< ရောမ 7 >
1 ၁ ညီအစ်ကိုတို့၊ သင်တို့သည်တရားဥပဒေ များအကြောင်းကိုသိထားသူများဖြစ်၍ ငါ ယခုပြောဆိုမည့်အကြောင်းအရာကိုနား လည်ကြလိမ့်မည်။ လူသည်အသက်ရှင်လျက် နေသမျှကာလပတ်လုံးတရားဥပဒေ များ၏အာဏာစက်အောက်တွင်ရှိ၏။-
၁ပညတ်တရားကို သိသောညီအစ်ကိုတို့၊ ပညတ် တရားသည် လူကို အသက်ထက်ဆုံးမျှသာပိုင်သည်ကို မသိကြသလော။
2 ၂ ဥပမာပေးရသော်အိမ်ထောင်သည်အမျိုး သမီးတစ်ယောက်သည် မိမိ၏ခင်ပွန်းအသက် ရှင်စဉ်လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာတရား ဥပဒေအောက်တွင်နေရ၏။-
၂ဥပမာကား၊ လင်ရှိသောမိန်းမသည် လင်မသေ မှီတိုင်အောင်၊ ပညတ်တရားအားဖြင့် လင်၌ချည်နှောင် လျက်ရှိ၏။ လင်သေလျှင်မူကား လင်ဝတ်နှင့်လွတ်၏။
3 ၃ သို့ဖြစ်၍သူသည်မိမိခင်ပွန်းအသက်ရှင်လျက် ရှိစဉ်အခြားလူတစ်ယောက်နှင့်ပေါင်းသင်းနေ ထိုင်ပါမူ မျောက်မထားသူဟုအခေါ်ခံရမည် ဖြစ်သော်လည်း ခင်ပွန်းသေဆုံးလျှင်မူကား တရားဥပဒေနှင့်ကင်းလွတ်သွားပြီဖြစ်၍ အခြားလူတစ်ယောက်နှင့်ထိမ်းမြားစုံဖက်လျှင် မျောက်မထားသူမဖြစ်တော့ပေ။-
၃ထိုကြောင့်၊ မိမိလင်မသေမှီအခြားသော သူ၏ မယားဖြစ်လျှင်၊ မျောက်မထားသောမိန်းမဟု ခေါ်ထိုက် ၏။ လင်လေလျှင်မူကား၊ ထိုတရားနှင့်လွတ်သည်ဖြစ်၍၊ အခြားသောသူ၏ မယားဖြစ်သော်လည်း၊ မျောက်မထားသောမိန်းမဟု ခေါ်စရာအကြောင်းမရှိ။
4 ၄ ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-
၄ထိုနည်းတူ၊ ငါညီအစ်ကိုတို့၊ သင်တို့သည် အခြားသော သူတည်းဟူသော၊ သေခြင်းမှ ထမြောက် တော်မူသော သူ၏မယားဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ တိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့်သေ၍ ပညတ်တရားနှင့်ကွာကြ၏။
5 ၅ ငါတို့သည်လူ့ဇာတိသဘောကိုလိုက်လျော ၍ အသက်ရှင်ကြစဉ်အခါကပညတ်တရား ၏လှုံ့ဆော်ချက်အရအပြစ်ကူးလိုစိတ်သည် ငါတို့ကိုယ်ခန္ဓာအတွင်း၌ထကြွလှုပ်ရှား ကာငါတို့ပြုသမျှသည်သေမင်းအဖို့ ဖြစ်ခဲ့၏။-
၅ငါတို့သည် ဇာတိပကတိ၌ ကျင်လည်သောအခါ၊ အပြစ်နှင့် စပ်ဆိုင်သောစိတ်တို့သည် ပညတ်တရား အားဖြင့်ပေါက်၍ သေခြင်းတရား၏အလိုနှင့်အညီ တိုးပွါးမည်အကြောင်း၊ ငါတို့၏ကိုယ်အင်္ဂါများ၌ ပြုပြင် ကြ၏။
6 ၆ ပညတ်တရားသည်အခါတစ်ပါးကငါတို့ အားချုပ်နှောင်ခဲ့၏။ ယင်းသို့ချုပ်နှောင်ခြင်းခံရ သောဘဝကိုစွန့်လွှတ်ခဲ့ပြီဖြစ်၍ ယခုအခါ မှာမူငါတို့သည်ပညတ်တရား၏လက်အောက် မှလွတ်မြောက်ကြပြီ။ ယခုအခါ၌ငါတို့ သည်အက္ခရာတင်ထားသည့်တရားဥပဒေ လမ်းစဉ်ဟောင်းအရမဟုတ်တော့ဘဲ ဝိညာဉ် တော်၏လမ်းစဉ်သစ်အရအမှုဆောင်ရွက် ကြပေသည်။
၆ယခုမူကား၊ ကျမ်းစာ၌ပါသော တရားဟောင်းကို မမှီဘဲ၊ ဝိညာဉ်တော်တရားသစ်ကို မှီ၍ အမှု ဆောင်ရွက်ခြင်းအလိုငှါ၊ ငါတို့သည် အသေသဖြင့် အုပ်ချုပ်သောပညတ်တရား၏လက်မှ လွတ်ခြင်းသို့ ရောက်ကြပြီ။
