< ဗျာဒိတ်ကျမ်း 3 >

1 ``သာ​ဒိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​ဝိညာဉ် ခု​နစ်​ပါး​နှင့်​ကြယ်​ခု​နစ်​လုံး​ရှိ​သော​သူ​ထံ မှ​ဖြစ်​၏။ သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​သက်​ရှင်​လှုပ်​ရှား​လျက်​နေ​သည် ဟု​ကျော်​ကြား​သော်​လည်း​သေ​လျက်​နေ​၏။-
To the Angel of the Church in Sardis write: — “These are the words of him who has the seven Spirits of God and the seven stars; — I know your life, and that men say of you that you are living, though you are dead.
2 သို့​ဖြစ်​၍​နိုး​ထ​လော့။ သင်​၏​ကျန်​ရှိ​နေ​သေး သည့်​အ​သက်​မ​ချုပ်​ငြိမ်း​မီ​အင်​အား​ဖြည့် တင်း​၍​ပေး​လော့။ သင်​၏​အ​ပြု​အ​မူ​သည် ငါ​၏​ဘု​ရား​သ​ခင်​ရှေ့​တော်​၌​အ​ပြစ်​ဆို စ​ရာ​ရှိ​သေး​သည်​ကို​ငါ​တွေ့​မြင်​ရ​သည်။-
Be on the watch, and strengthen what still survives, though once it was all but dead; for I have not found your life perfect in the eyes of my God.
3 ထို့​ကြောင့်​သင်​သည်​ကြား​နာ​ခံ​ယူ​ခဲ့​သည့် တ​ရား​ကို​အောက်​မေ့​သ​တိ​ရ​လျက်​လိုက် လျှောက်​ကျင့်​သုံး​လော့။ နောင်​တ​ရ​လော့။ သင် သည်​မ​နိုး​မ​ထ​ပါ​မူ​သူ​ခိုး​လာ​သ​ကဲ့​သို့ သင့်​ထံ​သို့​ငါ​လာ​မည်။ ငါ​လာ​မည့်​အ​ချိန် ကို​သင်​သိ​ရ​လိမ့်​မည်​မ​ဟုတ်။-
Therefore remember what you have received and heard, and lay it to heart and repent. Unless you are on the watch, I shall come like a thief, and you will not know at what hour I am coming to you.
4 သို့​ရာ​တွင်​သာ​ဒိ​မြို့​၌​မိ​မိ​တို့​အ​ဝတ်​ကို အ​ညစ်​အ​ကြေး​နှင့်​ကင်း​စင်​စေ​သူ​အ​နည်း ငယ်​ရှိ​၏။ ထို​သူ​တို့​သည်​ထိုက်​တန်​သူ​များ ဖြစ်​သ​ဖြင့်​ဝတ်​ဖြူ​စင်​ကြယ်​ကို​ဝတ်​၍​ငါ နှင့်​အ​တူ​သွား​လာ​ရ​ကြ​လိမ့်​မည်။-
Yet there are some few among you at Sardis who did not soil their robes; they shall walk with me, robed in white, for they are worthy.
5 အောင်​မြင်​သော​သူ​တို့​သည်​ဝတ်​ဖြူ​စင်​ကြယ် ကို​ဝတ်​ရ​လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​နာ​မည် ကို​အ​သက်​စာ​စောင်​မှ​ဖျက်​ပယ်​မည်​မ​ဟုတ်။ သူ​တို့​သည်​ငါ​၏​တ​ပည့်​များ​ဖြစ်​ကြောင်း ငါ​၏​ခ​မည်း​တော်​နှင့်​ကိုယ်​တော်​၏​ကောင်း ကင်​တ​မန်​များ​ရှေ့​တွင်​ငါ​ထုတ်​ဖော်​ဝန်​ခံ မည်။
He who conquers shall be clothed in these white robes, and I will not ‘strike his name out of the Book of Life’; but I will own him before my Father, and before his angels.
6 ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့် တော်​မူ​သော​စ​ကား​များ​ကို​ကြား​တတ် သော​နား​ရှိ​သူ​တို့​ကြား​ပါ​စေ။
Let him who has ears hear what the Spirit is saying to the Churches.”
