< ရောမ 1 >

1 သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန်​တ​မန်​တော် အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​သူ၊ ခ​ရစ်​တော်​ယေ​ရှု​၏​အ​စေ​ခံ​ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။-
예수 그리스도의 종 바울은 사도로 부르심을 받아 하나님의 복음을 위하여 택정함을 입었으니
2 ရှေး​အ​ခါ​က​ဘု​ရား​သ​ခင်​သည်​မိ​မိ​၏ ပ​ရော​ဖက်​များ​အား​ဖြင့် ထို​သ​တင်း​ကောင်း ကို​က​တိ​ထား​တော်​မူ​ခဲ့​ကြောင်း​ကျမ်း​စာ တော်​က​ဖော်​ပြ​၏။-
이 복음은 하나님이 선지자들로 말미암아 그의 아들에 관하여 성경에 미리 약속하신 것이라
3 ထို​သ​တင်း​ကောင်း​ကား​ဘု​ရား​သ​ခင်​၏​သား တော် ငါ​တို့​၏​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​အ​ကြောင်း ပင်​ဖြစ်​ပေ​သည်။ ထို​အ​ရှင်​သည်​လူ့​ဇာ​တိ​အား ဖြင့်​ဒါ​ဝိဒ်​မင်း​မှ​ဆင်း​သက်​တော်​မူ​သည်။-
이 아들로 말하면 육신으로는 다윗의 혈통에서 나셨고
4 ဘု​ရား​ဇာ​တိ​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​သား တော်​ဖြစ်​ကြောင်း​ကို​ပေါ်​လွင်​ထင်​ရှား​စေ​ရန် ဘု​ရား​သ​ခင်​သည်​မ​ဟာ​တန်​ခိုး​တော်​အား ဖြင့်​ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ထ​မြောက်​စေ တော်​မူ​၏။-
성결의 영으로는 죽은 가운데서 부활하여 능력으로 하나님의 아들로 인정되셨으니 곧 우리 주 예수 그리스도시니라
5 ဘု​ရား​သ​ခင်​သည်​ထို​အ​ရှင်​အား​ဖြင့်​ငါ့ အား​ခ​ရစ်​တော်​အ​တွက်​ကြောင့် ထူး​မြတ်​သည့် တ​မန်​တော်​ရာ​ထူး​ကို​ပေး​သ​နား​တော်​မူ​၏။ လူ​မျိုး​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​၍​လိုက်​နာ ကြ​စေ​ရန်​ဘု​ရား​သ​ခင်​သည်​ငါ့​အား​ထို သူ​အ​ပေါင်း​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​၏။-
그로 말미암아 우리가 은혜와 사도의 직분을 받아 그 이름을 위하여 모든 이방인 중에서 믿어 순종케 하나니
6 ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။
너희도 그들 중에 있어 예수 그리스도의 것으로 부르심을 입은 자니라
7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။
로마에 있어 하나님의 사랑하심을 입고 성도로 부르심을 입은 모든 자에게 하나님 우리 아버지와 주 예수 그리스도로 좇아 은혜와 평강이 있기를 원하노라
8 သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-
첫째는 내가 예수 그리스도로 말미암아 너희 모든 사람을 인하여 내 하나님께 감사함은 너희 믿음이 온 세상에 전파됨이로다
9 သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-
내가 그의 아들의 복음 안에서 내 심령으로 섬기는 하나님이 나의 증인이 되시거니와 항상 내 기도에 쉬지 않고 너희를 말하며
10 ၁၀
어떠하든지 이제 하나님의 뜻 안에서 너희에게로 나아갈 좋은 길 얻기를 구하노라
11 ၁၁ သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။-
내가 너희 보기를 심히 원하는 것은 무슨 신령한 은사를 너희에게 나눠 주어 너희를 견고케 하려 함이니
