< ရောမ 9 >
1 ၁ ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-
Ἀλήθειαν λέγω ἐν Χριστῷ, οὐ ψεύδομαι, συμμαρτυρούσης μοι τῆς συνειδήσεώς μου ἐν πνεύματι ἁγίῳ,
2 ၂ ငါ၏စိတ်နှလုံးသည်ငါ၏အမျိုးသား၊ ငါ ၏သားချင်းတို့အတွက်ဝမ်းနည်းပူဆွေးလျက် အခါမလပ်ပြင်းပြသောဝေဒနာကိုခံ စားလျက်ရှိ၏။ သူတို့၏အကျိုးငှာငါ သည်ဘုရားသခင်၏ကျိန်စာသင့်တော်မူ ခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့်ကွဲကွာ မှုကိုလည်းကောင်းခံလိုသောဆန္ဒရှိ၏။-
ὅτι λύπη μοί ἐστιν μεγάλη καὶ ἀδιάλειπτος ὀδύνη τῇ καρδίᾳ μου·
ηὐχόμην γὰρ ⸂ἀνάθεμα εἶναι αὐτὸς ἐγὼ ἀπὸ τοῦ Χριστοῦ ὑπὲρ τῶν ἀδελφῶν μου τῶν συγγενῶν μου κατὰ σάρκα,
4 ၄ သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
οἵτινές εἰσιν Ἰσραηλῖται, ὧν ἡ υἱοθεσία καὶ ἡ δόξα καὶ αἱ διαθῆκαι καὶ ἡ νομοθεσία καὶ ἡ λατρεία καὶ αἱ ἐπαγγελίαι,
5 ၅ သူတို့သည်ဟေဗြဲအမျိုးသားဘိုးဘေး များမှဆင်းသက်လာသူများတည်း။ ခရစ် တော်သည်လူ့ဇာတိအားဖြင့်ထိုသူတို့၏ အမျိုးအနွယ်ပင်ဖြစ်ပေသည်။ ခပ်သိမ်းသော အရာတို့ကိုအစိုးရတော်မူသောဘုရား သခင်သည်ထာဝစဉ်မင်္ဂလာရှိတော်မူပါ စေသတည်း။ အာမင်။ (aiōn )
ὧν οἱ πατέρες, καὶ ἐξ ὧν ὁ χριστὸς τὸ κατὰ σάρκα, ὁ ὢν ἐπὶ πάντων, θεὸς εὐλογητὸς εἰς τοὺς αἰῶνας· ἀμήν. (aiōn )
6 ၆ ဘုရားသခင်၏ကတိတော်အတိုင်းအကောင် အထည်မပေါ်ဟုငါမဆိုလို။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်၏လူစုတော်တွင် ဣသရေလအမျိုးသားအားလုံးမပါဝင် သောကြောင့်ဖြစ်၏။-
Οὐχ οἷον δὲ ὅτι ἐκπέπτωκεν ὁ λόγος τοῦ θεοῦ. οὐ γὰρ πάντες οἱ ἐξ Ἰσραήλ, οὗτοι Ἰσραήλ·
7 ၇ ထို့အပြင်အာဗြဟံမှဆင်းသက်လာသူအား လုံးတို့သည်အာဗြဟံ၏သားမြေးအစစ် မဟုတ်ပေ။ ဘုရားသခင်က``သင်သည်ဣဇက် အားဖြင့်သာလျှင်သားမြေးများရလိမ့်မည်'' ဟုအာဗြဟံအားမိန့်တော်မူ၏။-
οὐδʼ ὅτι εἰσὶν σπέρμα Ἀβραάμ, πάντες τέκνα, ἀλλʼ· Ἐν Ἰσαὰκ κληθήσεταί σοι σπέρμα.
