< ရောမ 15 >
1 ၁ ယုံကြည်ခြင်းခိုင်မာသူငါတို့သည် ယုံကြည် ခြင်းအားနည်းသူတို့၏ဝန်များကိုကူညီ ထမ်းသင့်၏။ ငါတို့သည်ကိုယ့်အလိုကိုလိုက် ၍မလုပ်ဆောင်ရ။-
Ὀφείλομεν δὲ ἡμεῖς οἱ δυνατοὶ τὰ ἀσθενήματα τῶν ἀδυνάτων βαστάζειν καὶ μὴ ἑαυτοῖς ἀρέσκειν·
2 ၂ ငါတို့ရှိသမျှသည်ယုံကြည်ခြင်းမခိုင်မာသေး သောညီအစ်ကိုများ၏ယုံကြည်ခြင်းခိုင်မာလာ စေရန် သူတို့၏အကျိုးကိုထောက်၍သူတို့၏ အလိုကိုလိုက်သင့်၏။-
ἕκαστος (γάρ *k*) ἡμῶν τῷ πλησίον ἀρεσκέτω εἰς τὸ ἀγαθὸν πρὸς οἰκοδομήν.
3 ၃ ``ကိုယ်တော်အားလူတို့စော်ကားပြောဆိုခြင်း သည်အကယ်ပင်အကျွန်ုပ်အားစော်ကားပြောဆို ခြင်းဖြစ်ပါ၏'' ဟုကျမ်းစာတော်တွင်ဖော်ပြ ထားသည့်အတိုင်းခရစ်တော်သည်မိမိ၏ အလိုတော်ကိုလိုက်တော်မမူ။-
καὶ γὰρ ὁ Χριστὸς οὐχ ἑαυτῷ ἤρεσεν ἀλλὰ καθὼς γέγραπται· οἱ ὀνειδισμοὶ τῶν ὀνειδιζόντων σε (ἐπέπεσαν *N(k)O*) ἐπ᾽ ἐμέ.
4 ၄ ကျမ်းစာတော်တွင်ရေးသားဖော်ပြထားသမျှ သောအရာတို့သည် ငါတို့အားသွန်သင်ဆုံးမရန် အတွက်ဖြစ်၏။ ယင်းသို့ရေးသားဖော်ပြရခြင်း မှာငါတို့သည်ကျမ်းစာတော်မှရရှိသည့် သည်းခံ မှုနှင့်နှစ်သိမ့်မှုတို့အားဖြင့်မိမိတို့၌မျှော်လင့် ခြင်းရရှိနိုင်ကြစေရန်ပင်ဖြစ်၏။-
ὅσα γὰρ προεγράφη (πάντα *O*) εἰς τὴν ἡμετέραν διδασκαλίαν (ἐγράφη, *N(k)O*) ἵνα διὰ τῆς ὑπομονῆς καὶ διὰ τῆς παρακλήσεως τῶν γραφῶν τὴν ἐλπίδα ἔχωμεν.
5 ၅ သင်တို့အပေါင်းသည်ခရစ်တော်ယေရှု၏စံန မူနာကိုလိုက်၍တစ်စိတ်တစ်ဝမ်းတည်းရှိကြ စေရန် သည်းခံမှုနှင့်နှစ်သိမ့်မှု၏အရှင်ဘုရား သခင်သည်သင်တို့အားကူမတော်မူပါစေ သော။-
Ὁ δὲ θεὸς τῆς ὑπομονῆς καὶ τῆς παρακλήσεως δῴη ὑμῖν τὸ αὐτὸ φρονεῖν ἐν ἀλλήλοις κατὰ Χριστὸν Ἰησοῦν
6 ၆ သို့မှသာသင်တို့အပေါင်းသည်တညီတညွတ် တည်းဖြင့်ငါတို့အရှင်ယေရှုခရစ်၏ခမည်း တော်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး နိုင်ကြလိမ့်မည်။
ἵνα ὁμοθυμαδὸν ἐν ἑνὶ στόματι δοξάζητε τὸν θεὸν καὶ πατέρα τοῦ κυρίου ἡμῶν Ἰησοῦ Χριστοῦ.
7 ၇ ထို့ကြောင့်ခရစ်တော်သည် သင်တို့ကိုလက်ခံ သကဲ့သို့ဘုရားသခင်၏ဘုန်းအသရေတော် ထွန်းတောက်စေရန် သင်တို့သည်လည်းအချင်း ချင်းတစ်ယောက်ကိုတစ်ယောက်လက်ခံကြလော့။-
διὸ προσλαμβάνεσθε ἀλλήλους, καθὼς καὶ ὁ Χριστὸς προσελάβετο (ὑμᾶς *N(K)O*) εἰς δόξαν (τοῦ *no*) θεοῦ.
