< ရောမ 5 >
1 ၁ ငါတို့သည်ယုံကြည်ခြင်းဖြင့်ဘုရားသခင် နှင့်မှန်ကန်စွာဆက်ဆံမှုရရှိပြီးဖြစ်သော ကြောင့် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားရကြ၏။-
Wherefore, being justified by faith, we have peace with God, through our Lord Jesus Christ--
2 ၂ ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
through whom we have had introduction, also, by faith, into this favor in which we stand, and rejoice in the hope of the glory of God:
3 ၃ ဆင်းရဲဒုက္ခများအတွက်လည်းငါတို့ဝါကြွား ဝမ်းမြောက်ကြပေသည်။ ဆင်းရဲဒုက္ခသည်ခံနိုင် ရည်ကိုလည်းကောင်း၊-
and not only so, but we rejoice even in afflictions; knowing that affliction produces patience;
4 ၄ ခံနိုင်ရည်သည်ဘုရားသခင်၏နှစ်သက်မှုကို လည်းကောင်း၊ ဘုရားသခင်၏နှစ်သက်မှုသည် မျှော်လင့်ခြင်းကိုလည်းကောင်း ပြုစု၍ပေး တတ်ကြောင်းကိုငါတို့သိကြ၏။-
and patience, approbation; and approbation, hope.
5 ၅ ဤမျှော်လင့်ခြင်းသည်ငါတို့အားစိတ်ပျက် စေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်ငါတို့အားပေးသနား တော်မူသောသန့်ရှင်းသောဝိညာဉ်တော်အား ဖြင့် ငါတို့၏စိတ်နှလုံးထဲသို့မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့်တည်း။
And this hope makes not ashamed: because the love of God is diffused in our hearts by the Holy Spirit, that is given us.
6 ၆ ငါတို့သည်ခိုကိုးရာမဲ့ဖြစ်လျက်ရှိနေကြ စဉ် ခရစ်တော်သည်ဘုရားသခင်သတ်မှတ်တော် မူရာနေ့ရက်ကာလ၌ဆိုးယုတ်သူတို့ အတွက်အသေခံတော်မူ၏။-
Besides, we being yet weak, in the appointed time Christ died for the ungodly.
7 ၇ ဖြောင့်မတ်သူတစ်ယောက်အတွက်အသေခံမည့် သူရှိရန်ခဲယဉ်း၏။ သူတော်ကောင်းတစ်ယောက် အတွက်အသေခံဝံ့သူရှိကောင်းရှိမည်။-
Now, scarcely for a just man will one die, though for a good man one would, perhaps, even dare to die.
8 ၈ သို့ရာတွင်ငါတို့သည်အပြစ်ကူးလျက်ရှိနေ ကြစဉ်ပင် ခရစ်တော်သည်ငါတို့အတွက်အသေ ခံတော်မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် ငါတို့အားအဘယ်မျှချစ်တော်မူကြောင်းကို ထင်ရှားစွာပြတော်မူ၏။-
But God recommends his love to us; because, while we were yet sinner, Christ died for us.
9 ၉ ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။-
Much more, then, being now justified by his blood, we shall be saved from wrath through him.
10 ၁၀ ငါတို့သည်ဘုရားသခင်၏ရန်သူဖြစ်ကြ သော်လည်းကိုယ်တော်သည် သားတော်ကိုအသေခံ စေတော်မူခြင်းအားဖြင့်ငါတို့အားမိတ်ဆွေ ဖြစ်စေတော်မူ၏။ ယခုငါတို့သည်ဘုရားသခင် ၏မိတ်ဆွေဖြစ်လာကြပြီဖြစ်ရာ ခရစ်တော် အသက်ရှင်တော်မူခြင်းအားဖြင့်ကယ်တင်ခြင်း ကိုပို၍ခံရကြလိမ့်မည်။-
For if, being enemies, we were reconciled to God through the death of his Son; much more, being reconciled, we shall be saved by his life.
11 ၁၁ ဤမျှသာမက၊ ဘုရားသခင်သည်ငါတို့အား ကိုယ်တော်၏မိတ်ဆွေဖြစ်စေတော်မူသော ငါတို့ သခင်ယေရှုခရစ်အားဖြင့်ပြုတော်မူသော အမှုကြောင့်ငါတို့ရွှင်လန်းဝမ်းမြောက်ကြ၏။
And not only so, but we even rejoice in God, through our Lord Jesus Christ, though whom we have now received reconciliation.
12 ၁၂ အပြစ်တရားသည်လူတစ်ယောက်ကြောင့်ဤ ကမ္ဘာလောကသို့သက်ရောက်လာ၏။ ထိုသူ၏ အပြစ်ကြောင့်သေခြင်းတရားပေါ်ပေါက်လာ ရ၏။ သို့ဖြစ်၍လူအပေါင်းတို့သည်အပြစ် ကူးလွန်ကြသဖြင့်သေရကြကုန်၏။-
Wherefore, as sin entered into the world by one man, in whom all sinned, and by sin, death: thus death came upon all men.
13 ၁၃ ပညတ်တရားမပေါ်မီအခါကလူတို့သည် အပြစ်ကူးခဲ့ကြ၏။ သို့သော်ထိုစဉ်အခါက တရားဥပဒေမရှိသဖြင့်လူတို့၏အပြစ် များကိုမှတ်သားထားခြင်းမရှိ။-
(For sin was in the world until the law: but sin is not imputed, when there is no law.
