< ဗျာဒိတ်ကျမ်း 5 >
1 ၁ ပလ္လင်တော်ပေါ်တွင်စံတော်မူသောအရှင်၏ လက်ယာလက်တော်တွင်စာလိပ်ကိုငါမြင်၏။ ထိုစာလိပ်သည်တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ် ထား၍ စာမျက်နှာနှစ်ဘက်စလုံးတွင်စာ များရေးသားထား၏။-
anantaraM tasya sihAsanopaviShTajanasya dakShiNaste. anta rbahishcha likhitaM patramekaM mayA dR^iShTaM tat saptamudrAbhira NkitaM|
2 ၂ ထိုနောက်ခွန်အားကြီးမားသောကောင်းကင်တမန် တစ်ပါးက``အဘယ်သူသည်တံဆိပ်များကိုခွာ ၍ဤစာလိပ်ကိုဖွင့်ထိုက်ပါသနည်း'' ဟုအသံ ကျယ်စွာကြွေးကြော်လျက်နေသည်ကိုငါမြင်၏။-
tatpashchAd eko balavAn dUto dR^iShTaH sa uchchaiH svareNa vAchamimAM ghoShayati kaH patrametad vivarItuM tammudrA mochayitu nchArhati?
3 ၃ သို့ရာတွင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်၌ ထိုစာလိပ်ကိုဖွင့်နိုင်သူသို့မဟုတ် ကြည့်နိုင်သူတစ်ယောက်မျှမရှိ။-
kintu svargamarttyapAtAleShu tat patraM vivarItuM nirIkShitu ncha kasyApi sAmarthyaM nAbhavat|
4 ၄ ဤစာလိပ်ကိုဖွင့်ထိုက်သူသို့မဟုတ်ဖတ်ထိုက် သူ တစ်ယောက်မျှရှာ၍မတွေ့ရသဖြင့်ငါသည် လွန်စွာငိုကြွေး၏။-
ato yastat patraM vivarItuM nirIkShitu nchArhati tAdR^ishajanasyAbhAvAd ahaM bahu roditavAn|
5 ၅ ထိုအခါအကြီးအကဲတစ်ပါးကငါ့အား``မငို ပါနှင့်။ ကြည့်ရှုလော့။ ယုဒအနွယ်ဝင်ခြင်္သေ့တည်း ဟူသောဒါဝိဒ်မှဆင်းသက်သူသည်အောင်မြင် လေပြီ။ သူသည်ဤစာလိပ်နှင့်ချိပ်တံဆိပ် ခုနစ်ခုကိုဖွင့်နိုင်၏'' ဟုပြောလေ၏။
kintu teShAM prAchInAnAm eko jano mAmavadat mA rodIH pashya yo yihUdAvaMshIyaH siMho dAyUdo mUlasvarUpashchAsti sa patrasya tasya saptamudrANA ncha mochanAya pramUtavAn|
6 ၆ ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-
aparaM siMhAsanasya chaturNAM prANinAM prAchInavargasya cha madhya eko meShashAvako mayA dR^iShTaH sa Chedita iva tasya saptashR^i NgANi saptalochanAni cha santi tAni kR^itsnAM pR^ithivIM preShitA Ishvarasya saptAtmAnaH|
7 ၇ ထိုသိုးသူငယ်သည်လာ၍ပလ္လင်ပေါ်တွင်ထိုင် လျက် နေသောအရှင်၏လက်ယာလက်တော်မှ စာလိပ်ကိုယူ၏။-
sa upAgatya tasya siMhAsanopaviShTajanasya dakShiNakarAt tat patraM gR^ihItavAn|
8 ၈ ထိုသို့ယူလိုက်သောအခါသတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည် အသီး သီးစောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ရှိသည့်ရွှေဖလား များကိုလည်းကောင်း ကိုင်ဆောင်ကာသိုးသူငယ် တော်၏ရှေ့တော်တွင်ပျပ်ဝပ်လျက်၊
patre gR^ihIte chatvAraH prANinashchaturviMMshatiprAchInAshcha tasya meShashAvakasyAntike praNipatanti teShAm ekaikasya karayo rvINAM sugandhidravyaiH paripUrNaM svarNamayapAtra ncha tiShThati tAni pavitralokAnAM prArthanAsvarUpANi|