8 ၈ ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊ ``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်'' ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-
λέγω (γὰρ *N(k)O*) Χριστὸν (Ἰησοῦν *K*) διάκονον (γεγενῆσθαι *NK(o)*) περιτομῆς ὑπὲρ ἀληθείας θεοῦ εἰς τὸ βεβαιῶσαι τὰς ἐπαγγελίας τῶν πατέρων,
τὰ δὲ ἔθνη ὑπὲρ ἐλέους δοξάσαι τὸν θεὸν καθὼς γέγραπται· διὰ τοῦτο ἐξομολογήσομαί σοι ἐν ἔθνεσιν καὶ τῷ ὀνόματί σου ψαλῶ.
10 ၁၀ တစ်ဖန်ကျမ်းစာတော်တွင်၊ ``လူမျိုးခြားတို့၊ကိုယ်တော်၏လူစုတော်နှင့် အတူ ရွှင်လန်းဝမ်းမြောက်ကြလော့'' ဟူ၍လည်းကောင်း၊
καὶ πάλιν λέγει· εὐφράνθητε ἔθνη μετὰ τοῦ λαοῦ αὐτοῦ.
11 ၁၁ ``လူမျိုးခြားအပေါင်းတို့၊ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ လူမျိုးအပေါင်းတို့၊ကိုယ်တော်၏ ဂုဏ်တော်ကိုချီးကူးကြလော့'' ဟူ၍လည်းကောင်းဖော်ပြပါရှိ၏။-
καὶ πάλιν· αἰνεῖτε πάντα τὰ ἔθνη τὸν κύριον, καὶ (ἐπαινεσάτωσαν *N(K)O*) αὐτὸν πάντες οἱ λαοί.
12 ၁၂ တစ်ဖန်ဟေရှာယက၊ ``ယေရှဲ၏သားမြေးတစ်ဦးသည်ပေါ်ထွန်း လာလိမ့်မည်။ သူသည်လူမျိုးခြားတို့ကိုအုပ်စိုးတော်မူမည် ဖြစ်၍၊ ထိုသူတို့သည်သူ့ကိုအားကိုးမျှော်လင့်ကြလိမ့်မည်'' ဟုဖော်ပြ၏။-
καὶ πάλιν Ἠσαΐας λέγει· ἔσται ἡ ῥίζα τοῦ Ἰεσσαί, καὶ ὁ ἀνιστάμενος ἄρχειν ἐθνῶν, ἐπ᾽ αὐτῷ ἔθνη ἐλπιοῦσιν.
13 ၁၃ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့် သင်တို့၏မျှော်လင့်ခြင်းပါရမီကြွယ်ဝစေ ခြင်းငှာ မျှော်လင့်ခြင်း၏အရှင်ဘုရားသခင် သည် သင်တို့၏ယုံကြည်မှုကြောင့်သင်တို့အား ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ငြိမ်သက်ခြင်း ကိုပေးသနားတော်မူပါစေသော။
Ὁ δὲ θεὸς τῆς ἐλπίδος πληρώσαι ὑμᾶς πάσης χαρᾶς καὶ εἰρήνης ἐν τῷ πιστεύειν εἰς τὸ περισσεύειν ὑμᾶς ἐν τῇ ἐλπίδι ἐν δυνάμει πνεύματος ἁγίου.
14 ၁၄ ညီအစ်ကိုတို့၊ သင်တို့သည်ကောင်းမြတ်ခြင်း ပါရမီနှင့်လည်းကောင်း၊ အသိပညာအမျိုး မျိုးနှင့်လည်းကောင်းပြည့်စုံလျက်အချင်းချင်း သွန်သင်နိုင်ကြကြောင်းကိုငါစိတ်ချယုံ ကြည်၏။-
πέπεισμαι δέ, ἀδελφοί μου, καὶ αὐτὸς ἐγὼ περὶ ὑμῶν ὅτι καὶ αὐτοὶ μεστοί ἐστε ἀγαθωσύνης πεπληρωμένοι πάσης (τῆς *no*) γνώσεως, δυνάμενοι καὶ (ἀλλήλους *NK(O)*) νουθετεῖν.
