< ရောမ 5 >
1 ၁ ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
ဝိၑွာသေန သပုဏျီကၖတာ ဝယမ် ဤၑွရေဏ သာရ္ဒ္ဓံ ပြဘုဏာသ္မာကံ ယီၑုခြီၐ္ဋေန မေလနံ ပြာပ္တား၊
2 ၂ ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
အပရံ ဝယံ ယသ္မိန် အနုဂြဟာၑြယေ တိၐ္ဌာမသ္တန္မဓျံ ဝိၑွာသမာရ္ဂေဏ တေနဲဝါနီတာ ဝယမ် ဤၑွရီယဝိဘဝပြာပ္တိပြတျာၑယာ သမာနန္ဒာမး၊
3 ၃ ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
တတ် ကေဝလံ နဟိ ကိန္တု က္လေၑဘောဂေ'ပျာနန္ဒာမော ယတး က္လေၑာဒ် ဓဲရျျံ ဇာယတ ဣတိ ဝယံ ဇာနီမး,
4 ၄ ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
ဓဲရျျာစ္စ ပရီက္ၐိတတွံ ဇာယတေ, ပရီက္ၐိတတွာတ် ပြတျာၑာ ဇာယတေ,
5 ၅ ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
ပြတျာၑာတော ဝြီဍိတတွံ န ဇာယတေ, ယသ္မာဒ် အသ္မဘျံ ဒတ္တေန ပဝိတြေဏာတ္မနာသ္မာကမ် အန္တးကရဏာနီၑွရသျ ပြေမဝါရိဏာ သိက္တာနိ၊
6 ၆ ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
အသ္မာသု နိရုပါယေၐု သတ္သု ခြီၐ္ဋ ဥပယုက္တေ သမယေ ပါပိနာံ နိမိတ္တံ သွီယာန် ပြဏာန် အတျဇတ်၊
7 ၇ ဖြောင့်မတ်သူတစ်ယောက်အတွက်အသေခံမည့် သူရှိရန်ခဲယဉ်း၏။ သူတော်ကောင်းတစ်ယောက် အတွက်အသေခံဝံ့သူရှိကောင်းရှိမည်။-
ဟိတကာရိဏော ဇနသျ ကၖတေ ကောပိ ပြဏာန် တျက္တုံ သာဟသံ ကရ္တ္တုံ ၑက္နောတိ, ကိန္တု ဓာရ္မ္မိကသျ ကၖတေ ပြာယေဏ ကောပိ ပြာဏာန် န တျဇတိ၊
8 ၈ သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
ကိန္တွသ္မာသု ပါပိၐု သတ္သွပိ နိမိတ္တမသ္မာကံ ခြီၐ္ဋး သွပြာဏာန် တျက္တဝါန်, တတ ဤၑွရောသ္မာန် ပြတိ နိဇံ ပရမပြေမာဏံ ဒရ္ၑိတဝါန်၊
9 ၉ ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။-
အတဧဝ တသျ ရက္တပါတေန သပုဏျီကၖတာ ဝယံ နိတာန္တံ တေန ကောပါဒ် ဥဒ္ဓါရိၐျာမဟေ၊
10 ၁၀ ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
ဖလတော ဝယံ ယဒါ ရိပဝ အာသ္မ တဒေၑွရသျ ပုတြသျ မရဏေန တေန သာရ္ဒ္ဓံ ယဒျသ္မာကံ မေလနံ ဇာတံ တရှိ မေလနပြာပ္တား သန္တော'ဝၑျံ တသျ ဇီဝနေန ရက္ၐာံ လပ္သျာမဟေ၊
11 ၁၁ ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
တတ် ကေဝလံ နဟိ ကိန္တု ယေန မေလနမ် အလဘာမဟိ တေနာသ္မာကံ ပြဘုဏာ ယီၑုခြီၐ္ဋေန သာမ္ပြတမ် ဤၑွရေ သမာနန္ဒာမၑ္စ၊
12 ၁၂ အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
တထာ သတိ, ဧကေန မာနုၐေဏ ပါပံ ပါပေန စ မရဏံ ဇဂတီံ ပြာဝိၑတ် အပရံ သရွွေၐာံ ပါပိတွာတ် သရွွေ မာနုၐာ မၖတေ ရ္နိဃ္နာ အဘဝတ်၊