7 ၇ သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-
၇သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ် တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ။ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကိုငါမသိ။
8 ၈ အပြစ်တရားသည်ငါတို့အားထိုပညတ် တော်ကိုသတိရစေကာ ငါတို့၏စိတ်အတွင်း ၌တစ်ကိုယ်ကောင်းကြံစည်မှုအမျိုးမျိုးတို့ ကိုဖြစ်ပေါ်စေ၏။ တရားဥပဒေသာမရှိ လျှင်အပြစ်တရားသည်သေလျက်နေ၏။-
၈အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏။
9 ၉ ငါသည်တရားဥပဒေနှင့်ကင်းလျက်အသက် ရှင်ခဲ့သည့်အချိန်ရှိခဲ့ဖူး၏။ သို့သော်ပညတ် တော်ကိုငါသိရှိလာသည်နှင့်တစ်ပြိုင်နက် အပြစ်တရားသည်ရှင်သန်လာ၏။-
၉အထက်ကပညတ်တရားမရှိသဖြင့်၊ ငါသည် အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ် တရားသည် ရှင်ပြန်၏။ ငါလည်း သေ၏။
10 ၁၀ ထို့နောက်ငါသည်သေရ၏။ ငါ့အားအသက်ရှင် စေရန်ပေးအပ်သည့်ပညတ်တော်ကပင်လျှင် ငါ၏အသက်ကိုသေစေလေသည်။-
၁၀အသက်ရှင်ခြင်းနှင့်ဆိုင်သော ပညတ်တရား သည် သေခြင်းနှင့် ဆိုင်သည်ကို ငါတွေ့၏။
11 ၁၁ အပြစ်တရားသည်အခွင့်ရကာပညတ်တော် အားဖြင့် ငါ့ကိုလှည့်စား၍ငါ့အားသေစေ ၏။
၁၁အပြစ်တရားသည်ပညတ်တရားအားဖြင့် အခွင့်ရလျှင်၊ ငါ့ကို လှည့်ဖြား၍ ထိုတရားအားဖြင့် ငါ့ကို သတ်လေ၏။
12 ၁၂ ထို့ကြောင့်ပညတ်တရားသည်မြင့်မြတ်သန့်ရှင်း ၏။ ပညတ်တော်သည်လည်းမြင့်မြတ်သန့်ရှင်း မှန်ကန်ကောင်းမြတ်၏။-
၁၂ထိုကြောင့်၊ တရားတော်သည်သန့်ရင်းခြင်းရှိ၏။ ပညတ်တရားလည်း သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းရှိ၏။
13 ၁၃ သို့ဖြစ်လျှင်ကောင်းမြတ်သည့်အရာကငါ့အား သေစေသလော။ မသေစေနိုင်ရာ။ ငါ့အားသေစေ သောအရာမှာအပြစ်တရားဖြစ်ပေသည်။ အပြစ် တရားသည် ၎င်း၏ပင်ကိုသဘောသဘာဝကို ပေါ်လွင်ထင်ရှားစေရန် ကောင်းမြတ်သည့်အရာ ကိုအသုံးပြု၍ငါ့ကိုသေစေခြင်းသာဖြစ်၏။ သို့ဖြစ်၍အပြစ်တရားသည်မည်မျှဆိုးရွား ကြောင်းကိုပညတ်တော်အားဖြင့်သိရ၏။
၁၃သို့ဖြစ်လျှင် ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော။ မဖြစ်နိုင်ရာ။ အပြစ်တရားသည် မိမိသဘောကို ထင်ရှားစေခြင်းငှါ ကောင်းမြတ်သောအရာအားဖြင့် ငါ၌သေခြင်းကို ပြု၍ သေခြင်းအကြောင်းဖြစ်၏။ ထိုသို့ဖြစ်သောကြောင့် အပြစ်တရားသည် ပညတ်တော်အားဖြင့် အလွန်အပြစ် နှင့်ပြည့်စုံခြင်းရှိသတည်း။
14 ၁၄ ပညတ်တရားသည်ဝိညာဉ်ရေးနှင့်ဆိုင်ကြောင်း ငါတို့သိကြ၏။ သို့ရာတွင်ငါသည်အပြစ် တရား၏ကျွန်ဖြစ်သည့်လူသားဖြစ်၏။-
၁၄ထိုမှတပါး ၊ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိ ပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