12 ၁၂ တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။
이는 곧 내가 너희 가운데서 너희와 나의 믿음을 인하여 피차 안위함을 얻으려 함이라
13 ၁၃ ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-
형제들아 내가 여러 번 너희에게 가고자 한 것을 너희가 모르기를 원치 아니하노니 이는 너희 중에서도 다른 이방인 중에서와 같이 열매를 맺게 하려 함이로되 지금까지 길이 막혔도다
14 ၁၄ လူ​ယဉ်၊ လူ​ရိုင်း၊ ပ​ညာ​ရှိ၊ ပ​ညာ​မဲ့၊ ရှိ​ရှိ​သ​မျှ သော​သူ​တို့​အ​တွက်​ငါ့​မှာ​တာ​ဝန်​ရှိ​သ​ဖြင့်၊-
헬라인이나 야만이나 지혜 있는 자나 어리석은 자에게 다 내가 빚진 자라
15 ၁၅ သ​တင်း​ကောင်း​ကို​ရော​မ​မြို့​ရှိ​သင်​တို့​အား လည်း​ကြေ​ညာ​ရန် ငါ​သည်​စိတ်​အား​ထက် သန်​လျက်​ရှိ​၏။
그러므로 나는 할 수 있는대로 로마에 있는 너희에게도 복음 전하기를 원하노라
16 ၁၆ ငါ​သည်​သ​တင်း​ကောင်း​ကို​လုံး​ဝ​ယုံ​ကြည် စိတ်​ချ​၏။ ထို​သ​တင်း​ကောင်း​သည်​ဦး​စွာ​ယု​ဒ လူ​မျိုး၊ ထို့​နောက်​လူ​မျိုး​ခြား​တို့​တွင်​ယုံ​ကြည် သူ​အ​ပေါင်း​တို့​အား​ကယ်​တင်​သော​ဘု​ရား သ​ခင်​၏​တန်​ခိုး​တော်​ဖြစ်​၏။-
내가 복음을 부끄러워하지 아니하노니 이 복음은 모든 믿는 자에게 구원을 주시는 하나님의 능력이 됨이라 첫째는 유대인에게요 또한 헬라인에게로다
17 ၁၇ ဘု​ရား​သ​ခင်​သည်​လူ​တို့​အား​အ​ဘယ်​သို့ သော​နည်း​ဖြင့် မိ​မိ​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​စေ တော်​မူ​သည်​ကို​သ​တင်း​ကောင်း​က​ပေါ်​လွင် ထင်​ရှား​စေ​၏။ ထို​နည်း​မှာ​အ​စ​မှ​အ​ဆုံး တိုင်​အောင်​ယုံ​ကြည်​ခြင်း​အ​ပေါ်​တွင်​အ​ခြေ ခံ​သည့်​နည်း​ဖြစ်​၏။ ထို့​ကြောင့်​ကျမ်း​စာ​တွင် ``ယုံ​ကြည်​ခြင်း​အား​ဖြင့်​ဘု​ရား​သ​ခင်​နှင့် မှန်​ကန်​စွာ​ဆက်​ဆံ​သူ​သည်​အ​သက်​ရှင်​လိမ့် မည်'' ဟု​လာ​သ​တည်း။
복음에는 하나님의 의가 나타나서 믿음으로 믿음에 이르게 하나니 기록된 바 오직 의인은 믿음으로 말미암아 살리라 함과 같으니라
18 ၁၈ အ​မှန်​တ​ရား​ကို​လူ​တို့​မ​သိ​စေ​ရန်​ဆီး​တား ပိတ်​ပင်​သော၊ ဆိုး​ညစ်​မှု​ကို​ပြု​ကျင့်​သော​ဘု​ရား မဲ့​သူ​တို့​၏​အ​ပြစ်​နှင့်​ဆိုး​ညစ်​မှု​အ​ပေါင်း​တို့ အ​ပေါ်​သို့ ကောင်း​ကင်​မှ​ဘု​ရား​သ​ခင်​၏​အ​မျက် တော်​သည်​သက်​ရောက်​လျက်​ရှိ​ကြောင်း​ပေါ်​လွင် ထင်​ရှား​လာ​ပြီ။-
하나님의 진노가 불의로 진리를 막는 사람들의 모든 경건치 않음과 불의에 대하여 하늘로 좇아 나타나나니
19 ၁၉ ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-
이는 하나님을 알만한 것이 저희 속에 보임이라 하나님께서 이를 저희에게 보이셨느니라
