< ရောမ 1 >
1 ၁ သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
ⲁ̅ⲠⲀⲨⲖⲞⲤ ⲪⲂⲰⲔ ⲚⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲠⲀⲠⲞⲤⲦⲞⲖⲞⲤ ⲈⲦⲐⲀϨⲈⲘ.
2 ၂ ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
ⲃ̅ⲪⲎ ⲈⲦⲀⲨⲐⲀϢϤ ⲈⲠⲒϨⲒϢⲈⲚⲚⲞⲨϤⲒ ⲚⲦⲈⲪⲚⲞⲨϮ ⲪⲎ ⲈⲦⲀϤⲈⲢϢⲞⲢⲠ ⲚⲰϢ ⲘⲘⲞϤ ⲈⲂⲞⲖ ϨⲒⲦⲞⲦⲞⲨ ⲚⲚⲈϤⲠⲢⲞⲪⲎⲦⲎⲤ ϦⲈⲚⲚⲒⲄⲢⲀⲪⲎ ⲈⲐⲞⲨⲀⲂ
3 ၃ ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
ⲅ̅ⲈⲐⲂⲈ ⲠⲈϤϢⲎⲢⲒ ⲪⲎ ⲈⲦⲀϤϢⲰⲠⲒ ⲈⲂⲞⲖ ϦⲈⲚⲠϪⲢⲞϪ ⲚⲆⲀⲨⲒⲆ ⲔⲀⲦⲀ ⲤⲀⲢⲜ.
4 ၄ ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
ⲇ̅ⲠϢⲎⲢⲒ ⲘⲪⲚⲞⲨϮ ⲈⲦⲐⲎϢ ϦⲈⲚⲞⲨϪⲞⲘ ⲔⲀⲦⲀ ⲞⲨⲠⲚⲈⲨⲘⲀⲈϤⲞⲨⲀⲂ ⲈⲂⲞⲖ ϦⲈⲚⲠⲦⲰⲚϤ ⲚⲚⲒⲢⲈϤⲘⲰⲞⲨⲦ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲠⲈⲚϬⲞⲒⲤ.
5 ၅ ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
ⲉ̅ⲪⲎ ⲈⲦⲀⲚϬⲒ ⲚⲞⲨϨⲘⲞⲦ ⲈⲂⲞⲖ ϨⲒⲦⲞⲦϤ ⲚⲈⲘ ⲞⲨⲘⲈⲦⲀⲠⲞⲤⲦⲞⲖⲞⲤ ⲈⲨⲤⲰⲦⲈⲘ ⲚⲦⲈⲪⲚⲀϨϮ ϦⲈⲚⲚⲒⲈⲐⲚⲞⲤ ⲦⲎⲢⲞⲨ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲠⲈϤⲢⲀⲚ
6 ၆ ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
ⲋ̅ⲚⲎ ⲈⲦⲈⲦⲈⲚⲚϨⲢⲎⲒ ⲚϦⲎⲦⲞⲨ ϨⲰⲦⲈⲚ ⲚⲎ ⲈⲦⲐⲀϨⲈⲘ ⲚⲦⲈⲒⲎⲤⲞⲨⲤ ⲠⲬⲤ
7 ၇ ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။
ⲍ̅ⲚⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲦϢⲞⲠ ϦⲈⲚⲢⲰⲘⲎ ⲚⲒⲘⲈⲚⲢⲀϮ ⲚⲦⲈⲪⲚⲞⲨϮ ⲈⲦⲐⲀϨⲈⲘ ⲈⲐⲞⲨⲀⲂ ⲠϨⲘⲞⲦ ⲚⲰⲦⲈⲚ ⲚⲈⲘ ⲦϨⲒⲢⲎⲚⲎ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲪⲚⲞⲨϮ ⲠⲈⲚⲒⲰⲦ ⲚⲈⲘ ⲠⲈⲚϬⲞⲒⲤ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ.