15 ၁၅ မိမိကိုယ်တိုင်ပြုသည့်အမှုကိုပင်နားမလည်။ အဘယ်ကြောင့်ဆိုသော်မိမိပြုကျင့်လိုသည့် အတိုင်းမပြုကျင့်ဘဲ မိမိရွံမုန်းသည့်အမှု ကိုသာပြုသောကြောင့်ဖြစ်၏။-
၁၅အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။
16 ၁၆ ငါသည်မိမိမပြုကျင့်လိုသောအမှုကိုပြု ကျင့်၏။ သို့ဖြစ်၍ပညတ်တရားမှန်ကန်ကြောင်း ကိုငါဝန်ခံ၏။-
၁၆ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။
17 ၁၇ ထို့ကြောင့်ငါပြုသောအမှုကိုပြုသောသူသည် စင်စစ်အားဖြင့်ငါမဟုတ်၊ ငါ၏စိတ်နှလုံး အတွင်း၌ရှင်သန်လျက်ရှိသည့်အပြစ်တရား ပင်ဖြစ်ပေသည်။-
၁၇သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ် တရားသည် ကျင့်၏။
18 ၁၈ ငါ၏လူ့ဇာတိ၌ကောင်းသောအရာမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော်ငါ့မှာအကျင့် ကောင်းကို ပြုကျင့်လိုသောစိတ်ရှိသော်လည်းပြု ကျင့်နိုင်စွမ်းကားမရှိသောကြောင့်ဖြစ်၏။-
၁၈ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။
19 ၁၉ ငါသည်အကျင့်ကောင်းကိုပြုကျင့်လိုသော်လည်း မပြုကျင့်ဘဲမကျင့်လိုသောအကျင့်ဆိုးကို သာကျင့်၏။-
၁၉ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။
20 ၂၀ မိမိမကျင့်လိုသောအကျင့်ကိုကျင့်သောသူ ကားငါမဟုတ်၊ ငါ၏စိတ်နှလုံးအတွင်း၌ရှင် သန်လျက်ရှိသောအပြစ်တရားပင်ဖြစ်၏။
၂၀ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။
21 ၂၁ သို့ဖြစ်၍ငါတွေ့ရှိရသောသဘောတရားမှာ ငါသည်အကျင့်ကောင်းကိုကျင့်လိုသောအခါ အကျင့်ဆိုးကိုသာကျင့်နိုင်ခြင်းဖြစ်သည်။-
၂၁ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။
22 ၂၂ ဘုရားသခင်၏ပညတ်တရားတော်ကို ငါ၏ စိတ်နှလုံးကနှစ်သက်ဝမ်းမြောက်စွာလက်ခံ ၏။-
၂၂ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်တို့ နှစ်သက်၏။
23 ၂၃ သို့သော်ငါ၏ကိုယ်ခန္ဓာအတွင်း၌ ငါ၏စိတ်က နှစ်သက်သည့်သဘောတရားနှင့်ဆိုင်ပြိုင်တိုက် ခိုက်လျက်နေသည့်အခြားသဘောတရားတစ်ခု ရှိ၏။ ထိုသဘောတရားသည်ငါ၏အတွင်း၌ ထကြွလှုပ်ရှား၍ ငါ့အားအပြစ်တရား၏ လက်သို့အပ်နှံသည်ကိုငါမြင်ရ၏။-
၂၃သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။
24 ၂၄ သြော် ဒုက္ခပါတကား။ သေစေသည့်ဤကိုယ်ခန္ဓာ မှအဘယ်သူသည်ငါ့ကိုကယ်ဆယ်မည်နည်း။-
၂၄ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။
25 ၂၅ ငါတို့အရှင်သခင်ယေရှုခရစ်အားဖြင့်ကယ် ဆယ်တော်မူသောဘုရားသခင်၏ကျေးဇူး တော်သည်ကြီးလှစွတကား။ အချုပ်အားဖြင့်ငါ၏ဖြစ်ရပ်ကိုဖော်ပြရသော် ငါသည်စိတ်အားဖြင့် ဘုရားသခင်၏တရားတော် အောက်အစေခံသော်လည်းဇာတိသဘောအား ဖြင့်အပြစ်တရားအောက်အစေခံ၏။
၂၅ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော် အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့၎င်း၊ ငါလိုက်တတ်၏။