20 ၂၀ ကမ္ဘာ​လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ ချိန်​မှ​စ​၍ လူ​တို့​သည်​ကိုယ်​တော်​၏​ထာ​ဝ​ရ တန်​ခိုး​တော်​နှင့် ဘု​ရား​သ​ခင်​၏​အ​ဖြစ်​တော် တည်း​ဟူ​သော​မျက်​မြင်​မ​ရ​သော​ဂုဏ်​အင်္ဂါ များ​ကို​ကောင်း​စွာ​သိ​နား​လည်​နိုင်​လေ​သည်။ သူ​တို့​သည်​ဤ​သို့​သော​ကိုယ်​တော်​၏​ဂုဏ်​အင်္ဂါ လက္ခ​ဏာ​များ​ကို​မ​မြင်​နိုင်​သော်​လည်း​သိ နိုင်​ကြ​၏။ ယင်း​သို့​သိ​နိုင်​ခြင်း​မှာ​သူ​တို့ သည်​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​အ​ရာ များ​ကို​တွေ့​မြင်​နိုင်​သော​ကြောင့်​ဖြစ်​၏။ ထို့ ကြောင့်​ထို​သူ​တို့​မှာ​မိမိ​တို့​ကူး​လွန်​သည့် အ​ပြစ်​များ​အ​တွက်​ဆင်​ခြေ​ပေး​စ​ရာ မ​ရှိ​တော့​ပေ။- (aïdios g126)
창세로부터 그의 보이지 아니하는 것들 곧 그의 영원하신 능력과 신성이 그 만드신 만물에 분명히 보여 알게 되나니 그러므로 저희가 핑계치 못할지니라 (aïdios g126)
21 ၂၁ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-
하나님을 알되 하나님으로 영화롭게도 아니하며 감사치도 아니하고 오히려 그 생각이 허망하여지며 미련한 마음이 어두워졌나니
22 ၂၂ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပ​ညာ​ရှိ​ဟု​ဆို သော်​လည်း​အ​မှန်​မှာ​ပ​ညာ​မဲ့​သူ​များ​ဖြစ် ကြ​၏။-
스스로 지혜 있다 하나 우둔하게 되어
23 ၂၃ သေ​ခြင်း​တ​ရား​ကင်း​သည့်​ဘု​ရား​သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​မည့်​အ​စား​သေ​မျိုး​ဖြစ်​သည့် လူ၊ ငှက်၊ ခြေ​လေး​ချောင်း​သတ္တ​ဝါ၊ သို့​မ​ဟုတ်​တွား တတ်​သော​သတ္တ​ဝါ​၏​ပုံ​သဏ္ဌာန်​ကို​ဆောင်​သော ရုပ်​တု​များ​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ​လေ သည်။
썩어지지 아니하는 하나님의 영광을 썩어질 사람과 금수와 버러지 형상의 우상으로 바꾸었느니라
24 ၂၄ ထို​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ထို​သူ တို့​အား မိ​မိ​တို့​၏​ကိ​လေ​သာ​စိတ်​ဆွဲ​ဆောင်​ရာ သို့​လိုက်​ပါ​စေ​ရန်​လည်း​ကောင်း၊ အ​ချင်း​ချင်း အား​ကိုယ်​ခန္ဓာ​အ​သ​ရေ​ပျက်​စေ​ရန်​လည်း ကောင်း​စွန့်​ပစ်​၍​ထား​တော်​မူ​၏။-
그러므로 하나님께서 저희를 마음의 정욕대로 더러움에 내어 버려두사 저희 몸을 서로 욕되게 하셨으니
25 ၂၅ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​တ​ရား​မှန်​ကို အ​မှား​နှင့်​လဲ​လှယ်​ကြ​၏။ ဖန်​ဆင်း​တော်​မူ သော​အ​ရှင်​အ​စား​အ​ဖန်​ဆင်း​ခံ​အ​ရာ​ကို ကိုး​ကွယ်​ဝတ်​ပြု​ကြ​၏။ ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​၏​ဂုဏ်​တော်​ကို​ထာ​ဝ​စဉ်​ချီး​မွမ်း ထော​မ​နာ​ပြု​ကြ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
이는 저희가 하나님의 진리를 거짓 것으로 바꾸어 피조물을 조물주 보다 더 경배하고 섬김이라 주는 곧 영원히 찬송할 이시로다 아멘 (aiōn g165)
26 ၂၆ သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ရှက် ဖွယ်​ကောင်း​သည့် ကိ​လေ​သာ​လက်​သို့​အပ်​လိုက် တော်​မူ​၏။ မိန်း​မ​တို့​ပင်​လျှင်​ဋ္ဌမ္မ​တာ​ထုံး​စံ အ​စား​ဆန့်​ကျင်​သော​ထုံး​စံ​ကို​ကျင့်​ကြ​၏။-
이를 인하여 하나님께서 저희를 부끄러운 욕심에 내어 버려 두셨으니 곧 저희 여인들도 순리대로 쓸 것을 바꾸어 역리로 쓰며