13 ၁၃ ပညတ်တရားမပေါ်မီအခါကလူတို့သည် အပြစ်ကူးခဲ့ကြ၏။ သို့သော်ထိုစဉ်အခါက တရားဥပဒေမရှိသဖြင့်လူတို့၏အပြစ် များကိုမှတ်သားထားခြင်းမရှိ။-
ယတော ဝျဝသ္ထာဒါနသမယံ ယာဝတ် ဇဂတိ ပါပမ် အာသီတ် ကိန္တု ယတြ ဝျဝသ္ထာ န ဝိဒျတေ တတြ ပါပသျာပိ ဂဏနာ န ဝိဒျတေ၊
14 ၁၄ သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။-
တထာပျာဒမာ ယာဒၖၑံ ပါပံ ကၖတံ တာဒၖၑံ ပါပံ ယဲ ရ္နာကာရိ အာဒမမ် အာရဘျ မူသာံ ယာဝတ် တေၐာမပျုပရိ မၖတျူ ရာဇတွမ် အကရောတ် သ အာဒမ် ဘာဝျာဒမော နိဒရ္ၑနမေဝါသ္တေ၊
15 ၁၅ သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။-
ကိန္တု ပါပကရ္မ္မဏော ယာဒၖၑော ဘာဝသ္တာဒၖဂ် ဒါနကရ္မ္မဏော ဘာဝေါ န ဘဝတိ ယတ ဧကသျ ဇနသျာပရာဓေန ယဒိ ဗဟူနာံ မရဏမ် အဃဋတ တထာပီၑွရာနုဂြဟသ္တဒနုဂြဟမူလကံ ဒါနဉ္စဲကေန ဇနေနာရ္ထာဒ် ယီၑုနာ ခြီၐ္ဋေန ဗဟုၐု ဗာဟုလျာတိဗာဟုလျေန ဖလတိ၊
16 ၁၆ ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။-
အပရမ် ဧကသျ ဇနသျ ပါပကရ္မ္မ ယာဒၖက် ဖလယုက္တံ ဒါနကရ္မ္မ တာဒၖက် န ဘဝတိ ယတော ဝိစာရကရ္မ္မဲကံ ပါပမ် အာရဘျ ဒဏ္ဍဇနကံ ဗဘူဝ, ကိန္တု ဒါနကရ္မ္မ ဗဟုပါပါနျာရဘျ ပုဏျဇနကံ ဗဘူဝ၊
17 ၁၇ တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။
ယတ ဧကသျ ဇနသျ ပါပကရ္မ္မတသ္တေနဲကေန ယဒိ မရဏသျ ရာဇတွံ ဇာတံ တရှိ ယေ ဇနာ အနုဂြဟသျ ဗာဟုလျံ ပုဏျဒါနဉ္စ ပြာပ္နုဝန္တိ တ ဧကေန ဇနေန, အရ္ထာတ် ယီၑုခြီၐ္ဋေန, ဇီဝနေ ရာဇတွမ် အဝၑျံ ကရိၐျန္တိ၊
18 ၁၈ သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။-
ဧကော'ပရာဓော ယဒွတ် သရွွမာနဝါနာံ ဒဏ္ဍဂါမီ မာရ္ဂော 'ဘဝတ် တဒွဒ် ဧကံ ပုဏျဒါနံ သရွွမာနဝါနာံ ဇီဝနယုက္တပုဏျဂါမီ မာရ္ဂ ဧဝ၊
19 ၁၉ လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။
အပရမ် ဧကသျ ဇနသျာဇ္ဉာလင်္ဃနာဒ် ယထာ ဗဟဝေါ 'ပရာဓိနော ဇာတာသ္တဒွဒ် ဧကသျာဇ္ဉာစရဏာဒ် ဗဟဝး သပုဏျီကၖတာ ဘဝန္တိ၊
20 ၂၀ အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
အဓိကန္တု ဝျဝသ္ထာဂမနာဒ် အပရာဓသျ ဗာဟုလျံ ဇာတံ ကိန္တု ယတြ ပါပသျ ဗာဟုလျံ တတြဲဝ တသ္မာဒ် အနုဂြဟသျ ဗာဟုလျမ် အဘဝတ်၊
21 ၂၁ သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။ (aiōnios )
တေန မၖတျုနာ ယဒွတ် ပါပသျ ရာဇတွမ် အဘဝတ် တဒွဒ် အသ္မာကံ ပြဘုယီၑုခြီၐ္ဋဒွါရာနန္တဇီဝနဒါယိပုဏျေနာနုဂြဟသျ ရာဇတွံ ဘဝတိ၊ (aiōnios )