< ရောမ 2 >
1 ၁ သို့ဖြစ်၍မိတ်ဆွေ၊ သင်သည်သူတစ်ပါးအား အပြစ်စီရင်ပါသလော။ သင်သည်မည်သူဖြစ် စေကာမူသူတစ်ပါးအားအပြစ်စီရင်နိုင် သောအခြေအနေတွင်မရှိ။ သင်သည်သူတစ် ပါးကဲ့သို့အပြစ်ကူးလွန်သူဖြစ်လျက် နှင့် သူတစ်ပါးအားအပြစ်စီရင်လျှင်မိမိ ကိုယ်တိုင်အားလည်းအပြစ်စီရင်ရာရောက် ၏။-
You are therefore inexcusable, O man, whoever you are, that sits in judgment; for in judging another you are condemning yourself. You, the judge, are habitually practising the very same things.
2 ၂ ထိုသို့အကျင့်ဆိုးများကိုပြုကျင့်သူတို့ အားဘုရားသခင်အပြစ်စီရင်တော်မူသည် မှာ လျော်ကန်သင့်မြတ်ကြောင်းကိုငါတို့သိ ကြ၏။-
"We know that God’s judgment against those who practise such vices is in accord with the truth," you say?
3 ၃ သို့သော်လည်းမိတ်ဆွေ၊ သင်ကသူတစ်ပါး အားအပြစ်စီရင်သည့်အပြစ်မျိုးကို သင် ကိုယ်တိုင်ပင်ကူးလွန်လျက်နေပါသည် တကား။ သင်သည်ဘုရားသခင်၏အပြစ် စီရင်ခြင်းနှင့်ကင်းလွတ်လိမ့်မည်ဟုထင် မှတ်ပါသလော။-
Very well; and do you suppose, you who judge those that practise such vices, and are doing the very same, that you will elude the judgment of God?
4 ၄ သို့တည်းမဟုတ်သင်သည်ကိုယ်တော်၏ ကရုဏာထားတော်မူခြင်း၊ စိတ်ရှည်တော်မူ ခြင်း၊ သည်းခံတော်မူခြင်းတို့ကိုမထီမဲ့ မြင်ပြုပါသလော။ ဘုရားသခင်သည်သင့် အားနောင်တရစေရန်လမ်းပြပို့ဆောင် လျက်ရှိတော်မူသည်ဖြစ်၍ ကိုယ်တော် ကရုဏာထားကြောင်းကိုသင်ဧကန် အမှန်ပင်သိ၏။-
Or do you despise the riches of his kindness and forbearance and long patience? Do you not know that the kindness of God is leading you to repentance?
5 ၅ သို့သော်လည်းသင်သည်ခေါင်းမာလျက် နောင်တမရ။ ထို့ကြောင့်အမျက်တော်ပေါ် လွင်ထင်ရှားရာ၊ ဖြောင့်မှန်စွာတရားစီရင် ရာနေ့ရက်၌သင်သည်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကိုခံရလိမ့်မည်။-
In your hardness and impenitence of heart you are treasuring up for yourself wrath on the Day of Wrath, when the righteous judgment of God is revealed.
6 ၆ ထိုနေ့ရက်၌ကိုယ်တော်သည်လူအသီးသီး တို့အား မိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။-
For He will render to every man according to his works;
7 ၇ အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။- (aiōnios )
eternal life to those who by patience in well-doing strive for glory and honor and immortality; (aiōnios )
8 ၈ သို့ရာတွင်တစ်ကိုယ်ကောင်းသဘောရှိ၍ အမှန် တရားကိုပစ်ပယ်ကာအမှားဘက်သို့လိုက် ပါသူများသည် အမျက်တော်သင့်ကြလိမ့် မည်။-
but anger and wrath upon those who are self-willed and disobey the truth, but obey unrighteousness.