15 ၁၅ သို့သော်ဤစာတွင်အချို့အမှုကိစ္စများနှင့် ပတ်သက်၍သင်တို့အားသတိပေးရာ၌ ငါ သည်ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကိုအကြောင်းပြု၍ရဲတင်း ပွင့်လင်းစွာရေးသားထား၏။-
Τολμηρότερον δὲ ἔγραψα ὑμῖν (ἀδελφοί *k*) ἀπὸ μέρους ὡς ἐπαναμιμνῄσκων ὑμᾶς διὰ τὴν χάριν τὴν δοθεῖσάν μοι (ὑπὸ *NK(o)*) τοῦ θεοῦ
16 ၁၆ ထိုအခွင့်ထူးမှာလူမျိုးခြားတို့အတွက်အမှု တော်ဆောင်ရန် ခရစ်တော်ယေရှု၏အစေခံဖြစ် ရသောအခွင့်ထူးပင်ဖြစ်၏။ လူမျိုးခြားတို့ သည်ဘုရားသခင်နှစ်သက်ဖွယ်ရာပူဇော် သကာအဖြစ် ဘုရားသခင်အားသန့်ရှင်းသော ဝိညာဉ်တော်ကဆက်ကပ်သူများဖြစ်လာ ကြစေရန် ငါသည်ယဇ်ပုရောဟိတ်၏လုပ်ငန်း တာဝန်ကိုထမ်းဆောင်လျက် ဘုရားသခင် ထံတော်မှသတင်းကောင်းကိုဟောပြော ကြေညာ၏။-
εἰς τὸ εἶναί με λειτουργὸν Χριστοῦ Ἰησοῦ εἰς τὰ ἔθνη ἱερουργοῦντα τὸ εὐαγγέλιον τοῦ θεοῦ, ἵνα γένηται ἡ προσφορὰ τῶν ἐθνῶν εὐπρόσδεκτος ἡγιασμένη ἐν πνεύματι ἁγίῳ.
17 ၁၇ ထို့ကြောင့်ငါသည်ခရစ်တော်ယေရှုနှင့်တစ် လုံးတစ်ဝတည်းဖြစ်လျက် ဘုရားသခင်၏ အမှုတော်ကိုဆောင်ရွက်ရသည့်အတွက်ဂုဏ် ယူဝါကြွားနိုင်၏။-
Ἔχω οὖν (τὴν *no*) καύχησιν ἐν Χριστῷ Ἰησοῦ τὰ πρὸς τὸν θεόν·
18 ၁၈ လူမျိုးခြားတို့သည်ဘုရားသခင်၏စကား ကိုနာခံလာကြစေရန်ငါ၏အပြောအဆို အပြုအမူများအားဖြင့်လည်းကောင်း၊ ထူး ဆန်းသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် အမှုအရာများအားဖြင့်လည်းကောင်း၊ ဘုရား သခင်၏ဝိညာဉ်တော်အားဖြင့်လည်းကောင်း ခရစ်တော်ပြုတော်မူသောအရာများအကြောင်း ကိုသာလျှင်ငါရဲဝံ့စွာဖော်ပြမည်။ သို့ဖြစ်၍ ငါသည်ယေရုရှလင်မြို့မှဣလုရိပြည်အထိ ရောက်ရှိသည့်အရပ်ရပ်၌ ခရစ်တော်အကြောင်း သတင်းကောင်းကိုအကုန်အစင်ကြေညာ ခဲ့ပြီ။-
οὐ γὰρ τολμήσω τι λαλεῖν ὧν οὐ κατειργάσατο Χριστὸς δι᾽ ἐμοῦ εἰς ὑπακοὴν ἐθνῶν λόγῳ καὶ ἔργῳ,
ἐν δυνάμει σημείων καὶ τεράτων, ἐν δυνάμει πνεύματος (θεοῦ, *NK(O)*) ὥστε με ἀπὸ Ἰερουσαλὴμ καὶ κύκλῳ μέχρι τοῦ Ἰλλυρικοῦ πεπληρωκέναι τὸ εὐαγγέλιον τοῦ Χριστοῦ.
