< ရောမ 7 >

1 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​တ​ရား​ဥ​ပ​ဒေ များ​အ​ကြောင်း​ကို​သိ​ထား​သူ​များ​ဖြစ်​၍ ငါ ယ​ခု​ပြော​ဆို​မည့်​အ​ကြောင်း​အ​ရာ​ကို​နား လည်​ကြ​လိမ့်​မည်။ လူ​သည်​အ​သက်​ရှင်​လျက် နေ​သ​မျှ​ကာ​လ​ပတ်​လုံး​တ​ရား​ဥ​ပ​ဒေ များ​၏​အာ​ဏာ​စက်​အောက်​တွင်​ရှိ​၏။-
Or do you not know, brothers (for I speak to those who know the law), that the law has authority over a person for as long as he lives?
2 ဥ​ပ​မာ​ပေး​ရ​သော်​အိမ်​ထောင်​သည်​အ​မျိုး သ​မီး​တစ်​ယောက်​သည် မိ​မိ​၏​ခင်​ပွန်း​အ​သက် ရှင်​စဉ်​လက်​ထပ်​ထိမ်း​မြား​ခြင်း​ဆိုင်​ရာ​တ​ရား ဥ​ပ​ဒေ​အောက်​တွင်​နေ​ရ​၏။-
For the married woman is bound by law to her husband as long as he lives. But if her husband dies, she is released from the law concerning the husband.
3 သို့​ဖြစ်​၍​သူ​သည်​မိ​မိ​ခင်​ပွန်း​အ​သက်​ရှင်​လျက် ရှိ​စဉ်​အ​ခြား​လူ​တစ်​ယောက်​နှင့်​ပေါင်း​သင်း​နေ ထိုင်​ပါ​မူ မျောက်​မ​ထား​သူ​ဟု​အ​ခေါ်​ခံ​ရ​မည် ဖြစ်​သော်​လည်း ခင်​ပွန်း​သေ​ဆုံး​လျှင်​မူ​ကား တ​ရား​ဥ​ပ​ဒေ​နှင့်​ကင်း​လွတ်​သွား​ပြီ​ဖြစ်​၍ အ​ခြား​လူ​တစ်​ယောက်​နှင့်​ထိမ်း​မြား​စုံ​ဖက်​လျှင် မျောက်​မ​ထား​သူ​မ​ဖြစ်​တော့​ပေ။-
So then if, while the husband lives, she is joined to another man, she is called an adulteress. But if the husband dies, she is free from the law, so that she is not an adulteress, though she is joined to another man.
4 ညီ​အစ်​ကို​တို့၊ ဤ​အ​ချက်​သည်​သင်​တို့​နှင့် လည်း​သက်​ဆိုင်​ပေ​သည်။ သင်​တို့​သည်​ခ​ရစ်​တော် ၏​ကိုယ်​အင်္ဂါ​ဖြစ်​သ​ဖြင့် ပ​ညတ်​တ​ရား​အောက် တွင်​ရှင်​သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ကြ​လေ​ပြီ။ ဘု​ရား​သ​ခင်​အ​တွက်​အ​သုံး​ဝင်​သူ​များ ဖြစ်​လာ​ကြ​စေ​ရန် သင်​တို့​သည်​သေ​ခြင်း​မှ ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ သော​ခ​ရစ်​တော်​၏​ဘက်​တော်​သား​များ​ဖြစ် ကြ​လေ​ပြီ။-
Therefore, my brothers, you also were made dead to the law through the body of Christ, that you would be joined to another, to him who was raised from the dead, that we may bear fruit to God.
5 ငါ​တို့​သည်​လူ့​ဇာ​တိ​သ​ဘော​ကို​လိုက်​လျော ၍ အ​သက်​ရှင်​ကြ​စဉ်​အ​ခါ​က​ပ​ညတ်​တ​ရား ၏​လှုံ့​ဆော်​ချက်​အ​ရ​အ​ပြစ်​ကူး​လို​စိတ်​သည် ငါ​တို့​ကိုယ်​ခန္ဓာ​အ​တွင်း​၌​ထ​ကြွ​လှုပ်​ရှား ကာ​ငါ​တို့​ပြု​သ​မျှ​သည်​သေ​မင်း​အ​ဖို့ ဖြစ်​ခဲ့​၏။-
For when we were in the flesh, the sinful passions which were through the law, worked in our members to bring forth fruit for death.
