< ဗျာဒိတ်ကျမ်း 9 >

1 ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။- (Abyssos g12)
Et le cinquième ange sonna de la trompette, et je vis une étoile qui était tombée du ciel sur la terre; et la clef du puits de l'abîme fut donnée à cet ange. (Abyssos g12)
2 သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။- (Abyssos g12)
Et il ouvrit le puits de l'abîme, et il monta du puits une fumée, comme la fumée d'une grande fournaise; et le soleil et l'air furent obscurcis par la fumée du puits; (Abyssos g12)
3 ထို​မီး​ခိုး​ထဲ​မှ​ကျိုင်း​ကောင်​များ​ထွက်​လာ​ပြီး လျှင် ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​ကျ​ကုန်​၏။ သူ​တို့ မှာ​ကင်း​မြီး​ကောက်​များ​ကဲ့​သို့​တန်​ခိုး​ရှိ ကြ​၏။-
Et de cette fumée, des sauterelles se répandirent sur la terre; et on leur donna un pouvoir semblable au pouvoir qu'ont les scorpions de la terre.
4 သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-
Et il leur fut dit de ne faire aucun mal à l'herbe de la terre, ni à aucune verdure, ni à aucun arbre; mais seulement aux hommes qui n'ont pas le sceau de Dieu sur leurs fronts.
5 ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-
Et il leur fut donné, non de les tuer, mais de les torturer durant cinq mois, et leur torture était pareille à celle que cause le scorpion quand il pique l'homme.
6 ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။
En ces jours-là, les hommes chercheront la mort, et ne la trouveront point; ils désireront de mourir, et la mort les fuira.
7 ထို​ကျိုင်း​ကောင်​တို့​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင် လျက်​နေ​သော​မြင်း​များ​နှင့်​တူ​ကြ​၏။ သူ​တို့​၏ ဦး​ခေါင်း​ပေါ်​မှာ​ရွှေ​သ​ရ​ဖူ​ဆောင်း​ထား​သည် နှင့်​တူ​၏။ သူ​တို့​၏​မျက်​နှာ​သည်​လူ​မျက်​နှာ နှင့်​တူ​၏။-
Ces sauterelles ressemblaient à des chevaux préparés pour le combat; il y avait sur leurs têtes comme des couronnes semblables à de l'or; et leurs visages étaient comme des visages d'hommes.
8 သူ​တို့​သည်​အ​မျိုး​သ​မီး​များ​၏​ဆံ​ပင်​နှင့်​တူ သော​ခေါင်း​မွေး​များ​ရှိ​၏။ သူ​တို့​၏​သွား​သည် ခြင်္သေ့​သွား​နှင့်​တူ​၏။-
Elles avaient des cheveux comme des cheveux de femmes, et leurs dents étaient comme des dents de lions.
9 သူ​တို့​၏​ရင်​အုပ်​တွင်​သံ​ရင်​အုပ်​တန်​ဆာ​တပ် ဆင်​ထား​သည်​နှင့်​တူ​၏။ သူ​တို့​၏​အ​တောင်​ခပ် သံ​သည်​စစ်​ပွဲ​ဝင်​ရန်​မောင်း​နှင်​လာ​သော​မြင်း ရ​ထား​များ​၏​အ​သံ​နှင့်​တူ​၏။-
Elles avaient des cuirasses comme des cuirasses de fer; et le bruit de leurs ailes était semblable au bruit de chariots à plusieurs chevaux qui courent au combat.
10 ၁၀ သူ​တို့​၏​အ​မြီး​သည်​ကင်း​မြီး​ကောက်​၏​အ​မြီး နှင့်​တူ​၍​ဆူး​ရှိ​၏။ သူ​တို့​အ​မြီး​တွင်​လူ​တို့​အား ငါး​လ​တိုင်​တိုင်​ဘေး​ဥ​ပဒ်​ရောက်​စေ​နိုင်​သော တန်​ခိုး​ရှိ​၏။
Elles avaient des queues semblables à celles des scorpions, et à leurs queues un aiguillon; et leur pouvoir était de nuire aux hommes pendant cinq mois.