20 ၂၀ သူတစ်ပါးတို့ချခဲ့သည့်တိုက်မြစ်ပေါ်တွင် ငါမတည်မဆောက်လို။ ငါ၏ဆန္ဒမှာခရစ်တော် ၏အကြောင်းကိုမကြားဘူးသေးသောအရပ် တို့တွင်သတင်းကောင်းကိုကြေညာရန်ဖြစ် သည်။-
οὕτως δὲ (φιλοτιμούμενον *NK(o)*) εὐαγγελίζεσθαι οὐχ ὅπου ὠνομάσθη Χριστός, ἵνα μὴ ἐπ᾽ ἀλλότριον θεμέλιον οἰκοδομῶ
21 ၂၁ ကျမ်းစာတော်တွင်၊ ``ထိုသူ၏အကြောင်းကိုအဘယ်သူမျှ မပြောဘူးသော်လည်းသူတို့သည်မြင်ကြလိမ့်မည်။ မကြားဘူးသောသူတို့သည်နားလည်ကြလိမ့်မည်'' ဟုဖော်ပြပါရှိသည်အတိုင်းဖြစ်သည်။
ἀλλὰ καθὼς γέγραπται· οἷς οὐκ ἀνηγγέλη περὶ αὐτοῦ ὄψονται καὶ οἳ οὐκ ἀκηκόασιν συνήσουσιν.
22 ၂၂ ဤအကြောင်းကြောင့်ငါသည်အကြိမ်ကြိမ်အဖန် ဖန်ကြိုးစားသော်လည်း သင်တို့ထံသို့မရောက်နိုင် ခဲ့ပါ။-
διὸ καὶ ἐνεκοπτόμην τὰ πολλὰ τοῦ ἐλθεῖν πρὸς ὑμᾶς,
23 ၂၃ သို့ရာတွင်ယခုအခါ၌ငါသည်ထိုဒေသများ တွင် ဆောင်ရွက်သင့်သည့်အမှုကိစ္စကိုဆောင်ရွက်ပြီး ပါပြီ။ သင်တို့ထံသို့လာရန်လွန်ခဲ့သောနှစ်ပေါင်း များစွာကပင်ဆန္ဒရှိခဲ့သည်အတိုင်း၊-
νυνὶ δὲ μηκέτι τόπον ἔχων ἐν τοῖς κλίμασιν τούτοις ἐπιποθίαν δὲ ἔχων τοῦ ἐλθεῖν πρὸς ὑμᾶς ἀπὸ (πολλῶν *NK(O)*) ἐτῶν,
24 ၂၄ ယခုသင်တို့ထံသို့လာရောက်နိုင်မည်ဟုမျှော်လင့် ပါ၏။ ငါသည်စပိန်ပြည်သို့ခရီးသွားစဉ်သင်တို့ ထံသို့ဝင်ရောက်လည်ပတ်ရန်အကြံရှိပါ၏။ သင် တို့ထံတွင်ခေတ္တမျှတည်းခိုလည်ပတ်ပြီးနောက် စပိန်ပြည်သို့ဆက်လက်ခရီးပြုနိုင်ရန်ငါ့အား ကူညီမစကြစေလိုပါသည်။-
ὡς (ἂν *N(k)O*) πορεύωμαι εἰς τὴν Σπανίαν (ἐλεύσομαι πρὸς ὑμᾶς, *K*) ἐλπίζω γὰρ διαπορευόμενος θεάσασθαι ὑμᾶς καὶ ὑφ᾽ ὑμῶν προπεμφθῆναι ἐκεῖ, ἐὰν ὑμῶν πρῶτον ἀπὸ μέρους ἐμπλησθῶ.
25 ၂၅ ယခုမှာမူမာကေဒေါနိပြည်နှင့်ဂရိပြည်ရှိ အသင်းတော်တို့က ယေရုရှလင်မြို့ရှိဘုရား သခင်၏လူစုတော်ထဲတွင် ဆင်းရဲသောတပည့် တော်တို့အားစေတနာအလျောက်ပေးလှူထောက် ပံ့ရန်ဆုံးဖြတ်သဖြင့် ထိုမြို့ရှိတပည့်တော်တို့ အားထောက်ပံ့ရန်ငါသွားမည်။-
Νυνὶ δὲ πορεύομαι εἰς Ἰερουσαλὴμ διακονῶν τοῖς ἁγίοις.
εὐδόκησαν γὰρ Μακεδονία καὶ Ἀχαΐα κοινωνίαν τινὰ ποιήσασθαι εἰς τοὺς πτωχοὺς τῶν ἁγίων τῶν ἐν Ἰερουσαλήμ·
27 ၂၇ ယင်းသို့သူတို့ဆုံးဖြတ်ကြသည်မှာမိမိတို့စေ တနာအလျောက်သာလျှင်ဖြစ်ပေသည်။ အမှန်အား ဖြင့်ဆိုသော်ထိုဆင်းရဲသောသူတို့အားကူညီ မစရန်သူတို့မှာတာဝန်ရှိ၏။ ယုဒအမျိုးသား တို့သည်မိမိတို့ခံစားရသည့်ဝိညာဉ်ဆုကျေးဇူး များကိုလူမျိုးခြားတို့အားဝေမျှကြသည်ဖြစ်ရာ လူမျိုးခြားတို့ကလည်းယုဒအမျိုးသားတို့အား စားဝတ်နေရေးကိစ္စတွင်အကူအညီပေးသင့် ကြပေသည်။-
εὐδόκησαν γάρ, καὶ ὀφειλέται εἰσὶν αὐτῶν· εἰ γὰρ τοῖς πνευματικοῖς αὐτῶν ἐκοινώνησαν τὰ ἔθνη, ὀφείλουσιν καὶ ἐν τοῖς σαρκικοῖς λειτουργῆσαι αὐτοῖς.
