< ရောမ 8 >

1 သို့​ဖြစ်​၍​ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​အ​ပြစ် ဒဏ်​စီ​ရင်​ခြင်း​နှင့်​ယ​ခု​ကင်း​လွတ်​ကြ​၏။-
Thus there is now no condemnation to those who are in Christ Jesus;
2 အ​ဘယ်​ကြောင့်​ဆို​သော်​ခရစ်​တော်​ယေ​ရှု​နှင့်​တစ် လုံး​တစ်​ဝ​တည်း​ဖြစ်​စေ​သည့် ဝိ​ညာဉ်​တော်​နှင့် ဆိုင်​သော​တ​ရား​သည်​သေ​ခြင်း​တ​ရား​နှင့် အ​ပြစ် တ​ရား​၏​လက်​မှ​ငါ​တို့​ကို​လွတ်​မြောက်​စေ​သော ကြောင့်​တည်း။-
for the law of the spirit of life in Christ Jesus has set me free from the law of sin and of death.
3 လူ့​ဇာ​တိ​သ​ဘော​အား​နည်း​မှု​ကြောင့်​ပ​ညတ် တ​ရား​က မ​ဆောင်​ရွက်​ပေး​နိုင်​သော​အ​မှု​ကို ဘု​ရား​သ​ခင်​က​ဆောင်​ရွက်​ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ့​ဇာ​တိ​သ​ဘော​တွင်​သက် ရှင်​လှုပ်​ရှား​သည့်​အ​ပြစ်​တ​ရား​ကို​အ​ပြစ် ဒဏ်​စီ​ရင်​ရန် မိ​မိ​၏​သား​တော်​အား​လော​က သို့​စေ​လွှတ်​တော်​မူ​၏။ သား​တော်​သည်​အ​ပြစ် တ​ရား​ကို​ဖျက်​ဆီး​ပစ်​ရန်​လူ့​ဇာ​တိ​ကို ခံ​ယူ​တော်​မူ​သည်။-
For God has done what the Law could not do, weakened as it was by flesh. By sending his own Son in the likeness of sinful flesh, and on account of sin, he condemned sin in the flesh;
4 ဤ​သို့​ဘု​ရား​သ​ခင်​အ​ရေး​ယူ​ဆောင်​ရွက်​တော် မူ​ရ​ခြင်း​မှာ ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​နှင့် အ​ညီ​မ​ဟုတ်​ဘဲ၊ ဝိ​ညာဉ်​တော်​၏​အ​လို​တော် နှင့်​အ​ညီ​အ​သက်​ရှင်​ကြ​သော​ငါ​တို့​သည် ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​ကျင့်​များ ကို​လိုက်​နာ​ကျင့်​သုံး​ကြ​စေ​ရန်​ဖြစ်​သည်။-
in order that the Law might be fulfilled in us who order our lives not after the flesh, but after the spirit.
5 လူ့​ဇာ​တိ​သ​ဘော​၏​စေ​ခိုင်း​မှု​အ​ရ​အ​သက် ရှင်​သူ​တို့​သည် လူ့​ဇာ​တိ​သ​ဘော​နှင့်​ဆိုင်​သော အ​ရာ​များ​ကို​သာ​စိတ်​စွဲ​လမ်း​ကြ​၏။ သို့​ရာ တွင်​ဝိ​ညာဉ်​တော်​၏​ညွှန်​ကြား​ချက်​အ​ရ အ​သက်​ရှင်​သူ​တို့​မူ​ကား ဝိ​ညာဉ်​တော်​အ​လို ရှိ​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း​ကြ​၏။-
For they who live after the flesh, give their attention to the things of the flesh; But they who live after the spirit, give their attention to spiritual things.
6 ဇာတိ​သ​ဘော​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ် စွဲ​လမ်း​သူ​သည်​အ​သက်​သေ​လိမ့်​မည်။ ဝိ​ညာဉ် တော်​နှင့်​ဆိုင်​သော​အ​ရာ​များ​ကို​စိတ်​စွဲ​လမ်း သူ​ကား အ​သက်​ရှင်​သန်​၍​ငြိမ်​သက်​ခြင်း​ကို ရ​ရှိ​လိမ့်​မည်။-
To be earthly minded means death; To be spiritually minded means life and peace.
