< ရောမ 11 >

1 သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​လူ​စု​တော် အား ပစ်​ပယ်​တော်​မူ​ပြီ​လော​ဟု​မေး​သော်​ဧ​ကန် မု​ချ​ပစ်​ပယ်​တော်​မ​မူ။ ငါ​ကိုယ်​တိုင်​ပင်​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား၊ အာ​ဗြ​ဟံ​မှ​ဆင်း သက်​သူ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဖြစ်​၏။-
Tua a hile, Pathian in a mite vawk siat zo a hi ziam? Vawk ngawl het hi. Banghangziam cile keima zong Israel mi ka hihi, Abraham suan, Benjamin minam ka hihi.
2 ဘု​ရား​သ​ခင်​သည်​အ​စ​မူ​လ​က​တည်း​က မိ​မိ​ရွေး​ကောက်​ထား​တော်​မူ​သော​လူ​စု​တော် ကို​ပစ်​ပယ်​တော်​မ​မူ။ ကျမ်း​စာ​တော်​တွင်​ဧ​လိ​ယ သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ဆန့်​ကျင်​၍ ဘု​ရား​သ​ခင်​ထံ​လျှောက်​ထား​သည့်​စာ​ပိုဒ်​ကို သင်​တို့​သိ​ကြ​၏။-
Pathian in a heakkholsa mite vawk peuma ngawl hi. Laithiangtho sung ah Elijah i son sa he ngawl nu ziam? Israel te langpan in Pathian tung ah bangbang in thungen ziam cile,
3 ထို​လျှောက်​ထား​ချက်​တွင်​ဧ​လိ​ယ​က``ထာ​ဝ​ရ ဘု​ရား​ရှင်၊ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​ပ​ရော ဖက်​များ​ကို​သတ်​ဖြတ်​ခဲ့​ကြ​ပါ​ပြီ။ ကိုယ်​တော် ၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ် တစ်​ဦး​တည်း​သာ​ကျန်​ပါ​၏။ အ​ကျွန်ုပ်​ကို​လည်း သူ​တို့​သတ်​ရန်​ကြိုး​စား​လျက်​နေ​ကြ​ပါ​၏'' ဟု​ဆို​၏။-
Topa awng, amate in na kamsang te thatlum siat zo hi, taciang nangma biaktau te zong susia siat zo hi; taciang keima bek ka tang a, that tu in hong zong uh hi, ci hi.
4 သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-
Ahihang Pathian in bangbang in zo kik ziam? Baal mai ah khupdin in a kun ngawl mihing tul sali keima atu in koilai khi hi, ci hi.
5 ယ​ခု​ကာ​လ​၌​လည်း​ဤ​နည်း​အ​တိုင်း​ပင်။ ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကြောင့်​ရွေး​ကောက်​ခြင်း​ခံ ရ​သူ​လူ​အ​နည်း​ငယ်​ကျန်​ရှိ​၏။-
Tasia bangma in hi hun ah zong hesuakna hang in tealsa a tanglai te om hi.
6 ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ကျေး​ဇူး​တော် ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော်​မူ​၏။ သူ​တို့ ၏​အ​ကျင့်​ကို​အ​ခြေ​ခံ​၍​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ အ​ကယ်​၍​ဘု​ရား​သ​ခင်​၏ ရွေး​ကောက်​တော်​မူ​ခြင်း​သည် လူ့​အ​ကျင့်​ကို အ​ခြေ​ခံ​လျှင်​ကိုယ်​တော်​၏​ကျေး​ဇူး​တော် သည်​အ​စစ်​အ​မှန်​မ​ဟုတ်။
Taciang thuthiamna tungtawn in a hile, hi sepna te hang hi ngawl zaw hi: tabang a hibale thuthiamna sia thuthiamna hi ngawl hi. Ahihang hi te sia sepna hang hi ngawl hi: tabang hibale sepna sia sepna hi ngawl suak leleau hi.