8 ၈ သင်တို့၏ယုံကြည်ခြင်းအကြောင်းသတင်း သည်ကမ္ဘာတစ်ဝန်းလုံးပျံ့နှံ့လျက်ရှိသဖြင့် ငါသည်သင်တို့အားလုံးအတွက်ယေရှုခရစ် ကိုအမှီပြု၍ဦးစွာပထမဘုရားသခင် ၏ကျေးဇူးတော်ကိုချီးမွမ်း၏။-
ⲏ̅ⲚϢⲞⲢⲠ ⲘⲈⲚ ϮϢⲈⲠϨⲘⲞⲦ ⲚⲦⲈⲠⲀⲚⲞⲨϮ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲒⲎⲤⲞⲨⲤ ⲠⲬⲢⲒⲤⲦⲞⲤ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲐⲎⲚⲞⲨ ⲦⲎⲢⲞⲨ ϪⲈ ⲠⲈⲦⲈⲚⲚⲀϨϮ ⲤⲈϨⲒⲰⲒϢ ⲘⲘⲞϤ ϦⲈⲚⲠⲒⲔⲞⲤⲘⲞⲤ ⲦⲎⲢϤ.
9 ၉ သားတော်အကြောင်းသတင်းကောင်းကို ကြေညာခြင်းအားဖြင့် ငါသည်ဘုရားသခင် ၏အမှုတော်ကိုစိတ်နှလုံးအကြွင်းမဲ့ထမ်း ဆောင်လျက်ရှိ၏။ ငါသည်ဆုတောင်းပတ္ထနာ ပြုသည့်အခါတိုင်း သင်တို့အားအစဉ်သတိ ရကြောင်းကိုဘုရားသခင်သည်သက်သေ ဖြစ်တော်မူ၏။ ဘုရားသခင်အလိုတော် ရှိပါကမကြာမီသင်တို့ထံသို့ငါလာ နိုင်ရန်လမ်းဖွင့်ပေးတော်မူရန်ဆုတောင်း၏။-
ⲑ̅ⲠⲀⲘⲈⲐⲢⲈ ⲄⲀⲢ ⲠⲈ ⲪⲚⲞⲨϮ ⲪⲎ ⲈϮϢⲈⲘϢⲒ ⲘⲘⲞϤ ϦⲈⲚⲠⲀⲠⲚⲈⲨⲘⲀϦⲈⲚⲠⲒⲈⲨⲀⲄⲄⲈⲖⲒⲞⲚ ⲚⲦⲈⲠⲈϤϢⲎⲢⲒ ϨⲰⲤ ⲚϮⲬⲰ ⲚⲦⲞⲦ ⲀⲚ ⲈⲒⲒⲢⲒ ⲘⲠⲈⲦⲈⲚⲘⲈⲨⲒ
ⲓ̅ⲚⲤⲎⲞⲨ ⲚⲒⲂⲈⲚ ϦⲈⲚⲚⲀⲠⲢⲞⲤⲈⲨⲬⲎ ⲈⲒⲦⲰⲂϨ ϪⲈ ⲀⲢⲎⲞⲨ ⲚⲦⲈⲠⲀⲘⲰⲒⲦ ⲤⲞⲂϮ ϦⲈⲚⲠⲒⲞⲨⲰϢ ⲚⲦⲈⲪⲚⲞⲨϮ ⲈⲒ ϨⲀⲢⲰⲦⲈⲚ.
11 ၁၁ သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။-
ⲓ̅ⲁ̅ϮⲞⲨⲰϢ ⲄⲀⲢ ⲈⲚⲀⲨ ⲈⲢⲰⲦⲈⲚ ϨⲒⲚⲀ ⲚⲦⲀϮ ⲚⲰⲦⲈⲚ ⲚⲞⲨϨⲘⲞⲦ ⲘⲠⲚⲀⲦⲒⲔⲞⲚ ⲈⲠϪⲒⲚⲦⲀϪⲢⲈ ⲐⲎⲚⲞⲨ.
