< ရောမ 14 >
1 ၁ ဘုရားသခင်အားယုံကြည်ကိုးစားမှုအား နည်းသူကိုလက်ခံကြလော့။ သို့ရာတွင်သူ ၏ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ သူနှင့်အငြင်းအခုံမပြုကြနှင့်။-
Acunüng, a jumeinak ktha ngcekie jah dokham lü ami cungaihnak käh jah ngcuhpüi ua.
2 ၂ ယုံကြည်ခြင်းခိုင်မာသူသည်မည်သည့်အစား အစာကိုမဆိုစားနိုင်၏။ ယုံကြည်ခြင်းမခိုင် မာသူသည်ဟင်းရွက်ဟင်းသီးများကိုသာ လျှင်စားတတ်၏။-
Khyang avanga jumeinak naw avan eia nglawiki tia ngai lüpi a jumeinak ngceki naw ta an däk eiki.
3 ၃ မည်သည့်အစားအစာကိုမဆိုစားတတ်သော သူသည် ထိုသို့မစားတတ်သူအားအထင်မသေး နှင့်။ ဟင်းသီးဟင်းရွက်သာစားတတ်သူကလည်း မည်သည့်အစားအစာကိုမဆိုစားတတ်သူ ကိုပြစ်တင်ဝေဖန်မှုမပြုနှင့်။ အဘယ်ကြောင့် ဆိုသော်မည်သည့်အစားအစာကိုမဆိုစား တတ်သူအား ဘုရားသခင်လက်ခံတော်မူ ပြီးဖြစ်သောကြောင့်တည်း။-
Avan eiki naw avan am eiki käh hmumsit kawm; avan am eiki naw pi avan eiki käh pyenei kawm; Pamhnam naw ani nghngih jah dokhamki ni.
4 ၄ သင်သည်အဘယ်သူဖြစ်၍သူတစ်ပါး၏ အစေခံကိုစစ်ကြောစီရင်နိုင်သနည်း။ ထို အစေခံ၏အလုပ်သည်ကျေနပ်ဖွယ်ဖြစ်သည် မဖြစ်သည်ကိုသူ၏သခင်ကဆုံးဖြတ်လိမ့် မည်။ သူ၏အလုပ်ကျေနပ်ဖွယ်ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သခင်ဘုရားသည် သူ့အားကူမတော်မူနိုင်သောကြောင့်တည်း။
Khyang kcea mpyae ngthumkhyah khai cun nang u ni? A ngnäng vai ja am a ngnäng vai cun a Mahpa naw mkhyah khai ni. Ani nghngih ngnäng khai xawi, isetiakyaküng Bawipa naw jah ngnängsak khawhki.
5 ၅ လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။-
Khyang avang naw khaw mhnüp at cun akce mhnüpea kthaka dawkia ngai lü, khyang kce naw khaw mhnüp avan tängkia ngaiki. Mi mlung mi nängei kawm u.
6 ၆ နေ့ထူးနေ့မြတ်ကိုစောင့်ထိန်းသူသည်သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စောင့်ထိန်းခြင်းဖြစ်၏။ မည်သည့်အစားအစာ များကိုမဆိုစားတတ်သူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် စားခြင်းဖြစ်သည်။ သူသည်လည်းထိုအစား အစာအတွက်ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်းသည်။ အချို့သောအစား အစာကိုရှောင်ကြဉ်သောသူသည်လည်း သခင် ဘုရား၏ဂုဏ်တော်ကိုချီးမွမ်းရန်အတွက် ရှောင်ကြဉ်ခြင်းဖြစ်၏။ သူသည်လည်းဘုရား သခင်၏ကျေးဇူးတော်ကိုချီးမွမ်း သည်။-
Khaw mhnüp ak’hlüng säiha ngaiki naw pi Bawipa leisawng kawm. Anaküt eiki naw pi Bawipa leisawng lü Pamhnam üng eiawka phäh jenak mtheh kawm. Anaküt am eiawki naw pi Bawipa leisawng lü Pamhnam üng jenak mtheh kawm.
7 ၇ ငါတို့အနက်အဘယ်သူမျှတစ်ကိုယ်တည်း အတွက်သာအသက်မရှင်။ တစ်ကိုယ်တည်း အတွက်သာမသေ။-
A u pi, mimäta phäha mi xüngkia am kya, mimäta phäha mi thihkia pi am kya.