8 ၈ တစ်နည်းကားသာမန်အားဖြင့်မွေးဖွားသော အာဗြဟံ၏သားမြေးများသည် ဘုရားသခင် ၏သားသမီးများမဟုတ်။ ကိုယ်တော်ကတိတော် အတိုင်းမွေးဖွားလာသူများကိုသာလျှင် အာဗြဟံ၏သားမြေးအစစ်အမှန်များ ဟုခေါ်နိုင်ပေသည်။-
τοῦτʼ ἔστιν, οὐ τὰ τέκνα τῆς σαρκὸς ταῦτα τέκνα τοῦ θεοῦ, ἀλλὰ τὰ τέκνα τῆς ἐπαγγελίας λογίζεται εἰς σπέρμα·
9 ၉ ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။
ἐπαγγελίας γὰρ ὁ λόγος οὗτος· Κατὰ τὸν καιρὸν τοῦτον ἐλεύσομαι καὶ ἔσται τῇ Σάρρᾳ υἱός.
10 ၁၀ ထို့အပြင်ရေဗက္က၏သားနှစ်ယောက်တို့သည် ငါ တို့ဘိုးဘေးဣဇာက်နှင့်ရသောသားများဖြစ် ကြ၏။-
οὐ μόνον δέ, ἀλλὰ καὶ Ῥεβέκκα ἐξ ἑνὸς κοίτην ἔχουσα, Ἰσαὰκ τοῦ πατρὸς ἡμῶν·
11 ၁၁ သို့သော်သူတို့မဖွားမီ၊ အဆိုးအကောင်းကို မပြုမကျင့်နိုင်မီကပင်လျှင် ဘုရားသခင် သည်ရေဗက္ကအား``သင်၏သားကြီးသည်သား ငယ်၏အစေကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။ ဘုရားသခင်ဤသို့မိန့်တော်မူခြင်း မှာကိုယ်တော်သည် မိမိအကြံအစည်ကို ဖော်ပြရန်ဖြစ်ပေသည်။ ယင်းသို့ရွေးကောက် တော်မူရာ၌အကျင့်အပေါ်တွင်တည်သည် မဟုတ်၊ ကိုယ်တော်ခေါ်ယူတော်မူခြင်း အပေါ်၌တည်ပေသည်။-
μήπω γὰρ γεννηθέντων μηδὲ πραξάντων τι ἀγαθὸν ἢ ⸀φαῦλον ἵνα ἡ κατʼ ἐκλογὴν πρόθεσις τοῦ θεοῦ μένῃ,
οὐκ ἐξ ἔργων ἀλλʼ ἐκ τοῦ καλοῦντος, ἐρρέθη αὐτῇ ὅτι Ὁ μείζων δουλεύσει τῷ ἐλάσσονι·
13 ၁၃ ကျမ်းစာတော်တွင်``ယာကုပ်ကိုငါချစ်၏။ ဧသောကိုမုန်း၏'' ဟုလာသတည်း။
⸀καθὼςγέγραπται· Τὸν Ἰακὼβ ἠγάπησα, τὸν δὲ Ἠσαῦ ἐμίσησα.
14 ၁၄ သို့ဖြစ်၍ဘုရားသခင်သည်တရားမျှတမှု မရှိဟုဆိုရမည်လော။ အဘယ်နည်းနှင့်မျှ မဆိုနိုင်။-
Τί οὖν ἐροῦμεν; μὴ ἀδικία παρὰ τῷ θεῷ; μὴ γένοιτο·
15 ၁၅ ကိုယ်တော်ကမောရှေအား``ငါကျေးဇူးပြုလို သူကိုကျေးဇူးပြုမည်။ သနားလိုသူကို သနားမည်'' ဟုမိန့်တော်မူ၏။-
τῷ ⸂Μωϋσεῖ γὰρ λέγει· Ἐλεήσω ὃν ἂν ἐλεῶ, καὶ οἰκτιρήσω ὃν ἂν οἰκτίρω.
