< ဗျာဒိတ်ကျမ်း 21 >

1 ထို​နောက်​ကောင်း​ကင်​သစ်​နှင့်​ကမ္ဘာ​သစ်​ကို​ငါ မြင်​ရ​၏။ ယ​ခင်​ကောင်း​ကင်​ဟောင်း​နှင့်​ကမ္ဘာ ဟောင်း​သည်​ကွယ်​ပျောက်​သွား​လေ​ပြီ။ ပင်​လယ် သ​မုဒ္ဒ​ရာ​သည်​လည်း​မ​ရှိ​တော့​ပေ။-
και ειδον ουρανον καινον και γην καινην ο γαρ πρωτος ουρανος και η πρωτη γη παρηλθεν και η θαλασσα ουκ εστιν ετι
2 ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သော​မြို့​ကြီး​ဖြစ်​သည့်​ယေ​ရု ရှ​လင်​မြို့​သစ်​သည် သ​တို့​သား​အ​တွက်​အ​ဝတ် တန်​ဆာ​ဆင်​ယင်​ထား​သည့်​သ​တို့​သ​မီး​ကဲ့​သို့ ပြင်​ဆင်​လျက်​သက်​ဆင်း​လာ​သည်​ကို​ငါ​မြင် ရ​၏။-
και εγω ιωαννης ειδον την πολιν την αγιαν ιερουσαλημ καινην καταβαινουσαν απο του θεου εκ του ουρανου ητοιμασμενην ως νυμφην κεκοσμημενην τω ανδρι αυτης
3 ငါ​သည်​ပလ္လင်​တော်​မှ​ကျယ်​စွာ​သော​အ​သံ​ကို ကြား​ရ​၏။ ထို​အ​သံ​က``ယ​ခု​အ​ခါ​၌​ဘု​ရား သ​ခင်​သည်​လူ​သား​တို့​ထံ​တွင်​ကျိန်း​ဝပ်​တော် မူ​ပြီ။ ကိုယ်​တော်​သည်​သူ​တို့​နှင့်​အ​တူ​နေ​တော် မူ​မည်။ ထို​သူ​တို့​သည်​ကိုယ်​တော်​၏​လူ​စု​တော် ဖြစ်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ပင်​လျှင်​သူ​တို့​နှင့်​အ​တူ​ရှိ​နေ​တော်​မူ​၍​သူ တို့​၏​ဘု​ရား​ဖြစ်​မည်။-
και ηκουσα φωνης μεγαλης εκ του ουρανου λεγουσης ιδου η σκηνη του θεου μετα των ανθρωπων και σκηνωσει μετ αυτων και αυτοι λαοι αυτου εσονται και αυτος ο θεος εσται μετ αυτων θεος αυτων
4 ကိုယ်​တော်​သည်​သူ​တို့​၏​မျက်​ရည်​ရှိ​သ​မျှ​ကို သုတ်​တော်​မူ​မည်။ နောက်​တစ်​ဖန်​သေ​ခြင်း၊ ဝမ်း​နည်း ပူ​ဆွေး​ခြင်း၊ ငို​ကြွေး​ခြင်း၊ နာ​ကျင်​ခြင်း​တို့​သည် ရှိ​ကြ​တော့​မည်​မ​ဟုတ်။ ရှေး​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​ပြီ'' ဟု​ဆို​၏။
και εξαλειψει ο θεος παν δακρυον απο των οφθαλμων αυτων και ο θανατος ουκ εσται ετι ουτε πενθος ουτε κραυγη ουτε πονος ουκ εσται ετι οτι τα πρωτα απηλθον
5 ပလ္လင်​တော်​ပေါ်​တွင်​စံ​တော်​မူ​သော​အ​ရှင်​က``ယ​ခု အ​ခါ​၌​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ငါ​အ​သစ် ဖန်​ဆင်း​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ကိုယ်​တော်​က​ငါ့ အား``ဤ​စ​ကား​သည်​သစ္စာ​စ​ကား၊ ဟုတ်​မှန်​သော စ​ကား​ဖြစ်​၏။ ရေး​မှတ်​၍​ထား​လော့'' ဟု​မိန့်​တော် မူ​၏။-
και ειπεν ο καθημενος επι του θρονου ιδου καινα παντα ποιω και λεγει μοι γραψον οτι ουτοι οι λογοι αληθινοι και πιστοι εισιν
6 ထို​နောက်​ကိုယ်​တော်​က``အ​မှု​ပြီး​ပြီ။ ငါ​သည် ပ​ထ​မ​နှင့်​နောက်​ဆုံး၊ အ​စ​နှင့်​အ​ဆုံး​ဖြစ်​၏။ ရေ​ငတ်​သူ​အား​အ​သက်​စမ်း​ရေ​ကို​အ​ဖိုး အ​ခ​မ​ပေး​ရ​ဘဲ​သောက်​ခွင့်​ငါ​ပေး​မည်။-
και ειπεν μοι γεγονεν εγω ειμι το α και το ω η αρχη και το τελος εγω τω διψωντι δωσω εκ της πηγης του υδατος της ζωης δωρεαν
7 အောင်​မြင်​သော​သူ​သည်​ဤ​က​တိ​တော်​ကို​ခံ​စား ရ​လိမ့်​မည်။ ငါ​သည်​သူ​၏​ဘု​ရား​ဖြစ်​မည်။ သူ​သည် လည်း​ငါ​၏​သား​ဖြစ်​လိမ့်​မည်။-
ο νικων κληρονομησει παντα και εσομαι αυτω θεος και αυτος εσται μοι ο υιος
8 သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။ (Limnē Pyr g3041 g4442)
