< ဗျာဒိတ်ကျမ်း 8 >

1 သတ္တမ​ချိပ်​တံ​ဆိပ်​ကို​သိုး​သူ​ငယ်​တော်​ဖွင့် လိုက်​သော​အ​ခါ ကောင်း​ကင်​ဘုံ​တွင်​နာ​ရီ ဝက်​ခန့်​ဆိတ်​ငြိမ်​၍​သွား​၏။-
And when He opened the seventh seal there was a stillness in heaven for about half an hour.
2 ထို​နောက်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ် လျက်​နေ​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး ကို​ငါ​မြင်​ရ​၏။ သူ​တို့​အား​တံ​ပိုး​ခ​ရာ ခု​နစ်​ခု​ကို​ပေး​အပ်​၏။
And I saw the seven angels who stood before God, and seven trumpets were given to them.
3 ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​ပလ္လင်​တော်​အ​နား​သို့​လာ​၍​ရပ်​၏။ သူ သည်​ရွှေ​လင်​ပန်း​ကို​ကိုင်​ထား​၏။ ပလ္လင်​တော် ရှေ့​၌​ရှိ​သော​ရွှေ​ယဇ်​ပလ္လင်​ပေါ်​မှာ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​အ​ပေါင်း​တို့​၏​ဆု တောင်း​ပတ္ထ​နာ​များ​နှင့်​အ​တူ ပူ​ဇော်​မီး​ရှို့ ရန်​များ​စွာ​သော​နံ့​သာ​ပေါင်း​ကို​သူ့​အား ပေး​အပ်​ထား​သည်။-
And another angel came and stood at the altar, having a golden censer. He was given lots of incense so that he could offer it with the prayers of all the saints upon the golden altar that is before the throne.
4 နံ့​သာ​ပေါင်း​မှ​ထွက်​လာ​သော​မီး​ခိုး​သည် ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ရပ်​နေ​သော ကောင်း​ကင်​တ​မန်​၏​လက်​မှ ဘု​ရား​သ​ခင် ၏​လူ​စု​တော်​ဝင်​တို့​ဆု​တောင်း​ပတ္ထနာ​များ နှင့်​အ​တူ​အ​ထက်​သို့​တက်​လေ​၏။-
And the smoke of the incense with the prayers of the saints went up before God out of the angel's hand.
5 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​လင်​ပန်း​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​က​မီး​ကို​ထည့်​၍​ကမ္ဘာ မြေ​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​အ​ခါ​မိုး​ကြိုး ထစ်​ချုန်း​ခြင်း၊ အ​သံ​မြည်​ခြင်း၊ လျှပ်​ပြက် ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း​တို့​ဖြစ်​ပေါ်​လာ လေ​သည်။
Then the angel took the censer, filled it with fire from the altar, and threw it at the earth. And there were noises and thunders and lightnings and an earthquake.
6 ထို​နောက်​တံ​ပိုး​ခ​ရာ​ခု​နစ်​ခု​ကို​ကိုင်​ထား သည့်​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။-
And the seven angels who had the seven trumpets prepared themselves to trumpet.
7 ပ​ထ​မ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​ကို မှုတ်​လိုက်​သော​အ​ခါ​သွေး​နှင့်​ရော​နှော​နေ သော​မီး​နှင့်​မိုး​သီး​တို့​သည်​မြေ​ပေါ်​သို့ ကျ​ကုန်​၏။ ကမ္ဘာ​မြေ​ကြီး​၏​သုံး​ပုံ​တစ်​ပုံ၊ သုံး​ပုံ​တစ်​ပုံ​သော​သစ်​ပင်၊ စိမ်း​စို​သော​မြက် ရှိ​သ​မျှ​တို့​သည်​လောင်​ကျွမ်း​လေ​၏။
So the first one trumpeted, and there appeared hail and fire mixed with blood, and it [the mixture] was thrown at the earth, and a third of the earth was burned up; that is, a third of the trees was burned up and all green grass was burned up.