7 ``ဖိ​လ​ဒေ​လ​ဖိ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင် တ​မန်​ထံ​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​မြင့်​မြတ်​သန့်​ရှင်း​သူ၊ သစ္စာ တော်​အ​ရှင်​၏​အ​ထံ​မှ​ဖြစ်​၏။ ကိုယ်​တော်​သည် ဒါဝိဒ်​မင်း​၏​တံ​ခါး​သော့​ကို​ပိုင်​တော်​မူ​၏။ ထို တံ​ခါး​ကို​ကိုယ်​တော်​ဖွင့်​တော်​မူ​လျှင်​အ​ဘယ် သူ​မျှ​မ​ပိတ်​နိုင်​ရာ။ ပိတ်​တော်​မူ​လျှင်​လည်း အ​ဘယ်​သူ​မျှ​မ​ဖွင့်​နိုင်​ရာ။-
To the Angel of the Church in Philadelphia write: — “These are the words of him who is holy and true, who holds ‘the Key of David, who opens and no one shall shut, and shuts and no one opens’: —
8 သင်​ပြု​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည် ခွန်​အား​စွမ်း​ရည်​အ​နည်း​ငယ်​သာ​ရှိ​သော် လည်း ငါ့​သြ​ဝါ​ဒ​ကို​လိုက်​နာ​ကာ​ငါ​၏ သစ္စာ​ကို​စောင့်​ခဲ့​ကြောင်း​ငါ​သိ​၏။ သင်​၏ ရှေ့​၌​တံ​ခါး​ကို​ငါ​ဖွင့်​ထား​ပြီ။ ထို​တံ​ခါး ကို​အ​ဘယ်​သူ​မျှ​မ​ပိတ်​နိုင်​ရာ။-
I know your life (see, I have set a door open before you which no one is able to shut), I know that, though you have but little strength, you kept my teaching in mind, and did not disown my Name.
9 နား​ထောင်​လော့။ မိ​မိ​တို့​ကိုယ်​ကို​ယု​ဒ​အ​မျိုး သား​များ​ဟု​လိမ်​လည်​ပြော​ဆို​နေ​သူ​စာ​တန် ၏​အ​ဖွဲ့​ဝင်​တို့​အား သင်​၏​ခြေ​ရင်း​သို့​လာ ရောက်​ပျပ်​ဝပ်​စေ​မည်။ သင့်​အား​ငါ​ချစ်​ကြောင်း ကို​သူ​တို့​သိ​ကြ​လိမ့်​မည်။-
Listen, I give some of the Congregation of Satan, the men who declare that they are Jews, though they are not, but are lying — I will make them ‘come and bow down at your feet,’ and they shall learn that I loved you.
10 ၁၀ သင်​သည်​ငါ​မှာ​ကြား​သည့်​အ​တိုင်း​စိတ်​ရှည်​သည်း ခံ​လျက်​နေ​ခဲ့​၏။ သို့​ဖြစ်​၍​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့ အား​စစ်​ဆေး​ရန် ဆင်း​ရဲ​ဒုက္ခ​ကျ​ရောက်​လာ​ချိန်​၌ သင့်​အား​ငါ​ကာ​ကွယ်​စောင့်​ရှောက်​မည်။-
Because you kept in mind the story of my endurance, I will keep you in the hour of trial that is about to come upon the whole world, the hour that will test all who are living upon earth.
11 ၁၁ ငါ​သည်​မ​ကြာ​မီ​ကြွ​လာ​မည်။ သင်​၏​ဆု သ​ရ​ဖူ​ကို​အ​ဘယ်​သူ​မျှ​မ​လု​မ​ယူ​နိုင်​စေ​ရန် သင်​ရ​ရှိ​ထား​သော​အ​ရာ​ကို​လုံ​ခြုံ​စွာ​ထိန်း သိမ်း​၍​ထား​လော့။-
I will come quickly. Hold to what you have received, that no one may take your crown.
12 ၁၂ အောင်​မြင်​သော​သူ​အား​ငါ​၏​ဘု​ရား​သခင်​ဗိ​မာန် တော်​တွင်​မဏ္ဍိုင်​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​သည်​နောင် ဘယ်​အ​ခါ​မျှ​ဗိ​မာန်​တော်​အ​ပြင်​သို့​ရောက်​ရ လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ​မှ​ငါ​၏​ဘု​ရား သခင်​ထံ​တော်​မှ​ဆင်း​သက်​လာ​သော​ယေ​ရု​ရှ​လင် မြို့​သစ်​တည်း​ဟူ​သော ငါ​၏​ဘု​ရား​သ​ခင်​မြို့ တော်​အ​မည်​ကို​လည်း​ကောင်း၊ ငါ​၏​ဘု​ရား သ​ခင်​နာ​မ​တော်​ကို​လည်း​ကောင်း​သူ​၏​ပေါ် မှာ​ကမ္ပည်း​ရေး​ထိုး​မည်။ သူ့​အ​ပေါ်​မှာ​ငါ​၏ နာ​မ​တော်​သစ်​ကို​လည်း​ရေး​ထိုး​မည်။
He who conquers — I will make him a pillar in the Temple of my God; and never more shall he leave it; and I will write on him the name of my God and the name of the City of my God, the New Jerusalem, which is coming down out of Heaven from my God, and I will write on him my new name.
13 ၁၃ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား ရှိ​သူ​တို့​ကြား​ပါ​စေ။
Let him who has ears hear what the Spirit is saying to the Churches.”