7 ထို့​ကြောင့်​အ​ဘယ်​သို့​ပြော​ရ​မည်​နည်း။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ရှာ​သော​အ​ရာ​ကို မ​တွေ့​ကြ​ကြောင်း​ထင်​ရှား​နေ​သည်။ ထို​အ​ရာ​ကို တွေ့​ရှိ​ကြ​သူ​များ​မှာ​ဘု​ရား​သ​ခင်​ရွေး​ကောက် တော်​မူ​သော​လူ​နည်း​စု​ပင်​ဖြစ်​ပေ​သည်။ ကျန် သော​သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​ဖိတ် ခေါ်​တော်​မူ​သံ​ကို​မ​ကြား​ကြ။-
Tua a hile bang ih ci tu ziam? Israel mite in a zon uh sia nga ngawl lai hi; ahihang a tealsa te in nga zo uh hi, taciang a dangte sia tuni dong in a mit uh taw lai hi.
8 ကျမ်း​စာ​တော်​က``ဘု​ရား​သ​ခင်​သည်​သူ​တို့ ၏​စိတ်​နှ​လုံး​ကို​ထိုင်း​မှိုင်း​စေ​တော်​မူ​၏။ ယ​နေ့ တိုင်​အောင်​ပင်​သူ​တို့​သည်​မ​မြင်​မ​ကြား​နိုင် ကြ'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
A ki atkhol sa bangma in, Pathian in amate i mitte khua mu ngawl tu in le a bil te uh khua za ngawl tu in, mutsua na thaa amate pia hi.
9 ထို့​အ​ပြင်​ဒါ​ဝိဒ်​မင်း​က၊ ``သူ​တို့​၏​စား​သောက်​ပွဲ​များ​သည်​သူ​တို့​အ​တွက် ကျော့​ကွင်း​ကဲ့​သို့​လည်း​ကောင်း၊ ထောင်​ချောက်​ကဲ့​သို့​လည်း​ကောင်း​ဖမ်း​မိ​လျက် ဒဏ်​ခတ်​ခံ​ရ​ပါ​စေ​သော။
Taciang David in, amate sabuai sia, ngen le thang, liik thei na le amate na pha ngawl vawt man suak tahen:
10 ၁၀ သူ​တို့​သည်​ကြည့်​၍​မ​မြင်​နိုင်​စေ​ရန် မျက်​စိ​မှုန်​ပါ​စေ​သော။ သူ​တို့​၏​ခါး​သည်​လည်း​ထမ်း​ရ​သော​ဝန်​ထုပ် ကြောင့် အ​စဉ်​ကုန်း​ပါ​စေ​သော'' ဟု​မြွက်​ဆို​တော်​မူ​၏။
Amate i mitte sia bangma mu ngawl tu in mial tahen, taciang a tawntung in amate i cingzang uh sia kuul tawntung tahen, ci hi.
11 ၁၁ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား​တို့​သည်​ခ​လုတ် တိုက်​၍​လဲ​ပြီ​လော​ဟု​မေး​သော် အ​ဘယ်​နည်း နှင့်​မျှ​လဲ​၍​မ​နေ​ရ​ပါ။ သူ​တို့​အ​ပြစ်​ကူး ခြင်း​ကြောင့်​လူ​မျိုး​ခြား​တို့​သည်​ကယ်​တင်​ခြင်း ကို​ရ​ရှိ​လာ​ကြ​သ​ဖြင့် ယု​ဒ​အ​မျိုး​သား တို့​သည်​လူ​မျိုး​ခြား​တို့​အား​မ​နာ​လို​စိတ် ရှိ​လာ​ကြ​သည်။-
Tabang hile, ama a liikna sia pukcip vet tu ziam? Pukcip ngawl het tu hi: ahihang amate i pukna tungtawn in Gentile te tung ah ngupna theng hi, banghangziam cile amate i elna tungtawn in a thin uh uksak uh hi.
