< ရောမ 16 >

1 ကင်​ခြေ​မြို့​အ​သင်း​တော်​တွင်​ကူ​ညီ​မ​စ​သူ၊ ငါ တို့​၏​ညီ​မ​ဖြစ်​သူ​ဖိ​ဗေ​၏​အ​ကြောင်း​ကို​ငါ ထောက်​ခံ​ပြော​ဆို​လို​၏။-
I commend to you Phœbe our sister, who is a deaconess of the church that is in Cenchrea,
2 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​ဝင် အ​ချင်း​ချင်း​အား​လက်​ခံ​သင့်​သည်​အ​တိုင်း​သ​ခင် ဘု​ရား​ကို​ထောက်​၍​သူ့​အား​လက်​ခံ​ကြ​လော့။ အ​ကူ​အ​ညီ​လို​အပ်​သည့်​အ​မှု​ကိစ္စ​၌​သူ့​အား ကူ​ညီ​မ​စ​ကြ​လော့။ သူ​သည်​လူ​အ​မြောက်​အ​မြား ကို​ကူ​ညီ​မ​စ​ခဲ့​သူ​ဖြစ်​ပေ​သည်။ ငါ့​ကို​လည်း ကူ​ညီ​မ​စ​ခဲ့​၏။
that you receive her in the Lord in a manner worthy of saints, and that you aid her in whatever matter she may have need of you; for she has aided many, and myself also.
3 ခ​ရစ်​တော်​ယေ​ရှု​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင် ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ပြစ်​ကိ​လ​နှင့် အာ​ကု​လ​တို့​အား​နှုတ်​ဆက်​ကြ​လော့။-
Salute Priscilla and Aquila, my fellow-laborers in Christ Jesus;
4 သူ​တို့​သည်​ငါ​၏​အ​တွက်​သက်​စွန့်​ကြိုး​ပမ်း ဆောင်​ရွက်​ခဲ့​ကြ​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​အား ငါ​တစ်​ဦး​တည်း​သာ​မ​က​လူ​မျိုး​ခြား​တို့​၏ အ​သင်း​တော်​အ​ပေါင်း​တို့​က​လည်း​ကျေး​ဇူး​တင် ကြ​၏။-
who, for my life, laid down their own necks; to whom not only do I give thanks, but all the churches of the Gentiles:
5 သူ​တို့​အိမ်​၌​စု​ဝေး​ဝတ်​ပြု​သည့်​အ​သင်း​တော်​ကို လည်း​ငါ​နှုတ်​ဆက်​ကြောင်း​ပြော​ကြား​ကြ​လော့။ အာ​ရှ​ပြည်​တွင်​ပ​ထ​မ​ဆုံး​ခ​ရစ်​တော်​ကို​ယုံ​ကြည် လက်​ခံ​လာ​သူ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ဧ​ပဲ​နက် ကို​နှုတ်​ဆက်​ကြ​လော့။-
and salute the church that is in their house. Salute Epenetus my beloved, who is the first fruits of Asia to Christ.
6 သင်​တို့​အ​တွက်​အ​လုပ်​ကို​ကြိုး​စား​လုပ်​ဆောင်​သူ မာ​ရိ​ကို​နှုတ်​ဆက်​ကြ​လော့။-
Salute Mary, who bestowed much labor on us.
7 အန္ဒြော​နိတ်​နှင့်​ယု​နိ​တို့​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​တို့ သည်​ငါ​နှင့်​အ​တူ​အ​ကျဉ်း​ခံ​ခဲ့​သော​ယု​ဒ​အ​မျိုး​သား များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​တ​မန်​တော်​များ​အ​ဖြစ် ဖြင့်​ထင်​ပေါ်​ကျော်​ကြား​သူ​များ၊ ငါ​၏​အ​လျင် ခ​ရစ်​တော်​ကို​သိ​ကြ​သူ​များ​တည်း။
Salute Andronicus and Junia, my kinsmen, and my fellow-prisoners, who are noted among the apostles, who, also, were in Christ before me.
8 သ​ခင်​ဘု​ရား​၌​ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ၊ အမ္ပလိ ကို​နှုတ်​ဆက်​ကြ​လော့။-
Salute Amplias, my beloved in the Lord.
9 ခ​ရစ်​တော်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​ရာ​တွင်​ငါ​၏ လုပ်​ဖော်​ဆောင်​ဘက်​ဖြစ်​သူ​ဥ​ရ​ဗန်​နှင့်​ငါ​၏​ရင်း​နှီး သော​မိတ်​ဆွေ သ​တာ​ခု​ကို​နှုတ်​ဆက်​ကြ​လော့။-
Salute Urbanus, our fellow-workman in Christ, and Stachys my beloved.
10 ၁၀ အ​ပေ​လေ​ကို​နှုတ်​ဆက်​ကြ​လော့။ သူ​သည်​ခ​ရစ် တော်​အား​သစ္စာ​ရှိ​သူ​ဖြစ်​ပေ​သည်။ အာ​ရိတ္တော​ဗု​လု ၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-
Salute Appelles, approved in Christ. Salute those who are of the household of Aristobulus.
