< ဗျာဒိတ်ကျမ်း 22 +

1 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား​အ​သက် ရေ​စီး​ရာ​မြစ်​ကို​လည်း​ပြ​၏။ ထို​မြစ်​သည်​ကျောက် သ​လင်း​ကဲ့​သို့​ကြည်​လင်​တောက်​ပ​၍​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​မှ​မြို့​တော်​လမ်း​အ​လယ် တစ်​လျှောက်​စီး​ဆင်း​လျက်​နေ​၏။ ထို​မြစ်​၏​ဝဲ​ယာ တွင်​အ​သက်​ပင်​ရှိ​၏။-
και εδειξεν μοι ποταμον καθαρον υδατος ζωης λαμπρον ως κρυσταλον εκπορευομενον εκ του θρονου του θεου και του αρνιου
2 ထို​အ​သက်​ပင်​သည်​တစ်​လ​တစ်​ကြိမ်၊ တစ်​နှစ် လျှင်​တစ်​ဆယ့်​နှစ်​ကြိမ်​အ​သီး​သီး​၏။ ထို​အ​ပင် ၏​အ​ရွက်​များ​သည်​လူ​မျိုး​တ​ကာ​တို့​၏​အ​နာ ရော​ဂါ​များ​ကို​ပျောက်​ကင်း​စေ​ရန်​အ​တွက်​ဖြစ်​၏။-
εν μεσω της πλατειας αυτης και του ποταμου εντευθεν και εντευθεν ξυλον ζωης ποιουν καρπους δωδεκα κατα μηνα εκαστον αποδιδους τον καρπον αυτου και τα φυλλα του ξυλου εις θεραπειαν των εθνων
3 ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည့်​အ​ရာ တစ်​စုံ​တစ်​ရာ​မျှ ထို​မြို့​တွင်​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​တော် သည် ထို​မြို့​တွင်​ရှိ​၍​ကိုယ်​တော်​၏​အ​စေ​ခံ​တို့ သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်။-
και παν καταθεμα ουκ εσται εκει και ο θρονος του θεου και του αρνιου εν αυτη εσται και οι δουλοι αυτου λατρευσουσιν αυτω
4 သူ​တို့​သည်​ကိုယ်​တော်​၏​မျက်​နှာ​တော်​ကို​ဖူး မြင်​ရ​ကြ​လိမ့်​မည်။ နာ​မ​တော်​ကို​သူ​တို့​၏ န​ဖူး​တွင်​ရေး​ထား​လျက်​ရှိ​လိမ့်​မည်။-
και οψονται το προσωπον αυτου και το ονομα αυτου επι των μετωπων αυτων
5 ထို​မြို့​တွင်​ည​ရှိ​တော့​မည်​မ​ဟုတ်။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​အ​လင်း​ကို​ပေး​တော် မူ​မည်​ဖြစ်​၍၊ သူ​တို့​သည်​ဆီ​မီး​၏​အ​ရောင်၊ နေ​၏ အ​လင်း​ရောင်​ကို​လို​ကြ​တော့​မည်​မ​ဟုတ်။ သူ​တို့ သည်​ဘု​ရင်​အ​ဖြစ်​ဖြင့်​ထာ​ဝ​စဉ်​စိုး​စံ​ရ​ကြ လတ္တံ့။ (aiōn g165)
και νυξ ουκ εσται εκει και χρειαν ουκ εχουσιν λυχνου και φωτος ηλιου οτι κυριος ο θεος φωτιει αυτους και βασιλευσουσιν εις τους αιωνας των αιωνων (aiōn g165)
6 ထို​နောက်​ကောင်း​ကင်​တ​မန်​က​ငါ့​အား``ဤ​စ​ကား သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော​စ​ကား​ဖြစ်​၏။ ပ​ရော​ဖက်​တို့​အား​ဝိညာဉ်​တော်​နှင့်​ပြည့်​ဝ​စေ တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ​ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​ဖော်​ပြ​ရန်​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​တော်​မူ​ပြီ'' ဟု​ပြော​၏။
και λεγει μοι ουτοι οι λογοι πιστοι και αληθινοι και κυριος ο θεος των πνευματων των προφητων απεστειλεν τον αγγελον αυτου δειξαι τοις δουλοις αυτου α δει γενεσθαι εν ταχει
7 သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ ငါ​သည်​မ​ကြာ မီ​ကြွ​လာ​မည်။ ဤ​ကျမ်း​စောင်​တွင်​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို လိုက်​လျှောက်​သော သူ​တို့​သည်​မင်္ဂလာ​ရှိ​၏'' ဟု​မိန့်​တော်​မူ​၏။