12 ၁၂ ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ်​ကူး​မှု​သည်​ကမ္ဘာ အား ကြွယ်​ဝ​စွာ​ကောင်း​ချီး​ခံ​စား​စေ​သည်။ သူ တို့​၏​ဆုံး​ရှုံး​မှု​သည်​လူ​မျိုး​ခြား​တို့​အား​ကောင်း ချီး​များ​စွာ​ခံ​စား​စေ​ပါ​လျှင် ယု​ဒ​အ​မျိုး​သား တစ်​ရပ်​လုံး​က​ခ​ရစ်​တော်​ကို​ယုံ​ကြည်​လက်​ခံ လာ​ကြ​သော​အ​ခါ​ပို​၍​ပင်​ကောင်း​ချီး​ခံ​စား ရ​ကြ​လိမ့်​မည်။
Tu in amate i pu na sia leitung bup atu in hau na hi a, amate i kiamsukna sia Gentile te atu hauna ahile; a cialcinna sia bangza in a tamzaw hauna suak tu ziam?
13 ၁၃ လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​ယ​ခု​ငါ​ပြော လို​၏။ ငါ​သည်​လူ​မျိုး​ခြား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည့်​ကာ​လ​ပတ်​လုံး​မိ​မိ ၏​အ​လုပ်​တွင်​ဂုဏ်​ယူ​ဝါ​ကြွား​မည်။-
Banghangziam cile Gentile mite awng kong son hi, keima sia Gentile mite atu in sawltak ka hi bangma in:
14 ၁၄ ငါ​သည်​မိ​မိ​၏​အ​မျိုး​သား​များ​အား​မ​နာ လို​စိတ်​ကို​ရှိ​စေ​ခြင်း​အား​ဖြင့် ၎င်း​တို့​အ​ထဲ မှ​အ​ချို့​တို့​သည်​ကယ်​တင်​ခြင်း​ကို​ရ​ကောင်း ရ​လိမ့်​မည်။-
Bangbangpo ahizong cilesa deina in ka mi pui te ka hanthot thei natu le pawlkhat te ka ngup thei natu ahile, ci in ka nasep ka dualthong bua hi.
15 ၁၅ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​မျိုး​သား​တို့​အား ပစ်​ပယ်​တော်​မူ​သော​အ​ခါ​၌​ကမ္ဘာ​သူ​ကမ္ဘာ​သား တို့​အား မိ​မိ​ရန်​သူ​များ​ဖြစ်​ရာ​မှ​မိတ်​ဆွေ​များ ဖြစ်​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယု​ဒ​အ​မျိုး​သား တို့​အား​ဘုရား​သ​ခင်​ပြန်​လည်​လက်​ခံ​တော်​မူ သော​အ​ခါ​၌​အ​ဘယ်​သို့​ဖြစ်​လိမ့်​မည်​နည်း။ သူ​သေ​တို့​အား​အ​သက်​ပြန်​၍​ရှင်​စေ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။
Banghangziam cile Judah mite i a vawk uh sia Pathian le leitung bup kilemna ahile, amate i a san uh sia, thina pan in nuntakna hi ngawl tu ziam?
16 ၁၆ မိ​မိ​၌​ရှိ​သော​မုန့်​ညက်​မှ​အ​နည်း​ငယ်​ကို ယူ​၍​ဘု​ရား​သ​ခင်​အား​ဦး​စွာ​ဆက်​ကပ်​လျှင် မုန့်​ညက်​အား​လုံး​ကို​ပင်​လျှင်​ဆက်​ကပ်​ရာ ရောက်​၏။ သစ်​ပင်​၏​အ​မြစ်​ကို​ဘု​ရား​သ​ခင် အား​ဆက်​ကပ်​လျှင်​အ​ကိုင်း​အ​ခက်​များ​ကို လည်း​ဆက်​ကပ်​ရာ​ရောက်​၏။-
Banghangziam cile anpal sia thiangtho ahile, a anlom bup zong thiangtho hi: taciang a zung a thiangtho le, a bak te zong thiangtho hi.
