< ရောမ 1 >
1 ၁ သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
Paulo, mtumishi wa Yesu Kristo, aliyeitwa kuwa mtume, na kutengwa kwa ajili ya Injili ya Mungu.
2 ၂ ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
Hii ndio ile Injili aliyoiahidi zamani kupitia manabii wake katika maandiko matakatifu.
3 ၃ ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
Ni kuhusu Mwana wake, aliyezaliwa kutoka ukoo wa Daudi kwa jinsi ya mwili.
4 ၄ ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
Yeye alitangazwa kwa Mwana wa Mungu kwa nguvu ya Roho ya utakatifu kwa ufufuo wa wafu, Yesu Kristo Bwana wetu.
5 ၅ ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
Kupitia yeye tumepokea neema na utume kwa utii wa imani kati ya mataifa yote, kwa ajili ya jina lake.
6 ၆ ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
Kati ya mataifa haya, ninyi pia mmeitwa kuwa wa Yesu Kristo.
7 ၇ ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
Barua hii ni kwa wote walioko Rumi, wapendwao na Mungu, walioitwa kuwa watu watakatifu. Neema na iwe kwenu, na amani kutoka kwa Mungu Baba yetu na Bwana Yesu Kristo.
8 ၈ သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
Kwanza, namshukuru Mungu wangu katika Yesu Kristo kwa ajili yenu nyote, kwa sababu imani yenu inahubiriwa katika dunia nzima.
9 ၉ သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
Kwa maana Mungu ni shahidi wangu, ambaye ninamtumikia kwa roho yangu katika injili ya Mwana wake, jinsi ninavyodumu katika kuwataja.
Daima naomba katika sala zangu kwamba kwa njia yoyote nipate mwishowe kuwa na mafanikio sasa kwa mapenzi ya Mungu katika kuja kwenu.
11 ၁၁ သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
Maana natamani kuwaona, ili nipate kuwapa ninyi baadhi ya karama za rohoni, nipate kuwaimarisha.
12 ၁၂ တစ်နည်းကားယင်းသို့တွေ့ဆုံမိကြသော အခါသင်တို့နှင့်ငါသည် မိမိတို့အသီး သီး၏ယုံကြည်ခြင်းကိုဝေမျှ၍အပြန် အလှန်အားပေးနိုင်လိမ့်မည်ဖြစ်သည်။
Yaani, natazamia kutiwa moyo pamoja nanyi, kwa njia ya imani ya kila mmoja wetu, yenu na yangu.
13 ၁၃ ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
Sasa ndugu, sitaki mkose kufahamu kwamba, mara nyingi nimekusudia kuja kwenu, lakini nimezuiliwa mpaka sasa. Nilitaka hivi ili kuwa na matunda kwenu kama ilivyo pia miongoni mwa watu wa mataifa.
14 ၁၄ လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
Nadaiwa na Wayunani na wageni pia, werevu na wajinga.
15 ၁၅ သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
Kwa hiyo, kwa upande wangu, mimi niko tayari kutangaza injili kwenu pia ninyi mlio huko Roma.
16 ၁၆ ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
Kwa maana siionei haya injili, kwa kuwa ni uweza wa Mungu uletao wokovu kwa kila aaminiye, kwa Myahudi kwanza na kwa Myunani pia.
17 ၁၇ ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
Kwa maana haki ya Mungu imedhihirishwa kutoka imani hata imani, kama ilivyo andikwa, “Mwenye haki ataishi kwa imani.”
18 ၁၈ အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
Maana ghadhabu ya Mungu imedhihirishwa kutoka mbinguni dhidi ya uasi na uovu wote wa watu, ambao kwa njia ya udhalimu huificha kweli.
19 ၁၉ ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။-
Hii ni kwa sababu, yote yanayoweza kujulikana juu ya Mungu ni wazi kwao. Maana Mungu amewafahamisha.
20 ၂၀ ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။- (aïdios )
Maana mambo yake yasioonekana vizuri yamekuwa wazi tangu kuumbwa kwa ulimwengu. Yanaeleweka kupitia vitu vilivyoumbwa. Mambo haya ni uwezo wake wa milele na asili ya uungu. Matokeo yake, watu hawa hawana udhuru. (aïdios )
21 ၂၁ သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
Hii ni kwa sababu, ingawa walijua kuhusu Mungu, hawakumtukuza yeye kama Mungu, wala hawakumpa shukrani. Badala yake, wamekuwa wapumbavu katika mawazo yao, na mioyo yao yenye ujinga ilitiwa giza.
22 ၂၂ သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
Walijiita kuwa ni werevu, lakini wakawa wajinga.
23 ၂၃ သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။
Waliubadili utukufu wa Mungu asie na uharibifu kwa mfano wa sura ya binadamu aliye na uharibifu, na ya ndege, ya wanyama wenye miguu minne, na ya viumbe vitambaavyo.
24 ၂၄ ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။-
Kwa hiyo Mungu aliwaacha wafuate tamaa za mioyo yao kwa uchafu, kwa miili yao kufedheheshwa baina yao.
25 ၂၅ သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။ (aiōn )
Ni wao walioibadili kweli ya Mungu kuwa uongo, na ambao waliabudu na kutumikia viumbe badala ya Muumbaji, ambaye anasifiwa milele. Amina. (aiōn )
26 ၂၆ သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။-
Kwa sababu hii, Mungu aliwaacha wafuate tamaa zao za aibu, kwa kuwa wanawake wao walibadilisha matumizi yao ya asili kwa kile kilicho kinyume na asili.
27 ၂၇ ထိုနည်းတူစွာယောကျာ်းတို့သည်လည်း မိန်းမ များနှင့်ဋ္ဌမ္မတာထုံးစံအတိုင်းဆက်ဆံမှုကို မပြုဘဲ ယောကျာ်းအချင်းချင်းရာဂမီးတောက် လောင်လျက်ရှိကြ၏။ ယောကျာ်းတို့သည်အချင်း ချင်းအားရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြု ကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့် အတွက်ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံရ ကြ၏။
Hali kadhalika, wanaume pia wakaacha matumizi yao ya asili kwa wanawake na kuwakwa na tamaa dhidi yao wenyewe. Hawa walikuwa wanaume ambao walifanya na wanaume wenzao yasiyo wapasa, na ambao walipokea adhabu iliyostahili upotovu wao.
28 ၂၈ ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
Kwa sababu walikataa kuwa na Mungu katika fahamu zao, aliwaacha wafuate akili zao zisizofaa, wafanye mambo yale yasiyofaa.
29 ၂၉ သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
Wamejawa na udhalimu wote, uovu, tamaa na ubaya. Wamejawa na wivu, uuaji, ugomvi, udanganyifu, na nia mbaya.
30 ၃၀ သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-
Wao pia ni wasengenyaji, wasingiziaji, na wenye kumchukia Mungu. Wenye vurugu, kiburi, na majivuno. Wao ni watunga mabaya, na wasiotii wazazi wao.
31 ၃၁ သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။-
Wao hawana ufahamu; wasioaminika, hawana mapenzi ya asili, na wasio na huruma.
32 ၃၂ ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
Wanaelewa kanuni za Mungu, ya kwamba watu watendao mambo ya jinsi hiyo wanastahili kifo. Lakini si tu wanafanya mambo hayo, wao pia wanakubaliana na wale wanaofanya mambo hayo.