7 ဇာ​တိ​သ​ဘော​ဆိုင်​ရာ​အ​ရာ​များ​ကို​စိတ်​စွဲ လမ်း​သူ​သည် ဘု​ရား​သ​ခင်​အား​ရန်​ဖက်​ပြု​သူ ဖြစ်​၏။ ထို​သို့​စိတ်​စွဲ​လမ်း​သူ​သည်​ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​မ​လိုက်​လျှောက်။ အ​ကယ်​ပင် မ​လိုက်​လျှောက်​နိုင်။-
For to be earthly minded is enmity against God; For such a mind is not subject to the Law of God, Nor can it be;
8 မိ​မိ​တို့​ဇာ​တိ​သ​ဘော​အ​လို​အ​တိုင်း​ပြု ကျင့်​သူ​တို့​သည် ဘု​ရား​သ​ခင်​၏​စိတ်​တော် နှင့်​မ​တွေ့​နိုင်။
And they who are earthly minded cannot please God.
9 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ထဲ​၌​အ​ကယ်​ပင်​ကျိန်း​ဝပ်​တော်​မူ လျှင် သင်​တို့​သည်​ဇာ​တိ​သ​ဘော​လှုံ့​ဆော်​သည့် အ​တိုင်း​မ​ဟုတ်​ဘဲ​ဝိ​ညာဉ်​တော်​သွန်​သင်​သည့် အ​တိုင်း​ပြု​မူ​ကျင့်​ကြံ​၏။ ခ​ရစ်​တော်​၏​ဝိ​ညာဉ် တော်​မ​ကျိန်း​ဝပ်​သော​သူ​သည်​ခ​ရစ်​တော်​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်။-
But you are not earthly, but spiritual, if indeed the Spirit of God is really dwelling in you. If any one does not have the Spirit of Christ, he is none of his.
10 ၁၀ သို့​သော်​သင်​တို့​တွင်​ခ​ရစ်​တော်​ကျိန်း​ဝပ်​တော် မူ​လျှင်​အ​ပြစ်​တ​ရား​ကြောင့် သင်​တို့​၏​ကိုယ်​ခန္ဓာ သေ​ရ​မည်​ဖြစ်​သော်​လည်း​သင်​တို့​၏​ဝိ​ညာဉ်​မူ ကား​ရှင်​လျက်​ရှိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သင် တို့​သည်​ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ် ခွင့်​ကို​ရ​ရှိ​ပြီး​သော​ကြောင့်​တည်း။-
But if Christ is in you, though your bodily self is dead because of sin, your spirit is full of life because of righteousness.
11 ၁၁ သ​ခင်​ယေ​ရှု​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော် သည်​သင်​တို့​အ​ထဲ​၌​ကျိန်း​ဝပ်​တော်​မူ​လျှင် ခ​ရစ်​တော်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​အ​ရှင်​သည်​သင်​တို့​အ​ထဲ​၌ ကျိန်း​ဝပ်​သော မိ​မိ​၏​ဝိ​ညာဉ်​တော်​အား​ဖြင့် သေ​တတ်​သော​သင်​တို့​၏​ကိုယ်​ခန္ဓာ​ကို​လည်း ရှင်​စေ​တော်​မူ​လိမ့်​မည်။
But if the Spirit of Him who raised up Jesus from dead is dwelling in you, He who raised up Jesus from the dead is dwelling in you, He who raised up Christ Jesus from the dead will also make your dying bodily self live by his indwelling Spirit in your lives.
12 ၁၂ ထို့​ကြောင့်​ညီ​အစ်​ကို​တို့၊ ငါ​တို့​၌​တာ​ဝန်​ရှိ သော်​လည်း ယင်း​တာ​ဝန်​မှာ​လူ့​ဇာ​တိ​အ​လို သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ​ရန်​မ​ဟုတ်။-
Therefore, brothers, we are debtors - but not to the flesh, to live according to the flesh;
13 ၁၃ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည် မိ​မိ​တို့ ၏​လူ့​ဇာ​တိ​အ​လို​သို့​လိုက်​၍​ပြု​မူ​ကျင့်​ကြံ ပါ​က​သေ​ရ​ကြ​မည်။ သို့​သော်​မိ​မိ​တို့​၏ အ​ကျင့်​ဆိုး​များ​ကို​ဝိ​ညာဉ်​တော်​အား​ဖြင့် အ​ဆက်​ဖြတ်​ကြ​မည်​ဆို​လျှင်​မူ​ကား အ​သက်​ရှင်​ကြ​လိမ့်​မည်။-
for if you go on living according to the flesh, you are on the road to die; but if by the Spirit you keep putting to death the deeds of the body, you will live.