8 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ မီး​လျှံ​ထ​နေ​သော တောင်​ကြီး​ခန့်​ကြီး​မား​သော​မီး​လုံး​ကြီး ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​လိုက်​သ​ကဲ့​သို့ ဖြစ်​ပြီး​လျှင် ပင်​လယ်​ရေ​သုံး​ပုံ​တစ်​ပုံ သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
So the second angel trumpeted, and something like a great burning mountain was thrown into the sea, and a third of the sea became blood.
9 ပင်​လယ်​သတ္တဝါ​သုံး​ပုံ​တစ်​ပုံ​တို့​သည်​သေ ကြ​၏။ သုံး​ပုံ​တစ်​ပုံ​မျှ​သော​င်္သဘော​တို့ သည်​လည်း​ပျက်​စီး​သွား​ကြ​၏။
And a third of the creatures with souls in the sea died. And a third of the ships were destroyed.
10 ၁၀ တ​တိ​ယ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​သော​အ​ခါ ကြယ်​ကြီး​တစ်​လုံး​သည်​မီး လျှံ​ထ​နေ​သော​မီး​ရှူး​တိုင်​ကဲ့​သို့ ကောင်း​ကင် မှ​မြစ်​များ​သုံး​ပုံ​တစ်​ပုံ​နှင့်​စမ်း​ပေါက်​များ အ​ပေါ်​သို့​ကျ​လေ​၏။-
So the third angel trumpeted, and a great star fell out of the sky, burning like a torch, and it fell upon a third of the rivers, and on the springs of waters.
11 ၁၁ (ယင်း​ကြယ်​ကို``ခါး​ခြင်း'' ဟု​ခေါ်​၏) သုံး​ပုံ​တစ် ပုံ​သော​ရေ​တို့​သည်​ရေ​ခါး​အ​ဖြစ်​သို့​ပြောင်း လဲ​သွား​ကြ​၏။ များ​စွာ​သော​လူ​တို့​သည်​ထို ရေ​ခါး​ကို​သောက်​သ​ဖြင့်​သေ​ကြ​ကုန်​၏။
The name of the star is called Wormwood; so a third of the waters were turned into wormwood, and many people died from the waters because they were made bitter.
12 ၁၂ စတုတ္ထ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ​မှုတ်​လိုက် သော​အ​ခါ​နေ​၏​သုံး​ပုံ​တစ်​ပုံ၊ လ​၏​သုံး​ပုံ တစ်​ပုံ၊ ကြယ်​တာ​ရာ​များ​၏​သုံး​ပုံ​တစ်​ပုံ​တို့ သည်​ကပ်​သင့်​ကြ​သ​ဖြင့်​၎င်း​တို့​၏​အ​လင်း​သည် သုံး​ပုံ​တစ်​ပုံ​လျော့​နည်း​သွား​လေ​၏။ နေ့​၏​သုံး ပုံ​တစ်​ပုံ၊ ည​၏​သုံး​ပုံ​တစ်​ပုံ​သည်​အ​လင်း မ​ရ​ကြ။
So the fourth angel trumpeted, and a third of the sun was struck, and a third of the moon, and a third of the stars, so that a third of them was darkened; so a third of the day did not shine, and the night likewise.
13 ၁၃ ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ကောင်း​ကင် အ​လယ်​တွင် ပျံ​ဝဲ​လျက်​နေ​သော​လင်း​ယုန်​ငှက် တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​ငှက်​က``အ​ခြား​ကောင်း ကင်​တ​မန်​သုံး​ပါး​မှုတ်​ကြ​မည့်​တံ​ပိုး​ခ​ရာ​သံ သုံး​ချက်​ကြောင့်​ကမ္ဘာ​မြေ​ပေါ်​ရှိ​သတ္တ​ဝါ​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ လိမ့်​မည်။ အ​မင်္ဂ​လာ​ရှိ​ကြ​လိမ့်​မည်'' ဟု​အ​သံ ကျယ်​စွာ​ပြော​ဆို​နေ​သည်​ကို​ငါ​ကြား​ရ​၏။
And I saw and heard an eagle flying in midheaven saying with a loud voice, three times: “Woe, woe, woe to the inhabitants of the earth because of the remaining trumpet blasts of the three angels who are about to trumpet!”

< ဗျာဒိတ်ကျမ်း 8 >