11 ၁၁ သူ​တို့​၏​ဘု​ရင်​ကား​တွင်း​နက်​ကြီး​၏​ကောင်း​ကင် တ​မန်​ဖြစ်​၏။ သူ​၏​နာ​မည်​မှာ​ဟေ​ဗြဲ​ဘာ​သာ စ​ကား​အား​ဖြင့် အ​ဗ​န္ဒုန်​ဟူ​၍​လည်း​ကောင်း၊ ဂ​ရိ​ဘာ​သာ​အား​ဖြင့်​အ​ပေါ​လျုန်​ဟူ​၍​လည်း ကောင်း​ဖြစ်​၏။ (အ​ပေါ​လျုန်​၏​အ​နက်​မှာ``ဖျက် ဆီး​သူ'' ဟူ​၍​ဖြစ်​သ​တည်း။) (Abyssos g12)
Et elles avaient au-dessus d'elles un roi, l'ange de l'abîme, appelé en hébreu Abaddon, et dont le nom en grec est Apollyon (Exterminateur). (Abyssos g12)
12 ၁၂ အမင်္ဂ​လာ​တစ်​ပါး​ကုန်​လွန်​သွား​လေ​ပြီ။ ထို​နောက် မှ​အမင်္ဂ​လာ​နှစ်​ပါး​လာ​ဦး​မည်။
Le premier malheur passé, voici il vient encore deux autres malheurs après celui-là.
13 ၁၃ ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ရှေ့​တော်​၌ ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​၏​ထောင့်​လေး​ထောင့်​မှ​ထွက် လာ​သော​အ​သံ​ကို​ငါ​ကြား​ရ​၏။-
Et le sixième ange sonna de la trompette; et j'entendis une voix, qui venait des quatre cornes de l'autel d'or, qui est devant Dieu,
14 ၁၄ ထို​အ​သံ​က​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​အား``ဥ ဖ​ရတ်​မြစ်​ကြီး​အ​နီး​မှာ​ချည်​နှောင်​ထား​သော ကောင်း​ကင်​တ​မန်​လေး​ပါး​ကို​ဖြေ​လွှတ်​လော့'' ဟု​ဆို​၏။-
Disant au sixième ange qui avait la trompette: Délie les quatre anges qui sont liés sur le grand fleuve de l'Euphrate.
15 ၁၅ ထို​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည်​အ​နှောင် အ​ဖွဲ့​မှ​လွတ်​မြောက်​၍​သွား​ကြ​၏။ သူ​တို့​သည် ဤ​မည်​သော​နှစ်၊ လ၊ နေ့​ရက်၊ အ​ချိန်​နာ​ရီ​၌​ကမ္ဘာ ၏​လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​ကို​သုတ်​သင်​ပစ်​ရန် အ​တွက်​အ​သင့်​ရှိ​နေ​သူ​များ​ဖြစ်​ကြ​၏။-
Aussitôt furent déliés les quatre anges qui étaient prêts pour l'heure, le jour, le mois, et l'année, afin de tuer la troisième partie des hommes.
16 ၁၆ မြင်း​စီး​သူ​ရဲ​များ​၏​အ​ရေ​အ​တွက်​မှာ​ကု​ဋေ နှစ်​ဆယ်​ရှိ​ကြောင်း​ကို​ငါ​ကြား​သိ​ရ​၏။-
Et le nombre des cavaliers de cette armée s'élevait à deux cent millions; car j'en entendis le nombre.