9 ၉ ဦးစွာယုဒလူ၊ ထို့နောက်လူမျိုးခြားတို့ အနက်ဒုစရိုက်ကိုပြုသူအပေါင်းတို့ သည် ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာ ကိုခံရကြလိမ့်မည်။-
Anguish and calamity will be upon every soul of man who practises evil, upon the Jew first, and also upon the Gentile;
10 ၁၀ သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။-
but glory and honor and peace to every man who does good, to the Jew first, and also to the Gentile.
11 ၁၁ ဘုရားသခင်သည်မျက်နှာကြီးငယ်မလိုက် ဘဲတရားစီရင်တော်မူသတည်း။
For there is no partiality with God.
12 ၁၂ လူမျိုးခြားတို့၌မောရှေ၏ပညတ်တရား မရှိ။ သူတို့အပြစ်ကူးကြသောအခါဆုံး ပါးပျက်စီးရကြမည်သာဖြစ်၏။ ပညတ် တရားရှိသောယုဒအမျိုးသားတို့အပြစ် ကူးလွန်သည့်အခါ သူတို့သည်ပညတ်တရား ပြဋ္ဌာန်းသည့်အပြစ်ဒဏ်ကိုခံရကြ၏။-
For all who have sinned without law will also perish without law; and all who have sinned under law will be judged by law.
13 ၁၃ လူသည်ပညတ်တရားကိုကြားနာရုံဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက်သွယ်သူ မဖြစ်နိုင်။ ပညတ်တရားပြဋ္ဌာန်းသည့်အတိုင်း ပြုကျင့်မှသာလျှင် ဘုရားသခင်နှင့်မှန်ကန် စွာဆက်သွယ်သူဖြစ်နိုင်၏။-
For it is not the hearers of law who are righteous in the eyes of God; nay, it is the doers of law who will be accounted righteous.
14 ၁၄ လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
For when Gentiles, who have no law, obey by natural instinct the commands of the Law, they even though they have no law, are a law to themselves.
15 ၁၅ ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
For they show that the work of the Law is written in their hearts, while their conscience bears them witness, as their reasonings accuse, or it may be defend, them,
16 ၁၆ သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
in the day when God will judge the secrets of men by Jesus Christ, according to my gospel.
17 ၁၇ သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
Now if you bear the name of a Jew, and rely upon law, and boast yourself in God,
18 ၁၈ သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။-
and know his will, and can test the things that differ; if you are instructed out of the Law,
19 ၁၉ မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
and are confident that you yourself are a darkness,
an instructor of the foolish, a teacher of the young, because you have in the Law the form of knowledge and of the truth - well then, you who are teaching others, do you ever teach yourself?
21 ၂၁ သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-
You who are preaching that a man should not steal, do you practise theft?
22 ၂၂ သင်သည်အခြားသူတို့အားသူတစ်ပါး၏ အိမ်ရာကိုမပြစ်မှားရန်တားမြစ်ပါလျက် အဘယ်ကြောင့်သင်ကိုယ်တိုင်ပြစ်မှားပါ သနည်း။ သင်သည်ရုပ်တုကိုရွံရှာပါလျက် အဘယ်ကြောင့် သင်ကိုယ်တိုင်ရုပ်တုတည်ရာ ဗိမာန်ကိုလုယက်ပါသနည်း။-
You who keep saying that a man should not commit adultery, do you commit adultery? You who hold idols in abhorrence, are you plundering their temples?
23 ၂၃ သင်သည်ပညတ်တရားကိုအမှီပြု၍ဂုဏ် ယူဝါကြွားပါလျက် အဘယ်ကြောင့်ထိုပညတ် တရားကိုချိုးဖောက်ခြင်းအားဖြင့် ဘုရား သခင်၏အသရေတော်ကိုဖျက်နေပါသနည်း။-
You who are making your boast in the Law, do you habitually dishonor God through your transgressions of the Law?
24 ၂၄ ကျမ်းစာတော်တွင်``ယုဒအမျိုးသားတို့ကြောင့် လူမျိုးခြားတို့သည်ဘုရားသခင်၏နာမ တော်ကိုကဲ့ရဲ့ကြ၏'' ဟုဖော်ပြပါရှိ သည်။
For the name of God is continually blasphemed among the Gentiles because of you, even as the Scripture itself says.