28 ၂၈ သို့ဖြစ်၍ငါသည်ကောက်ခံရရှိသမျှသောအလှူ ငွေကိုထိုသူတို့အားပေးအပ်ရန်ကိစ္စပြီးစီးအောင် ဆောင်ရွက်ပြီးနောက်စပိန်ပြည်သို့ခရီးသွားမည်။ လမ်းကြုံကြိုက်၍သင်တို့ထံသို့ဝင်ရောက်လည်ပတ် မည်။-
τοῦτο οὖν ἐπιτελέσας καὶ σφραγισάμενος αὐτοῖς τὸν καρπὸν τοῦτον ἀπελεύσομαι δι᾽ ὑμῶν εἰς (τὴν *k*) Σπανίαν.
29 ၂၉ သင်တို့ထံလာသောအခါခရစ်တော်၏ကောင်းချီး မင်္ဂလာအပြည့်အစုံနှင့်ငါရောက်လာမည်ကိုငါ သိ၏။
οἶδα δὲ ὅτι ἐρχόμενος πρὸς ὑμᾶς ἐν πληρώματι εὐλογίας (τοῦ εὐαγγελίου *K*) (τοῦ *k*) Χριστοῦ ἐλεύσομαι.
30 ၃၀ ညီအစ်ကိုတို့၊ ငါတို့အရှင်ယေရှုခရစ်နှင့် ဝိညာဉ်တော်ကငါတို့အားပေးသနားတော်မူ သောမေတ္တာကိုအကြောင်းပြု၍ ငါ့အတွက်ငါ နှင့်အတူဘုရားသခင်ထံတော်သို့စိတ်အား ထက်သန်စွာဆုတောင်းပတ္ထနာပြုရန်သင်တို့ အားငါတိုက်တွန်းနှိုးဆော်ပါ၏။-
Παρακαλῶ δὲ ὑμᾶς, ἀδελφοί, διὰ τοῦ κυρίου ἡμῶν Ἰησοῦ Χριστοῦ καὶ διὰ τῆς ἀγάπης τοῦ πνεύματος, συναγωνίσασθαί μοι ἐν ταῖς προσευχαῖς ὑπὲρ ἐμοῦ πρὸς τὸν θεόν,
31 ၃၁ ငါသည်ယုဒပြည်ရှိမယုံကြည်သူတို့၏ဘေး ရန်မှလွတ်မြောက်နိုင်စေရန်နှင့်ငါ၏ကူညီဆောင် ရွက်မှုကို ယေရုရှလင်မြို့ရှိဘုရားသခင်၏ လူစုတော်ကဝမ်းသာစွာလက်ခံနိုင်ကြစေရန် ဆုတောင်းပတ္ထနာပြုကြလော့။-
ἵνα ῥυσθῶ ἀπὸ τῶν ἀπειθούντων ἐν τῇ Ἰουδαίᾳ καὶ (ἵνα *K*) ἡ διακονία μου ἡ εἰς Ἰερουσαλὴμ εὐπρόσδεκτος τοῖς ἁγίοις γένηται,
32 ၃၂ သို့ဖြစ်၍ဘုရားသခင်အလိုတော်ရှိလျှင်ငါ သည်ဝမ်းမြောက်စွာသင်တို့ထံသို့လာ၍ သင်တို့ နှင့်အတူပျော်ရွှင်စွာနားနေခွင့်ကိုရရှိပါလိမ့် မည်။-
ἵνα ἐν χαρᾷ (ἐλθὼν *N(k)O*) πρὸς ὑμᾶς διὰ θελήματος θεοῦ (καὶ *ko*) συναναπαύσωμαι ὑμῖν.
33 ၃၃ ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် သင်တို့အပေါင်းတို့နှင့်အတူရှိတော်မူပါ စေသော။ အာမင်။
ὁ δὲ θεὸς τῆς εἰρήνης μετὰ πάντων ὑμῶν, ἀμήν.