12 ၁၂ တစ်နည်းကားယင်းသို့တွေ့ဆုံမိကြသော အခါသင်တို့နှင့်ငါသည် မိမိတို့အသီး သီး၏ယုံကြည်ခြင်းကိုဝေမျှ၍အပြန် အလှန်အားပေးနိုင်လိမ့်မည်ဖြစ်သည်။
ⲓ̅ⲃ̅ⲈⲦⲈ ⲪⲀⲒ ⲠⲈ ⲈⲈⲢϢⲪⲎⲢ ⲚⲦⲀϪⲢⲞ ⲚϨⲎ ⲦϦⲈⲚ ⲐⲎⲚⲞⲨ ⲈⲂⲞⲖ ϨⲒⲦⲈⲚ ⲠⲒⲚⲀϨϮ ⲪⲎ ⲈⲦϢⲞⲠ ⲚϦⲎⲦⲈⲚ ⲚⲈⲘ ⲚⲈⲚⲈⲢⲎⲞⲨ ⲪⲰⲦⲈⲚ ⲚⲈⲘ ⲪⲰⲒ ϨⲰ.
13 ၁၃ ညီအစ်ကိုတို့၊ ယုဒလူမျိုးမဟုတ်သူလူ မျိုးခြားထံတွင်အမှုတော်ဆောင်ရာ၌ အောင် မြင်ခဲ့သည့်နည်းတူသင်တို့ထံတွင်လည်းအောင် မြင်နိုင်ရန် ငါသည်သင်တို့ထံသို့လာရန်အဖန်ဖန် ကြံစည်ခဲ့၏။ သို့သော်လည်းအကြောင်းမညီ ညွတ်သဖြင့်မလာဖြစ်ခဲ့ကြောင်းကိုသင်တို့ အားသိစေလို၏။-
ⲓ̅ⲅ̅ϮⲞⲨⲈϢ ⲐⲎⲚⲞⲨ ⲆⲈ ⲀⲚ ⲈⲢⲈⲦⲈⲚⲞⲒ ⲚⲀⲦⲈⲘⲒ ⲚⲀⲤⲚⲎⲞⲨ ϪⲈ ⲒⲤ ⲞⲨⲘⲎϢ ⲚⲤⲞⲠ ϮⲤⲞⲂϮ ⲘⲘⲞⲒ ⲈⲒ ϨⲀⲢⲰⲦⲈⲚ ⲞⲨⲞϨ ⲀⲨⲦⲀϨⲚⲞ ⲘⲘⲞⲒ ϢⲀ ⲈϦⲞⲨⲚ ⲈϮⲚⲞⲨ ϨⲒⲚⲀ ⲚⲦⲀϬⲒ ⲚⲞⲨⲞⲨⲦⲀϨ ϦⲈⲚⲐⲎⲚⲞⲨ ϨⲰⲦⲈⲚ ⲔⲀⲦⲀ ⲪⲢⲎϮ ⲘⲠⲤⲰϪⲠ ⲚⲚⲒⲔⲈⲈⲐⲚⲞⲤ.
14 ၁၄ လူယဉ်၊ လူရိုင်း၊ ပညာရှိ၊ ပညာမဲ့၊ ရှိရှိသမျှ သောသူတို့အတွက်ငါ့မှာတာဝန်ရှိသဖြင့်၊-
ⲓ̅ⲇ̅ⲚⲒⲞⲨⲈⲒⲚⲒⲚ ⲚⲈⲘ ⲚⲒⲂⲀⲢⲂⲀⲢⲞⲤ ⲚⲒⲤⲀⲂⲈⲨ ⲚⲈⲘ ⲚⲒⲀⲦϨⲎⲦ ⲞⲨⲞⲚ ⲈⲢⲞⲒ
15 ၁၅ သတင်းကောင်းကိုရောမမြို့ရှိသင်တို့အား လည်းကြေညာရန် ငါသည်စိတ်အားထက် သန်လျက်ရှိ၏။
ⲓ̅ⲉ̅ⲠⲀⲒⲢⲎϮ ⲠⲈ ⲠⲀⲢⲰⲞⲨⲦϤ ⲈⲦϢⲞⲠ ⲘⲘⲞⲒ ⲈϨⲒϢⲈⲚⲚⲞⲨϤⲒ ⲚⲰⲦⲈⲚ ϨⲰⲦⲈⲚ ϦⲀ ⲚⲎ ⲈⲦϢⲞⲠ ϦⲈⲚⲢⲰⲘⲎ.