16 ၁၆ ထို့ကြောင့်ဘုရားသခင်၏ရွေးချယ်မှုသည် လူ၏အလိုဆန္ဒသို့မဟုတ်လူ၏ကြိုးစား အားထုတ်မှုအပေါ်တွင်မတည်။ ကိုယ်တော် ၏ကရုဏာတော်အပေါ်၌သာတည်ပေသည်။-
ἄρα οὖν οὐ τοῦ θέλοντος οὐδὲ τοῦ τρέχοντος ἀλλὰ τοῦ ἐλεῶντος θεοῦ.
17 ၁၇ ကိုယ်တော်ကဖာရောဘုရင်အား``သင့်ကိုဘုရင် အဖြစ်ငါချီးမြှောက်ရခြင်းအကြောင်းမှာ သင့် အားဖြင့်ငါ၏တန်ခိုးတော်ကိုပြ၍ကမ္ဘာတစ် ဝန်းတွင်ငါ၏ဂုဏ်သတင်းပျံ့နှံ့စေရန်ဖြစ်၏'' ဟုမိန့်တော်မူကြောင်းကျမ်းစာတော်က ဆိုသည်။-
λέγει γὰρ ἡ γραφὴ τῷ Φαραὼ ὅτι Εἰς αὐτὸ τοῦτο ἐξήγειρά σε ὅπως ἐνδείξωμαι ἐν σοὶ τὴν δύναμίν μου, καὶ ὅπως διαγγελῇ τὸ ὄνομά μου ἐν πάσῃ τῇ γῇ.
18 ၁၈ သို့ဖြစ်၍ကိုယ်တော်သည်မိမိသနားလိုသူကို သနားတော်မူ၍ မိမိခေါင်းမာစေလိုသူကို ခေါင်းမာစေတော်မူ၏။
ἄρα οὖν ὃν θέλει ἐλεεῖ, ὃν δὲ θέλει σκληρύνει.
19 ၁၉ ``ထိုသို့ဖြစ်ပါမူဘုရားသခင်သည်လူတို့ ကိုအဘယ်သို့လျှင်အပြစ်တင်နိုင်ပါမည်နည်း။ အဘယ်သူသည်ကိုယ်တော်၏အလိုတော်ကို ဆန့်ကျင်ဘက်ပြုနိုင်ပါမည်နည်း'' ဟူ၍မေး မြန်းလိုသူရှိလိမ့်မည်။-
Ἐρεῖς ⸂μοι οὖν· Τί ⸀οὖνἔτι μέμφεται; τῷ γὰρ βουλήματι αὐτοῦ τίς ἀνθέστηκεν;
20 ၂၀ မိတ်ဆွေ၊ သင်သည်အဘယ်သူဖြစ်၍ဘုရား သခင်အားဤသို့လျှောက်ထားနိုင်သနည်း။ အဖန်ဆင်းခံကဖန်ဆင်းတော်မူရှင်အား``အရှင် သည်အဘယ်ကြောင့်အကျွန်ုပ်အားဤသို့ ဖန်ဆင်းတော်မူပါသနည်း'' ဟုမေးနိုင်မည် လော။-
⸂ὦ ἄνθρωπε, μενοῦνγε⸃ σὺ τίς εἶ ὁ ἀνταποκρινόμενος τῷ θεῷ; μὴ ἐρεῖ τὸ πλάσμα τῷ πλάσαντι Τί με ἐποίησας οὕτως;
21 ၂၁ အိုးထိန်းသည်၌ရွှံ့စေးကိုမိမိအလိုဆန္ဒ အတိုင်းပြုလုပ်ပိုင်ခွင့်ရှိသည်မဟုတ်လော။ သူသည်ရွှံ့တုံးတစ်ခုတည်းမှအိုးကောင်း အိုးညံ့ကိုပြုလုပ်ပိုင်သည်မဟုတ်လော။
ἢ οὐκ ἔχει ἐξουσίαν ὁ κεραμεὺς τοῦ πηλοῦ ἐκ τοῦ αὐτοῦ φυράματος ποιῆσαι ὃ μὲν εἰς τιμὴν σκεῦος ὃ δὲ εἰς ἀτιμίαν;
