< ဗျာဒိတ်ကျမ်း 7 >

1 ထို​နောက်​ကောင်း​ကင်​တ​မန်​လေး​ပါး​တို့​သည် ကမ္ဘာ​မြေ​ကြီး​စွန်း​အ​ရပ်​လေး​မျက်​နှာ​တွင် ရပ်​လျက်​နေ​သည်​ကို​ငါ​မြင်​ရ​၏။ သူ​တို့​သည် ကုန်း​မြေ​ပေါ်​နှင့်​ပင်​လယ်​ပြင်​၌​သော်​လည်း​ကောင်း၊ သစ်​ပင်​များ​ကို​သော်​လည်း​ကောင်း​လေ​မ​တိုက် ခတ်​နိုင်​စေ​ရန် အ​ရပ်​လေး​မျက်​နှာ​မှ​လေ​တို့ ကို​ဆွဲ​ကိုင်​ထား​ကြ​၏။-
And after that I sawe. iiii. angels stonde on the iiii. corners of ye erth holdynge ye iiii. wyndes of the erth that ye wyndes shulde not blowe on the erthe nether on the see nether on eny tree.
2 ထို​နောက်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင် ၏​တံ​ဆိပ်​တော်​ကို ကိုင်​ဆောင်​လာ​သော​ကောင်း​ကင် တ​မန်​တစ်​ပါး​သည် အ​ရှေ့​အ​ရပ်​မှ​တက်​လာ သည်​ကို​ငါ​မြင်​ရ​၏။ သူ​သည်​ကုန်း​မြေ​နှင့် ပင်​လယ်​တို့​ကို​ဘေး​ဥ​ပဒ်​သင့်​စေ​နိုင်​ခွင့်​ကို ရ​ရှိ​ထား​သည့်​ကောင်း​ကင်​တ​မန်​လေး​ပါး တို့​အား၊-
And I sawe another angell ascende from the rysynge of the sunne: which had the seale of the lyvynge god and he cryed with a loude voyce to the iiii angelles (to whom power was geven to hurt the erth and the see)
3 ``ငါ​တို့​ဘု​ရား​သခင်​၏​အ​စေ​ခံ​တို့​န​ဖူး တွင်​တံ​ဆိပ်​တော်​ကို​ငါ​တို့​မ​ခတ်​နှိပ်​ရ​သေး မီ​သင်​တို့​သည်​ကုန်း​မြေ၊ ပင်​လယ်၊ သစ်​ပင်​တို့ အား​မည်​သို့​မျှ​ဘေး​ဥ​ပဒ်​မ​သက်​ရောက်​စေ ကြ​နှင့်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။-
saying: Hurt not the erth nether the see nether the trees tyll we have sealed ye servauntes of oure god in their forheddes.
4 ထို​နောက်​တံ​ဆိပ်​ခတ်​နှိပ်​ထား​သူ​တို့​၏​အ​ရေ အ​တွက်​ကို​ငါ​ကြား​သိ​ရ​၏။ ယင်း​အ​ရေ အ​တွက်​မှာ​တစ်​သိန်း​လေး​သောင်း​လေး​ထောင် ရှိ​၍ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ်​ဖြစ်​ကြ​သော၊-
And I herde the nombre of them which were sealed and there were sealed an C. and xliiii. M. of all the trybes of the chyldren of Israhell.
5 ယု​ဒ​အ​နွယ်၊ ရု​ဗင်​အ​နွယ်၊ ဂဒ်​အ​နွယ်၊ အာ​ရှာ အ​နွယ်၊ န​ဿ​လိ​အ​နွယ်၊ မ​နာ​ရှေ​အ​နွယ်၊ ရှိ​မောင် အ​နွယ်၊ လေ​ဝိ​အ​နွယ်၊ ဣသ​ခါ​အ​နွယ်၊ ဇာ​ဗု​လုန် အ​နွယ်၊ ယော​သပ်​အ​နွယ်၊ ဗင်​ယာ​မိန်​အ​နွယ်​တို့ မှ​တစ်​နွယ်​လျှင် တစ်​သောင်း​နှစ်​ထောင်​တံ​ဆိပ် ခတ်​နှိပ်​ခြင်း​ကို​ခံ​ရ​ကြ​သ​တည်း။
Of the trybe of Iuda were sealed xii. M Of the trybe of Ruben were sealed xii. M. of the trybe of Gad were sealed xii. M.