16 ၁၆ ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။-
ⲓ̅ⲋ̅ϮϢⲒⲠⲒ ⲄⲀⲢ ⲀⲚ ϦⲈⲚⲠⲒⲈⲨⲀⲄⲄⲈⲖⲒⲞⲚ ⲞⲨϪⲞⲘ ⲄⲀⲢ ⲚⲦⲈⲪⲚⲞⲨϮ ⲠⲈ ⲈⲨⲚⲞϨⲈⲘ ⲚⲞⲨⲞⲚ ⲚⲒⲂⲈⲚ ⲈⲐⲚⲀϨϮ ⲠⲒⲒⲞⲨⲆⲀⲒ ⲚϢⲞⲢⲠ ⲚⲈⲘ ⲠⲒⲞⲨⲈⲒⲚⲒⲚ.
17 ၁၇ ဘုရားသခင်သည်လူတို့အားအဘယ်သို့ သောနည်းဖြင့် မိမိနှင့်မှန်ကန်စွာဆက်ဆံစေ တော်မူသည်ကိုသတင်းကောင်းကပေါ်လွင် ထင်ရှားစေ၏။ ထိုနည်းမှာအစမှအဆုံး တိုင်အောင်ယုံကြည်ခြင်းအပေါ်တွင်အခြေ ခံသည့်နည်းဖြစ်၏။ ထို့ကြောင့်ကျမ်းစာတွင် ``ယုံကြည်ခြင်းအားဖြင့်ဘုရားသခင်နှင့် မှန်ကန်စွာဆက်ဆံသူသည်အသက်ရှင်လိမ့် မည်'' ဟုလာသတည်း။
ⲓ̅ⲍ̅ⲞⲨⲘⲈⲐⲘⲎⲒ ⲄⲀⲢ ⲚⲦⲈⲪⲚⲞⲨϮ ⲠⲈⲐⲚⲀϬⲰⲢⲠ ⲈⲂⲞⲖ ⲚϦⲎⲦϤ ⲈⲂⲞⲖ ϦⲈⲚⲞⲨⲚⲀϨϮ ⲈⲨⲚⲀϨϮ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲤϦⲎⲞⲨⲦ ϪⲈ ⲠⲒⲐⲘⲎ ⲒϤⲚⲀⲰⲚϦ ⲈⲂⲞⲖ ϦⲈⲚⲪⲚⲀϨϮ.
18 ၁၈ အမှန်တရားကိုလူတို့မသိစေရန်ဆီးတား ပိတ်ပင်သော၊ ဆိုးညစ်မှုကိုပြုကျင့်သောဘုရား မဲ့သူတို့၏အပြစ်နှင့်ဆိုးညစ်မှုအပေါင်းတို့ အပေါ်သို့ ကောင်းကင်မှဘုရားသခင်၏အမျက် တော်သည်သက်ရောက်လျက်ရှိကြောင်းပေါ်လွင် ထင်ရှားလာပြီ။-
ⲓ̅ⲏ̅ⲠⲒϪⲰⲚⲦ ⲄⲀⲢ ⲚⲦⲈⲪⲚⲞⲨϮ ϤⲚⲀϬⲰⲢⲠ ⲈⲂⲞⲖ ϦⲈⲚⲦⲪⲈ ⲈϨⲢⲎⲒ ⲈϪⲈⲚ ⲘⲈⲦⲀⲤⲈⲂⲎⲤ ⲚⲒⲂⲈⲚ ⲚⲈⲘ ⲐⲘⲈⲦϬⲒⲚϪⲞⲚⲤ ⲚⲦⲈⲚⲒⲢⲰⲘⲒ ⲚⲎ ⲈⲦⲀⲘⲞⲚⲒ ⲚϮⲘⲈⲐⲘⲎⲒ ϦⲈⲚϮⲘⲈⲦⲢⲈϤϬⲒⲚϪⲞⲚⲤ
19 ၁၉ ထိုသူတို့အားဘုရားသခင်ကိုယ်တော်တိုင် ရှင်းလင်းစွာဖော်ပြတော်မူသဖြင့် ကိုယ်တော် ၏အကြောင်းနှင့်ပတ်သက်၍သိနိုင်ခွင့်ရှိသမျှ သောအကြောင်းအရာတို့ကိုရှင်းလင်းစွာသိရ ကြ၏။ ဤအကြောင်းကြောင့်ဘုရားသခင် သည်သူတို့အားဒဏ်ခတ်တော်မူခြင်းဖြစ်၏။-
ⲓ̅ⲑ̅ϪⲈ ⲠⲒⲈⲘⲒ ⲚⲦⲈⲪⲚⲞⲨϮ ϤⲞⲨⲰⲚϨ ⲈⲂⲞⲖ ⲚϦⲢⲎⲒ ⲚϦⲎⲦⲞⲨ ⲪⲚⲞⲨϮ ⲄⲀⲢ ⲀϤⲞⲨⲞⲚϨϤ ⲈⲢⲰⲞⲨ.
