< ရောမ 2 >

1 သို့​ဖြစ်​၍​မိတ်​ဆွေ၊ သင်​သည်​သူ​တစ်​ပါး​အား အ​ပြစ်​စီ​ရင်​ပါ​သ​လော။ သင်​သည်​မည်​သူ​ဖြစ် စေ​ကာ​မူ​သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​နိုင် သော​အ​ခြေ​အ​နေ​တွင်​မ​ရှိ။ သင်​သည်​သူ​တစ် ပါး​ကဲ့​သို့​အ​ပြစ်​ကူး​လွန်​သူ​ဖြစ်​လျက် နှင့် သူ​တစ်​ပါး​အား​အ​ပြစ်​စီ​ရင်​လျှင်​မိ​မိ ကိုယ်​တိုင်​အား​လည်း​အ​ပြစ်​စီ​ရင်​ရာ​ရောက် ၏။-
Therefore you are without excuse, O man, whoever you are who judge. For in that which you judge another, you condemn yourself. For you who judge practise the same things.
2 ထို​သို့​အ​ကျင့်​ဆိုး​များ​ကို​ပြု​ကျင့်​သူ​တို့ အား​ဘု​ရား​သ​ခင်​အ​ပြစ်​စီ​ရင်​တော်​မူ​သည် မှာ လျော်​ကန်​သင့်​မြတ်​ကြောင်း​ကို​ငါ​တို့​သိ ကြ​၏။-
We know that the judgement of God is according to truth against those who practise such things.
3 သို့​သော်​လည်း​မိတ်​ဆွေ၊ သင်​က​သူ​တစ်​ပါး အား​အ​ပြစ်​စီ​ရင်​သည့်​အ​ပြစ်​မျိုး​ကို သင် ကိုယ်​တိုင်​ပင်​ကူး​လွန်​လျက်​နေ​ပါ​သည် တ​ကား။ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ် စီ​ရင်​ခြင်း​နှင့်​ကင်း​လွတ်​လိမ့်​မည်​ဟု​ထင် မှတ်​ပါ​သ​လော။-
Do you think this, O man who judges those who practise such things, and do the same, that you will escape the judgement of God?
4 သို့​တည်း​မ​ဟုတ်​သင်​သည်​ကိုယ်​တော်​၏ က​ရု​ဏာ​ထား​တော်​မူ​ခြင်း၊ စိတ်​ရှည်​တော်​မူ ခြင်း၊ သည်း​ခံ​တော်​မူ​ခြင်း​တို့​ကို​မ​ထီ​မဲ့ မြင်​ပြု​ပါ​သ​လော။ ဘု​ရား​သ​ခင်​သည်​သင့် အား​နောင်​တ​ရ​စေ​ရန်​လမ်း​ပြ​ပို့​ဆောင် လျက်​ရှိ​တော်​မူ​သည်​ဖြစ်​၍ ကိုယ်​တော် က​ရု​ဏာ​ထား​ကြောင်း​ကို​သင်​ဧ​ကန် အ​မှန်​ပင်​သိ​၏။-
Or do you despise the riches of his goodness, forbearance, and patience, not knowing that the goodness of God leads you to repentance?
5 သို့​သော်​လည်း​သင်​သည်​ခေါင်း​မာ​လျက် နောင်​တ​မ​ရ။ ထို့​ကြောင့်​အ​မျက်​တော်​ပေါ် လွင်​ထင်​ရှား​ရာ၊ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင် ရာ​နေ့​ရက်​၌​သင်​သည်​ပို​မို​ကြီး​လေး​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။-
But according to your hardness and unrepentant heart you are treasuring up for yourself wrath in the day of wrath, revelation, and of the righteous judgement of God,
6 ထို​နေ့​ရက်​၌​ကိုယ်​တော်​သည်​လူ​အ​သီး​သီး တို့​အား မိ​မိ​တို့​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ဆပ်​ပေး​တော်​မူ​လတ္တံ့။-
who “will pay back to everyone according to their works:”
7 အ​ကျင့်​ကောင်း​ကို​ဆက်​လက်​ပြု​ကျင့်​လျက် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ဂုဏ်​အ​သ​ရေ ကို​လည်း​ကောင်း၊ သေ​ခြင်း​ကင်း​သော​ဘ​ဝ​ကို လည်း​ကောင်း​ရှာ​သော​သူ​တို့​အား ဘု​ရား​သ​ခင် သည်​ထာ​ဝ​ရ​အ​သက်​ကို​ပေး​တော်​မူ​လိမ့်​မည်။- (aiōnios g166)
to those who by perseverance in well-doing seek for glory, honour, and incorruptibility, eternal life; (aiōnios g166)
8 သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-
but to those who are self-seeking and don’t obey the truth, but obey unrighteousness, will be wrath, indignation,
9 ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး​ခြား​တို့ အ​နက်​ဒု​စ​ရိုက်​ကို​ပြု​သူ​အ​ပေါင်း​တို့ သည် ဆင်း​ရဲ​ဒုက္ခ​နှင့်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ ကို​ခံ​ရ​ကြ​လိမ့်​မည်။-
oppression, and anguish on every soul of man who does evil, to the Jew first, and also to the Greek.