14 ၁၄ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​ရှေ့​ဆောင်​လမ်း​ပြ မှု​ကို​ခံ​ယူ​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​၏ သား​များ​ဖြစ်​ကြ​၏။-
For only those are sons of God who are led by God’s Spirit.
15 ၁၅ ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-
For you have not received a spirit of slavery in order that you should once more be afraid; but you have received a spirit of adoption, in which we cry out, "My Father, my dear Father!"
16 ၁၆ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ် ကြ​ကြောင်း​ကို​ဝိ​ညာဉ်​တော်​ကိုယ်​တိုင်​ပင်​လျှင် ငါ​တို့​၏​ဝိ​ညာဉ်​နှင့်​အ​တူ​သက်​သေ​ခံ​တော် မူ​၏။-
For his Spirit himself bears witness with our spirit, that we are children of God;
17 ၁၇ ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။
and if children, then heirs, heirs of God and joint-heirs with Christ; but to share his glory, we must now be sharing his sufferings.
18 ၁၈ ယ​ခု​မျက်​မှောက်​ကာ​လ​၌​ငါ​တို့​ခံ​ရ​ကြ​သည့် ဒုက္ခ​ဆင်း​ရဲ​ကို​နောင်​အ​ခါ​၌ ငါ​တို့​အား​ပေါ် လွင်​ထင်​ရှား​မည့်​ဘုန်း​အ​သ​ရေ​တော်​နှင့်​နှိုင်း ယှဉ်​၍​မ​ရ​ဟု​ငါ​ယုံ​ကြည်​၏။-
For I count as nothing what we now suffer, in comparison with the glory which will soon be unveiled to us.
19 ၁၉ ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​သား​များ​ကို​ပေါ် လွင်​ထင်​ရှား​စေ​မည့်​အ​ခြင်း​အ​ရာ​ကို အ​ဖန် ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​က​အ​လွန် တောင့်​တ​စောင့်​မျှော်​လျက်​ရှိ​၏။-
All nature even is waiting with eager longing for the unveiling of the vision of God’s sons.
20 ၂၀ ဘု​ရား​သ​ခင်​သည်​ထို​အ​ဖန်​ဆင်း​ခံ​ကမ္ဘာ လော​က​ကို​အ​နတ္တ​ဖြစ်​စေ​ရန်​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​၏။ ထို​သို့​ဖြစ်​စေ​ခြင်း​မှာ​ကမ္ဘာ လော​က​၏​အ​လို​ဆန္ဒ​ကြောင့်​မ​ဟုတ်။ ဘု​ရား သ​ခင်​၏​စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက်​ကြောင့် ဖြစ်​၏။ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ရှိ​၏။-
For nature was subjected to imperfection, not by its own will, but by the will of Him who thus made it subject -
21 ၂၁ ထို​မျှော်​လင့်​ချက်​မှာ​တစ်​နေ့​သော​အ​ခါ​၌ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​သည်​ဖောက်​ပြန် ပျက်​စီး​ခြင်း​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​၍ ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​နှင့်​အ​တူ လွတ်​လပ်​မှု​ဘုန်း​အ​သ​ရေ​ကို​ခံ​စား​ခွင့် ရ​ရှိ​လိမ့်​မည်​ဖြစ်​သည်။-
yet not without the hope that some day nature itself also will be freed from the thraldom of decay, into the freedom which belongs to the glory of the children of God.
22 ၂၂ အ​ဖန်​ဆင်း​ခံ​ကမ္ဘာ​လော​က​တစ်​ခု​လုံး​သည် သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ကဲ့​သို့​ပြင်း​ပြ​သော ဝေ​ဒ​နာ​ဖြင့် ယ​ခု​အ​ချိန်​တိုင်​အောင်​ညည်း တွား​လျက်​ရှိ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
For we know that all nature has been groaning and travailing together until this hour.