8 ၈ ငါတို့အသက်ရှင်လျှင်သခင်ဘုရား၏ အတွက်ဖြစ်၍သေလျှင်လည်း သခင်ဘုရား ၏အတွက်ဖြစ်၏။ ထို့ကြောင့်ငါတို့သည် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သခင်ဘုရားပိုင်ဆိုင်ရာဖြစ်၏။-
Mi xün üng Bawipa phäha mi xüng u lü, mi thih üng pi Bawipa phäha mi thiki; acunakyase, mi xüng üng pi, mi thih üng pi kyase Bawipa kaa mi kyaki.
9 ၉ အဘယ်ကြောင့်ဆိုသော်ခရစ်တော်သည်သေ သူ၊ ရှင်သူတို့၏အရှင်သခင်ဖြစ်အံ့သောငှာ အသေခံ၍ရှင်ပြန်ထမြောက်တော်မူသော ကြောင့်ဖြစ်၏။-
Khritaw thi lü a thawhnak be cun akxüng he ja akthihe phäha Bawipa a thawn vaia phäh kyaki.
10 ၁၀ ထို့ကြောင့်သင်တို့သည်အဘယ်ကြောင့်မိမိ တို့၏ခရစ်ယာန်ညီအစ်ကိုများကိုစစ်ကြော စီရင်ကြသနည်း။ အဘယ်ကြောင့်သူတို့အား အထင်သေးကြသနည်း။ ငါတို့အားလုံးပင် တရားစီရင်ခံရရန်ဘုရားသခင်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ကြရမည်။-
Cunakyase, an eikia na kyak üng i vai akce ngthu na mkhyah petki ni? Nang naw avan na ei üngpi ivai jumeiki akce na hmumsitki ni? Avan cun ngthumkhyahnak khamei vaia Pamhnama ma mi ngdüi law khai.
11 ၁၁ ကျမ်းစာတော်တွင်၊ ``ဘုရားရှင်မိန့်တော်မူသည်ကား`ငါသည် အသက်ရှင်သောဘုရားဖြစ်တော်မူသည်အတိုင်း ငါ၏ရှေ့၌လူတိုင်းပျပ်ဝပ်ရလိမ့်မည်။ ငါသည်ဘုရားဖြစ်တော်မူကြောင်းလူတိုင်း ဝန်ခံရလိမ့်မည်' '' ဟူ၍ဆိုသည်။-
Cangcim üng, “Kei xüngkia Pamhnam ni ti lü Bawipa naw pyenki, khyang naküt ka ma mkhuk msüm u lü khyang naküt naw kei cun Pamhnam ni ti khaie” tia pyenki.
12 ၁၂ သို့ဖြစ်၍ငါတို့အားလုံးသည်မိမိတို့ပြုခဲ့ သမျှကို ဘုရားသခင်အားအစီရင်ခံကြ ရမည်။
Acunakyase, mi van naw mi bi naküta phäh Pamhnama veia mi phyeh law khaie.
13 ၁၃ ထို့ကြောင့်ငါတို့သည်အချင်းချင်းအား စစ်ကြောစီရင်မှုမပြုဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းတို့အားတိုက်လဲမှောက်မှားစေ မည့်အပြုအမူများကိုရှောင်ကြဉ်ကြကုန် အံ့။-
Khyang üng ngthu mi mkhya pet cän mi hawih kawm u. Acuna kthaka anaküt ami pawh üng akce käh nami kyukngtängsak vaia mcei ua.
14 ၁၄ အဘယ်အစားအစာမျှပကတိအားဖြင့် မညစ်ညမ်းကြောင်းကိုငါသည်သခင်ယေရှု ကိုအမှီပြုလျက်အသေအချာသိ၏။ သို့ သော်လည်းအစားအစာသည်ညစ်ညမ်းသည် ဟုယုံကြည်လျှင်ယုံကြည်သူအဖို့သာညစ် ညမ်း၏။-
Bawipa Jesuh üng ka vekia kyase ei vai naküt hin ngcim ve. Lüpi eiawk avang hin am ngcim ve tia na jum üngta na phäh am ngcim ve.
15 ၁၅ အကယ်၍သင်သည်မိမိစားသောအစား အစာအားဖြင့်ညီအစ်ကိုတစ်စုံတစ်ယောက် အားစိတ်အနှောင့်အယှက်ဖြစ်စေပါမူ ထို သူ၏အပေါ်တွင်မေတ္တာတရားကင်းမဲ့စွာ ပြုကျင့်ရာရောက်၏။ ထိုသူ၏အတွက်ခရစ် တော်သည်အသေခံတော်မူခဲ့သည်ဖြစ်ရာ တစ်စုံတစ်ခုသောအစားအစာကိုသင် စားခြင်းကြောင့်ထိုသူအားအကျိုးမနည်း စေနှင့်။-
I mä na eia phäh akcea am adawnak ani üngta na vecawh hin mhläkphyanak üngkhyüh am ni. Khritaw a phäha thiki khyang cun na eiawk üng käh kyukngtängsaka.
