< ဗျာဒိတ်ကျမ်း 4 >

1 ထို​နောက်​ရူ​ပါ​ရုံ​တွင်​ကောင်း​ကင်​ဘုံ​တံ​ခါး​ပွင့် လျက်​ရှိ​သည်​ကို​ငါ​မြင်​ရ​၏။ ပ​ထ​မ​အ​ကြိမ် က​ငါ​ကြား​ရ​သော​တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သည့် အ​သံ​က``ဤ​အ​ရပ်​သို့​တက်​လာ​လော့။ နောင်​ဖြစ် ရ​မည့်​အ​မှု​အ​ရာ​တို့​ကို​ငါ​ပြ​မည်'' ဟု​ငါ့ အား​ဆို​၏။-
After this I looked, and, behold, a door was opened in heaven: and the first voice which I heard was as it were of a trumpet talking with me; which said, Come up here, and I will show you things which must be hereafter.
2 ချက်​ချင်း​ပင်​ဝိ​ညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့ သက်​ရောက်​လာ​လေ​သည်။ ကောင်း​ကင်​ဘုံ​၌ ပလ္လင်​တစ်​ခု​ရှိ​၏။ ထို​ပလ္လင်​ပေါ်​တွင်​ထိုင်​နေ တော်​မူ​သော​အ​ရှင်​တစ်​ပါး​ရှိ​သည်။-
And immediately I was in the spirit: and, behold, a throne was set in heaven, and one sat on the throne.
3 ထို​အ​ရှင်​၏​မျက်​နှာ​တော်​သည်​န​ဂါး​သွဲ့​ကျောက်၊ ပတ္တမြား​ကျောက်​ကဲ့​သို့​တောက်​ပ​၏။ ပလ္လင်​၏​ပတ် လည်​တွင်​မြ​ရောင်​ပြေး​နေ​သော​သက်​တန့်​တည် လျက်​ရှိ​၏။-
And he that sat was to look on like a jasper and a sardine stone: and there was a rainbow round about the throne, in sight like to an emerald.
4 ထို​ပလ္လင်​၏​ပတ်​လည်​တွင်​အ​ခြား​ပလ္လင်​နှစ်​ဆယ့်​လေး ခု​ကို​ငါ​တွေ့​မြင်​ရ​၏။ ထို​ပလ္လင်​များ​အ​ပေါ်​တွင် အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​ထိုင်​လျက်​နေ​၏။ သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ်​များ​ကို​ဝတ်​လျက်​ရွှေ သ​ရ​ဖူ​များ​ကို​ဆောင်း​ထား​ကြ​၏။-
And round about the throne were four and twenty seats: and on the seats I saw four and twenty elders sitting, clothed in white raiment; and they had on their heads crowns of gold.
5 ပလ္လင်​တော်​ထဲ​မှ​လျှပ်​စစ်​ပြက်​သည့်​အ​ရောင်​များ၊ မိုး​ချုန်း​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လာ​၏။ ပလ္လင်​တော်​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​ခု​နစ် ပါး​တည်း​ဟူ​သော​မီး​တိုင်​သည်​ထွန်း​လင်း​လျက် ရှိ​၏။-
And out of the throne proceeded lightning and thunder and voices: and there were seven lamps of fire burning before the throne, which are the seven Spirits of God.
6 ပလ္လင်​တော်​၏​ရှေ့​တွင်​ကျောက်​သ​လင်း​နှင့်​တူ​၍ ဖန်​ရေ​ကန်​ဟု​ထင်​ရ​သော​ရေ​ကန်​ရှိ​၏။ ထို့​ပြင်​ပလ္လင်​တော်​၏​ပတ်​လည်​တစ်​ဖက်​တစ်​ချက် တွင် သက်​ရှိ​သတ္တ​ဝါ​လေး​ပါး​ရှိ​၏။ သူ​တို့​ကိုယ် ခန္ဓာ​ရှေ့​ပိုင်း​နှင့်​နောက်​ပိုင်း​တို့​တွင်​မျက်​စိ​များ ဖြင့်​ပြည့်​နှက်​လျက်​ရှိ​၏။-
And before the throne there was a sea of glass like to crystal: and in the middle of the throne, and round about the throne, were four beasts full of eyes before and behind.
