< ဗျာဒိတ်ကျမ်း 5 >

1 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​၏ လက်​ယာ​လက်​တော်​တွင်​စာ​လိပ်​ကို​ငါ​မြင်​၏။ ထို​စာ​လိပ်​သည်​တံ​ဆိပ်​ခု​နစ်​ခု​ဖြင့်​ခတ်​နှိပ် ထား​၍ စာ​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင်​စာ များ​ရေး​သား​ထား​၏။-
और जो सिंहासन पर बैठा था, मैंने उसके दाहिने हाथ में एक पुस्तक देखी, जो भीतर और बाहर लिखी हुई थी, और वह सात मुहर लगाकर बन्द की गई थी।
2 ထို​နောက်​ခွန်​အား​ကြီး​မား​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​က``အ​ဘယ်​သူ​သည်​တံ​ဆိပ်​များ​ကို​ခွာ ၍​ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​ပါ​သ​နည်း'' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​လျက်​နေ​သည်​ကို​ငါ​မြင်​၏။-
फिर मैंने एक बलवन्त स्वर्गदूत को देखा जो ऊँचे शब्द से यह प्रचार करता था “इस पुस्तक के खोलने और उसकी मुहरें तोड़ने के योग्य कौन है?”
3 သို့​ရာ​တွင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​၌ ထို​စာ​လိပ်​ကို​ဖွင့်​နိုင်​သူ​သို့​မ​ဟုတ် ကြည့်​နိုင်​သူ​တစ်​ယောက်​မျှ​မ​ရှိ။-
और न स्वर्ग में, न पृथ्वी पर, न पृथ्वी के नीचे कोई उस पुस्तक को खोलने या उस पर दृष्टि डालने के योग्य निकला।
4 ဤ​စာ​လိပ်​ကို​ဖွင့်​ထိုက်​သူ​သို့​မ​ဟုတ်​ဖတ်​ထိုက် သူ တစ်​ယောက်​မျှ​ရှာ​၍​မ​တွေ့​ရ​သ​ဖြင့်​ငါ​သည် လွန်​စွာ​ငို​ကြွေး​၏။-
तब मैं फूट फूटकर रोने लगा, क्योंकि उस पुस्तक के खोलने, या उस पर दृष्टि करने के योग्य कोई न मिला।
5 ထို​အခါ​အ​ကြီး​အ​ကဲ​တစ်​ပါး​က​ငါ့​အား``မ​ငို ပါ​နှင့်။ ကြည့်​ရှု​လော့။ ယု​ဒ​အ​နွယ်​ဝင်​ခြင်္သေ့​တည်း ဟူ​သော​ဒါ​ဝိဒ်​မှ​ဆင်း​သက်​သူ​သည်​အောင်​မြင် လေ​ပြီ။ သူ​သည်​ဤ​စာ​လိပ်​နှင့်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​ကို​ဖွင့်​နိုင်​၏'' ဟု​ပြော​လေ​၏။
इस पर उन प्राचीनों में से एक ने मुझसे कहा, “मत रो; देख, यहूदा के गोत्र का वह सिंह, जो दाऊद का मूल है, उस पुस्तक को खोलने और उसकी सातों मुहरें तोड़ने के लिये जयवन्त हुआ है।”
6 ထို​နောက်​သိုး​သူ​ငယ်​သည်​သက်​ရှိ​သတ္တဝါ​လေး ပါး​တို့​နှင့်​အ​ကြီး​အ​ကဲ​များ​ခြံ​ရံ​လျက်​ရှိ သည့်​ပလ္လင်​တော်​အ​လယ်​၌​ရပ်​လျက်​နေ​သည် ကို​ငါ​မြင်​၏။ သူ​သည်​ယဇ်​ပူ​ဇော်​ရန်​အ​သတ် ခံ​ရ​ပြီး​သည့်​သိုး​နှင့်​တူ​၏။ သူ့​မှာ​ဦး​ချို​ခု​နစ် ချောင်း​နှင့်​မျက်​စိ​ခု​နစ်​လုံး​ရှိ​၏။ ယင်း​တို့​သည် ကမ္ဘာ​မြေ​တစ်​ပြင်​လုံး​သို့​ဘု​ရား​သ​ခင်​စေ လွှတ်​တော်​မူ​သော​ဝိ​ညာဉ်​ခု​နစ်​ပါး​ဖြစ်​၏။-
तब मैंने उस सिंहासन और चारों प्राणियों और उन प्राचीनों के बीच में, मानो एक वध किया हुआ मेम्ना खड़ा देखा; उसके सात सींग और सात आँखें थीं; ये परमेश्वर की सातों आत्माएँ हैं, जो सारी पृथ्वी पर भेजी गई हैं।
7 ထို​သိုး​သူ​ငယ်​သည်​လာ​၍​ပလ္လင်​ပေါ်​တွင်​ထိုင် လျက် နေ​သော​အ​ရှင်​၏​လက်ယာ​လက်​တော်​မှ စာ​လိပ်​ကို​ယူ​၏။-
उसने आकर उसके दाहिने हाथ से जो सिंहासन पर बैठा था, वह पुस्तक ले ली,