ιδου ερχομαι ταχυ μακαριος ο τηρων τους λογους της προφητειας του βιβλιου τουτου
8 ဤ​အ​မှု​အ​ရာ​များ​ကို​တွေ့​မြင်​ကြား​သိ​ရ​သူ ကား ငါ​ယော​ဟန်​ပင်​ဖြစ်​၏။ ထို​အ​ရာ​များ​ကို တွေ့​မြင်​ကြား​သိ​ရ​ပြီး​သော​အ​ခါ ငါ​သည် ကောင်း​ကင်​တ​မန်​အား​ရှိ​ခိုး​ရန်​သူ​၏​ခြေ​ရင်း တွင်​ပျပ်​ဝပ်​လိုက်​၏။-
καγω ιωαννης ο ακουων και βλεπων ταυτα και οτε ηκουσα και εβλεψα επεσον προσκυνησαι εμπροσθεν των ποδων του αγγελου του δεικνυντος μοι ταυτα
9 ကောင်း​ကင်​တ​မန်​က``ဤ​သို့​မ​ပြု​နှင့်။ ငါ​သည်​သင်​နှင့် သင်​၏​ညီ​အစ်​ကို​ပ​ရော​ဖက်​များ​နှင့် ဤ​ကျမ်း​စောင် ၏​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​သူ​တို့​၏​လုပ်​ဖော် ဆောင်​ဘက်​အ​စေ​ခံ​တစ်​ဦး​သာ​လျှင်​ဖြစ်​၏။ ဘု​ရား သ​ခင်​ကို​သာ​လျှင်​ရှိ​ခိုး​လော့'' ဟု​ဆို​၏။-
και λεγει μοι ορα μη συνδουλος σου ειμι και των αδελφων σου των προφητων των τηρουντων τους λογους του βιβλιου τουτου τω θεω προσκυνησον
10 ၁၀ ထို​နောက်​ကောင်း​ကင်​တ​မန်​က``ဤ​အ​မှု​အ​ရာ အား​လုံး​ဖြစ်​ပျက်​မည့်​အ​ချိန်​သည်​နီး​ကပ်​လာ ပြီ​ဖြစ်​၍ ဤ​ကျမ်း​စောင်​တွင်​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​စ​ကား​များ​ကို​လျှို့​ဝှက်​၍​မ​ထား နှင့်။-
και λεγει μοι μη σφραγισης τους λογους της προφητειας του βιβλιου τουτου οτι ο καιρος εγγυς εστιν
11 ၁၁ မ​တ​ရား​သော​အ​မှု​ကို​ပြု​သော​သူ​သည်​ပြု​မြဲ ပြု​ပါ​စေ။ ညစ်​ညမ်း​သူ​သည်​ဆက်​လက်​၍​ညစ်​ညမ်း လျက်​နေ​ပါ​စေ။ ဖြောင့်​မတ်​သူ​သည်​ဆက်​လက်​၍ ဖြောင့်​မတ်​ပါ​စေ။ မြင့်​မြတ်​သန့်​ရှင်း​သူ​သည်​ဆက် လက်​၍​မြင့်​မြတ်​သန့်​ရှင်း​ပါ​စေ'' ဟု​ငါ့​အား ဆို​၏။
ο αδικων αδικησατω ετι και ο ρυπαρος ρυπαρευθητω ετι και ο δικαιος δικαιοσυνην ποιησατω ετι και ο αγιος αγιασθητω ετι
12 ၁၂ သ​ခင်​ယေ​ရှု​က``နား​ထောင်​လော့။ မ​ကြာ​မီ​ငါ ကြွ​လာ​မည်။ လူ​အ​သီး​သီး​တို့​အား မိ​မိ​တို့​၏ အ​ကျင့်​အ​လျောက်​ပေး​အပ်​ရန်​ဆု​ကို​ငါ​ယူ လာ​မည်။-
ιδου ερχομαι ταχυ και ο μισθος μου μετ εμου αποδουναι εκαστω ως το εργον εσται αυτου
13 ၁၃ ငါ​သည်​ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
εγω το αλφα και το ω αρχη και τελος ο πρωτος και ο εσχατος
14 ၁၄ မိ​မိ​တို့​အ​ဝတ်​ကို​သန့်​ရှင်း​ဖြူ​စင်​အောင်​လျှော်​ဖွတ် သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏။ သူ​တို့​သည်​အ​သက်​ပင် ၏​အ​သီး​ကို​စား​သုံး​နိုင်​ခွင့်​နှင့် မြို့​တံ​ခါး​ဖြင့်​မြို့ တော်​တွင်း​သို့​ဝင်​နိုင်​ခွင့်​ကို​ရ​ကြ​လိမ့်​မည်။-
μακαριοι οι ποιουντες τας εντολας αυτου ινα εσται η εξουσια αυτων επι το ξυλον της ζωης και τοις πυλωσιν εισελθωσιν εις την πολιν
15 ၁၅ သို့​ရာ​တွင်​လူ​မ​ဆန်​သူ​များ၊ ပြု​စား​တတ်​သူ များ၊ ကာ​မ​ဂုဏ်​လိုက်​စား​သူ​များ၊ လူ​သတ်​သ​မား များ၊ ရုပ်​တု​ကိုး​ကွယ်​သူ​များ၊ လိမ်​လည်​ပြော​ဆို ၍​ကျင့်​ကြံ​သူ​များ​သည်​မြို့​ပြင်​တွင်​နေ​ရ​ကြ လိမ့်​မည်။
