၏​အ​ပေါ်​၌​သော်​လည်း​ကောင်း၊ ကွယ်​လွန်​သွား​သူ​တို့​၏​အ​ပေါ်​၌​လည်း​ကောင်း ကျေး​ဇူး​ပြု​ခဲ့​ကြ​သည်​နည်း​တူ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။-
Naomi said to her two daughters-in-law, “Go, return each of you to her mother’s house. May the LORD deal kindly with you, as you have dealt with the dead and with me.
9 ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​နှစ်​ယောက် စ​လုံး​အား နောက်​အိမ်​ထောင်​နှင့်​ပျော်​ရွှင်​စွာ နေ​ထိုင်​ခွင့်​ကို​ပေး​သ​နား​တော်​မူ​ပါ​စေ သော'' ဟု​ဆို​၏။ ဤ​သို့​ဆို​ပြီး​လျှင်​နော​မိ​သည် သူ​တို့​အား နမ်း​ရှုတ်​နှုတ်​ဆက်​လေ​၏။ သို့​ရာ​တွင်​သူ​တို့ သည်​ငို​ကြွေး​လျက်၊-
May The LORD grant you that you may find rest, each of you in the house of her husband.” Then she kissed them, and they lifted up their voices, and wept.
10 ၁၀ ``ကျွန်​မ​တို့​သည်​အိမ်​သို့​မ​ပြန်​လို​ပါ။ မိ​ခင် နှင့်​အ​တူ မိ​ခင်​၏​အ​မျိုး​သား​များ​ထံ​သို့ လိုက်​ပါ​မည်'' ဟု​ဆို​ကြ​၏။
They said to her, “No, but we will return with you to your people.”
11 ၁၁ နော​မိ​က​လည်း``ငါ့​သ​မီး​တို့၊ ပြန်​သွား​ကြ လော့။ အ​ဘယ်​ကြောင့်​ငါ​နှင့်​လိုက်​လို​ကြ​ပါ သ​နည်း။ သင်​တို့​နှင့်​လက်​ထပ်​ထိမ်း​မြား​ရန် အ​တွက် ငါ​သည်​နောက်​ထပ်​သား​များ​ကို မွေး​ဖွား​ပေး​နိုင်​ပါ​သ​လော။-
Naomi said, “Go back, my daughters. Why do you want to go with me? Do I still have sons in my womb, that they may be your husbands?
12 ၁၂ အိမ်​သို့​ပြန်​ကြ​လော့။ ငါ​သည်​နောက်​ထပ်​အိမ် ထောင်​ပြု​ရန်​အ​ရွယ်​လွန်​လေ​ပြီ။ အ​ကယ်​၍ ငါ့​မှာ​မျှော်​လင့်​စ​ရာ​ရှိ​သေး​သ​ဖြင့် ယ​ခု ပင်​အိမ်​ထောင်​ကျ​၍​သား​များ​ကို​ရ​ရှိ​သည် ဟု​ဆို​စေ​ကာ​မူ၊-
Go back, my daughters, go your way; for I am too old to have a husband. If I should say, ‘I have hope,’ if I should even have a husband tonight, and should also bear sons,
13 ၁၃ သင်​တို့​သည်​ထို​သား​များ​ကြီး​ပြင်း​လာ​သည် တိုင်​အောင် စောင့်​ဆိုင်း​နေ​ကြ​ပါ​မည်​လော။ ယင်း သို့​စောင့်​ဆိုင်း​ကာ​နောက်​အိမ်​ထောင်​မ​ပြု​ဘဲ​နေ ကြ​ပါ​မည်​လော။ ငါ့​သ​မီး​တို့​ဤ​သို့​မ​ဖြစ်​နိုင် ကြောင်း​ကို​သင်​တို့​သိ​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ့​ကို​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ်​၍ ငါ​သည် သင်​တို့​အ​တွက်​အ​လွန်​ဝမ်း​နည်း​ပါ​၏'' ဟု ဆို​၏။
would you then wait until they were grown? Would you then refrain from having husbands? No, my daughters, for it grieves me seriously for your sakes, for the LORD’s hand has gone out against me.”
14 ၁၄ သူ​တို့​သည်​လည်း​တစ်​ဖန်​ငို​ကြွေး​ကြ​၏။ ထို နောက်​သြ​ရ​ပ​သည် မိ​မိ​၏​ယောက္ခ​မ​အား နမ်း​ရှုတ်​နှုတ်​ဆက်​ပြီး​လျှင်​အိမ်​သို့​ပြန်​လေ​၏။ ရု​သ​မူ​ကား​မ​ပြန်​ဘဲ​နေ​၏။-
They lifted up their voices and wept again; then Orpah kissed her mother-in-law, but Ruth stayed with her.
15 ၁၅ သို့​ဖြစ်​၍​နော​မိ​က``ရု​သ၊ သင့်​အစ်​မ​သည် မိ​မိ​အ​မျိုး​သား​များ၊ မိ​မိ​၏​ဘု​ရား​ထံ သို့​ပြန်​သွား​လေ​ပြီ။ သင်​သည်​လည်း​သူ နှင့်​အ​တူ​ပြန်​သွား​ပါ​လော့'' ဟု​ပြော​၏။
She said, “Behold, your sister-in-law has gone back to her people and to her god. Follow your sister-in-law.”
