< ရောမ 14 >

1 ဘု​ရား​သ​ခင်​အား​ယုံ​ကြည်​ကိုး​စား​မှု​အား နည်း​သူ​ကို​လက်​ခံ​ကြ​လော့။ သို့​ရာ​တွင်​သူ ၏​ထင်​မြင်​ယူ​ဆ​ချက်​များ​နှင့်​ပတ်​သက်​၍ သူ​နှင့်​အ​ငြင်း​အ​ခုံ​မ​ပြု​ကြ​နှင့်။-
Den Schwachen im Glauben nehmet auf und verwirrt die Gewissen nicht.
2 ယုံ​ကြည်​ခြင်း​ခိုင်​မာ​သူ​သည်​မည်​သည့်​အ​စား အ​စာ​ကို​မ​ဆို​စား​နိုင်​၏။ ယုံ​ကြည်​ခြင်း​မ​ခိုင် မာ​သူ​သည်​ဟင်း​ရွက်​ဟင်း​သီး​များ​ကို​သာ လျှင်​စား​တတ်​၏။-
Einer glaubt er möge allerlei essen; welcher aber schwach ist, der ißt Kraut.
3 မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သော သူ​သည် ထို​သို့​မ​စား​တတ်​သူ​အား​အ​ထင်​မ​သေး နှင့်။ ဟင်း​သီး​ဟင်း​ရွက်​သာ​စား​တတ်​သူ​က​လည်း မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား​တတ်​သူ ကို​ပြစ်​တင်​ဝေ​ဖန်​မှု​မ​ပြု​နှင့်။ အ​ဘယ်​ကြောင့် ဆို​သော်​မည်​သည့်​အ​စား​အ​စာ​ကို​မ​ဆို​စား တတ်​သူ​အား ဘု​ရား​သ​ခင်​လက်​ခံ​တော်​မူ ပြီး​ဖြစ်​သော​ကြောင့်​တည်း။-
Welcher ißt, der verachte den nicht, der da nicht ißt; und welcher nicht ißt, der richte den nicht, der da ißt; denn Gott hat ihn aufgenommen.
4 သင်​သည်​အ​ဘယ်​သူ​ဖြစ်​၍​သူ​တစ်​ပါး​၏ အ​စေ​ခံ​ကို​စစ်​ကြော​စီ​ရင်​နိုင်​သ​နည်း။ ထို အ​စေ​ခံ​၏​အ​လုပ်​သည်​ကျေ​နပ်​ဖွယ်​ဖြစ်​သည် မ​ဖြစ်​သည်​ကို​သူ​၏​သ​ခင်​က​ဆုံး​ဖြတ်​လိမ့် မည်။ သူ​၏​အ​လုပ်​ကျေ​နပ်​ဖွယ်​ဖြစ်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သ​ခင်​ဘု​ရား​သည် သူ့​အား​ကူ​မ​တော်​မူ​နိုင်​သော​ကြောင့်​တည်း။
Wer bist du, daß du einen fremden Knecht richtest? Er steht oder fällt seinem HERRN. Er mag aber wohl aufgerichtet werden; denn Gott kann ihn wohl aufrichten.
5 လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။-
Einer hält einen Tag vor dem andern; der andere aber hält alle Tage gleich. Ein jeglicher sei in seiner Meinung gewiß.
6 နေ့​ထူး​နေ့​မြတ်​ကို​စောင့်​ထိန်း​သူ​သည်​သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စောင့်​ထိန်း​ခြင်း​ဖြစ်​၏။ မည်​သည့်​အ​စား​အ​စာ များ​ကို​မ​ဆို​စား​တတ်​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် စား​ခြင်း​ဖြစ်​သည်။ သူ​သည်​လည်း​ထို​အ​စား အ​စာ​အ​တွက်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​သည်။ အ​ချို့​သော​အ​စား အ​စာ​ကို​ရှောင်​ကြဉ်​သော​သူ​သည်​လည်း သ​ခင် ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​အ​တွက် ရှောင်​ကြဉ်​ခြင်း​ဖြစ်​၏။ သူ​သည်​လည်း​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း သည်။-
Welcher auf die Tage hält, der tut's dem HERRN; und welcher nichts darauf hält, der tut's auch dem HERRN. Welcher ißt, der ißt dem HERRN, denn er dankt Gott; welcher nicht ißt, der ißt dem HERRN nicht und dankt Gott.