22 ၂၂ ဘုရားသခင်သည်လည်းဤနည်းအတိုင်းပင်ပြု တော်မူသည်။ ကိုယ်တော်သည်အမျက်တော်ကိုပြ ရန်နှင့် တန်ခိုးတော်ကိုထင်ရှားစေရန်အလိုရှိ တော်မူ၏။ သို့ရာတွင်အမျက်တော်သင့်၍ပျက်စီး ဆုံးရှုံးထိုက်သူတို့အားအလွန်သည်းခံတော် မူ၏။-
εἰ δὲ θέλων ὁ θεὸς ἐνδείξασθαι τὴν ὀργὴν καὶ γνωρίσαι τὸ δυνατὸν αὐτοῦ ἤνεγκεν ἐν πολλῇ μακροθυμίᾳ σκεύη ὀργῆς κατηρτισμένα εἰς ἀπώλειαν,
23 ၂၃ ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
⸀καὶἵνα γνωρίσῃ τὸν πλοῦτον τῆς δόξης αὐτοῦ ἐπὶ σκεύη ἐλέους, ἃ προητοίμασεν εἰς δόξαν,
24 ၂၄ ငါတို့သည်ကိုယ်တော်ခေါ်ယူတော်မူသော သူများဖြစ်ကြ၏။ ကိုယ်တော်သည်ငါတို့ကို ခေါ်ယူရာတွင်ယုဒအမျိုးသားများအထဲ မှသာမက လူမျိုးခြားများအထဲမှ လည်းခေါ်ယူတော်မူသတည်း။
οὓς καὶ ἐκάλεσεν ἡμᾶς οὐ μόνον ἐξ Ἰουδαίων ἀλλὰ καὶ ἐξ ἐθνῶν; —
25 ၂၅ ဟောရှေကျမ်းတွင်ကိုယ်တော်က ငါ၏လူစုတော်မဟုတ်သူတို့ကို `ငါ၏လူစုတော်' ဟုငါခေါ်မည်။ ငါမချစ်သောလူမျိုးကိုငါချစ်သောလူမျိုး ဟုငါခေါ်မည်။
ὡς καὶ ἐν τῷ Ὡσηὲ λέγει· Καλέσω τὸν οὐ λαόν μου λαόν μου καὶ τὴν οὐκ ἠγαπημένην ἠγαπημένην·
26 ၂၆ မည်သည့်အရပ်၌မဆိုသင်တို့သည် `ငါ၏ လူစုတော်မဟုတ်' ဟုအခေါ်ခံရသောသူတို့သည် `အသက်ရှင်တော်မူသောဘုရားသခင်၏ သားများ' ဟုအခေါ်ခံရကြလိမ့်မည်'' ဟူ၍မိန့်တော်မူပေသည်။-
καὶ ἔσται ἐν τῷ τόπῳ οὗ ἐρρέθη ⸀αὐτοῖς Οὐ λαός μου ὑμεῖς, ἐκεῖ κληθήσονται υἱοὶ θεοῦ ζῶντος.
27 ၂၇ ဣသရေလလူမျိုးနှင့်ပတ်သက်၍ဟေရှာယ က ``ဣသရေလအမျိုးသားတို့သည်ပင်လယ် ကမ်းခြေရှိသဲလုံးနှင့်အမျှများပြားစေကာ မူ သူတို့အထဲမှလူနည်းစုသာလျှင်ကယ်တင် ခြင်းကိုခံရကြလိမ့်မည်။-
Ἠσαΐας δὲ κράζει ὑπὲρ τοῦ Ἰσραήλ· Ἐὰν ᾖ ὁ ἀριθμὸς τῶν υἱῶν Ἰσραὴλ ὡς ἡ ἄμμος τῆς θαλάσσης, τὸ ⸀ὑπόλειμμασωθήσεται·
28 ၂၈ အဘယ်ကြောင့်ဆိုသော်ဘုရားရှင်သည်ကမ္ဘာ ပေါ်ရှိလူအပေါင်းတို့ကိုမဆိုင်းမတွဘဲ အလျင်အမြန်တရားစီရင်တော်မူမည်ဖြစ် သောကြောင့်တည်း'' ဟုကြွေးကြော်ခဲ့၏။-
λόγον γὰρ συντελῶν καὶ ⸀συντέμνωνποιήσει κύριος ἐπὶ τῆς γῆς.