23 ၂၃ အ​ဖန်​ဆင်း​ခံ​လော​က​သာ​မ​က​ဘု​ရား သ​ခင်​၏​အ​ဦး​ဆုံး​ဆု​ကျေး​ဇူး​ဖြစ်​သည့် ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​ငါ​တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​သား​များ​ဖြစ်​ခွင့်​ကို​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​ကယ်​တင်​ခြင်း​ခံ​ရ ခွင့်​ကို​လည်း​ကောင်း စောင့်​မျှော်​ကာ​ညည်း​တွား လျက်​ရှိ​ကြ​ပေ​သည်။-
And not only that, we ourselves, although we are grasping the first- fruits of the Spirit, even we ourselves are inwardly groaning, while we are waiting for adoption, the redemption of our body.
24 ၂၄ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​မျှော်​လင့် ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​သော ကြောင့်​ဖြစ်​၏။ ငါ​တို့​သည်​မိ​မိ​တို့​မျှော်​လင့် သည့်​အ​ရာ​ကို​မ​မြင်​နိုင်​ကြ။ မြင်​နိုင်​ကြ​ပါ မူ​ငါ​တို့​၏​မျှော်​လင့်​ခြင်း​သည်​အ​ကယ်​ပင် မျှော်​လင့်​ခြင်း​မ​ဟုတ်။ မြင်​ရ​သော​အ​ရာ​ကို အ​ဘယ်​သူ​သည်​မျှော်​လင့်​မည်​နည်း။-
For by hope we are saved; but hope which is clearly seen is no longer hope.
25 ၂၅ သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​မ​မြင်​ရ​သည့် အ​ရာ​ကို​မျှော်​လင့်​ကြ​လျှင် ထို​အ​ရာ​ကို​စိတ် ရှည်​စွာ​စောင့်​မျှော်​ကြ​၏။
Who hopes for what he clearly sees? But if we hope for something that we do not see, we then patiently wait for it.
26 ၂၆ ထို​နည်း​အ​တိုင်း​ပင်​ဝိ​ညာဉ်​တော်​သည်​လည်း အား​နည်း​သော ငါ​တို့​အား​ကူ​မ​ရန်​ကြွ​လာ တော်​မူ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​ဆု​တောင်း ရ​မည်​ကို​မ​သိ​ကြ။ နှုတ်​ဖြင့်​မြွက်​ဆို​ဖော်​ပြ ရန်​မ​ဖြစ်​နိုင်​သော​ညည်း​တွား​သံ​ဖြင့် ဝိ​ညာဉ် တော်​ကိုယ်​တိုင်​ပင်​လျှင်​ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​ထံ​အ​သ​နား​ခံ​တော်​မူ​၏။-
In the same way the Spirit also takes hold with us in our weakness; for we know knot how to pray as we ought; but the Spirit himself intercedes for us with groanings which cannot be uttered.
27 ၂၇ လူ​တို့​စိတ်​နှ​လုံး​ကို​သိ​မြင်​တော်​မူ​သော ဘု​ရား​သ​ခင်​သည်​ဝိ​ညာဉ်​တော်​၏​စိတ် သ​ဘော​ကို​လည်း​သိ​တော်​မူ​၏။ အ​ဘယ် ကြောင့်​ဆို​သော်​ဝိ​ညာဉ်​တော်​သည်​ဘု​ရား သ​ခင်​၏​အ​လို​တော်​နှင့်​အ​ညီ ကိုယ်​တော် ၏​လူ​စု​တော်​အ​တွက်​အ​သ​နား​ခံ​တော် မူ​သော​ကြောင့်​ဖြစ်​၏။
And the Searcher of Hearts knows what the Sprit’s meaning is, because his intercessions for the saints are according to the will of God.