14 ၁၄ သို့ရာတွင်သေခြင်းတရားသည်အာဒံ၏လက် ထက်မှစ၍မောရှေ၏လက်ထက်တိုင်အောင် လူ အပေါင်းတို့အားစိုးမိုးခဲ့၏။ အာဒံကဲ့သို့ ဘုရားသခင်၏အမိန့်တော်ကိုဖီဆန်ခြင်းဖြင့် အပြစ်မကူးခဲ့သူတို့ကိုပင်သေခြင်းတရား ကစိုးမိုးခဲ့ပေသည်။ အာဒံသည်နောင်အခါပေါ်ထွန်းလတ္တံ့သော အရှင်၏ပုံကိုဆောင်ပေသည်။-
Yet death reigned from Adam to Moses, even over them who had not sinned, in the manner of Adam's transgression, who is a type of him that was to come.
15 ၁၅ သို့ရာတွင်သူတို့နှစ်ဦးကွာခြား၏။ ဘုရားသခင် ၏အခမဲ့ဆုကျေးဇူးတော်နှင့်အာဒံ၏အပြစ် ကူးလွန်ပုံမတူသဖြင့် သူတို့နှစ်ဦးကွာခြား၏။ တစ်ဦးကူးလွန်သည့်အပြစ်ကြောင့်လူများစွာ သေသည်မှန်ပါက ဘုရားသခင်၏ကျေးဇူး တော်သည်လည်းကောင်း၊ အခြားတစ်ဦးဖြစ်သူ ယေရှုခရစ်၏ကျေးဇူးတော်အားဖြင့်လူ မြောက်မြားစွာရရှိကြသည့်ဆုကျေးဇူး သည်လည်းကောင်းပို၍ကြွယ်ဝပေသည်။-
But not as the offense, so also is the free gift: for if by the offense of the one, the many died; much more the favor of God, and the gift by favor, which is of the one man, Jesus Christ, has abounded to the many.
16 ၁၆ ဘုရားသခင်၏ဆုကျေးဇူးနှင့်လူတစ်ယောက် ၏အပြစ်ကွာခြား၏။ တစ်ဦးအပြစ်ကူးသော အခါပြစ်ဒဏ်စီရင်ချက်ချမှတ်ပါက အပြစ်များစွာကူးကြသောအခါ မထိုက် မတန်သော်လည်းအပြစ်မရှိဟုစီရင်ချက် မှတ်သတည်း။-
And not as through one who sinner, is the free gift: for the sentence was from one to condemnation; but the free gift is from many offenses to justification.
17 ၁၇ တစ်ဦးကူးသည့်အပြစ်သည်သေခြင်းတရား စိုးမိုးမှုကိုဖြစ်ပေါ်စေပါက အခြားသူတစ်ဦး ဖြစ်သူယေရှုခရစ်ပြုသည့်အမှုတော်၏အကျိုး ဆက်ကားအဘယ်မျှပိုမိုကြီးမားလိမ့်မည်နည်း။ ဘုရားသခင်၏ကြွယ်ဝသောကျေးဇူးတော်ကို ခံစား၍ကိုယ်တော်နှင့်လွတ်လပ်မှန်ကန်စွာဆက် သွယ်ရသူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်လျက်စိုးစံရကြလတ္တံ့။
For if by the offense of the one, death reigned by the one; much more shall they who receive the abundance of favor, and of the gift of justification, reign in life, by the one--Jesus Christ.)
18 ၁၈ သို့ဖြစ်၍တစ်ဦးကအပြစ်ကိုပြုသောကြောင့် လူသားအားလုံးပင်ပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြသည်နည်းတူ အခြားတစ်ဦးကဖြောင့်မတ် သောအမှုကိုပြုသောကြောင့်လူသားအပေါင်း တို့သည်ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မြောက်၍ အသက်ရှင်ရကြ၏။-
Now, therefore, as through one offense, the sentence came upon all men to condemnation: so, also, by one act of obedience, the sentence came upon all men to justification of life.
19 ၁၉ လူတစ်ဦးသည်ဘုရားစကားကိုနားမထောင် သောအားဖြင့်လူအပေါင်းတို့အပြစ်ကူးသူ များဖြစ်ရကြသည်နည်းတူ အခြားလူတစ်ဦး သည်ဘုရားစကားကိုနာခံသောအားဖြင့်လူ အပေါင်းတို့သည်ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်သွယ်ရကြလိမ့်မည်။
For, as through the disobedience of the one, the many were constituted sinners; so, by the obedience of the one, the many shall be constituted righteous.
20 ၂၀ အပြစ်ဒုစရိုက်များပြားလာစေရန်ပညတ် တရားကိုချမှတ်ခဲ့၏။ သို့ရာတွင်အပြစ် ဒုစရိုက်များပြားလာသောအခါကျေးဇူး တော်သည်ပို၍များပြားလာ၏။-
Moreover, the law supervened, that the offense might abound; but where sin abounded, favor superabounded--
21 ၂၁ သို့ဖြစ်၍အပြစ်တရားသည်သေခြင်းတရား အားဖြင့် စိုးမိုးခဲ့သည်နည်းတူငါတို့၏အရှင် ယေရှုခရစ်အားဖြင့် ငါတို့အားထာဝရအသက် ကိုရစေရန်ဘုရားသခင်၏ကျေးဇူးတော်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့်စိုးမိုးသတည်း။ (aiōnios )
that as sin reigned by death, so, also, favor might reign by justification to eternal life, through Jesus Christ our Lord. (aiōnios )