6 ပ​ညတ်​တ​ရား​သည်​အ​ခါ​တစ်​ပါး​က​ငါ​တို့ အား​ချုပ်​နှောင်​ခဲ့​၏။ ယင်း​သို့​ချုပ်​နှောင်​ခြင်း​ခံ​ရ သော​ဘ​ဝ​ကို​စွန့်​လွှတ်​ခဲ့​ပြီ​ဖြစ်​၍ ယ​ခု​အ​ခါ မှာ​မူ​ငါ​တို့​သည်​ပ​ညတ်​တ​ရား​၏​လက်​အောက် မှ​လွတ်​မြောက်​ကြ​ပြီ။ ယ​ခု​အ​ခါ​၌​ငါ​တို့ သည်​အက္ခ​ရာ​တင်​ထား​သည့်​တ​ရား​ဥ​ပ​ဒေ လမ်း​စဉ်​ဟောင်း​အ​ရ​မ​ဟုတ်​တော့​ဘဲ ဝိ​ညာဉ် တော်​၏​လမ်း​စဉ်​သစ်​အ​ရ​အ​မှု​ဆောင်​ရွက် ကြ​ပေ​သည်။
But now we have been released from the law, having died to that which held us captive, so that we serve in newness of the Spirit, and not in oldness of the letter.
7 သို့​ဖြစ်​လျှင်​ငါ​တို့​မည်​သို့​ဆို​ရ​မည်​နည်း။ ပ​ညတ်​တ​ရား​သည်​ဆိုး​ယုတ်​သည့်​အ​ရာ​ဖြစ် သည်​ဟု​ဆို​ရ​မည်​လော။ သို့​ရာ​တွင်​အ​ပြစ်​ဟူ သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို ငါ့​အား ပ​ညတ်​တ​ရား​က​သိ​ရှိ​စေ​၏။ အ​ကယ်​၍ ပ​ညတ်​တော်​က ``လော​ဘ​လွန်​ကူး​ခြင်း​မ​ရှိ နှင့်'' ဟု​မ​ဆို​လျှင်​လော​ဘ​လွန်​ကူး​ခြင်း ဟူ​သည်​မှာ​အ​ဘယ်​အ​ရာ​ဖြစ်​ကြောင်း​ကို ငါ​သိ​ရှိ​လိမ့်​မည်​မ​ဟုတ်။-
What should we say then? Is the law sin? Absolutely not. However, I would not have known sin, except through the law. For I would not have known covetousness, unless the law had said, "Do not covet."
8 အ​ပြစ်​တ​ရား​သည်​ငါ​တို့​အား​ထို​ပ​ညတ် တော်​ကို​သ​တိ​ရ​စေ​ကာ ငါ​တို့​၏​စိတ်​အ​တွင်း ၌​တစ်​ကိုယ်​ကောင်း​ကြံ​စည်​မှု​အ​မျိုး​မျိုး​တို့ ကို​ဖြစ်​ပေါ်​စေ​၏။ တ​ရား​ဥ​ပ​ဒေ​သာ​မ​ရှိ လျှင်​အ​ပြစ်​တ​ရား​သည်​သေ​လျက်​နေ​၏။-
But sin, taking opportunity through the commandment, produced in me all kinds of covetousness. For apart from the law, sin is dead.
9 ငါ​သည်​တရား​ဥ​ပ​ဒေ​နှင့်​ကင်း​လျက်​အ​သက် ရှင်​ခဲ့​သည့်​အ​ချိန်​ရှိ​ခဲ့​ဖူး​၏။ သို့​သော်​ပ​ညတ် တော်​ကို​ငါ​သိ​ရှိ​လာ​သည်​နှင့်​တစ်​ပြိုင်​နက် အ​ပြစ်​တ​ရား​သည်​ရှင်​သန်​လာ​၏။-
I was alive apart from the law once, but when the commandment came, sin became alive, and I died.