16 ၁၆ သင်တို့ကောင်းသည်ဟုထင်မြင်ယူဆမှုသည် ကဲ့ရဲ့စရာမဖြစ်စေနှင့်။-
Akdawa na ngaih cun naw ngming kse na yahnak vaia käh kyase.
17 ၁၇ ငါတို့ကိုဘုရားသခင်အုပ်စိုးတော်မူခြင်း ဆိုသည်မှာအစားအသောက်နှင့်မစပ်ဆိုင်။ သန့်ရှင်းသောဝိညာဉ်တော်မှရရှိသောငြိမ် သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့်သာစပ် ဆိုင်၏။-
Pamhnama Pe cun eiawknak üng am kya. Lüpi Ngmüimkhya Ngcima a jah peta ngsungpyunnak, dim’yenak ja jekyainak üng ni akya ve.
18 ၁၈ ဤနည်းအားဖြင့်ခရစ်တော်၏အမှုတော် ကိုဆောင်ရွက်သူအားဘုရားသခင်နှစ်သက် တော်မူ၏။ လူတို့လည်းချီးမွမ်းကြ၏။
Ahina tuilam üng Khritawa phäh na bi üng Pamhnam jesaki lü khyang kcee naw pi ni mküiei khaie ni.
19 ၁၉ သို့ဖြစ်၍ငြိမ်းချမ်းစွာနေထိုင်မှုကိုပြုစု ပေးမည့်အရာများနှင့်တစ်ယောက်ကိုတစ် ယောက် ဝိညာဉ်ခွန်အားပြည့်စေမည့်အရာ များကိုအမြဲကြိုးစားပြုလုပ်ကြရမည်။-
Acunakyase, dim’yenak ja mat ja mat ngjuktha jah pe khaiea ngkaw cän angläta jah bilo ua.
20 ၂၀ အစားအစာတစ်စုံတစ်ရာစားသောက်မှု အတွက်ကြောင့်ယုံကြည်ခြင်းမခိုင်မာသေး သူကိုအကျိုးမနည်းစေနှင့်။ အစားအစာ မှန်သမျှသည်စားသင့်သောအရာဖြစ်သော် လည်းထိုအစားအစာများကိုစားသုံး ခြင်းဖြင့်သူတစ်ပါးတို့အားမှောက်မှား စေသူ၌အဆိုးဖြစ်၏။-
Eiawk üng Pamhnama khüibi käh na kpyeh vai. Eiawk naküt ei lü ngcimki cunsepi khyang mkhyenak üng a kyukngtäng vaia na eiawk cun am daw ve.
21 ၂၁ အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစ သောသင့်ညီအစ်ကိုအားတိုက်လဲစေရန် မည်သည်ကိုမျှမပြုသင့်။-
Jumeiki khyang kce kyukngtängsak khaia meh einak ja ju awknak cun hjawng hin dawki ni.
22 ၂၂ ဤကိစ္စများနှင့်ပတ်သက်၍သင်မည်သို့ပြုမူ သည်မှာသင်နှင့်ဘုရားသခင်သာသက်ဆိုင် ၏။ မိမိမှန်ကန်သည်ဟုယုံကြည်သည့်အတိုင်း ဆောင်ရွက်၍သြတ္တပ္ပစိတ်ကြည်လင်သူသည် မင်္ဂလာရှိ၏။-
Hina mawng üng na jumnak cun Pamhnam ja namäta nglaka ve kawm. Ami bilawh üng mkhyekatnaka am kya tia ngaikie cun ami ngaihnak cangkie cun je u se.
23 ၂၃ သို့ရာတွင်သံသယရှိသောစိတ်နှင့်အစား အစာတစ်စုံတစ်ရာကိုစားသုံးသောသူအား ဘုရားသခင်ပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်မှုပေါ်၌ တည်၍မပြုသောကြောင့်ဖြစ်၏။ ယုံကြည်မှု ပေါ်၌မတည်ဘဲပြုလေသမျှသည်အပြစ် ဖြစ်၏။
Cunsepi mlung uplatnak ta lü ami eia khana Pamhnam naw jah mkatei, isetiakyaküng, jumnak üng am ami bilawha phäha kyaki. Jumnak üng am tünei cun mkhyekatnaka kyaki.