δειλοις δε και απιστοις και εβδελυγμενοις και φονευσιν και πορνοις και φαρμακευσιν και ειδωλολατραις και πασιν τοις ψευδεσιν το μερος αυτων εν τη λιμνη τη καιομενη πυρι και θειω ο εστιν δευτερος θανατος (Limnē Pyr g3041 g4442)
9 ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-
και ηλθεν προς με εις των επτα αγγελων των εχοντων τας επτα φιαλας τας γεμουσας των επτα πληγων των εσχατων και ελαλησεν μετ εμου λεγων δευρο δειξω σοι την νυμφην του αρνιου την γυναικα
10 ၁၀ ဝိညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​လျက်၊ ကောင်း​ကင်​တ​မန်​သည်​ငါ့​ကို​အ​လွန်​မြင့် သော​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​သက် ဆင်း​လာ​သည်​ကို​ပြ​၏။-
και απηνεγκεν με εν πνευματι επ ορος μεγα και υψηλον και εδειξεν μοι την πολιν την μεγαλην την αγιαν ιερουσαλημ καταβαινουσαν εκ του ουρανου απο του θεου
11 ၁၁ ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-
εχουσαν την δοξαν του θεου και ο φωστηρ αυτης ομοιος λιθω τιμιωτατω ως λιθω ιασπιδι κρυσταλλιζοντι
12 ၁၂ ထို​မြို့​တွင်​တံ​ခါး​ပေါက်​တစ်​ဆယ့်​နှစ်​ပေါက်​နှင့် မြင့်​မား​သော​မြို့​ရိုး​ကြီး​ရှိ​၏။ ထို​တံ​ခါး​ပေါက် တို့​တွင်​ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​စောင့် ၍​ဣသ​ရေ​လ​အ​မျိုး​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ နာ​မည်​များ​ကို​တံ​ခါး​များ​ပေါ်​၌​ရေး​ထား လျက်​ရှိ​၏။-
εχουσαν τε τειχος μεγα και υψηλον εχουσαν πυλωνας δωδεκα και επι τοις πυλωσιν αγγελους δωδεκα και ονοματα επιγεγραμμενα α εστιν των δωδεκα φυλων των υιων ισραηλ
13 ၁၃ အ​ရှေ့​ဘက်​တွင်​တံ​ခါး​ပေါက်​သုံး​ပေါက်၊ မြောက် ဘက်​တွင်​သုံး​ပေါက်၊ တောင်​ဘက်​တွင်​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင်​သုံး​ပေါက်​ရှိ​၏။-
απ ανατολης πυλωνες τρεις απο βορρα πυλωνες τρεις απο νοτου πυλωνες τρεις απο δυσμων πυλωνες τρεις
14 ၁၄ မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-
και το τειχος της πολεως εχον θεμελιους δωδεκα και εν αυτοις ονοματα των δωδεκα αποστολων του αρνιου
15 ၁၅ ငါ​နှင့်​စ​ကား​ပြော​သော​ကောင်း​ကင်​တ​မန်​၏​လက် တွင်​မြို့​ကို​လည်း​ကောင်း၊ မြို့​တံ​ခါး​များ​ကို​လည်း ကောင်း၊ မြို့​ရိုး​ကို​လည်း​ကောင်း​တိုင်း​ထွာ​ရန်​ရွှေ ကူ​လုံး​ရှိ​၏။-
και ο λαλων μετ εμου ειχεν καλαμον χρυσουν ινα μετρηση την πολιν και τους πυλωνας αυτης και το τειχος αυτης
16 ၁၆ ထို​မြို့​သည်​အ​နား​လေး​ဘက်​ညီ​သော​ထောင့်​မှန် စ​တု​ဂံ​ပုံ​ရှိ​၍​အ​လျား​နှင့်​အ​နံ​တူ​ညီ​၏။ ကောင်း ကင်​တ​မန်​သည်​ကူ​လုံး​ဖြင့်​မြို့​ကို​တိုင်း​ထွာ​ရာ အ​လျား၊ အ​နံ၊ အ​မြင့်​မှာ​မိုင်​တစ်​ထောင့်​ငါး ရာ​စီ​ရှိ​ကြောင်း​တွေ့​ရ​၏။-
και η πολις τετραγωνος κειται και το μηκος αυτης τοσουτον εστιν οσον και το πλατος και εμετρησεν την πολιν τω καλαμω επι σταδιων δωδεκα χιλιαδων το μηκος και το πλατος και το υψος αυτης ισα εστιν
17 ၁၇ ထို​နောက်​မြို့​ရိုး​ကို​တိုင်း​ရာ​ကောင်း​ကင်​တ​မန် အ​သုံး​ပြု​သည့်​လူ​တို့​၏​အ​တိုင်း​အ​ထွာ​အ​ရ၊ အ​မြင့်​နှစ်​ရာ​တစ်​ဆယ့်​ခြောက်​ပေ​ရှိ​သ​တည်း။-