17 ၁၇ လူ​တို့​သည်​သံ​လွင်​ပင်​၏​အ​ကိုင်း​အ​ချို့​ကို ခုတ်​ဖြတ်​လိုက်​ပြီး​နောက်​ကျန်​ရှိ​သည့်​အ​ငုတ် တွင် ရိုင်း​သော​သံ​လွင်​ကိုင်း​ကို​ဆက်​၍​စိုက် တတ်​ကြ​၏။ ထို​ရိုင်း​သော​သံ​လွင်​အ​ကိုင်း​သည် သံ​လွင်​ပင်​၏​အ​မြစ်​နှင့်​ပင်​စည်​မှ​ပင်​ရည် သြ​ဇာ​ကို​မှီ​ဝဲ​ရ​သ​ကဲ့​သို့ လူ​မျိုး​ခြား ဖြစ်​သူ​သင်​တို့​သည်​ယု​ဒ​အ​မျိုး​သား​တို့ ထံ​မှ​အ​ကျိုး​ကျေး​ဇူး​များ​စွာ​ခံ​ယူ​ရ ရှိ​ကြ​၏။-
Taciang olive kung pan a bak pawlkhat te thiak in, nangma ngam olive kung sia amate sung ah hong pe hi, taciang amate taw olive zung le a thau te na nekhawm a hile;
18 ၁၈ သို့​ဖြစ်​၍​သင်​တို့​သည်​ခုတ်​ဖြတ်​ပစ်​လိုက်​သည့် အ​ကိုင်း​များ​နှင့်​တူ​သော​သူ​တို့​ကို​အ​ထင် မ​သေး​ကြ​နှင့်။ သင်​တို့​သည်​အ​ဘယ်​သို့​လျှင် ဝါ​ကြွား​နိုင်​သ​နည်း။ သင်​တို့​သည်​အ​ကိုင်း အ​ခက်​မျှ​သာ​ဖြစ်​၍​အ​မြစ်​ကို​ထောက်​မ သည်​မ​ဟုတ်။ အ​မြစ်​သည်​သာ​လျှင်​သင်​တို့ ကို​ထောက်​မ​၏။
A bak te langpan in ki suangtak heak in. Na ki suangtak le, nangma in a zung na tha bua hi, a zung in nangma hong dom hi zaw hi.
19 ၁၉ သို့​သော်​သင်​တို့​က ``အ​ကျွန်ုပ်​တို့​အား​နေ​ရာ ပေး​ရန်​သံ​လွင်​ယဉ်​ကိုင်း​များ​ကို​ခုတ်​ဖြတ် သည်​မ​ဟုတ်​ပါ​လော'' ဟု​ဆို​လိမ့်​မည်။-
Nangma in, keima hong pe pa hang in a bak te thiaktan hi, na ci tu hi.
20 ၂၀ သင်​တို့​ဆို​သည်​အ​တိုင်း​လည်း​မှန်​၏။ ထို​သူ​တို့ ခုတ်​ဖြတ်​ခြင်း​ခံ​ရ​ကြ​သည်​မှာ​သူ​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​မှု​မ​ရှိ​ကြ​သော ကြောင့်​ဖြစ်​၏။ သင်​တို့​မူ​ကား​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့်​သံ​လွင်​ပင်​၏​တစ်​စိတ်​တစ် ဒေ​သ​ဖြစ်​လာ​ရ​၏။ သို့​သော်​သင်​တို့​ကိုယ်​ကို အ​ထင်​မ​ကြီး​ဘဲ​ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လော့။-
Pha hi; amate i a up ngawl uh hu in thiaktan hi, taciang nangma sia upna taw na ding hi. Kiphasak heak in, ahizong lau in:
21 ၂၁ ဘု​ရား​သ​ခင်​သည်​သံ​လွင်​ပင်​မှ​န​ဂို​မူ​ရင်း အ​ကိုင်း​များ​သ​ဖွယ်​ဖြစ်​ကြ​သူ ယု​ဒ​အ​မျိုး သား​တို့​ကို​သက်​ညှာ​တော်​မ​မူ​လျှင် အ​ဘယ် သို့​လျှင်​သင်​တို့​ကို​သက်​ညှာ​တော်​မူ​မည်​နည်း။-
Banghangziam cile Pathian in a omsa a bak te hawai ngawl ahile, nangma zong hong hawai tuan ngawl tu hi, ci in kidawm in.