7 ငါ​တို့​အ​နက်​အ​ဘယ်​သူ​မျှ​တစ်​ကိုယ်​တည်း အ​တွက်​သာ​အ​သက်​မ​ရှင်။ တစ်​ကိုယ်​တည်း အ​တွက်​သာ​မ​သေ။-
Denn unser keiner lebt sich selber, und keiner stirbt sich selber.
8 ငါ​တို့​အ​သက်​ရှင်​လျှင်​သ​ခင်​ဘု​ရား​၏ အ​တွက်​ဖြစ်​၍​သေ​လျှင်​လည်း သ​ခင်​ဘု​ရား ၏​အ​တွက်​ဖြစ်​၏။ ထို့​ကြောင့်​ငါ​တို့​သည် အ​သက်​ရှင်​သည်​ဖြစ်​စေ၊ သေ​သည်​ဖြစ်​စေ သ​ခင်​ဘု​ရား​ပိုင်​ဆိုင်​ရာ​ဖြစ်​၏။-
Leben wir, so leben wir dem HERRN; sterben wir, so sterben wir dem HERRN. Darum, wir leben oder sterben, so sind wir des HERRN.
9 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​သည်​သေ သူ၊ ရှင်​သူ​တို့​၏​အ​ရှင်​သ​ခင်​ဖြစ်​အံ့​သော​ငှာ အ​သေ​ခံ​၍​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော ကြောင့်​ဖြစ်​၏။-
Denn dazu ist Christus auch gestorben und auferstanden und wieder lebendig geworden, daß er über Tote und Lebendige HERR sei.
10 ၁၀ ထို့​ကြောင့်​သင်​တို့​သည်​အ​ဘယ်​ကြောင့်​မိ​မိ တို့​၏​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​ကို​စစ်​ကြော စီ​ရင်​ကြ​သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​အား အ​ထင်​သေး​ကြ​သ​နည်း။ ငါ​တို့​အား​လုံး​ပင် တ​ရား​စီ​ရင်​ခံ​ရ​ရန်​ဘု​ရား​သ​ခင်​၏​တ​ရား ပလ္လင်​တော်​ရှေ့​သို့​ရောက်​ကြ​ရ​မည်။-
Du aber, was richtest du deinen Bruder? Oder, du anderer, was verachtest du deinen Bruder? Wir werden alle vor den Richtstuhl Christi dargestellt werden;
11 ၁၁ ကျမ်း​စာ​တော်​တွင်၊ ``ဘု​ရား​ရှင်​မိန့်​တော်​မူ​သည်​ကား`ငါ​သည် အ​သက်​ရှင်​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​အ​တိုင်း ငါ​၏​ရှေ့​၌​လူ​တိုင်း​ပျပ်​ဝပ်​ရ​လိမ့်​မည်။ ငါ​သည်​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း ဝန်​ခံ​ရ​လိမ့်​မည်' '' ဟူ​၍​ဆို​သည်။-
denn es steht geschrieben: “So wahr ich lebe, spricht der HERR, mir sollen alle Kniee gebeugt werden, und alle Zungen sollen Gott bekennen.”
12 ၁၂ သို့​ဖြစ်​၍​ငါ​တို့​အား​လုံး​သည်​မိ​မိ​တို့​ပြု​ခဲ့ သ​မျှ​ကို ဘု​ရား​သ​ခင်​အား​အ​စီ​ရင်​ခံ​ကြ ရ​မည်။
So wird nun ein jeglicher für sich selbst Gott Rechenschaft geben.
13 ၁၃ ထို့​ကြောင့်​ငါ​တို့​သည်​အ​ချင်း​ချင်း​အား စစ်​ကြော​စီ​ရင်​မှု​မ​ပြု​ဘဲ​နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း​တို့​အား​တိုက်​လဲ​မှောက်​မှား​စေ မည့်​အ​ပြု​အ​မူ​များ​ကို​ရှောင်​ကြဉ်​ကြ​ကုန် အံ့။-
Darum lasset uns nicht mehr einer den andern richten; sondern das richtet vielmehr, daß niemand seinem Bruder einen Anstoß oder Ärgernis darstelle.
14 ၁၄ အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။-
Ich weiß und bin gewiß in dem HERRN Jesus, daß nichts gemein ist an sich selbst; nur dem, der es rechnet für gemein, dem ist's gemein.
