< ဗျာဒိတ်ကျမ်း 4 >
1 ၁ ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-
MAHOPE iho o keia mau mea, nana aku la au, aia hoi, he puka e hamama ana maloko o ka lani; a o ka leo mua a'u i lohe ai, ua like ia me ko ka pu e kamailio ana ia'u, i mai la, E pii mai oe ia nei, a na'u no e hoike aku ia oe i na mea e hiki mai ana ma keia hope aku.
2 ၂ ချက်ချင်းပင်ဝိညာဉ်တော်သည်ငါ့အပေါ်သို့ သက်ရောက်လာလေသည်။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင်ထိုင်နေ တော်မူသောအရှင်တစ်ပါးရှိသည်။-
Hihio koke iho la au i ka Uhane; aia hoi, ua hoonohoia he nohoalii ma ka lani, a he mea hoi e noho ana maluna o ua nohoalii la.
3 ၃ ထိုအရှင်၏မျက်နှာတော်သည်နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့တောက်ပ၏။ ပလ္လင်၏ပတ် လည်တွင်မြရောင်ပြေးနေသောသက်တန့်တည် လျက်ရှိ၏။-
A o ka mea e noho ana, ua like kona helehelena, me ka pohaku Iasepi a me ka Saredio; a he anuenue i pio mai la a puni ka nohoalii, me he pohaku omaomao la.
4 ၄ ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။-
Ua puni kela nohoalii i na noho he iwakaluakumamaha; a maluna iho o ua poe noho la, e noho ana he poe lunakahiko, he iwakaluakumamaha, ua aahuia i ka aahu keoheo; a maluna iho o ko lakou mau poo, he mau leialii gula.
5 ၅ ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
Anapu mai la ka uila mai ka nohoalii mai, a me ka hekili, a me na leo. Ehiku hoi ipukukui ahi e aa ana imua o ka nohoalii, oia hoi na Uhane ehiku o ke Akua.
6 ၆ ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
Aia hoi, imua o ka nohoalii, he moana akaka, me he aniani la; a ma ka nohoalii, a puni hoi ka nohoalii, eha mau mea ola, ua paapu i na maka mamua a mahope.
7 ၇ ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
A o ka mua o ka mea ola, ua like ia me ka liona; a o ka lua o ka mea ola ua like ia me ke keiki bipi, a o ke kolu o ka mea ola, ua like kona maka me ko ke kanaka, a o ka ha o ka mea ola, ua like ia me ka aeto lele.
8 ၈ ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
A o ua poe mea ola la eha, ua papa ono lakou i na eheu; ua paapu i na maka a puni a maloko; aole hoi lakou i hoomaha i ke ao a me ka po, i ka i ana mai, Hoano, Hoano, Hoano, ka Haku ke Akua mana loa, ka mea mamua, ka mea e noho la, ka mea e noho la, ka mea e mau loa ana.
9 ၉ ပလ္လင်ပေါ်တွင်စံတော်မူ၍ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောအရှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းအသရေတော်တို့ကိုထိုသတ္တဝါ တို့ချီးကူးကြသည့်အခါတိုင်း၊- (aiōn )
A i ka wa e hoomana aku ai, a i hoonani aku ai, a hoomaikai aku ai na mea ola i ka mea e noho ana ma ka nohoalii, oia hoi ka Mea e ola mau ana ia ao aku ia ao aku, (aiōn )
10 ၁၀ အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည်ပလ္လင် ပေါ်တွင်စံတော်မူ၍ ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသောအရှင်၏ရှေ့တော်၌ပျပ်ဝပ်လျက် ရှိခိုးကြကုန်၏။ သူတို့သည်ပလ္လင်တော်ရှေ့တွင် မိမိတို့၏သရဖူများကိုချလျက် (aiōn )
Alaila, moe iho la ka poe lunakahiko he iwakaluakumamaha, imua o ka mea e noho ana ma ka nohoalii, a hoomana aku la i ka mea e ola mau ana ia ao aku, ia ao aku; a hoolei no hoi i ko lakou mau leialii imua o ka nohoalii, me ka i ana ae, (aiōn )
11 ၁၁ ``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်'' ဟုမြွက်ဆိုကြ၏။
E pono no oe, e ka Haku, ke loaa ia oe ka nani a me ka mahalo a me ka mana; no ka mea, nau no i hana i na mea a pau, a ma kou makemake no lakou i mau ai a hanaia hoi.