22 ၂၂ ဤ​တွင်​ဘု​ရား​သ​ခင်​သည်​အ​ဘယ်​မျှ​သ​နား ကြင်​နာ​တော်​မူ​တတ်​ကြောင်း​နှင့်​အ​ဘယ်​မျှ ပြင်း​ထန်​စွာ​စီ​ရင်​တော်​မူ​တတ်​ကြောင်း​ကို​ငါ တို့​တွေ့​မြင်​ကြ​ရ​၏။ ကိုယ်​တော်​သည်​လဲ​သူ တို့​ကို​ပြင်း​စွာ​စီ​ရင်​တော်​မူ​ပေ​သည်။ သို့ သော်​လည်း​သင်​တို့​အား​သ​နား​ကြင်​နာ​တော် မူ​သည်။ တစ်​နည်း​အား​ဖြင့်​သင်​တို့​သည် က​ရု​ဏာ​တော်​ကို​ဆက်​လက်​ခံ​ယူ​ထိုက် အောင်​ပြု​မူ​ကျင့်​ကြံ​ကြ​လျှင် ကိုယ်​တော် သည်​သင်​တို့​အ​ပေါ်​၌​က​ရု​ဏာ​ထား တော်​မူ​မည်။ ထို​က​ရု​ဏာ​တော်​ကို​ခံ​ယူ ထိုက်​အောင်​မ​ပြု​မူ​ပါ​လျှင်​သင်​တို့​ကို လည်း​ဘုရား​သ​ခင်​ခုတ်​ဖြတ်​တော်​မူ​လိမ့်​မည်။-
Tua ahikom Pathian i phatna le lauhuai na sia en in: a puk te tung ah lauhuai mama hi; ahihang Ama i phatna sung ah na om paisuak le, na tung ah phatna hi tu hi: tabang a hibale nangma zong hong sattan tu hi.
23 ၂၃ ယု​ဒ​အ​မျိုး​သား​တို့​သည်​မ​ယုံ​ကြည်​သော စိတ်​စွန့်​၍​ယုံ​ကြည်​ကြ​မည်​ဆို​ပါ​က အ​ငုတ် တွင်​ပြန်​လည်​ကိုင်း​ဆက်​စိုက်​ပျိုး​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​ဤ​အ​မှု​ကို ပြု​တော်​မူ​နိုင်​၏။-
Taciang Judah mite zong um ngawl in a om tawntung bua uh le, pe kik tu hi: banghangziam cile Pathian in amate pe kik thei hi.
24 ၂၄ လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​အား​မိ​မိ​တို့​၏ န​ဂို​မူ​ရင်း​ရိုင်း​သော​သံ​လွင်​မှ​ခုတ်​ဖြတ်​၍ သင် တို့​၏​န​ဂို​မူ​ရင်း​မ​ဟုတ်​သည့်​ယဉ်​သော​သံ​လွင် တွင်​ကိုင်း​ဆက်​စိုက်​ပျိုး​တော်​မူ​ပါ​လျှင် ယဉ်​သော သံ​လွင်​၏​န​ဂို​မူ​ရင်း​အ​ကိုင်း​များ​ဖြစ်​သည့် ယု​ဒ​အ​မျိုး​သား​တို့​အား မူ​ရင်း​သံ​လွင်​ပင် တွင်​ပို​မို​လွယ်​ကူ​စွာ​ပြန်​လည်​ကိုင်း​ဆက် စိုက်​ပျိုး​တော်​မူ​မည်​မ​ဟုတ်​လော။
Banghangziam cile nangma sia ngam olive kung pan in hong tan tu a, olive kung pha tung ah hong pe ahile: hi a omsa olive bak te bangza in amate olive kung tung ah pe kik tu ziam?