29 ၂၉ ထို့အပြင် ``အနန္တတန်ခိုးရှင်ထာဝရဘုရား သည်ငါတို့လူမျိုးမပျောက်ကွယ်သွားစေရန် ငါတို့သားမြေးအချို့တို့ကိုချမ်းသာပေး တော်မမူခဲ့လျှင် ငါတို့သည်သောဒုံမြို့နှင့် ဂေါမောရမြို့တို့၏ကံကြမ္မာနှင့်တွေ့ကြုံ ကြလိမ့်မည်'' ဟုယခင်ကဟေရှာယဖော်ပြ ခဲ့သည့်အတိုင်းပင်ဖြစ်ပေသည်။
καὶ καθὼς προείρηκεν Ἠσαΐας· Εἰ μὴ κύριος Σαβαὼθ ἐγκατέλιπεν ἡμῖν σπέρμα, ὡς Σόδομα ἂν ἐγενήθημεν καὶ ὡς Γόμορρα ἂν ὡμοιώθημεν.
30 ၃၀ ငါတို့ဆိုလိုသည်မှာဤသို့တည်း။ ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံနိုင်ရန်မကြိုး ပမ်းသောလူမျိုးခြားတို့သည် ယုံကြည်ခြင်း အားဖြင့် ကိုယ်တော်နှင့်မှန်ကန်စွာဆက်သွယ် ခွင့်ကိုရရှိကြ၏။-
Τί οὖν ἐροῦμεν; ὅτι ἔθνη τὰ μὴ διώκοντα δικαιοσύνην κατέλαβεν δικαιοσύνην, δικαιοσύνην δὲ τὴν ἐκ πίστεως·
31 ၃၁ သို့ရာတွင်ရွေးကောက်တော်မူခြင်းကိုခံရ သောလူစုတော်သည်ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်စေမည့်တရားဥပဒေကိုရှာ သော်လည်းမတွေ့ရှိကြ။-
Ἰσραὴλ δὲ διώκων νόμονδικαιοσύνης εἰς ⸀νόμον οὐκ ἔφθασεν.
32 ၃၂ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏လုပ်ဆောင်ချက်သည်ဘုရားသခင် အားယုံကြည်မှုအပေါ်၌အခြေမပြုဘဲ မိမိတို့၏အကျင့်သီလအပေါ်၌အခြေ ပြုသောကြောင့်ဖြစ်၏။ သို့ဖြစ်၍ကျမ်းစာတော် တွင်ဖော်ပြသည့်ကျောက်ကိုတိုက်မိ၍လဲ ကြ၏။-
διὰ τί; ὅτι οὐκ ἐκ πίστεως ἀλλʼ ὡς ἐξ ⸀ἔργων ⸀προσέκοψαντῷ λίθῳ τοῦ προσκόμματος,
33 ၃၃ ကျမ်းစာတော်တွင်၊ ``ကြည့်လော့။ လူတို့တိုက်မိ၍လဲစေရန်ကျောက်တစ်လုံးကို ဇိအုန်တောင်ပေါ်မှာငါချထားမည်။ ထိုကျောက်ကိုလူတို့တိုက်မိ၍လဲကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကိုယုံကြည်သူသည် အဘယ်အခါ၌မျှစိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသတည်း။
καθὼς γέγραπται· Ἰδοὺ τίθημι ἐν Σιὼν λίθον προσκόμματος καὶπέτραν σκανδάλου, ⸀καὶ ὁ πιστεύων ἐπʼ αὐτῷ οὐ καταισχυνθήσεται.