17 ၁၇ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​၌​မြင်း​စီး​သူ​ရဲ​များ​သည်​ကန့် ရောင်၊ အ​ပြာ​ရောင်၊ မီး​လျှံ​ရောင်​ရှိ​သော​ရင်​အုပ် တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​ကြ​သည်​ကို​ငါ မြင်​ရ​၏။ မြင်း​တို့​၏​ဦး​ခေါင်း​များ​သည်​ခြင်္သေ့ ဦး​ခေါင်း​များ​နှင့်​တူ​၏။ သူ​တို့​၏​ခံ​တွင်း​မှ​မီး လျှံ၊ မီး​ခိုး၊ ကန့်​များ​ထွက်​လာ​၏။-
Or je vis ainsi les chevaux dans la vision; ceux qui étaient assis dessus, avaient des cuirasses de couleur de feu, et d'hyacinthe, et de soufre; les têtes des chevaux étaient comme des têtes de lions, et de leurs bouches il sortait du feu, de la fumée, et du soufre.
18 ၁၈ ယင်း​သို့​ခံ​တွင်း​မှ​ထွက်​သည့်​မီး​လျှံ၊ မီး​ခိုး၊ ကန့်​တည်း​ဟူ​သော​ဘေး​သုံး​ပါး​ကြောင့်​ကမ္ဘာ လူ​ဦး​ရေ​သုံး​ပုံ​တစ်​ပုံ​သေ​ကြ​ကုန်​၏။-
La troisième partie des hommes fut tuée par ces trois choses, par le feu, par la fumée, et par le soufre, qui sortaient de leur bouche.
19 ၁၉ မြင်း​တို့​၏​တန်​ခိုး​စွမ်း​ရည်​သည်​သူ​တို့​၏​ခံ​တွင်း နှင့်​အ​မြီး​တွင်​ရှိ​၏။ သူ​တို့​၏​အ​မြီး​များ​သည် မြွေ​များ​နှင့်​တူ​၏။ ထို​အ​မြီး​များ​တွင်​ဦး​ခေါင်း များ​ပေါက်​လျက်​ယင်း​အ​မြီး​များ​ဖြင့်​လူ​တို့ အား​အန္တ​ရာယ်​ပြု​ကြ​၏။
Car leur pouvoir était dans leurs bouches et dans leurs queues, et leurs queues, semblables à des serpents, avaient des têtes; et par celles-ci elles faisaient du mal.
20 ၂၀ ဤ​ဘေး​ဒဏ်​ဖြင့်​မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သူ​တို့ သည်​နောင်​တ​မ​ရ​ကြ။ မိ​မိ​တို့​လက်​ဖြင့်​ပြု​လုပ် သည့်​ဘု​ရား​များ​ကို​မ​စွန့်​လွှတ်​ကြ။ နတ်​မိစ္ဆာ များ​ကို​လည်း​ကောင်း၊ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ မ​လှုပ်​မ​ရှား​နိုင်​သော​ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ် သား​စ​သည်​ဖြင့်​ပြီး​သော​ရုပ်​တု​များ​ကို​လည်း ကောင်း​ကိုး​ကွယ်​လျက်​ပင်​ရှိ​နေ​ကြ​သေး​၏။-
Et le reste des hommes qui ne furent pas tués par ces plaies, ne se repentirent point des œuvres de leurs mains, pour cesser d'adorer les démons, et les idoles d'or, d'argent, d'airain, de pierre, et de bois, qui ne peuvent ni voir, ni entendre, ni marcher.
21 ၂၁ လူ​အ​သက်​ကို​သတ်​ခြင်း၊ စုန်း​နတ်​ပြု​စား​ခြင်း၊ ကာ​မ​ဂုဏ်​လိုက်​စား​ခြင်း၊ သူ့​ဥစ္စာ​ခိုး​ခြင်း အ​ပြစ်​များ​အ​တွက်​လည်း​နောင်​တ​မ​ရ​ကြ။
Ils ne se repentirent pas de leurs meurtres, ni de leurs enchantements, ni de leurs impudicités, ni de leurs rapines.

< ဗျာဒိတ်ကျမ်း 9 >