25 ၂၅ ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို တတ်​သိ​လိမ္မာ​လှ​ပြီ​ဟု​မ​ထင်​မ​မှတ်​ကြ​စေ​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​လျှို့​ဝှက်​နက်​နဲ​သော အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​လို​၏။ ထို​လျှို့​ဝှက် နက်​နဲ​သော​အ​ရာ​မှာ​ဤ​သို့​တည်း။ ယု​ဒ​အ​မျိုး သား​တို့​သည်​အ​မြဲ​စိတ်​နှ​လုံး​ထိုင်း​မှိုင်း​လျက် နေ​ကြ​မည်​မ​ဟုတ်​ဘဲ ကယ်​တင်​ခြင်း​ကို​ခံ​ရ မည့်​လူ​မျိုး​ခြား​တို့​အ​ရေ​အ​တွက်​ပြည့်​စုံ လာ​သည့်​ကာ​လ​အ​ထိ​သာ​ဖြစ်​၏။-
Banghangziam cile suapui te awng, noma heak na bek ah a pil bang in na ki ngaisut thak ngawl natu uh in, hi thuku he ngawl in na om tu uh ka dei bua hi; hi Israel pawlkhat te khuamu ngawl na sia Gentile te a kimtak in a tum uh dong hi tu hi.
26 ၂၆ ထို​နောက်​ဘု​ရား​သ​ခင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​ကို​ကယ်​တင်​တော် မူ​လိမ့်​မည်။ ကျမ်း​စာ​တော်​တွင်၊ ``ကယ်​တင်​ရှင်​သည်​ဇိ​အုန်​တောင်​မှ​ကြွ​လာ​ပြီး လျှင်၊ ယာ​ကုပ်​၏​သား​မြေး​များ​ထံ​မှ၊ဆိုး​ညစ်​မှု အ​ပေါင်း​ကို ပယ်​ရှား​တော်​မူ​လိမ့်​မည်။
Taciang Israel mi theampo ngupna nga tu hi: Zion pan in suatakna hong suak tu a, Jacob tung pan in Pathian nei ngawl a nuntak zia uh laisak tu hi:
27 ၂၇ ငါ​သည်​သူ​တို့​၏​အ​ပြစ်​များ​ကို​ပယ်​ရှား​သော အ​ခါ သူ​တို့​နှင့်​ဤ​ပ​ဋိ​ညာဉ်​ကို​ပြု​မည်။'' ဟု​ဖော်​ပြ​ပါ​ရှိ​သည်​အ​တိုင်း​ဖြစ်​လေ​သည်။-
Banghangziam cile amate mawna te ka laksak siat ciang in, hisia in amate tung ah ka kamciam a hihi.
28 ၂၈ သ​တင်း​ကောင်း​ကို​ပစ်​ပယ်​ကြ​သည့်​အ​တွက် ယု​ဒ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်​၏ ရန်​သူ​ဖြစ်​လာ​ကြ​၏။ ယင်း​သို့​ဖြစ်​လာ​ခြင်း သည်​လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​၏​အ​ကျိုး အ​တွက်​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​သူ​တို့​ကို​ရွေး​ချယ်​တော်​မူ​သော​ကြောင့် သူ​တို့​၏​ဘိုး​ဘေး​များ​ကို​ထောက်​ထား​လျက် သူ​တို့​အား​ချစ်​တော်​မူ​သေး​၏။-
Lungdamna thu taw kisai in, amate sia noma atu in ngal te a hihi: ahizong in tealna taw kisai in amate sia pu le pa te hang in hong it te na hi uh hi.
29 ၂၉ ကိုယ်​တော်​သည်​မည်​သူ့​ကို​မ​ဆို​ရွေး​ကောက်​၍ ကောင်း​ချီး​ပေး​တော်​မူ​ရန်​ဆုံး​ဖြတ်​တော်​မူ ပြီး​နောက်​စိတ်​သ​ဘော​ပြောင်း​လဲ​တော်​မ​မူ တတ်။-
Banghangziam cile Pathian i letsong te le sapna sung ah ki sikkik na om ngawl hi.