9 ၉ ``ကိုယ်တော်ရှင်သည်အသေသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကိုပြောဆိုသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့မှလူတို့ကို ဘုရားသခင်အဖို့ဝယ်ယူတော်မူပါ၏။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤစာလိပ်တော် ကို ယူ၍ချိပ်တံဆိပ်များကိုဖွင့်ထိုက်သူဖြစ်ပါ၏။
aparaM te nUtanamekaM gItamagAyan, yathA, grahItuM patrikAM tasya mudrA mochayituM tathA| tvamevArhasi yasmAt tvaM balivat ChedanaM gataH| sarvvAbhyo jAtibhAShAbhyaH sarvvasmAd vaMshadeshataH| Ishvarasya kR^ite. asmAn tvaM svIyaraktena krItavAn|
10 ၁၀ ကိုယ်တော်သည်သူတို့အား အကျွန်ုပ်တို့ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်နိုင်ကြစေရန် ယဇ်ပုရောဟိတ်အရာကိုပေးအပ်တော်မူ၏။ သူတို့သည်လည်းကမ္ဘာလောကတွင် စိုးစံရသောအခွင့်ကိုရရှိကြလိမ့်မည်။'' ဟုသီချင်းသစ်ကိုသီဆိုကြ၏။
asmadIshvarapakShe. asmAn nR^ipatIn yAjakAnapi| kR^itavAMstena rAjatvaM kariShyAmo mahItale||
11 ၁၁ ထိုနောက်ငါကြည့်လိုက်သောအခါပလ္လင်တော် ပတ်လည်၌လည်းကောင်း၊ သတ္တဝါလေးပါးနှင့် အကြီးအကဲများ၏ပတ်လည်၌လည်းကောင်း ရပ်လျက်နေသောကောင်းကင်တမန်များ၏ အသံကိုကြားရ၏။ ထိုကောင်းကင်တမန် များ၏အရေအတွက်မှာသိန်းသန်းကုဋေ မကအတိုင်းမသိများပြား၏။-
aparaM nirIkShamANena mayA siMhAsanasya prANichatuShTayasya prAchInavargasya cha parito bahUnAM dUtAnAM ravaH shrutaH, teShAM saMkhyA ayutAyutAni sahasrasahastrANi cha|
12 ၁၂ သူတို့က၊ ``အသေသတ်ခြင်းခံရသောသိုးသူငယ်တော်သည် တန်ခိုး၊စည်းစိမ်ချမ်းသာ၊ဉာဏ်ပညာ၊ခွန်အား စွမ်းရည်၊ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊ ချီးမွမ်းခြင်းတို့ကိုခံထိုက်တော်မူပါ၏'' ဟုအသံကျယ်စွာမြွက်ဆိုကြ၏။-
tairuchchairidam uktaM, parAkramaM dhanaM j nAnaM shaktiM gauravamAdaraM| prashaMsA nchArhati prAptuM Chedito meShashAvakaH||
13 ၁၃ ထို့ပြင်ကောင်းကင်၊ ကမ္ဘာမြေကြီး၊ မြေကြီး အောက်ပင်လယ်အရပ်ရပ်၌ရှိသမျှသော သတ္တဝါအပေါင်းတို့က၊ ပလ္လင်ပေါ်တွင်ထိုင်နေတော်မူသောအရှင်နှင့် သိုးသူငယ်တော်သည် ကမ္ဘာအဆက်ဆက်ချီးမွမ်းခြင်းကို ခံရပါစေသတည်း။ ဂုဏ်အသရေ၊ဘုန်းအာနုဘော်၊တန်ခိုးတို့ဖြင့် ပြည့်စုံတော်မူပါစေသတည်း'' ဟုကြွေးကြော်ကြသည်ကိုငါကြားရ၏။- (aiōn )
aparaM svargamarttyapAtAlasAgareShu yAni vidyante teShAM sarvveShAM sR^iShTavastUnAM vAgiyaM mayA shrutA, prashaMsAM gauravaM shauryyam AdhipatyaM sanAtanaM| siMhasanopaviShTashcha meShavatsashcha gachChatAM| (aiōn )
14 ၁၄ သတ္တဝါလေးပါးတို့က``အာမင်'' ဟုတုံ့ပြန်ကြ ၏။ အကြီးအကဲတို့သည်လည်းပျပ်ဝပ်ရှိခိုး ကြ၏။
aparaM te chatvAraH prANinaH kathitavantastathAstu, tatashchaturviMshatiprAchInA api praNipatya tam anantakAlajIvinaM prANaman|