11 ၁၁ ယု​ဒ​အ​မျိုး​သား​ချင်း​ဖြစ်​သူ​ဟေ​ရော​ဒျုန်​ကို နှုတ်​ဆက်​ကြ​လော့။ ညီ​အစ်​ကို​များ​ဖြစ်​သော နာ​ကိ​သု​၏​အိမ်​သူ​အိမ်​သား​တို့​ကို​နှုတ်​ဆက် ကြ​လော့။
Salute Herodion, my kinsman. Salute those of the household of Narcissus, who are in the Lord.
12 ၁၂ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သူ တ​ရု​ဖဲ​န​နှင့်​တ​ရု​ဖော​သ​ကို​နှုတ်​ဆက်​လိုက်​၏။ ငါ​၏​ရင်း​နှီး​သော​မိတ်​ဆွေ​ပေ​ရ​သိ​ကို​နှုတ်​ဆက် ကြ​လော့။ သူ​သည်​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို အ​လွန်​ကြိုး​စား​ဆောင်​ရွက်​သူ​ဖြစ်​ပေ​သည်။-
Salute Tryphena and Tryphosa, who labored in the Lord. Salute Persis the beloved, who labored much in the Lord.
13 ၁၃ သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-
Salute Rufus, the chosen in the Lord, and his mother and mine.
14 ၁၄ အ​သုံ​ကြိတ်၊ ဖ​လေ​ကုန်၊ ဟေ​ရ​မ၊ ပတ်​ရော​ဘ၊ ဟေ​ရ​မေ​မှ​စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​ကြ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​ကြ​လော့။-
Salute Asyncritus, Phlegon, Hernias, Patrobas, Hermes, and the brethren with them.
15 ၁၅ ဖိ​လော​လုပ်၊ ယု​လိ၊ နေ​ရု၊ နေ​ရု​၏​နှ​မ​သြ​လုမ္ပ​မှ စ​၍​သူ​တို့​နှင့်​ပေါင်း​ဖော်​သော​ဘု​ရား​သ​ခင်​၏ လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​ကို​နှုတ်​ဆက်​လိုက်​သည်။
Salute Philologus and Julia, Nereus and his sister, and Olympas, and all the saints that are with them.
16 ၁၆ သင်​တို့​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သန့်​ရှင်း​သော​နမ်း​ခြင်း​ဖြင့်​နှုတ်​ဆက်​ကြ​လော့။ ခ​ရစ်​တော်​အ​သင်း​တော်​အ​ပေါင်း​က​သင်​တို့ အား​နှုတ်​ဆက်​လိုက်​၏။
Salute one another with a holy kiss. The churches of the Christ salute you.
17 ၁၇ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​သြ​ဝါ​ဒ များ​ကို​ဆန့်​ကျင်​လျက်​လူ​တို့​အား​စိတ်​ဝမ်း​ကွဲ စေ​ခြင်း၊ လူ​တို့​၏​ယုံ​ကြည်​ခြင်း​ကို​မှောက်​မှား လမ်း​လွဲ​စေ​ခြင်း​ကို​ပြု​သော​သူ​တို့​အား​သ​တိ ပြု​ကြ​လော့။ ထို​သူ​တို့​ကို​ရှောင်​ရှား​ကြ​လော့။-
Now I beseech you, brethren, to mark those who make divisions and cause offenses in opposition to the teaching which you have learned, and avoid them.
18 ၁၈ သူ​တို့​သည်​ငါ​တို့​၏​အ​ရှင်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ထမ်း​ဆောင်​သူ​များ​မ​ဟုတ်။ မိ​မိ​တို့​၏​အ​မှု​ကို သာ​စိတ်​ဝင်​စား​သူ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​နူး​ညံ့ ချို​သာ​သော​စ​ကား​များ၊ မြှောက်​ပင့်​သော​စ​ကား​များ ဖြင့်​ရိုး​သား​သူ​တို့​၏​စိတ်​ကို​လှည့်​စား​တတ်​ကြ​၏။-
For such serve not our Lord Christ, but their own appetites; and, by good words and fair speeches, they deceive the hearts of the simple.
19 ၁၉ သင်​တို့​သည်​သ​တင်း​ကောင်း​ကို​အ​ဘယ်​မျှ​စွဲ​မြဲ​စွာ ယုံ​ကြည်​ကြ​ကြောင်း​ကို​လူ​တိုင်း​ပင်​ကြား​သိ​ရ​၏။ သို့​ဖြစ်​၍​ငါ​သည်​သင်​တို့​အ​တွက်​ဝမ်း​မြောက်​၏။ သင်​တို့​သည်​ကောင်း​မြတ်​သော​အ​မှု​အ​ဘယ်​အ​ရာ ဖြစ်​သည်​ကို​သိ​သော​ပ​ညာ​ရှိ​များ​ဖြစ်​ပြီး​လျှင် ညစ်​ညမ်း​သော​အ​မှု​နှင့်​ပတ်​သက်​၍​အ​ပြစ်​ကင်း သူ​များ​ဖြစ်​ကြ​စေ​လို​၏။-
For your obedience has gone abroad to all men: I rejoice, therefore, on your account. But I desire you to be wise in respect to that which is good, and guileless in respect to that which is evil.