25 ၂၅ သင်သည်ပညတ်တရားကိုစောင့်ထိန်းသူဖြစ် ပါမူ သင်၏အရေဖျားလှီးခြင်းမင်္ဂလာသည် အဋ္ဌိပ္ပါယ်ရှိ၏။ သို့ရာတွင်အကယ်၍ပညတ် တရားကိုချိုးဖောက်သူဖြစ်ပါက အရေဖျား လှီးခြင်းမင်္ဂလာမခံခဲ့လျှင်ပို၍ကောင်းလိမ့် မည်။-
Circumcision does indeed profit, if you are obedient to the Law; but if you habitually break the Law, your circumcision is become uncircumcision.
26 ၂၆ အကယ်၍အရေဖျားလှီးခြင်းမင်္ဂလာမခံသူ လူမျိုးခြားတစ်ယောက်သည် ပညတ်တရား ပြဋ္ဌာန်းချက်များကိုထိန်းသိမ်းလိုက်လျှောက် ပါမူ ထိုသူအားဘုရားသခင်သည်အရေ ဖျားလှီးမင်္ဂလာခံသူကဲ့သို့မှတ်ယူတော်မူ မည်မဟုတ်လော။-
So if the uncircumcised keeps the ordinance of the Law, shall not his uncircumcision be reckoned equivalent to circumcision.
27 ၂၇ သင်သည်အက္ခရာတင်ထားသည့်ပညတ်တရား နှင့် အရေဖျားလှီးခြင်းမင်္ဂလာခံယူရရှိသူဖြစ် ပါလျက်ပညတ်တော်ကိုချိုးဖောက်ပေသည်။ ထို့ ကြောင့်လူမျိုးခြားတို့သည်သင်တို့ယုဒအမျိုး သားအားပြစ်ဒဏ်စီရင်ကြလိမ့်မည်။ သူတို့ သည်ကာယနှင့်ဆိုင်သောအရေဖျားလှီးမင်္ဂ လာကိုမခံကြသော်လည်းပညတ်တော်ကို စောင့်ထိန်းကြ၏။-
And shall not those who are physically uncircumcised, but who keep the Law, condemn you who are a breaker of the Law, although you have a written law and circumcision?
28 ၂၈ နိဂုံးချုပ်ရသော်ယုဒအမျိုးသားဟူ၍ထင် မှတ်ခြင်းခံရသူတိုင်းသည် ယုဒအမျိုးသား အစစ်အမှန်မဟုတ်။ လူတစ်ဦးတစ်ယောက် သည်အရေဖျားလှီးမင်္ဂလာကိုခံခြင်းအား ဖြင့်ယုဒအမျိုးသားဖြစ်၍မလာ။-
For the real Jew is not the man who is one outwardly, and the real circumcision is not outward in the flesh;
29 ၂၉ ယုဒအမျိုးသားအစစ်အမှန်ကားစိတ်နှလုံး တွင် အရေဖျားလှီးခြင်းမင်္ဂလာကိုခံသူသာ လျှင်ဖြစ်ပေသည်။ ထိုသူကိုယုဒအမျိုးသား ဖြစ်စေသောအရာမှာအက္ခရာတင်ထားသည့် ပညတ်တရားမဟုတ်။ ဘုရားသခင်၏ဝိညာဉ် တော်ကသာလူကိုအတွင်းစိတ်သဘောအား ဖြင့် ယုဒအမျိုးသားဖြစ်စေတော်မူ၏။ ထို သို့သောသူသည်လူတို့ထံမှမဟုတ်၊ ဘုရား သခင်၏ထံတော်မှအချီးအမွမ်းကိုခံရ သတည်း။
but the real Jew is one inwardly, and real circumcision is heart- circumcision, spiritual, not literal, praised not by men, but by God.