20 ၂၀ ကမ္ဘာလောကကိုဘုရားသခင်ဖန်ဆင်းတော်မူ ချိန်မှစ၍ လူတို့သည်ကိုယ်တော်၏ထာဝရ တန်ခိုးတော်နှင့် ဘုရားသခင်၏အဖြစ်တော် တည်းဟူသောမျက်မြင်မရသောဂုဏ်အင်္ဂါ များကိုကောင်းစွာသိနားလည်နိုင်လေသည်။ သူတို့သည်ဤသို့သောကိုယ်တော်၏ဂုဏ်အင်္ဂါ လက္ခဏာများကိုမမြင်နိုင်သော်လည်းသိ နိုင်ကြ၏။ ယင်းသို့သိနိုင်ခြင်းမှာသူတို့ သည်ဘုရားသခင်ဖန်ဆင်းတော်မူသောအရာ များကိုတွေ့မြင်နိုင်သောကြောင့်ဖြစ်၏။ ထို့ ကြောင့်ထိုသူတို့မှာမိမိတို့ကူးလွန်သည့် အပြစ်များအတွက်ဆင်ခြေပေးစရာ မရှိတော့ပေ။- (aïdios )
ⲕ̅ⲚⲒⲀⲐⲚⲀⲨ ⲈⲢⲰⲞⲨ ⲚⲦⲀϤ ⲈⲂⲞⲖ ϦⲈⲚⲠⲤⲰⲚⲦ ⲘⲠⲒⲔⲞⲤⲘⲞⲤ ⲚϦⲢⲎⲒ ϦⲈⲚⲚⲈϤⲐⲀⲘⲒⲞ ⲈⲨⲔⲀϮ ⲈⲢⲰⲞⲨ ⲤⲈⲚⲀⲨ ⲈⲢⲰⲞⲨ ⲈⲦⲈ ⲦⲈϤϪⲞⲘ ⲚⲈⲚⲈϨ ⲦⲈ ⲚⲈⲘ ⲦⲈϤⲘⲈⲐⲚⲞⲨϮ ⲈⲠϪⲒⲚⲦⲞⲨϢⲰⲠⲒ ⲚⲀⲦⲖⲰⲒϪⲒ ⲚⲀⲦⲈⲢⲞⲨⲰ. (aïdios )
21 ၂၁ သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
ⲕ̅ⲁ̅ϪⲈ ⲈⲦⲀⲨⲤⲞⲨⲈⲚ ⲪⲚⲞⲨϮ ⲘⲠⲞⲨϮⲰⲞⲨ ⲚⲀϤ ϨⲰⲤ ⲚⲞⲨϮ ⲞⲨⲆⲈ ⲘⲠⲞⲨϢⲈⲠϨⲘⲞⲦ ⲚⲦⲞⲦϤ ⲀⲖⲖⲀ ⲀⲨⲈⲢⲈⲪⲖⲎⲞⲨ ϦⲈⲚⲚⲞⲨⲘⲞⲔⲘⲈⲔ ⲞⲨⲞϨ ⲀϤⲈⲢⲬⲀⲔⲒ ⲚϪⲈⲠⲞⲨⲀⲦⲔⲀϮ ⲚϨⲎⲦ.
22 ၂၂ သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
ⲕ̅ⲃ̅ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ϨⲀⲚⲤⲀⲂⲈⲨ ⲚⲈⲀⲨⲈⲢⲤⲞϪ.