10 ၁၀ သို့​ရာ​တွင်​ဦး​စွာ​ယု​ဒ​လူ၊ ထို့​နောက်​လူ​မျိုး ခြား​တို့​အ​နက်​သု​စ​ရိုက်​ကို​ပြု​သူ​တို့​အား ဘု​ရား​သ​ခင်​သည်​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း​ခံ​စား စေ​တော်​မူ​လိမ့်​မည်။-
But glory, honour, and peace go to every man who does good, to the Jew first, and also to the Greek.
11 ၁၁ ဘု​ရား​သ​ခင်​သည်​မျက်​နှာ​ကြီး​ငယ်​မ​လိုက် ဘဲ​တ​ရား​စီ​ရင်​တော်​မူ​သ​တည်း။
For there is no partiality with God.
12 ၁၂ လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-
For as many as have sinned without the law will also perish without the law. As many as have sinned under the law will be judged by the law.
13 ၁၃ လူ​သည်​ပ​ညတ်​တ​ရား​ကို​ကြား​နာ​ရုံ​ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​သွယ်​သူ မ​ဖြစ်​နိုင်။ ပ​ညတ်​တ​ရား​ပြ​ဋ္ဌာန်း​သည့်​အ​တိုင်း ပြု​ကျင့်​မှ​သာ​လျှင် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန် စွာ​ဆက်​သွယ်​သူ​ဖြစ်​နိုင်​၏။-
For it isn’t the hearers of the law who are righteous before God, but the doers of the law will be justified
14 ၁၄ လူ​မျိုး​ခြား​တို့​သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား ကို​မ​ခံ​ယူ​မ​ရ​ရှိ​ကြ​သော်​လည်း​ပ​ညတ် တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​ကို မိ​မိ​တို့​အ​လို ဆန္ဒ​အ​လျောက်​ပြု​ကျင့်​ကြ​သော​အ​ခါ​ယင်း တို့​သည်​မိ​မိ​တို့​အ​ဖို့​ပ​ညတ်​တ​ရား​ဖြစ် လာ​၏။-
(for when Gentiles who don’t have the law do by nature the things of the law, these, not having the law, are a law to themselves,
15 ၁၅ ပ​ညတ်​တ​ရား​၏​ပြ​ဋ္ဌာန်း​ချက်​များ​သည်​ထို သူ​တို့​၏​နှ​လုံး​သား​တွင်​ရေး​သား​ထား​လျက် ရှိ​ကြောင်း သူ​တို့​၏​အ​ပြု​အ​မူ​များ​က​ထောက် ခံ​၏။ သူ​တို့​၏​သြတ္တပ္ပ​စိတ်​က​လည်း​ထောက်​ခံ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​စိတ်​နှ​လုံး သည် တစ်​ခါ​တစ်​ရံ​သူ​တို့​ကို​ပြစ်​တင်​၍ တစ်​ခါ တစ်​ရံ​လည်း​သူ​တို့​ကို​ထောက်​ခံ​သော​ကြောင့် ဖြစ်​၏။-
in that they show the work of the law written in their hearts, their conscience testifying with them, and their thoughts amongst themselves accusing or else excusing them)
16 ၁၆ သို့​ဖြစ်​၍​ငါ​ဟော​ပြော​ကြေ​ညာ​သည့်​သ​တင်း ကောင်း​အ​ရ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ ဘု​ရား သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား​ဖြင့်​လူ​ခပ်​သိမ်း တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို ထို သို့​စစ်​ဆေး​စီ​ရင်​တော်​မူ​ပေ​အံ့။
in the day when God will judge the secrets of men, according to my Good News, by Jesus Christ.
