< ဗျာဒိတ်ကျမ်း 4 >
1 ၁ ထိုနောက်ရူပါရုံတွင်ကောင်းကင်ဘုံတံခါးပွင့် လျက်ရှိသည်ကိုငါမြင်ရ၏။ ပထမအကြိမ် ကငါကြားရသောတံပိုးခရာသံနှင့်တူသည့် အသံက``ဤအရပ်သို့တက်လာလော့။ နောင်ဖြစ် ရမည့်အမှုအရာတို့ကိုငါပြမည်'' ဟုငါ့ အားဆို၏။-
After these things I saw, and behold, a door was opened in the heaven: and the first voice I heard was as of a trumpet speaking with me; saying; Come up hither, and I will show thee the things which it behooves to come to pass after these.
2 ၂ ချက်ချင်းပင်ဝိညာဉ်တော်သည်ငါ့အပေါ်သို့ သက်ရောက်လာလေသည်။ ကောင်းကင်ဘုံ၌ ပလ္လင်တစ်ခုရှိ၏။ ထိုပလ္လင်ပေါ်တွင်ထိုင်နေ တော်မူသောအရှင်တစ်ပါးရှိသည်။-
Immediately I was in the Spirit: and behold, a throne was set in the heaven, and on the throne one sitting,
3 ၃ ထိုအရှင်၏မျက်နှာတော်သည်နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်ကဲ့သို့တောက်ပ၏။ ပလ္လင်၏ပတ် လည်တွင်မြရောင်ပြေးနေသောသက်တန့်တည် လျက်ရှိ၏။-
and the one sitting was in appearance like unto a jasper and a sardius stone: and a rainbow was around about the throne, in appearance like unto an emerald.
4 ၄ ထိုပလ္လင်၏ပတ်လည်တွင်အခြားပလ္လင်နှစ်ဆယ့်လေး ခုကိုငါတွေ့မြင်ရ၏။ ထိုပလ္လင်များအပေါ်တွင် အကြီးအကဲနှစ်ဆယ့်လေးပါးထိုင်လျက်နေ၏။ သူတို့သည်ဝတ်ဖြူစင်ကြယ်များကိုဝတ်လျက်ရွှေ သရဖူများကိုဆောင်းထားကြ၏။-
And around about the throne were twenty-four thrones: and on the thrones twenty-four elders are sitting, clothed in white garments; and upon their heads golden crowns.
5 ၅ ပလ္လင်တော်ထဲမှလျှပ်စစ်ပြက်သည့်အရောင်များ၊ မိုးချုန်းသံများ၊ မိုးကြိုးသံများထွက်ပေါ်လာ၏။ ပလ္လင်တော်၏ရှေ့တွင်ဘုရားသခင်၏ဝိညာဉ်ခုနစ် ပါးတည်းဟူသောမီးတိုင်သည်ထွန်းလင်းလျက် ရှိ၏။-
And from the throne lightnings and voices and thunders are going out; and seven lamps of fire are burning before the throne, which are the seven Spirits of God:
6 ၆ ပလ္လင်တော်၏ရှေ့တွင်ကျောက်သလင်းနှင့်တူ၍ ဖန်ရေကန်ဟုထင်ရသောရေကန်ရှိ၏။ ထို့ပြင်ပလ္လင်တော်၏ပတ်လည်တစ်ဖက်တစ်ချက် တွင် သက်ရှိသတ္တဝါလေးပါးရှိ၏။ သူတို့ကိုယ် ခန္ဓာရှေ့ပိုင်းနှင့်နောက်ပိုင်းတို့တွင်မျက်စိများ ဖြင့်ပြည့်နှက်လျက်ရှိ၏။-
and before the throne a glassy sea like crystal; and in the midst of the throne, and round about the throne, are four living creatures filled with eyes in front and in the rear.
7 ၇ ပထမသတ္တဝါသည်ခြင်္သေ့နှင့်တူ၏။ ဒုတိယ သတ္တဝါသည်နွားနှင့်တူ၏။ တတိယသတ္တဝါ၏ မျက်နှာသည်လူ့မျက်နှာနှင့်တူ၏။ စတုတ္ထသတ္တ ဝါသည်ပျံလျက်နေသည့်လင်းယုန်နှင့်တူ၏။-
And the first living creature was like unto a lion, and the second living creature was like unto a bullock, and the third living creature having the face as of a man, and the fourth living creature was like unto a flying eagle.
8 ၈ ထိုသတ္တဝါလေးပါးစလုံးတွင်အတောင်ခြောက်ခု စီရှိ၏။ သူတို့၏ကိုယ်အတွင်းအပြင်၌မျက်စိ များဖြင့်ပြည့်နှက်လျက်နေ၏။ သူတို့သည်နေ့ ရောညဥ့်ပါမနားဘဲ၊ ``ထာဝရအရှင်ဘုရားသခင်သည် မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ်သန့်ရှင်းတော်မူ၏။ မြင့်မြတ် သန့်ရှင်းတော်မူ၏။ ကိုယ်တော်သည်အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်ကာလ အစဉ်ရှိနေတော်မူ၏။ ဟုမြွက်ဆိုကြ၏။-
And the four living creatures having six wings, one opposite one of them; filled with eyes without and within; and they cease not day and night, saying; Holy, holy, holy, is the Lord God Omnipotent, who was, and who is, and who is the one coming.
9 ၉ ပလ္လင်ပေါ်တွင်စံတော်မူ၍ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောအရှင်၏ကျေးဇူးတော်၊ ဂုဏ်တော်၊ ဘုန်းအသရေတော်တို့ကိုထိုသတ္တဝါ တို့ချီးကူးကြသည့်အခါတိုင်း၊- (aiōn )
And when the living creatures shall give glory and honor and thanksgiving to the one sitting upon the throne, who lives unto the ages of the ages, (aiōn )
10 ၁၀ အကြီးအကဲနှစ်ဆယ့်လေးပါးတို့သည်ပလ္လင် ပေါ်တွင်စံတော်မူ၍ ကမ္ဘာအဆက်ဆက်အသက် ရှင်တော်မူသောအရှင်၏ရှေ့တော်၌ပျပ်ဝပ်လျက် ရှိခိုးကြကုန်၏။ သူတို့သည်ပလ္လင်တော်ရှေ့တွင် မိမိတို့၏သရဖူများကိုချလျက် (aiōn )
the twenty-four elders will fall down before the one sitting upon the throne, and will worship Him who lives unto the ages of the ages, and will cast their crowns before the throne, (aiōn )
11 ၁၁ ``အကျွန်ုပ်တို့၏အရှင်သခင်ထာဝရဘုရား၊ ကိုယ်တော်သည်ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၍ ကိုယ်တော်၏အလိုတော်အရသာလျှင် ထိုအရာခပ်သိမ်းတို့သည်အသက်ရှင်ကြရပါ၏။ ထို့ကြောင့်ကိုယ်တော်သည်ဘုန်းအသရေတော်၊ ဂုဏ်တော်၊တန်ခိုးတော်တို့ကိုခံယူထိုက် တော်မူပါသည်'' ဟုမြွက်ဆိုကြ၏။
saying, Thou art worthy, O Lord truly our God, to receive glory and honor and power: because thou hast created all things, and through thy will they were, and were created.