14 ၁၄ ``လော​ဒိ​ကိ​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သခင်​ဖန်​ဆင်း​တော်​မူ သော​အ​ရာ​အ​ပေါင်း​တို့​၏​အ​စ​မူ​လ​ဖြစ်​တော် မူ​သော၊ သစ္စာ​ရှိ​၍​ဟုတ်​မှန်​သော​သက်​သေ​ခံ​ဖြစ် တော်​မူ​သော​အာ​မင်​၏​ထံ​မှ​ဖြစ်​သည်။-
To the Angel of the Church in Laodicaea write: — “These are the words of the Unchanging One, ‘the Witness faithful and true, the Beginning of the Creation of God’: —
15 ၁၅ သင်​ပြု​ခဲ့​သည့်​အ​မှု​ကို​ငါ​သိ​၏။ သင်​သည်​အ​ပူ လည်း​မ​ဟုတ်၊ အ​အေး​လည်း​မ​ဟုတ်​သည်​ကို​ငါ သိ​၏။ သင်​သည်​အ​ပူ​သို့​မ​ဟုတ်​အ​အေး​တစ်​ခု ခု​ဖြစ်​စေ​ရန်​ငါ​အ​လို​ရှိ​၏။-
I know your life; I know that you are neither cold nor hot. Would that you were either cold or hot!
16 ၁၆ သို့​ရာ​တွင်​သင်​သည်​မ​ပူ​မ​အေး​နွေး​ရုံ​သာ​ရှိ သ​ဖြင့် သင့်​အား​ငါ​၏​ခံ​တွင်း​မှ​ထွေး​ထုတ်​မည်။-
But now, because you are lukewarm, neither hot not cold, I am about to spit you out of my mouth.
17 ၁၇ ``ငါ​သည်​ချမ်း​သာ​ကြွယ်​ဝ​၏။ ငါ့​မှာ​လို​လေ သေး​မ​ရှိ'' ဟု​သင်​ဆို​၏။ သို့​ရာ​တွင်​မိ​မိ​သည် အ​ဘယ်​မျှ​ဆင်း​ရဲ​ငြို​ငြင်​သ​နား​စ​ရာ​ကောင်း သည်​ကို​သင်​သိ​၏။ သင်​သည်​ချို့​တဲ့​လျက်၊ မျက် စိ​ကန်း​လျက်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက် နေ​ပါ​သည်​တ​ကား။-
You say ‘I am rich and have grown rich, and I want for nothing,’ and you do not know that you are wretched, miserable, poor, blind, naked!
18 ၁၈ သို့​ဖြစ်​၍​သင်​သည်​ချမ်း​သာ​ကြွယ်​ဝ​ခြင်း​ငှာ​ရွှေ စင်​ကို ငါ့​ထံ​မှ​ဝယ်​ယူ​ရန်​ငါ​အ​ကြံ​ပေး​၏။ ထို့ အ​ပြင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​မှု​နှင့်​အ​ရှက် ကို​ဖုံး​ရန်​ဝတ်​ဖြူ​စင်​ကြယ်​ကို​လည်း​ကောင်း၊ မျက် စိ​အ​လင်း​ရ​စေ​ရန်​မျက်​စဉ်း​ဆေး​ကို​လည်း ငါ့​ထံ​မှ​ဝယ်​ယူ​လော့။-
Therefore I counsel you to buy from me gold which has been refined by fire, that you may grow rich; and white robes, that you may be clothed and your shameful nakedness be hidden; and ointment to anoint your eyes, that you may see.
19 ၁၉ ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-
‘All whom I love I rebuke and discipline.’ Therefore be in earnest and repent.
20 ၂၀ နား​ထောင်​လော့။ ငါ​သည်​တံ​ခါး​ရှေ့​တွင်​ရပ်​၍ တံ​ခါး​ခေါက်​လျက်​နေ​၏။ ငါ​၏​အ​သံ​ကို​ကြား ၍​တံ​ခါး​ကို​ဖွင့်​သော​သူ​၏​အိမ်​သို့​ငါ​ဝင်​ပြီး လျှင်​သူ​နှင့်​အ​တူ​စား​သောက်​မည်။ သူ​သည် လည်း​ငါ​နှင့်​အ​တူ​စား​သောက်​ရ​လိမ့်​မည်။-
I am standing at the door and knocking! If any one hears my voice and opens the door, I will go in, and will feast with him, and he shall feast with me.
21 ၂၁ ငါ​သည်​အောင်​မြင်​၍​ငါ့​ခ​မည်း​တော်​၏​ပလ္လင် ပေါ်​မှာ​ကိုယ်​တော်​နှင့်​အ​တူ​ထိုင်​နေ​သ​ကဲ့​သို့ အောင်​မြင်​သူ​အား​ပလ္လင်​ပေါ်​မှာ​ငါ​နှင့်​အ​တူ ထိုင်​ရ​သော​အ​ခွင့်​ကို​ငါ​ပေး​မည်။
To him who conquers — to him I will give the right to sit beside me on my throne, as I, when I conquered, took my seat beside my Father on his throne.
22 ၂၂ ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။
Let him who has ears hear what the Spirit is saying to the Churches.”

< ဗျာဒိတ်ကျမ်း 3 >