και εμετρησεν το τειχος αυτης εκατον τεσσαρακοντα τεσσαρων πηχων μετρον ανθρωπου ο εστιν αγγελου
18 ၁၈ မြို့​ရိုး​ကို​နဂါး​သွဲ့​ကျောက်​ဖြင့်​ဆောက်​လုပ်​ထား​၏။ မြို့​တော်​ကြီး​ကား​ဖန်​ရောင်​ထ​နေ​သော​ရွှေ​စင်​ဖြင့် ပြီး​၏။-
και ην η ενδομησις του τειχους αυτης ιασπις και η πολις χρυσιον καθαρον ομοια υαλω καθαρω
19 ၁၉ မြို့​ရိုး​အုတ်​မြစ်​များ​ကို​ကျောက်​မျက်​ရ​တ​နာ အ​မျိုး​မျိုး​တို့​ဖြင့်​ခြယ်​လှယ်​ထား​၏။ ပ​ထ​မ​အုတ် မြစ်​မှာ​န​ဂါး​သွဲ့​ကျောက်၊ ဒု​တိ​ယ​အုတ်​မြစ်​မှာ နီလာ၊ တ​တိ​ယ​အုတ်​မြစ်​မှာ​မ​ဟူ​ရာ၊ စ​တုတ္ထ အုတ်​မြစ်​မှာ​မြ၊-
και οι θεμελιοι του τειχους της πολεως παντι λιθω τιμιω κεκοσμημενοι ο θεμελιος ο πρωτος ιασπις ο δευτερος σαπφειρος ο τριτος χαλκηδων ο τεταρτος σμαραγδος
20 ၂၀ ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-
ο πεμπτος σαρδονυξ ο εκτος σαρδιος ο εβδομος χρυσολιθος ο ογδοος βηρυλλος ο ενατος τοπαζιον ο δεκατος χρυσοπρασος ο ενδεκατος υακινθος ο δωδεκατος αμεθυστος
21 ၂၁ မြို့​တံ​ခါး​တစ်​ခု​လျှင်​ပု​လဲ​တစ်​လုံး​ဖြင့်​ပြု​လုပ် ထား​သ​ဖြင့် မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ခု​တို့​သည်​ပု​လဲ တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​၏။ မြို့​၏​လမ်း​တို့​ကို​လည်း ကြည်​လင်​သည့်​ဖန်​ကဲ့​သို့​ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား လေ​သည်။
και οι δωδεκα πυλωνες δωδεκα μαργαριται ανα εις εκαστος των πυλωνων ην εξ ενος μαργαριτου και η πλατεια της πολεως χρυσιον καθαρον ως υαλος διαφανης
22 ၂၂ ထို​မြို့​တော်​ထဲ​တွင်​ဗိ​မာန်​တော်​ကို​ငါ​မ​တွေ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​မြို့​၏​ဗိ​မာန်​တော်​သည် အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တို့​ဖြစ်​သော​ကြောင့်​တည်း။-
και ναον ουκ ειδον εν αυτη ο γαρ κυριος ο θεος ο παντοκρατωρ ναος αυτης εστιν και το αρνιον
23 ၂၃ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-
και η πολις ου χρειαν εχει του ηλιου ουδε της σεληνης ινα φαινωσιν εν αυτη η γαρ δοξα του θεου εφωτισεν αυτην και ο λυχνος αυτης το αρνιον
24 ၂၄ လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-
και τα εθνη των σωζομενων εν τω φωτι αυτης περιπατησουσιν και οι βασιλεις της γης φερουσιν την δοξαν και την τιμην αυτων εις αυτην
25 ၂၅ မြို့​တံ​ခါး​တို့​ကို​တစ်​နေ့​လုံး​ဖွင့်​ထား​လိမ့်​မည်။ ထို မြို့​၌​ည​အ​ချိန်​မ​ရှိ​သ​ဖြင့်​မြို့​တံ​ခါး​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပိတ်​ထား​လိမ့်​မည်​မ​ဟုတ်။-
και οι πυλωνες αυτης ου μη κλεισθωσιν ημερας νυξ γαρ ουκ εσται εκει
26 ၂၆ လူ​မျိုး​တ​ကာ​တို့​သည်​မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ နှင့်​စည်း​စိမ်​ဥစ္စာ​များ​ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-
και οισουσιν την δοξαν και την τιμην των εθνων εις αυτην
27 ၂၇ သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။
και ου μη εισελθη εις αυτην παν κοινουν και ποιουν βδελυγμα και ψευδος ει μη οι γεγραμμενοι εν τω βιβλιω της ζωης του αρνιου

< ဗျာဒိတ်ကျမ်း 21 >