20 ၂၀ ငြိမ်​သက်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင်​သည်​စာ​တန် အား သင်​တို့​၏​ခြေ​အောက်​တွင်​မ​ကြာ​မီ​ချေ​မှုန်း တော်​မူ​လိမ့်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​သင်​တို့ ခံ​စား​ကြ​ရ​ပါ​စေ​သော။
The God of peace will soon bruise Satan under your feet. The grace of our Lord Jesus Christ be with you.
21 ၂၁ ငါ​၏​လုပ်​ဖော်​ဆောင်​ဘက်​တိ​မော​သေ​နှင့်​ယု​ဒ အ​မျိုး​သား​ဖြစ်​ကြ​သူ​လု​ကိ၊ ယာ​သုန်​နှင့်​သော သိ​ပ​တ​ရု​တို့​က​သင်​တို့​အား​နှုတ်​ဆက်​လိုက် ကြ​၏။
Timothy, my fellow-workman, and Lucius and Jason and Sosipater, my kinsmen, salute you.
22 ၂၂ ကျွန်ုပ်​တေ​ရ​တိ​သည်​ဤ​စာ​ကို​နှုတ်​တိုက်​လိုက်​၍ ရေး​သား​ခဲ့​ပါ​၏။ ကျွန်ုပ်​က​လည်း​ခ​ရစ်​တော်​အား ဖြင့်​သင်​တို့​အား​နှုတ်​ဆက်​လိုက်​ပါ​၏။
I, Tertius, who wrote this letter, salute you in the Lord.
23 ၂၃ ငါ့​အား​ဧည့်​ဝတ်​ပြု​သူ၊ အ​သင်း​တော်​ဝင်​အ​ပေါင်း တို့​ဝတ်​ပြု​ရာ​အိမ်​ရှင်​ဂါ​ယု​က​လည်း​သင်​တို့​အား နှုတ်​ဆက်​လိုက်​၏။ မြို့​တော်​ဘဏ္ဍာ​ထိန်း​ဧရတ္တု​က လည်း​ကောင်း၊ ငါ​တို့​၏​ညီ​အစ်​ကို​ကွာ​တု​က လည်း​ကောင်း​သင်​တို့​အား​နှုတ်​ဆက်​လိုက်​၏။-
Gaius, my host, and the host of the whole church, salutes you. Erastus the treasurer of the city, and Quartus, my brother, salute you.
24 ၂၄ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​၏​ကျေး​ဇူး​တော်​ကို သင်​တို့​အား​လုံး​ခံ​စား​ကြ​ရ​ပါ​စေ​သော။ အာ​မင်။
The grace of our Lord Jesus Christ be with you all. Amen.
25 ၂၅ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။- (aiōnios g166)
Now to him who is able to strengthen you according to my gospel, even the preaching of Jesus Christ, according to the revelation of the mystery which was concealed during the times of the ages, (aiōnios g166)
26 ၂၆ သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ထို​လျှို့​ဝှက်​သည့်​သစ္စာ တ​ရား​သည်​ပ​ရော​ဖက်​ကျမ်း​များ​အား​ဖြင့်​ပေါ် လွင်​ထင်​ရှား​လာ​လေ​ပြီ။ လူ​မျိုး​အ​ပေါင်း​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကာ​ကိုယ်​တော်​၏​စ​ကား တော်​ကို​နာ​ခံ​လာ​ကြ​စေ​ရန် နိစ္စ​ထာ​ဝ​ရ​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ​ထို သစ္စာ​တ​ရား​ကို​ကြေ​ညာ​လေ​ပြီ။ (aiōnios g166)
but is now made manifest, and through the scriptures of the prophets, according to the commandment of the eternal God, made known among all nations for the obedience of faith, (aiōnios g166)
27 ၂၇ တစ်​ဆူ​တည်း​သာ​လျှင် ဉာဏ်​တော်​အ​နန္တ​နှင့်​ပြည့်​စုံ တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ယေ​ရှု​ခ​ရစ်​အား ဖြင့် ထာ​ဝ​စဉ်​ဘုန်း​အ​သ​ရေ​ထွန်း​တောက်​တော်​မူ ပါ​စေ​သ​တည်း။ အာ​မင်။ ရော​မ​သြ​ဝါ​ဒ​စာ​ပြီး​၏။ (aiōn g165)
to the only wise God, through Jesus Christ, be glory throughout the ages. Amen. (aiōn g165)

< ရောမ 16 >