10 ၁၀ ထို့​နောက်​ငါ​သည်​သေ​ရ​၏။ ငါ့​အား​အ​သက်​ရှင် စေ​ရန်​ပေး​အပ်​သည့်​ပ​ညတ်​တော်​က​ပင်​လျှင် ငါ​၏​အ​သက်​ကို​သေ​စေ​လေ​သည်။-
The commandment, which was for life, this I found to be for death;
11 ၁၁ အ​ပြစ်​တရား​သည်​အ​ခွင့်​ရ​ကာ​ပ​ညတ်​တော် အား​ဖြင့် ငါ့​ကို​လှည့်​စား​၍​ငါ့​အား​သေ​စေ ၏။
for sin, taking the opportunity through the commandment, deceived me, and through it killed me.
12 ၁၂ ထို့​ကြောင့်​ပ​ညတ်​တ​ရား​သည်​မြင့်​မြတ်​သန့်​ရှင်း ၏။ ပ​ညတ်​တော်​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း မှန်​ကန်​ကောင်း​မြတ်​၏။-
Therefore the law indeed is holy, and the commandment holy, and righteous, and good.
13 ၁၃ သို့​ဖြစ်​လျှင်​ကောင်း​မြတ်​သည့်​အ​ရာ​က​ငါ့​အား သေ​စေ​သ​လော။ မ​သေ​စေ​နိုင်​ရာ။ ငါ့​အား​သေ​စေ သော​အ​ရာ​မှာ​အ​ပြစ်​တ​ရား​ဖြစ်​ပေ​သည်။ အ​ပြစ် တ​ရား​သည် ၎င်း​၏​ပင်​ကို​သ​ဘော​သ​ဘာ​ဝ​ကို ပေါ်​လွင်​ထင်​ရှား​စေ​ရန် ကောင်း​မြတ်​သည့်​အ​ရာ ကို​အ​သုံး​ပြု​၍​ငါ့​ကို​သေ​စေ​ခြင်း​သာ​ဖြစ်​၏။ သို့​ဖြစ်​၍​အ​ပြစ်​တ​ရား​သည်​မည်​မျှ​ဆိုး​ရွား ကြောင်း​ကို​ပ​ညတ်​တော်​အား​ဖြင့်​သိ​ရ​၏။
Did that which is good, then, become death to me? Absolutely not. But sin, that it might be shown to be sin, by working death to me through that which is good; that through the commandment sin might become exceeding sinful.
14 ၁၄ ပ​ညတ်​တ​ရား​သည်​ဝိ​ညာဉ်​ရေး​နှင့်​ဆိုင်​ကြောင်း ငါ​တို့​သိ​ကြ​၏။ သို့​ရာ​တွင်​ငါ​သည်​အ​ပြစ် တ​ရား​၏​ကျွန်​ဖြစ်​သည့်​လူ​သား​ဖြစ်​၏။-
For we know that the law is spiritual, but I am fleshly, sold under sin.
15 ၁၅ မိ​မိ​ကိုယ်​တိုင်​ပြု​သည့်​အ​မှု​ကို​ပင်​နား​မ​လည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​ပြု​ကျင့်​လို​သည့် အ​တိုင်း​မ​ပြု​ကျင့်​ဘဲ မိ​မိ​ရွံ​မုန်း​သည့်​အ​မှု ကို​သာ​ပြု​သော​ကြောင့်​ဖြစ်​၏။-
For I do not know what I am doing. For I do not practice what I desire to do; but what I hate, that I do.
16 ၁၆ ငါ​သည်​မိ​မိ​မ​ပြု​ကျင့်​လို​သော​အ​မှု​ကို​ပြု ကျင့်​၏။ သို့​ဖြစ်​၍​ပ​ညတ်​တ​ရား​မှန်​ကန်​ကြောင်း ကို​ငါ​ဝန်​ခံ​၏။-
But if I do what I do not want to do, I agree with the law that it is good.
17 ၁၇ ထို့​ကြောင့်​ငါ​ပြု​သော​အ​မှု​ကို​ပြု​သော​သူ​သည် စင်​စစ်​အား​ဖြင့်​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး အ​တွင်း​၌​ရှင်​သန်​လျက်​ရှိ​သည့်​အ​ပြစ်​တ​ရား ပင်​ဖြစ်​ပေ​သည်။-
So now it is no more I that do it, but sin which dwells in me.