εξω οι κυνες και οι φαρμακοι και οι πορνοι και οι φονεις και οι ειδωλολατραι και πας φιλων και ποιων ψευδος
16 ၁၆ ``ငါ​ယေ​ရှု​သည်​အ​သင်း​တော်​များ​ရှိ​သင်​တို့​အား ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ကြေ​ညာ​ရန် ငါ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​လိုက်​၏။ ငါ​သည် ဒါ​ဝိဒ်​၏​အ​နွယ်​ဝင်​ဖြစ်​၏။ ထွန်း​လင်း​တောက်​ပ သော​မိုး​သောက်​ကြယ်​လည်း​ဖြစ်​၏။
εγω ιησους επεμψα τον αγγελον μου μαρτυρησαι υμιν ταυτα επι ταις εκκλησιαις εγω ειμι η ριζα και το γενος δαυιδ ο αστηρ ο λαμπρος ο πρωινος
17 ၁၇ ဝိ​ညာဉ်​တော်​နှင့်​မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​က ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ထို​သို့​ဆို​သည်​ကို​ကြား​သော​သူ​မှန်​သ​မျှ​သည် လည်း ``ကြွ​လာ​တော်​မူ​ပါ'' ဟု​ဆို​ကြ​ပါ​စေ။ ရေ​ငတ်​သူ​သည်​လာ​ပါ​စေ။ အ​သက်​ရေ​ကို​အ​လို​ရှိ​သူ​သည်​အ​ခ​မဲ့ ယူ​ပါ​စေ။
και το πνευμα και η νυμφη λεγουσιν ερχου και ο ακουων ειπατω ερχου και ο διψων ερχεσθω ο θελων λαβετω υδωρ ζωης δωρεαν
18 ၁၈ ဤ​ကျမ်း​စောင်​ပါ​ဗျာ​ဒိတ်​တော်​များ​ကို​ကြား​ရ သူ​အ​ပေါင်း​တို့​အား ငါ​ယော​ဟန်​သည်​ကြပ်​တည်း စွာ​သ​တိ​ပေး​လိုက်​၏။ မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင် တွင် တစ်​စုံ​တစ်​ရာ​ထပ်​လောင်း​၍​ဖြည့်​စွက်​ပါ​က ထို​သူ​အ​ပေါ်​သို့​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း စောင်​၌​ဖော်​ပြ​သော​ဘေး​ဒဏ်​များ​ကို​သက် ရောက်​စေ​တော်​မူ​လိမ့်​မည်။-
μαρτυρω εγω παντι ακουοντι τους λογους της προφητειας του βιβλιου τουτου εαν τις επιθη επ αυτα επιθησαι επ αυτον ο θεος τας επτα πληγας τας γεγραμμενας εν τω βιβλιω τουτω
19 ၁၉ မည်​သူ​မ​ဆို​ဤ​ကျမ်း​စောင်​ပါ​ပ​ရော​ဖက် စ​ကား​များ​မှ​တစ်​စုံ​တစ်​ရာ​ကို​နုတ်​ပယ်​ပါ​က ထို​သူ​ထံ​မှ​ဘု​ရား​သ​ခင်​သည် ဤ​ကျမ်း​စောင်​၌ ဖော်​ပြ​သော​အ​သက်​ပင်​၏​အ​သီး​ကို​စား​သုံး​ခွင့် နှင့် မြင့်​မြတ်​သန့်​ရှင်း​သော​မြို့​တော်​သို့​ဝင်​စား​ခွင့် ကို​နုတ်​ပယ်​တော်​မူ​လိမ့်​မည်။
και εαν τις αφελη απο των λογων του βιβλιου της προφητειας ταυτης αφελοι ο θεος το μερος αυτου απο του ξυλου της ζωης και εκ της πολεως της αγιας των γεγραμμενων εν τω βιβλιω τουτω
20 ၂၀ ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သက်​သေ​ခံ​တော်​မူ သော​အ​ရှင်​က``မု​ချ​မ​ကြာ​မီ​ငါ​ကြွ​လာ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​အ​တိုင်း​ပင်​ဖြစ်​ပါ​စေ သော။ သ​ခင်​ယေ​ရှု​ကြွ​လာ​တော်​မူ​ပါ။
λεγει ο μαρτυρων ταυτα ναι ερχομαι ταχυ αμην ναι ερχου κυριε ιησου
21 ၂၁ သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို​လူ​တိုင်း ခံ​စား​ရ​ကြ​ပါ​စေ​သော။ ဋ္ဌမ္မ​သစ်​ကျမ်း​တို့​တွင်​နောက်​ဆုံး​ကျမ်း​တည်း ဟူ​သော​ရှင်​ယော​ဟန်​စီ​ရင်​ရေး​ထား​သော​ဗျာ​ဒိတ် ကျမ်း​ပြီး​၏။
η χαρις του κυριου ιησου χριστου μετα παντων των αγιων αμην

< ဗျာဒိတ်ကျမ်း 22 +