30 ၃၀ လူ​မျိုး​ခြား​ဖြစ်​သူ​သင်​တို့​သည်​အ​ခါ​တစ်​ပါး က​ဘု​ရား​သ​ခင်​၏​စ​ကား​တော်​ကို​မ​နာ​ခံ​ခဲ့ ကြ။ သို့​သော်​လည်း​ယ​ခု​အ​ခါ​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ခွင့်​ရ​ရှိ​ကြ​သည်​မှာ ယု​ဒ အ​မျိုး​သား​တို့​သည်​ကိုယ်​တော်​၏​စ​ကား တော်​ကို​မ​နာ​ခံ​ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
Banghangziam cile a bosa hun sung ah note in Pathian na um bua uh hi, ahihang amate i up ngawl na hang in tu in note hesuakna na nga uh hi:
31 ၃၁ ထို​နည်း​တူ​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ​တော် ကို​သင်​တို့​ခံ​စား​ကြ​ရ​ခြင်း​ကြောင့် ယု​ဒ အ​မျိုး​သား​တို့​သည်​က​ရု​ဏာ​တော်​ကို​မိ​မိ တို့​လည်း​ခံ​စား​ရ​အံ့​သော​ငှာ ဘု​ရား​သ​ခင် ၏​စ​ကား​တော်​ကို​ယ​ခု​အ​ခါ​မ​နာ​ခံ​ဘဲ နေ​ကြ​၏။-
Tasia bangma in hi Judah mite zong tu in um ngawl uh hi, tabang in noma i hesuakna tungtawn in amate zong hesuakna a nga tu uh hi.
32 ၃၂ လူ​သား​အ​ပေါင်း​တို့​သည်​မ​နာ​ခံ​ကြ​သည့် အ​တွက် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​ကျဉ်း သား​များ​သ​ဖွယ်​ဖြစ်​စေ​တော်​မူ​၏။ ဤ​သို့ ကိုယ်​တော်​ပြု​တော်​မူ​ရ​ခြင်း​မှာ​သူ​တို့​အား က​ရု​ဏာ​တော်​ကို​ပြ​တော်​မူ​လို​သော​ကြောင့် ပင်​ဖြစ်​ပေ​သည်။ (eleēsē g1653)
Banghangziam cile mi theampo tung ah hesuakna a nei thei natu in, Pathian in amate theampo sia up ngawl na sung ah vaihuaisak siat hi. (eleēsē g1653)
33 ၃၃ ဘု​ရား​သ​ခင်​၏​ကြွယ်​ဝ​သော​ဉာဏ်​ပ​ညာ တော်​နှင့်​အ​သိ​ပ​ညာ​တော်​သည် လွန်​စွာ​နက်​နဲ လှ​ပါ​တ​ကား။ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​ချက် များ​ကို​အ​ဘယ်​သူ​ရှင်း​ပြ​နိုင်​သ​နည်း။ နည်း လမ်း​တော်​များ​ကို​အ​ဘယ်​သူ​နား​လည် နိုင်​သ​နည်း။-
Maw Pathian i ciimna le heakna bangza thuk in bangza in zai ziam! a thukhenna te bangza in zon le vai tu haksa ziam, a lampi te bangza in mu tu haksa ziam!
34 ၃၄ ကျမ်း​စာ​တော်​က၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။
Banghangziam cile akua in Topa thinsung he ziam? a hibale akua in Ama ngaisutna pia tu ziam?
35 ၃၅ ကိုယ်​တော်​က​ကျေး​ဇူး​ဆပ်​တော်​မူ​ရ​အောင် အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​ကျေး​ဇူး​ပြု​ဖူး သ​နည်း'' ဟု​ဖော်​ပြ​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။-
Ahi bale Ama i thukkik tu in a piamasa akua om ziam?
36 ၃၆ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့ သည်​ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ် တော်​၏​အ​တွက်​လည်း​ကောင်း​တည်​လျက် ရှိ​ကြ​၏။ ကိုယ်​တော်​သည်​ထာ​ဝ​စဉ်​ဘုန်း အ​သ​ရေ​ထွန်း​တောက်​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။ (aiōn g165)
Banghangziam cile na theampo sia Ama sung pan le Ama tungtawn in le Ama atu a hihi: Ama tung ah minthanna a tawntung in om tahen. Amen. (aiōn g165)

< ရောမ 11 >