28 ၂၈ ဘု​ရား​သ​ခင်​အား​ချစ်​မြတ်​နိုး​၍​ကိုယ်​တော် ၏​အ​ကြံ​တော်​နှင့်​အ​ညီ ခေါ်​ယူ​ရွေး​ကောက်​ခြင်း ကို​ခံ​ရ​သော​သူ​တို့​တွေ့​ကြုံ​ခံ​စား​ရ​သော အ​မှု​ခပ်​သိမ်း​တို့​မှ အ​ကျိုး​ပေါ်​ထွက်​လာ​စေ ရန်​ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​လုပ်​ဆောင် တော်​မူ​ကြောင်း​ငါ​တို့​သိ​ကြ​၏။-
Now we know that all things continually work together for good to to those who love God, to those who have been the called according to his purpose.
29 ၂၉ ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ချယ်​ထား​သူ​တို့ အား မိ​မိ​၏​သား​တော်​ကဲ့​သို့​ဖြစ်​လာ​ကြ​စေ ရန်​သီး​သန့်​ထား​တော်​မူ​၏။ ဤ​သို့​ပြု​တော်​မူ ခြင်း​မှာ​သား​တော်​အား​ညီ​အ​မြောက်​အ​မြား ထဲ​တွင်​နောင်​တော်​ကြီး​ဖြစ်​စေ​ရန်​ပင်​တည်း။-
For whom he foreknew, he also foreordained to be conformed to the likeness of his Son, so that he might be the eldest of a great brotherhood;
30 ၃၀ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​သီး​သန့်​ထား​သူ တို့​ကို​ခေါ်​ယူ​တော်​မူ​၏။ ယင်း​သို့​ခေါ်​ယူ​တော် မူ​သော​သူ​တို့​အား မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ စေ​တော်​မူ​ပြီး​လျှင်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို​ခံ​စား​ခွင့်​ပေး​တော်​မူ​၏။
and whom he foreordained, those he also called; and whom he called, those he also justified; and whom he justified, those he also glorified.
31 ၃၁ အ​ထက်​ပါ​အ​ချက်​များ​ကို​ထောက်​၍​မည်​သို့ ဆို​ရ​အံ့​နည်း။ ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဘက် ၌​ရှိ​တော်​မူ​လျှင်​အ​ဘယ်​သူ​မျှ​ငါ​တို့​အား ဆန့်​ကျင်​နိုင်​မည်​မ​ဟုတ်။-
What shall we say then, to these things? If God be for us, Who can be against us?
32 ၃၂ မိ​မိ​၏​သား​တော်​ရင်း​ကို​ပင်​မ​နှ​မြော​ဘဲ​ငါ တို့​ရှိ​သ​မျှ​အ​တွက် ယဇ်​အ​ဖြစ်​ပူ​ဇော်​တော် မူ​သော​ဘု​ရား​သ​ခင်​သည်​ဆန့်​ကျင်​မည်​မ​ဟုတ်။ ငါ​တို့​အ​တွက်​သား​တော်​ကို​ပူ​ဇော်​သော​အ​ရှင် သည်​အ​ရာ​ခပ်​သိမ်း​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့​နေ​တော်​မူ​မည်​နည်း။-
He that spared not his own Son, But freely delivered him up for us all, How shall he not with him also freely give us all things?
33 ၃၃ ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ​သော​လူ တို့​အား အ​ဘယ်​သူ​သည်​ပြစ်​တင်​စွပ်​စွဲ​မည်​နည်း။ သူ​တို့​၌​အ​ပြစ်​မ​ရှိ​ကြောင်း​ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပြီ။-
Who shall accuse God’s elect? God acquits them;
34 ၃၄ သို့​ဖြစ်​၍​သူ​တို့​အား​အ​ဘယ်​သူ​ပြစ်​ဒဏ် စီ​ရင်​မည်​နည်း။ ခ​ရစ်​တော်​စီ​ရင်​မည်​မ​ဟုတ်။ အ​သေ​ခံ​တော်​မူ​သည်​သာ​မ​က သေ​ခြင်း​မှ ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​ခ​ရစ်​တော် ယေ​ရှု​သည် ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​ထိုင်​တော်​မူ​ကာ ငါ​တို့​အ​တွက် ဘု​ရား​သ​ခင်​အား​အ​သ​နား​ခံ​လျက်​နေ တော်​မူ​၏။-
Who is there to condemn them? Will Christ who died? Yes, and who rose from the dead, The Christ who is also at the right hand of God, And is interceding for us?