8 ထို​သို့​ယူ​လိုက်​သော​အ​ခါ​သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည် အ​သီး သီး​စောင်း​များ​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင် လူ​စု​တော်​၏​ဆု​တောင်း​ပတ္ထ​နာ​တည်း​ဟူ​သော နံ့​သာ​ပေါင်း​နှင့်​ပြည့်​လျက်​ရှိ​သည့်​ရွှေ​ဖ​လား များ​ကို​လည်း​ကောင်း ကိုင်​ဆောင်​ကာ​သိုး​သူ​ငယ် တော်​၏​ရှေ့​တော်​တွင်​ပျပ်​ဝပ်​လျက်၊
जब उसने पुस्तक ले ली, तो वे चारों प्राणी और चौबीसों प्राचीन उस मेम्ने के सामने गिर पड़े; और हर एक के हाथ में वीणा और धूप से भरे हुए सोने के कटोरे थे, ये तो पवित्र लोगों की प्रार्थनाएँ हैं।
9 ``ကိုယ်​တော်​ရှင်​သည်​အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို​ပြော​ဆို​သော၊ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​မှ​လူ​တို့​ကို ဘု​ရား​သခင်​အ​ဖို့​ဝယ်​ယူ​တော်​မူ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​ရှင်​သည်​ဤ​စာ​လိပ်​တော် ကို ယူ​၍​ချိပ်​တံ​ဆိပ်​များ​ကို​ဖွင့်​ထိုက်​သူ​ဖြစ်​ပါ​၏။
और वे यह नया गीत गाने लगे, “तू इस पुस्तक के लेने, और उसकी मुहरें खोलने के योग्य है; क्योंकि तूने वध होकर अपने लहू से हर एक कुल, और भाषा, और लोग, और जाति में से परमेश्वर के लिये लोगों को मोल लिया है।
10 ၁၀ ကိုယ်​တော်​သည်​သူ​တို့​အား အ​ကျွန်ုပ်​တို့​ဘု​ရား​သခင်​၏​အ​မှု​တော်​ကို ထမ်း​ဆောင်​နိုင်​ကြ​စေ​ရန် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ပေး​အပ်​တော်​မူ​၏။ သူ​တို့​သည်​လည်း​ကမ္ဘာ​လော​က​တွင် စိုး​စံ​ရ​သော​အ​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။'' ဟု​သီ​ချင်း​သစ်​ကို​သီ​ဆို​ကြ​၏။
१०“और उन्हें हमारे परमेश्वर के लिये एक राज्य और याजक बनाया; और वे पृथ्वी पर राज्य करते हैं।”
11 ၁၁ ထို​နောက်​ငါ​ကြည့်​လိုက်​သော​အ​ခါ​ပလ္လင်​တော် ပတ်​လည်​၌​လည်း​ကောင်း၊ သတ္တဝါ​လေး​ပါး​နှင့် အ​ကြီး​အ​ကဲ​များ​၏​ပတ်​လည်​၌​လည်း​ကောင်း ရပ်​လျက်​နေ​သော​ကောင်း​ကင်​တ​မန်​များ​၏ အ​သံ​ကို​ကြား​ရ​၏။ ထို​ကောင်း​ကင်​တ​မန် များ​၏​အ​ရေ​အ​တွက်​မှာ​သိန်း​သန်း​ကု​ဋေ မ​က​အ​တိုင်း​မ​သိ​များ​ပြား​၏။-
११जब मैंने देखा, तो उस सिंहासन और उन प्राणियों और उन प्राचीनों के चारों ओर बहुत से स्वर्गदूतों का शब्द सुना, जिनकी गिनती लाखों और करोड़ों की थी।
12 ၁၂ သူ​တို့​က၊ ``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည် တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။-
१२और वे ऊँचे शब्द से कहते थे, “वध किया हुआ मेम्ना ही सामर्थ्य, और धन, और ज्ञान, और शक्ति, और आदर, और महिमा, और स्तुति के योग्य है।”
13 ၁၃ ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည် ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။- (aiōn g165)
१३फिर मैंने स्वर्ग में, और पृथ्वी पर, और पृथ्वी के नीचे, और समुद्र की सब रची हुई वस्तुओं को, और सब कुछ को जो उनमें हैं, यह कहते सुना, “जो सिंहासन पर बैठा है, उसकी, और मेम्ने की स्तुति, और आदर, और महिमा, और राज्य, युगानुयुग रहे।” (aiōn g165)
14 ၁၄ သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။
१४और चारों प्राणियों ने आमीन कहा, और प्राचीनों ने गिरकर दण्डवत् किया।

< ဗျာဒိတ်ကျမ်း 5 >