6
Of the trybe of Asser were sealed xii. M. Of the trybe of Neptalym were sealed xii. M. Of the trybe of Manasses were sealed xii. M.
7
Of ye trybe of Symeo were sealed xii. M. Of ye tribe of Leuy were sealed xii. M. Of ye trybe of Isacar were sealed xii. M.
8
Of the trybe of zabulon weee sealed xii. M. Of the tribe of Ioseph were sealed xii. M. Of the trybe of Beniamin were sealed xii. thowsande.
9 ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ အ​ဘယ် သူ​မျှ​မ​ရေ​မ​တွက်​နိုင်​သော​လူ​အုပ်​ကြီး ကို​တွေ့​ရ​၏။ သူ​တို့​သည်​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော လူ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​မှ​လာ​ရောက်​ကြ​သူ​များ​ဖြစ် ကြ​၏။ သူ​တို့​သည်​ဝတ်​လုံ​ဖြူ​များ​ကို​ဝတ် လျက်​စွန်​ပ​လွန်​ခက်​များ​ကို​ကိုင်​ကာ ပလ္လင် တော်​နှင့်​သိုး​သူ​ငယ်​တော်​၏​ရှေ့​တွင်​ရပ် လျက်​နေ​ကြ​၏။-
After this I behelde and lo a gret multitude (which noma coulde nombre) of all nacios and people and tonges stode before the seate and before the lambe clothed with longe whyte garmentes and palmes in there hondes
10 ၁၀ သူ​တို့​က``ကယ်​တင်​ခြင်း​ကျေး​ဇူး​သည်​ပလ္လင် တော်​ပေါ်​မှာ​စံ​တော်​မူ​သော ငါ​တို့​ဘု​ရား သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​ထံ​မှ​သက်​ရောက် လာ​၏'' ဟု​ကြီး​သော​အသံ​နှင့်​ကြွေး​ကြော် ကြ​၏။-
and cryed with a lowde voyce sayinge: salvacion be asscribed to him that syttith apon the seate of oure god and vnto the lambe.
11 ၁၁ ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​သည်​ပလ္လင် တော်​ကို​လည်း​ကောင်း၊ အ​ကြီး​အ​ကဲ​များ နှင့်​သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​ကို​လည်း ကောင်း​ဝိုင်း​ရံ​လျက်​ရပ်​ကြ​၏။ ထို​နောက်​သူ တို့​သည်​ပလ္လင်​တော်​ရှေ့​၌​ပျပ်​ဝပ်​ကာ​ဘု​ရား သ​ခင်​အား​ရှိ​ခိုး​ကြ​၏။-
And all the angelles stode in the compase of the seate and of the elders and of the iiii. bestes and fel before the seat on their faces and worshipped god
12 ၁၂ သူ​တို့​က``အာ​မင်။ ငါ​တို့​ဘု​ရား​သခင်​ကို ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ထော​မ​နာ​ပြု ကြ​စေ​သ​တည်း။ ကိုယ်​တော်​သည်​ဘုန်း​တန်​ခိုး၊ ဉာဏ်​ပ​ညာ၊ ဂုဏ်​အ​သ​ရေ​တို့​နှင့်​ပြည့်​စုံ တော်​မူ​ပါ​စေ​သ​တည်း။ ကိုယ်​တော်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​ပါ​စေ သ​တည်း။ ``အာ​မင်'' ဟု​မြွက်​ဆို​ကြ​၏။ (aiōn g165)
sayinge amen: Blessynge and glory wisdome and thankes and honour and power and myght be vnto oure god for evermore Amen. (aiōn g165)
13 ၁၃ အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``ဝတ်​ဖြူ​စင် ကြယ်​ဝတ်​ဆင်​ထား​သူ​တို့​သည်​မည်​သူ​တို့​နည်း။ အ​ဘယ်​အ​ရပ်​က​လာ​ကြ​သ​နည်း'' ဟု​မေး​၏။
And one of the elders answered sayinge vnto me: what are these which are arayed in longe whyte garmentes and whence cam they?