35 ၃၅ သို့​ဖြစ်​၍​အ​ဘယ်​သူ​သည်​ငါ​တို့​အား​ခ​ရစ် တော်​၏​မေတ္တာ​တော်​နှင့်​ကွဲ​ကွာ​စေ​နိုင်​မည်​နည်း။ ဒုက္ခ​ရောက်​ခြင်း၊ ကျဉ်း​ကျပ်​ခြင်း၊ အ​ညှဉ်း​ပန်း ခံ​ရ​ခြင်း၊ ငတ်​မွတ်​ခြင်း၊ ဆင်း​ရဲ​နွမ်း​ပါး​ခြင်း၊ ဘေး​အန္တ​ရာယ်​နှင့်​တွေ့​ခြင်း၊ ကွပ်​မျက်​ခံ​ရ​ခြင်း တို့​သည်​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​ငါ​တို့​ကို ကွဲ​ကွာ​စေ​နိုင်​မည်​လော။
What shall separate us from the love of Christ? Shall anguish, or calamity, or persecution, or famine? Shall nakedness, or peril, or sword?
36 ၃၆ ``ကိုယ်​တော်​၏​အ​တွက်​အ​ကျွန်ုပ်​တို့​သည် တစ်​နေ့​လုံး​ပင်​သေ​ဘေး​နှင့်​ရင်​ဆိုင်​လျက် နေ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို​သူ​တစ်​ပါး​မှတ်​တတ်​ကြ​ပါ​၏'' ဟူ​သော​ကျမ်း​စ​ကား​အ​တိုင်း​ဖြစ်​ပေ​သည်။-
Even as it is written. For thy sake we are killed all the day long; We are accounted as sheep for the slaughter.
37 ၃၇ မ​ကွဲ​မ​ကွာ​စေ​သည်​သာ​မ​က​ငါ​တို့​သည်​ထို အ​တွေ့​အ​ကြုံ​ခပ်​သိမ်း​တို့​နှင့်​ဆိုင်​ရာ​တွင် ငါ တို့​ကို​ချစ်​တော်​မူ​သော​အ​ရှင်​အား​ဖြင့်​အ​ထူး အောင်​မြင်​လျက်​ရှိ​ကြ​၏။-
Nay, in all these things we are more than conquerors Through Him who loved us.
38 ၃၈ အ​ဘယ်​ကြောင့်​ဆို​သော်​မည်​သည့်​အ​ရာ​မျှ​ငါ တို့​အား​ကိုယ်​တော်​၏​မေတ္တာ​တော်​နှင့်​မ​ကွဲ​မ​ကွာ စေ​နိုင်။ သေ​ခြင်း​ဖြစ်​စေ၊ အ​သက်​ရှင်​ခြင်း​ဖြစ်​စေ၊ ကောင်း​ကင်​တ​မန်​များ​ဖြစ်​စေ၊ ကောင်း​ကင်​အာ​ဏာ ပိုင်​ဖြစ်​စေ၊ ပစ္စုပ္ပန်​အ​ရာ​ဖြစ်​စေ၊ အ​နာ​ဂတ် အ​ရာ​ဖြစ်​စေ၊-
For I am fully persuaded that neither death nor life, Neither angels nor principalities, nor powers, Neither the present world nor the world to come, Nor the powers of Nature,
39 ၃၉ ကောင်း​ကင်​အ​ထက်​အ​ရာ​ဖြစ်​စေ၊ မြေ​အောက် အ​ရာ​ဖြစ်​စေ၊ ဖန်​ဆင်း​ထား​သော​မည်​သည့်​အ​ရာ ပင်​ဖြစ်​စေ၊ ငါ​တို့​အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​အား ဖြင့်​ဘု​ရား​သ​ခင်​ဖော်​ပြ​တော်​မူ​သော​မေတ္တာ​တော် နှင့် ငါ​တို့​အား​မ​ကွဲ​မ​ကွာ​စေ​နိုင်​ဟု​ငါ​ဧ​ကန် အ​မှန်​သိ​သော​ကြောင့်​တည်း။
Nor height, nor depth, Nor any other created thing, Shall be able to separate us from the love of God Which is in Christ Jesus our Lord.

< ရောမ 8 >