16 ၁၆ သို့​ရာ​တွင်​ရုသ​က``မိ​ခင်​ကို​စွန့်​ခွာ​ရန် ကျွန်​မ အား​မ​တိုက်​တွန်း​ပါ​နှင့်။ မိ​ခင်​နှင့်​လိုက်​ခွင့်​ပြု ပါ။ ကျွန်​မ​သည်​မိ​ခင်​သွား​ရာ​သို့​သွား​ပါ မည်။ မိ​ခင်​နေ​ထိုင်​ရာ​တွင်​နေ​ထိုင်​ပါ​မည်။ မိ​ခင်​၏​အမျိုး​သား​များ​သည်​ကျွန်​မ​၏ အ​မျိုး​သား​များ၊ မိ​ခင်​၏​ဘု​ရား​သည် ကျွန်​မ​၏​ဘု​ရား​ဖြစ်​ပါ​မည်။-
Ruth said, “Don’t urge me to leave you, and to return from following you, for where you go, I will go; and where you stay, I will stay. Your people will be my people, and your God my God.
17 ၁၇ မိ​ခင်​သေ​ရာ​အ​ရပ်​တွင်​ကျွန်​မ​သေ​ပါ မည်။ ထို​အ​ရပ်​တွင်​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ပါ​မည်။ အ​ကယ်​၍​ကျွန်​မ​သည် သေ​ခြင်း​မှ​တစ်​ပါး အ​ခြား​အ​ကြောင်း​တစ်​ခု​ခု​ကြောင့် မိ​ခင်​နှင့် ခွဲ​ခွာ​ခဲ့​လျှင်​ဘု​ရား​သ​ခင်​သည် ကျွန်​မ​အား အ​ဆိုး​ရွား​ဆုံး​သော​အ​ပြစ်​ဒဏ်​ကို​ပေး တော်​မူ​ပါ​စေ​သော'' ဟု​ပြန်​ပြော​လေ​သည်။
Where you die, I will die, and there I will be buried. May The LORD do so to me, and more also, if anything but death parts you and me.”
18 ၁၈ မိ​မိ​နှင့်​အ​တူ​လိုက်​ရန် ရု​သ​စိတ်​ပိုင်း​ဖြတ် ထား​ကြောင်း​နော​မိ​သိ​သော​အ​ခါ ထပ်​မံ မ​တိုက်​တွန်း​ဘဲ​နေ​၏။
When Naomi saw that she was determined to go with her, she stopped urging her.
19 ၁၉ သူ​တို့​သည်​ဗက်​လင်​မြို့​သို့​ရောက်​သည်​တိုင် အောင် ဆက်​လက်​သွား​ကြ​၏။ သူ​တို့​ရောက်​ရှိ ကြ​သော​အ​ခါ တစ်​မြို့​လုံး​လှုပ်​လှုပ်​ရှား​ရှား ဖြစ်​လျက်​အ​မျိုး​သ​မီး​များ​က``ဤ​သူ သည်​အ​ကယ်​ပင်​နော​မိ​ပေ​လော'' ဟု​မေး မြန်း​ကြ​၏။
So they both went until they came to Bethlehem. When they had come to Bethlehem, all the city was excited about them, and they asked, “Is this Naomi?”
20 ၂၀ နော​မိ​က​လည်း ``ငါ့​ကို နော​မိ'' ဟု​သင်​တို့ မ​ခေါ်​ကြ​ပါ​နှင့်။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​သည် ငါ့​အား​ခါး​သီး​စွာ​ပြု​တော်​မူ ပြီ​ဖြစ်​၍​ငါ့​ကို`မာ​ရ' ဟု​ခေါ်​ကြ​ပါ​လော့။-
She said to them, “Don’t call me Naomi. Call me Mara, for the Almighty has dealt very bitterly with me.
21 ၂၁ ဤ​မြို့​မှ​ထွက်​ခွာ​သွား​စဉ်​အ​ခါ​က ငါ့​မှာ အ​စုံ​အ​လင်​ရှိ​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​အား​လက်​ချည်း​သက်​သက် ပြန်​လည်​ပို့​ဆောင်​တော်​မူ​လေ​ပြီ။ အ​နန္တ တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​လျက်​ဒုက္ခ​ရောက်​စေ​တော်​မူ ပြီ​ဖြစ်​၍ ငါ့​ကို​အ​ဘယ်​ကြောင့် `နော​မိ' ဟု ခေါ်​ကြ​ပါ​သ​နည်း'' ဟု​ပြန်​ပြော​လေ​၏။
I went out full, and the LORD has brought me home again empty. Why do you call me Naomi, since the LORD has testified against me, and the Almighty has afflicted me?”
22 ၂၂ ဤ​ကား​နော​မိ​သည် ချွေး​မ​ဖြစ်​သူ​မော​ဘ အ​မျိုး​သ​မီး​ရု​သ​နှင့်​အ​တူ မော​ဘ​ပြည် မှ​ပြန်​လည်​ရောက်​ရှိ​လာ​ပုံ​ဖြစ်​ပေ​သည်။ သူ တို့​နှစ်​ယောက်​သည်​မု​ယော​စ​ပါး​ရိတ်​သိမ်း စ​အ​ချိန်​၌ ဗက်​လင်​မြို့​သို့​ရောက်​ရှိ​လာ ကြ​သ​တည်း။
So Naomi returned, and Ruth the Moabitess, her daughter-in-law, with her, who returned out of the country of Moab. They came to Bethlehem in the beginning of barley harvest.

< ရုသ 1 >