23 ၂၃ သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။
ⲕ̅ⲅ̅ⲞⲨⲞϨ ⲀⲨϢⲈⲂⲒⲈ ⲠⲒⲰⲞⲨ ⲚⲦⲈⲪⲚⲞⲨϮ ⲈⲦⲈ ⲘⲠⲈϤⲦⲀⲔⲞ ϦⲈⲚⲞⲨⲒⲚⲒ ⲚⲦⲈⲞⲨϨⲒⲔⲰⲚ ⲚⲢⲰⲘⲒ ⲈϢⲀϤⲦⲀⲔⲞ ⲚⲈⲘ ϨⲀⲚϨⲀⲖⲀϮ ⲚⲈⲘ ϨⲀⲚⲦⲈⲂⲚⲰⲞⲨⲒ ⲚⲈⲘ ϨⲀⲚϬⲀⲦϤⲒ.
24 ၂၄ ထိုအကြောင်းကြောင့်ဘုရားသခင်သည်ထိုသူ တို့အား မိမိတို့၏ကိလေသာစိတ်ဆွဲဆောင်ရာ သို့လိုက်ပါစေရန်လည်းကောင်း၊ အချင်းချင်း အားကိုယ်ခန္ဓာအသရေပျက်စေရန်လည်း ကောင်းစွန့်ပစ်၍ထားတော်မူ၏။-
ⲕ̅ⲇ̅ⲈⲐⲂⲈ ⲪⲀⲒ ⲀϤⲦⲎⲒⲦⲞⲨ ⲚϪⲈⲪⲚⲞⲨϮ ⲈϦⲢⲎⲒ ϦⲈⲚⲚⲒⲈⲠⲒⲐⲨⲘⲒⲀ ⲚⲦⲈⲠⲞⲨϨⲎⲦ ⲈⲠϬⲰϦⲈⲘ ⲈⲠϪⲒⲚⲐⲢⲞⲨϢⲰϢ ⲚϪⲈⲚⲞⲨⲤⲰⲘⲀ ⲚϦⲢⲎ ⲒⲚϦⲎⲦⲞⲨ.
25 ၂၅ သူတို့သည်ဘုရားသခင်၏တရားမှန်ကို အမှားနှင့်လဲလှယ်ကြ၏။ ဖန်ဆင်းတော်မူ သောအရှင်အစားအဖန်ဆင်းခံအရာကို ကိုးကွယ်ဝတ်ပြုကြ၏။ ဖန်ဆင်းတော်မူသော အရှင်၏ဂုဏ်တော်ကိုထာဝစဉ်ချီးမွမ်း ထောမနာပြုကြစေသတည်း။ အာမင်။ (aiōn )
ⲕ̅ⲉ̅ⲚⲎ ⲈⲦⲀⲨϢⲒⲂϮ ⲚϮⲘⲈⲐⲘⲎⲒ ⲚⲦⲈⲪⲚⲞⲨϮ ϦⲈⲚϮⲘⲈⲐⲚⲞⲨϪ ⲞⲨⲞϨ ⲀⲨⲞⲨⲰϢⲦ ⲞⲨⲞϨ ⲀⲨϢⲈⲘϢⲒ ⲘⲠⲒⲤⲰⲚⲦ ⲠⲀⲢⲀ ⲪⲎ ⲈⲦⲀϤⲤⲰⲚⲦ ⲈⲦⲈ ⲪⲀⲒ ⲠⲈ ⲪⲎ ⲈⲦⲤⲘⲀⲢⲰⲞⲨⲦ ϢⲀ ⲚⲒⲈⲚⲈϨ ⲀⲘⲎⲚ. (aiōn )
26 ၂၆ သို့ဖြစ်၍ဘုရားသခင်သည်သူတို့အားရှက် ဖွယ်ကောင်းသည့် ကိလေသာလက်သို့အပ်လိုက် တော်မူ၏။ မိန်းမတို့ပင်လျှင်ဋ္ဌမ္မတာထုံးစံ အစားဆန့်ကျင်သောထုံးစံကိုကျင့်ကြ၏။-
ⲕ̅ⲋ̅ⲈⲐⲂⲈ ⲪⲀⲒ ⲀϤⲦⲎⲒⲦⲞⲨ ⲚϪⲈⲪⲚⲞⲨϮ ⲈϦⲢⲎ ⲒⲈϨⲀⲚⲠⲀⲐⲞⲤ ⲚϢⲰϢ ⲚⲞⲨϨⲒⲞⲘⲒ ⲄⲀⲢ ⲀⲨϢⲈⲂⲒⲈ ⲦⲞⲨⲪⲨⲤⲒⲔⲎ ⲚⲬⲢⲎⲤⲒⲤ ⲈϦⲢⲎⲒ ⲈⲨⲠⲀⲢⲀ ⲪⲨⲤⲒⲤ.