17 ၁၇ သို့​ရာ​တွင်​အ​ချင်း​မိတ်​ဆွေ၊ သင်​သည်​မိ​မိ​ကိုယ် ကို​ယု​ဒ​အ​မျိုး​သား​ဖြစ်​သည်​ဟု​ဆို​ကာ ပ​ညတ် တ​ရား​ကို​အား​ကိုး​လျက်​ဘု​ရား​သ​ခင်​အ​ကြောင်း ကို​ကြွား​ဝါ​၏။-
Indeed you bear the name of a Jew, rest on the law, glory in God,
18 ၁၈ သင်​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို​သိ​မြင် သူ​ဖြစ်​သည်။ ပ​ညတ်​တ​ရား​၏​သွန်​သင်​မှု​အား ဖြင့်​အ​မှန်​ကို​သိ​မြင်​လာ​သူ​ဖြစ်​၏။-
know his will, and approve the things that are excellent, being instructed out of the law,
19 ၁၉ မိ​မိ​သည်​မျက်​မ​မြင်​တို့​၏​လမ်း​ပြ၊ အ​မှောင် တွင်​ရှိ​သူ​တို့​၏​အ​လင်း၊ လူ​မိုက်​တို့​၏​နည်း​ပြ၊ မ​သိ​နား​မ​လည်​သူ​တို့​၏​ဆ​ရာ​ဖြစ်​သည်​ဟု အ​မှန်​ပင်​သင်​ယုံ​ကြည်​၏။ ပ​ညတ်​တ​ရား​သည် အ​သိ​ပ​ညာ​နှင့်​သမ္မာ​တ​ရား​အ​စုံ​အ​လင် ကိန်း​အောင်း​ရာ​ဖြစ်​သည်​ကို​လည်း​သေ​ချာ စွာ​သိ​၏။-
and are confident that you yourself are a guide of the blind, a light to those who are in darkness,
20 ၂၀
a corrector of the foolish, a teacher of babies, having in the law the form of knowledge and of the truth.
21 ၂၁ သင်​သည်​သူ​တစ်​ပါး​တို့​အား​သွန်​သင်​ဆုံး​မ သူ​ဖြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​မိ​မိ​ကိုယ်​ကို မ​သွန်​သင်​မ​ဆုံး​မ​ပါ​သ​နည်း။ သင်​သည်​သူ တစ်​ပါး​တို့​အား​မ​ခိုး​မ​ဝှက်​ရန် သွန်​သင် ဆုံး​မ​ပါ​လျက်​အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင် က​ခိုး​ဝှက်​ပါ​သ​နည်း။-
You therefore who teach another, don’t you teach yourself? You who preach that a man shouldn’t steal, do you steal?
22 ၂၂ သင်​သည်​အ​ခြား​သူ​တို့​အား​သူ​တစ်​ပါး​၏ အိမ်​ရာ​ကို​မ​ပြစ်​မှား​ရန်​တား​မြစ်​ပါ​လျက် အ​ဘယ်​ကြောင့်​သင်​ကိုယ်​တိုင်​ပြစ်​မှား​ပါ သ​နည်း။ သင်​သည်​ရုပ်​တု​ကို​ရွံ​ရှာ​ပါ​လျက် အ​ဘယ်​ကြောင့် သင်​ကိုယ်​တိုင်​ရုပ်​တု​တည်​ရာ ဗိ​မာန်​ကို​လု​ယက်​ပါ​သ​နည်း။-
You who say a man shouldn’t commit adultery, do you commit adultery? You who abhor idols, do you rob temples?
23 ၂၃ သင်​သည်​ပ​ညတ်​တ​ရား​ကို​အ​မှီ​ပြု​၍​ဂုဏ် ယူ​ဝါ​ကြွား​ပါ​လျက် အ​ဘယ်​ကြောင့်​ထို​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​ခြင်း​အား​ဖြင့် ဘု​ရား သ​ခင်​၏​အ​သ​ရေ​တော်​ကို​ဖျက်​နေ​ပါ​သ​နည်း။-
You who glory in the law, do you dishonour God by disobeying the law?