18 ၁၈ ငါ​၏​လူ့​ဇာ​တိ​၌​ကောင်း​သော​အ​ရာ​မ​ရှိ​ကြောင်း ငါ​သိ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ့​မှာ​အ​ကျင့် ကောင်း​ကို ပြု​ကျင့်​လို​သော​စိတ်​ရှိ​သော်​လည်း​ပြု ကျင့်​နိုင်​စွမ်း​ကား​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။-
For I know that in me, that is, in my flesh, dwells no good thing. For the desire is present in me, but the doing of the good is not.
19 ၁၉ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လို​သော်​လည်း မ​ပြု​ကျင့်​ဘဲ​မ​ကျင့်​လို​သော​အ​ကျင့်​ဆိုး​ကို သာ​ကျင့်​၏။-
For the good which I desire, I do not do; but the evil which I do not desire, that I practice.
20 ၂၀ မိ​မိ​မ​ကျင့်​လို​သော​အ​ကျင့်​ကို​ကျင့်​သော​သူ ကား​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး​အ​တွင်း​၌​ရှင် သန်​လျက်​ရှိ​သော​အ​ပြစ်​တ​ရား​ပင်​ဖြစ်​၏။
But if what I do not desire, that I do, it is no more I that do it, but sin which dwells in me.
21 ၂၁ သို့​ဖြစ်​၍​ငါ​တွေ့​ရှိ​ရ​သော​သ​ဘော​တ​ရား​မှာ ငါ​သည်​အ​ကျင့်​ကောင်း​ကို​ကျင့်​လို​သော​အ​ခါ အ​ကျင့်​ဆိုး​ကို​သာ​ကျင့်​နိုင်​ခြင်း​ဖြစ်​သည်။-
I find then the law, that, to me, while I desire to do good, evil is present.
22 ၂၂ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တ​ရား​တော်​ကို ငါ​၏ စိတ်​နှ​လုံး​က​နှစ်​သက်​ဝမ်း​မြောက်​စွာ​လက်​ခံ ၏။-
For I delight in God's law in my inner being,
23 ၂၃ သို့​သော်​ငါ​၏​ကိုယ်​ခန္ဓာ​အ​တွင်း​၌ ငါ​၏​စိတ်​က နှစ်​သက်​သည့်​သ​ဘော​တ​ရား​နှင့်​ဆိုင်​ပြိုင်​တိုက် ခိုက်​လျက်​နေ​သည့်​အ​ခြား​သ​ဘော​တ​ရား​တစ်​ခု ရှိ​၏။ ထို​သ​ဘော​တ​ရား​သည်​ငါ​၏​အ​တွင်း​၌ ထ​ကြွ​လှုပ်​ရှား​၍ ငါ့​အား​အ​ပြစ်​တ​ရား​၏ လက်​သို့​အပ်​နှံ​သည်​ကို​ငါ​မြင်​ရ​၏။-
but I see a different law in my members, warring against the law of my mind, and bringing me into captivity under the law of sin which is in my members.
24 ၂၄ သြော် ဒုက္ခ​ပါ​တ​ကား။ သေ​စေ​သည့်​ဤ​ကိုယ်​ခန္ဓာ မှ​အ​ဘယ်​သူ​သည်​ငါ့​ကို​ကယ်​ဆယ်​မည်​နည်း။-
What a wretched man I am. Who will deliver me out of the body of this death?
25 ၂၅ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​ကယ် ဆယ်​တော်​မူ​သော​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​သည်​ကြီး​လှ​စွ​တ​ကား။ အ​ချုပ်​အား​ဖြင့်​ငါ​၏​ဖြစ်​ရပ်​ကို​ဖော်​ပြ​ရ​သော် ငါ​သည်​စိတ်​အား​ဖြင့် ဘု​ရား​သ​ခင်​၏​တ​ရား​တော် အောက်​အ​စေ​ခံ​သော်​လည်း​ဇာ​တိ​သ​ဘော​အား ဖြင့်​အ​ပြစ်​တ​ရား​အောက်​အ​စေ​ခံ​၏။
Thanks be to God through Jesus Christ, our Lord. So then with the mind, I myself serve God's law, but with the flesh, the sin's law.

< ရောမ 7 >