15 ၁၅ အ​ကယ်​၍​သင်​သည်​မိ​မိ​စား​သော​အ​စား အ​စာ​အား​ဖြင့်​ညီ​အစ်​ကို​တစ်​စုံ​တစ်​ယောက် အား​စိတ်​အ​နှောင့်​အ​ယှက်​ဖြစ်​စေ​ပါ​မူ ထို သူ​၏​အ​ပေါ်​တွင်​မေတ္တာ​တ​ရား​ကင်း​မဲ့​စွာ ပြု​ကျင့်​ရာ​ရောက်​၏။ ထို​သူ​၏​အ​တွက်​ခ​ရစ် တော်​သည်​အ​သေ​ခံ​တော်​မူ​ခဲ့​သည်​ဖြစ်​ရာ တစ်​စုံ​တစ်​ခု​သော​အ​စား​အ​စာ​ကို​သင် စား​ခြင်း​ကြောင့်​ထို​သူ​အား​အ​ကျိုး​မ​နည်း စေ​နှင့်။-
So aber dein Bruder um deiner Speise willen betrübt wird, so wandelst du schon nicht nach der Liebe. Verderbe den nicht mit deiner Speise, um welches willen Christus gestorben ist.
16 ၁၆ သင်​တို့​ကောင်း​သည်​ဟု​ထင်​မြင်​ယူ​ဆ​မှု​သည် ကဲ့​ရဲ့​စ​ရာ​မ​ဖြစ်​စေ​နှင့်။-
Darum schaffet, daß euer Schatz nicht verlästert werde.
17 ၁၇ ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-
Denn das Reich Gottes ist nicht Essen und Trinken, sondern Gerechtigkeit und Friede und Freude in dem heiligen Geiste.
18 ၁၈ ဤ​နည်း​အား​ဖြင့်​ခ​ရစ်​တော်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​သူ​အား​ဘု​ရား​သ​ခင်​နှစ်​သက် တော်​မူ​၏။ လူ​တို့​လည်း​ချီး​မွမ်း​ကြ​၏။
Wer darin Christo dient, der ist Gott gefällig und den Menschen wert.
19 ၁၉ သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။-
Darum laßt uns dem nachstreben, was zum Frieden dient und was zur Besserung untereinander dient.
20 ၂၀ အ​စား​အ​စာ​တစ်​စုံ​တစ်​ရာ​စား​သောက်​မှု အ​တွက်​ကြောင့်​ယုံ​ကြည်​ခြင်း​မ​ခိုင်​မာ​သေး သူ​ကို​အ​ကျိုး​မ​နည်း​စေ​နှင့်။ အ​စား​အ​စာ မှန်​သ​မျှ​သည်​စား​သင့်​သော​အ​ရာ​ဖြစ်​သော် လည်း​ထို​အ​စား​အ​စာ​များ​ကို​စား​သုံး ခြင်း​ဖြင့်​သူ​တစ်​ပါး​တို့​အား​မှောက်​မှား စေ​သူ​၌​အ​ဆိုး​ဖြစ်​၏။-
Verstöre nicht um der Speise willen Gottes Werk. Es ist zwar alles rein; aber es ist nicht gut dem, der es ißt mit einem Anstoß seines Gewissens.
21 ၂၁ အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။-
Es ist besser, du essest kein Fleisch und trinkest keinen Wein und tust nichts, daran sich dein Bruder stößt oder ärgert oder schwach wird.
22 ၂၂ ဤ​ကိစ္စ​များ​နှင့်​ပတ်​သက်​၍​သင်​မည်​သို့​ပြု​မူ သည်​မှာ​သင်​နှင့်​ဘု​ရား​သ​ခင်​သာ​သက်​ဆိုင် ၏။ မိ​မိ​မှန်​ကန်​သည်​ဟု​ယုံ​ကြည်​သည့်​အ​တိုင်း ဆောင်​ရွက်​၍​သြတ္တပ္ပ​စိတ်​ကြည်​လင်​သူ​သည် မင်္ဂလာ​ရှိ​၏။-
Hast du den Glauben, so habe ihn bei dir selbst vor Gott. Selig ist, der sich selbst kein Gewissen macht in dem, was er annimmt.
23 ၂၃ သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။
Wer aber darüber zweifelt, und ißt doch, der ist verdammt; denn es geht nicht aus dem Glauben. Was aber nicht aus dem Glauben geht, das ist Sünde.

< ရောမ 14 >