24 ၂၄ ကျမ်း​စာ​တော်​တွင်``ယု​ဒ​အ​မျိုး​သား​တို့​ကြောင့် လူ​မျိုး​ခြား​တို့​သည်​ဘု​ရား​သ​ခင်​၏​နာ​မ တော်​ကို​ကဲ့​ရဲ့​ကြ​၏'' ဟု​ဖော်​ပြ​ပါ​ရှိ သည်။
For “the name of God is blasphemed amongst the Gentiles because of you,” just as it is written.
25 ၂၅ သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-
For circumcision indeed profits, if you are a doer of the law, but if you are a transgressor of the law, your circumcision has become uncircumcision.
26 ၂၆ အ​ကယ်​၍​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​မ​ခံ​သူ လူ​မျိုး​ခြား​တစ်​ယောက်​သည် ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​ချက်​များ​ကို​ထိန်း​သိမ်း​လိုက်​လျှောက် ပါ​မူ ထို​သူ​အား​ဘု​ရား​သ​ခင်​သည်​အ​ရေ ဖျား​လှီး​မင်္ဂလာ​ခံ​သူ​ကဲ့​သို့​မှတ်​ယူ​တော်​မူ မည်​မ​ဟုတ်​လော။-
If therefore the uncircumcised keep the ordinances of the law, won’t his uncircumcision be accounted as circumcision?
27 ၂၇ သင်​သည်​အက္ခ​ရာ​တင်​ထား​သည့်​ပ​ညတ်​တ​ရား နှင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ခံ​ယူ​ရ​ရှိ​သူ​ဖြစ် ပါ​လျက်​ပညတ်​တော်​ကို​ချိုး​ဖောက်​ပေ​သည်။ ထို့ ကြောင့်​လူ​မျိုး​ခြား​တို့​သည်​သင်​တို့​ယု​ဒ​အ​မျိုး သား​အား​ပြစ်​ဒဏ်​စီ​ရင်​ကြ​လိမ့်​မည်။ သူ​တို့ သည်​ကာ​ယ​နှင့်​ဆိုင်​သော​အ​ရေ​ဖျား​လှီး​မင်္ဂ လာ​ကို​မ​ခံ​ကြ​သော်​လည်း​ပ​ညတ်​တော်​ကို စောင့်​ထိန်း​ကြ​၏။-
Won’t those who are physically uncircumcised, but fulfil the law, judge you, who with the letter and circumcision are a transgressor of the law?
28 ၂၈ နိ​ဂုံး​ချုပ်​ရ​သော်​ယု​ဒ​အ​မျိုး​သား​ဟူ​၍​ထင် မှတ်​ခြင်း​ခံ​ရ​သူ​တိုင်း​သည် ယု​ဒ​အ​မျိုး​သား အ​စစ်​အ​မှန်​မ​ဟုတ်။ လူ​တစ်​ဦး​တစ်​ယောက် သည်​အ​ရေ​ဖျား​လှီး​မင်္ဂလာ​ကို​ခံ​ခြင်း​အား ဖြင့်​ယု​ဒ​အ​မျိုး​သား​ဖြစ်​၍​မ​လာ။-
For he is not a Jew who is one outwardly, neither is that circumcision which is outward in the flesh;
29 ၂၉ ယု​ဒ​အ​မျိုး​သား​အ​စစ်​အမှန်​ကား​စိတ်​နှ​လုံး တွင် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂလာ​ကို​ခံ​သူ​သာ လျှင်​ဖြစ်​ပေ​သည်။ ထို​သူ​ကို​ယု​ဒ​အ​မျိုး​သား ဖြစ်​စေ​သော​အ​ရာ​မှာ​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​တ​ရား​မ​ဟုတ်။ ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ် တော်​က​သာ​လူ​ကို​အ​တွင်း​စိတ်​သ​ဘော​အား ဖြင့် ယု​ဒ​အ​မျိုး​သား​ဖြစ်​စေ​တော်​မူ​၏။ ထို သို့​သော​သူ​သည်​လူ​တို့​ထံ​မှ​မ​ဟုတ်၊ ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​အ​ချီး​အ​မွမ်း​ကို​ခံ​ရ သ​တည်း။
but he is a Jew who is one inwardly, and circumcision is that of the heart, in the spirit, not in the letter; whose praise is not from men, but from God.

< ရောမ 2 >