14 ၁၄ ငါ​က``အ​ရှင်၊ အ​ရှင်​သိ​ပါ​၏'' ဟု​ပြန်​၍​ဖြေ​၏။ ထို​သူ​က``သူ​တို့​သည်​ဆင်း​ရဲ​ဒုက္ခ​ကြီး​ထဲ​မှ လွတ်​မြောက်​လာ​သူ​များ​ဖြစ်​၏။ သူ​တို့​သည် မိ​မိ​တို့​ဝတ်​လုံ​များ​ကို​သိုး​သူ​ငယ်​တော် ၏​သွေး​ဖြင့်​ဖြူ​စင်​အောင်​ဖွပ်​လျှော်​ခဲ့​ကြ လေ​ပြီ။-
And I sayde vnto him: lorde thou wottest. And he sayde vnto me: these are they which cam oute of gret tribulacion and made their garmetes large and made them whyte in the bloud of the lambe:
15 ၁၅ ထို​ကြောင့်​သူ​တို့​သည်​ဘု​ရား​သခင်​၏​ပလ္လင် တော်​ရှေ့​သို့​ရောက်​ရှိ​၍ ကိုယ်​တော်​၏​ဗိ​မာန် တော်​တွင်​နေ့​ညဥ့်​မ​ပြတ်​ဝတ်​ပြု​နေ​ခြင်း ဖြစ်​၏။ ပလ္လင်​တော်​ပေါ်​စံ​နေ​တော်​မူ​သော အ​ရှင်​သည်​လည်း​သူ​တို့​နှင့်​အ​တူ​ရှိ​၍ ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။-
therfore are they in the presence of the seate of God and serve him daye and nyght in hys temple and he that sytteth in the seate wyll dwell amonge them.
16 ၁၆ သူ​တို့​သည်​နောက်​တစ်​ဖန်​အ​စာ​ရေ​စာ မ​ငတ်​မွတ်​ရ​ကြ။ နေ​ရောင်​ခြည်​သည်​လည်း ကောင်း၊ ပြင်း​ထန်​သော​အ​ပူ​ရှိန်​သည်​လည်း ကောင်း​သူ​တို့​အ​ပေါ်​သို့​မ​ကျ​ရောက်​ရ။-
They shalt honger no more nether thyrst nether shall the sunne lyght on them nether eny heate:
17 ၁၇ အ​ဘယ်​ကြောင့်​ဆို​သော်​ပလ္လင်​တော်​အ​လယ် တွင်​ရှိ​တော်​မူ​သော သိုး​သူ​ငယ်​တော်​သည် သူ​တို့​အား​စောင့်​ထိန်း​ကြည့်​ရှု​၍ အ​သက် စမ်း​ရေ​ရှိ​ရာ​အ​ရပ်​သို့​ပို့​ဆောင်​တော်​မူ​မည် ဖြစ်​သော​ကြောင့်​တည်း။ ဘု​ရား​သ​ခင်​သည် လည်း​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို​သုတ် တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
For the lambe which ys in the myddes of the seate shall fede them and shall ledde them vnto fountaynes of lyuynge water and god shall wype awaye all teares from their eyes.

< ဗျာဒိတ်ကျမ်း 7 >