27 ၂၇ ထိုနည်းတူစွာယောကျာ်းတို့သည်လည်း မိန်းမ များနှင့်ဋ္ဌမ္မတာထုံးစံအတိုင်းဆက်ဆံမှုကို မပြုဘဲ ယောကျာ်းအချင်းချင်းရာဂမီးတောက် လောင်လျက်ရှိကြ၏။ ယောကျာ်းတို့သည်အချင်း ချင်းအားရှက်ကြောက်ဖွယ်သောအမှုတို့ကိုပြု ကြသဖြင့် မိမိတို့ဆိုးညစ်သောအကျင့် အတွက်ထိုက်သင့်သည့်အပြစ်ဒဏ်ကိုခံရ ကြ၏။
ⲕ̅ⲍ̅ⲠⲀⲒⲢⲎϮ ⲞⲚ ⲚⲒⲔⲈϨⲰⲞⲨⲦ ⲀⲨⲬⲰ ⲚⲤⲰⲞⲨ ⲚϮⲪⲨⲤⲒⲔⲎ ⲚⲬⲢⲎⲤⲒⲤ ⲚⲦⲈϮⲤϨⲒⲘⲒ ⲀⲨⲢⲰⲔϨ ϦⲈⲚⲠⲞⲨⲞⲨⲰϢ ⲈⲚⲞⲨⲈⲢⲎⲞⲨ ϨⲀⲚϨⲰⲞⲨⲦ ϦⲈⲚϨⲀⲚϨⲰⲞⲨⲦ ⲈⲨⲈⲢϨⲰⲂ ⲈⲠϢⲒⲠⲒ ⲈⲨⲈϬⲒ ⲈⲠϢⲈⲂⲒⲈ ⲂⲈⲬⲈ ⲈⲦⲤϢⲈ ⲚⲦⲈⲦⲞⲨⲠⲖⲀⲚⲎ ⲚϦⲢⲎⲒ ⲚϦⲎⲦⲞⲨ ⲘⲘⲒⲚ ⲘⲘⲰⲞⲨ.
28 ၂၈ ထိုသူတို့သည်ဘုရားကိုဘုရားဟူ၍ မအောက်မေ့ကြသဖြင့် ဘုရားသခင်သည် သူတို့အားစွန့်ပစ်တော်မူသောကြောင့် သူတို့ သည်မှန်ကန်စွာစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိ တော့ဘဲမပြုကျင့်သင့်သောအရာများကို ပြုကျင့်ကြကုန်၏။-
ⲕ̅ⲏ̅ⲞⲨⲞϨ ⲔⲀⲦⲀ ⲪⲢⲎϮ ⲈⲦⲈ ⲘⲠⲞⲨⲈⲢⲆⲞⲔⲒⲘⲀⲌⲒⲚ ⲈⲬⲀ ⲪⲚⲞⲨϮ ⲚⲦⲞⲦⲞⲨ ϦⲈⲚⲞⲨⲈⲘⲒ ⲀϤⲦⲎⲒⲦⲞⲨ ⲚϪⲈⲪⲚⲞⲨϮ ⲈϦⲢⲎⲒ ⲈⲞⲨϨⲎⲦ ⲚⲀⲆⲞⲔⲒⲘⲞⲤ ⲈⲐⲢⲞⲨⲒⲢⲒ ⲚⲚⲎ ⲈⲦⲤϢⲈ ⲚⲀⲒⲦⲞⲨ ⲀⲚ.