7 ပ​ထ​မ​သတ္တ​ဝါ​သည်​ခြင်္သေ့​နှင့်​တူ​၏။ ဒု​တိ​ယ သတ္တ​ဝါ​သည်​နွား​နှင့်​တူ​၏။ တ​တိ​ယ​သတ္တ​ဝါ​၏ မျက်​နှာ​သည်​လူ့​မျက်​နှာ​နှင့်​တူ​၏။ စ​တုတ္ထ​သတ္တ ဝါ​သည်​ပျံ​လျက်​နေ​သည့်​လင်း​ယုန်​နှင့်​တူ​၏။-
And the first beast was like a lion, and the second beast like a calf, and the third beast had a face as a man, and the fourth beast was like a flying eagle.
8 ထို​သတ္တ​ဝါ​လေး​ပါး​စ​လုံး​တွင်​အ​တောင်​ခြောက်​ခု စီ​ရှိ​၏။ သူ​တို့​၏​ကိုယ်​အ​တွင်း​အ​ပြင်​၌​မျက်​စိ များ​ဖြင့်​ပြည့်​နှက်​လျက်​နေ​၏။ သူ​တို့​သည်​နေ့ ရော​ညဥ့်​ပါ​မ​နား​ဘဲ၊ ``ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ်​သန့်​ရှင်း​တော်​မူ​၏။ မြင့်​မြတ် သန့်​ရှင်း​တော်​မူ​၏။ ကိုယ်​တော်​သည်​အ​တိတ်၊ပစ္စုပ္ပန်၊အ​နာ​ဂတ်​ကာ​လ အ​စဉ်​ရှိ​နေ​တော်​မူ​၏။ ဟု​မြွက်​ဆို​ကြ​၏။-
And the four beasts had each of them six wings about him; and they were full of eyes within: and they rest not day and night, saying, Holy, holy, holy, LORD God Almighty, which was, and is, and is to come.
9 ပလ္လင်​ပေါ်​တွင်​စံ​တော်​မူ​၍​ကမ္ဘာ​အ​ဆက်​ဆက် အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ကျေး​ဇူး​တော်၊ ဂုဏ်​တော်၊ ဘုန်း​အ​သ​ရေ​တော်​တို့​ကို​ထို​သတ္တဝါ တို့​ချီး​ကူး​ကြ​သည့်​အ​ခါ​တိုင်း၊- (aiōn g165)
And when those beasts give glory and honor and thanks to him that sat on the throne, who lives for ever and ever, (aiōn g165)
10 ၁၀ အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​တို့​သည်​ပလ္လင် ပေါ်​တွင်​စံ​တော်​မူ​၍ ကမ္ဘာ​အ​ဆက်​ဆက်​အ​သက် ရှင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌​ပျပ်​ဝပ်​လျက် ရှိ​ခိုး​ကြ​ကုန်​၏။ သူ​တို့​သည်​ပလ္လင်​တော်​ရှေ့​တွင် မိ​မိ​တို့​၏​သ​ရ​ဖူ​များ​ကို​ချ​လျက် (aiōn g165)
The four and twenty elders fall down before him that sat on the throne, and worship him that lives for ever and ever, and cast their crowns before the throne, saying, (aiōn g165)
11 ၁၁ ``အ​ကျွန်ုပ်​တို့​၏​အ​ရှင်​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ​၍ ကိုယ်​တော်​၏​အ​လို​တော်​အ​ရ​သာ​လျှင် ထို​အ​ရာ​ခပ်​သိမ်း​တို့​သည်​အ​သက်​ရှင်​ကြ​ရ​ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်၊ ဂုဏ်​တော်၊တန်​ခိုး​တော်​တို့​ကို​ခံ​ယူ​ထိုက် တော်​မူ​ပါ​သည်'' ဟု​မြွက်​ဆို​ကြ​၏။
You are worthy, O Lord, to receive glory and honor and power: for you have created all things, and for your pleasure they are and were created.

< ဗျာဒိတ်ကျမ်း 4 >