27 ၂၇ ထို​နည်း​တူ​စွာ​ယောကျာ်း​တို့​သည်​လည်း မိန်း​မ များ​နှင့်​ဋ္ဌမ္မ​တာ​ထုံး​စံ​အ​တိုင်း​ဆက်​ဆံ​မှု​ကို မ​ပြု​ဘဲ ယောကျာ်း​အ​ချင်း​ချင်း​ရာ​ဂ​မီး​တောက် လောင်​လျက်​ရှိ​ကြ​၏။ ယောကျာ်း​တို့​သည်​အ​ချင်း ချင်း​အား​ရှက်​ကြောက်​ဖွယ်​သော​အ​မှု​တို့​ကို​ပြု ကြ​သ​ဖြင့် မိ​မိ​တို့​ဆိုး​ညစ်​သော​အ​ကျင့် အ​တွက်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ ကြ​၏။
이와 같이 남자들도 순리대로 여인 쓰기를 버리고 서로 향하여 음욕이 불 일듯하매 남자가 남자로 더불어 부끄러운 일을 행하여 저희의 그릇됨에 상당한 보응을 그 자신에 받았느니라
28 ၂၈ ထို​သူ​တို့​သည်​ဘု​ရား​ကို​ဘု​ရား​ဟူ​၍ မ​အောက်​မေ့​ကြ​သ​ဖြင့် ဘု​ရား​သ​ခင်​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့် သူ​တို့ သည်​မှန်​ကန်​စွာ​စဉ်း​စား​ဆင်​ခြင်​နိုင်​စွမ်း​မ​ရှိ တော့​ဘဲ​မ​ပြု​ကျင့်​သင့်​သော​အ​ရာ​များ​ကို ပြု​ကျင့်​ကြ​ကုန်​၏။-
또한 저희가 마음에 하나님 두기를 싫어하매 하나님께서 저희를 그 상실한 마음대로 내어 버려 두사 합당치 못한 일을 하게 하셨으니
29 ၂၉ သူ​တို့​သည်​အ​မျိုး​မျိုး​သော​ဆိုး​ယုတ်​မိုက်​မဲ ခြင်း၊ ညစ်​ညမ်း​ခြင်း၊ လော​ဘ​တပ်​မက်​ခြင်း၊ အ​ကျင့်​ပျက်​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သက် ကို​သတ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ လှည့်​ဖြား​ခြင်း၊ ရန် ငြိုး​ဖွဲ့​ခြင်း​စ​သည့်​အ​ပြစ်​များ​ကို​ကူး​လွန် ကြ​၏။ သူ​တို့​သည်​ကုန်း​ချော​ပြော​ဆို​ကြ​၏။-
곧 모든 불의, 추악, 탐욕, 악의가 가득한 자요 시기, 살인, 분쟁, 사기, 악독이 가득한 자요, 수군수군 하는 자요
30 ၃၀ သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​ကြ​၏။ ဘု​ရား သ​ခင်​ကို​မုန်း​သူ၊ စော်​ကား​သူ၊ မာန်​မာ​န​ထောင် လွှား​လျက်​ကြွား​ဝါ​သူ​များ​ဖြစ်​ကြ​၏။ မ​ကောင်း မှု​အ​မျိုး​မျိုး​ကို​တီ​ထွင်​ကြံ​စည်​တတ်​ကြ​၏။ မိ​မိ​တို့​မိ​ဘ​များ​၏​စ​ကား​ကို​နား​မ​ထောင် ကြ။-
비방하는 자요, 하나님의 미워하시는 자요, 능욕하는 자요, 교만한 자요, 자랑하는 자요, 악을 도모하는 자요, 부모를 거역하는 자요
31 ၃၁ သြတ္တ​ပ္ပ​စိတ်​မ​ရှိ​ကြ။ က​တိ​မ​တည်​ကြ။ ကြင်​နာ​သ​နား​တတ်​သည့်​စိတ်​လည်း​မ​ရှိ။-
우매한 자요, 배약하는 자요, 무정한 자요, 무자비한 자라
32 ၃၂ ဤ​သို့​သော​အ​ကျင့်​ရှိ​သူ​တို့​သည်​သေ​ဒဏ်​ခံ ထိုက်​သည်​ဟု ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​ချက်​ကို​ထို သူ​တို့​သိ​လျက်​ပင် မိ​မိ​တို့​ကိုယ်​တိုင်​ဤ​အ​မှု များ​ကို​ဆက်​လက်​၍​ပြု​ကျင့်​ကြ​သည်​သာ မ​က၊ ဤ​သို့​ပြု​ကျင့်​ကြ​သူ​များ​ကို​လည်း အား​ပေး​အား​မြှောက်​ပြု​ကြ​သည်​တ​ကား။
저희가 이같은 일을 행하는 자는 사형에 해당하다고 하나님의 정하심을 알고도 자기들만 행할 뿐 아니라 또한 그 일을 행하는 자를 옳다 하느니라

< ရောမ 1 >