29 ၂၉ သူတို့သည်အမျိုးမျိုးသောဆိုးယုတ်မိုက်မဲ ခြင်း၊ ညစ်ညမ်းခြင်း၊ လောဘတပ်မက်ခြင်း၊ အကျင့်ပျက်ခြင်း၊ မနာလိုခြင်း၊ သူ့အသက် ကိုသတ်ခြင်း၊ ရန်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ ရန် ငြိုးဖွဲ့ခြင်းစသည့်အပြစ်များကိုကူးလွန် ကြ၏။ သူတို့သည်ကုန်းချောပြောဆိုကြ၏။-
ⲕ̅ⲑ̅ⲈⲨⲘⲈϨ ⲚⲀⲆⲒⲔⲒⲀ ⲚⲒⲂⲈⲚ ⲚⲈⲘ ⲔⲀⲔⲒⲀ ⲚⲈⲘ ⲠⲞⲚⲎⲢⲒⲀ ⲚⲈⲘ ⲘⲈⲦϬⲒⲚϪⲞⲚⲤ ⲈⲨⲘⲈϨ ⲚⲪⲐⲞⲚⲞⲤ ϨⲒ ϦⲰⲦⲈⲂ ⲚⲈⲘ ϢϬⲚⲎⲚ ⲚⲈⲘ ⲬⲢⲞϤ ⲚⲈⲘ ⲘⲈⲨⲒ ⲈϤϨⲰⲞⲨ.
30 ၃၀ သူတစ်ပါး၏အသရေကိုဖျက်ကြ၏။ ဘုရား သခင်ကိုမုန်းသူ၊ စော်ကားသူ၊ မာန်မာနထောင် လွှားလျက်ကြွားဝါသူများဖြစ်ကြ၏။ မကောင်း မှုအမျိုးမျိုးကိုတီထွင်ကြံစည်တတ်ကြ၏။ မိမိတို့မိဘများ၏စကားကိုနားမထောင် ကြ။-
ⲗ̅ⲈⲨⲞⲒ ⲚⲢⲈϤⲬⲀⲤⲔⲈⲤ ⲚⲢⲈϤⲈⲢⲔⲀⲦⲀⲖⲀⲖⲒⲚ ⲘⲘⲀⲤⲦⲈ ⲚⲞⲨϮ ⲚⲢⲈϤϮϢⲰϢ ⲚϬⲀⲤⲒϨⲎⲦ ⲚⲢⲈϤϨⲒⲠϨⲞ ⲚⲢⲈϤϪⲒⲘⲒ ⲚⲚⲒⲠⲈⲦϨⲰⲞⲨ ⲚⲀⲦⲤⲰⲦⲈⲘ ⲚⲤⲀⲚⲞⲨⲒⲞϮ.
31 ၃၁ သြတ္တပ္ပစိတ်မရှိကြ။ ကတိမတည်ကြ။ ကြင်နာသနားတတ်သည့်စိတ်လည်းမရှိ။-
ⲗ̅ⲁ̅ⲚⲀⲦⲔⲀϮ ⲚⲀⲦϮⲘⲀϮ ⲚⲀⲦϢⲈⲚϨⲎⲦ ⲚⲀⲦⲚⲀⲒ
32 ၃၂ ဤသို့သောအကျင့်ရှိသူတို့သည်သေဒဏ်ခံ ထိုက်သည်ဟု ဘုရားသခင်ပြဋ္ဌာန်းချက်ကိုထို သူတို့သိလျက်ပင် မိမိတို့ကိုယ်တိုင်ဤအမှု များကိုဆက်လက်၍ပြုကျင့်ကြသည်သာ မက၊ ဤသို့ပြုကျင့်ကြသူများကိုလည်း အားပေးအားမြှောက်ပြုကြသည်တကား။
ⲗ̅ⲃ̅ⲚⲎ ⲈⲦⲤⲰⲞⲨⲚ ⲚϮⲘⲈⲐⲘⲎⲒ ⲚⲦⲈⲪⲚⲞⲨϮ ϪⲈ ⲚⲎ ⲈⲦⲒⲢⲒ ⲚⲚⲀⲒ ⲘⲠⲀⲒⲢⲎϮ ⲤⲈⲘⲠϢⲀ ⲘⲪⲘⲞⲨ ⲞⲨ ⲘⲞⲚⲞⲚ ϪⲈ ⲤⲈⲒⲢⲒ ⲘⲘⲰⲞⲨ ⲀⲖⲖⲀ ⲤⲈϮⲘⲀϮ ⲞⲚ ⲚⲈⲘ ⲚⲎ ⲈⲦⲒⲢⲒ ⲘⲘⲰⲞⲨ.