< ဗျာဒိတ်ကျမ်း 2 >

1 ``ဧ​ဖက်​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့ ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လိုက်​လော့။ ဤ​သြ​ဝါ​ဒ​သည်​ကြယ်​ခု​နစ်​လုံး​ကို​လက်ယာ လက်​တွင်​ကိုင်​ကာ ရွှေ​မီး​ခွက်​ခု​နစ်​ခု​အ​ကြား တွင်​သွား​လာ​နေ​သူ​၏​ထံ​မှ​ဖြစ်​၏။-
To the angel of the Church in Ephesus, write. These are the words of Him who holds the seven stars in his right hand, and who walks among the seven golden candlesticks.
2 သင်​ပြု​သော​အ​မှု​ကို​ငါ​သိ​၏။ သင်​မည်​မျှ ကြိုး​ပမ်း​လုပ်​ဆောင်​သည်၊ မည်​မျှ​ရဲ​ရင့်​သည်၊ မည် မျှ​ခံ​နိုင်​ရည်​ရှိ​သည်​ကို​ငါ​သိ​၏။ သင်​သည်​ဆိုး ညစ်​သူ​တို့​ကို​သည်း​မ​ခံ​နိုင်​ကြောင်း၊ တ​မန် တော်​မ​ဟုတ်​ဘဲ​လျက် မိ​မိ​တို့​ကိုယ်​ကို​တ​မန် တော်​ဟု​ခေါ်​ဆို​ကြ​သူ​တို့​အား​စစ်​ဆေး​၍ လူ​လိမ်​များ​ဖြစ်​သည်​ကို​သိ​ရှိ​ကြောင်း​ငါ သိ​၏။-
I know your works and your toil and stedfastness, and that you cannot endure evil men, and that you tested those who called themselves apostles, though they are not, and how you found them false.
3 သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။-
You are holding fast, and have borne up for my names’s sake, and have not grown weary.
4 သို့​သော်​သင်​သည်​အ​စ​က​ကဲ့​သို့​ယ​ခု​အ​ခါ ၌ ငါ့​ကို​မ​ချစ်​တော့​သ​ဖြင့်​သင့်​အား​အ​ပြစ် ဆို​စ​ရာ​ရှိ​၏။-
But I have this against you, that you have left your first love.
5 သို့​ဖြစ်​၍​သင်​သည်​အ​ဘယ်​မျှ​လောက်​ကျ​ဆင်း လာ​သည်​ကို​ဆင်​ခြင်​လော့။ နောင်​တ​ရ​၍​အ​စ က​ပြု​ကျင့်​ခဲ့​သည့်​အ​တိုင်း​ပြု​ကျင့်​လော့။ သို့ မ​ပြု​ပါ​မူ​သင်​ရှိ​ရာ​သို့​ငါ​လာ​ခဲ့​မည်။ သင် နောင်​တ​မ​ရ​လျှင်​သင်​၏​မီး​ခွက်​ကို​နေ​ရာ​မှ ငါ​ဖယ်​ရှား​ပစ်​မည်။-
Remember whence you have fallen, and turn again, and do your first works. Otherwise I am coming to you and will remove your candlestick out of its place, unless you repent.
6 သို့​ရာ​တွင်​နိ​ကော​လ​၏​တ​ပည့်​တို့​ကျင့်​ကြံ​ပုံ ကို ငါ​မုန်း​သ​ကဲ့​သို့​သင်​လည်း​မုန်း​သ​ဖြင့်​သင့် အား​ချီး​မွမ်း​စ​ရာ​ရှိ​၏။
But this you have, that you hate the works of the Nicolaitans, which I hate.
7 ``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။
He who has an ear, let him listen to what the Spirit is saying to the churches. To him that overcomes, to him will I give to eat from the tree of life which is in the garden of God.
8 စ​မု​ရ​န​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​အ​စ​နှင့်​အ​ဆုံး​ဖြစ်​သူ၊ သေ​ပြီး​မှ​အ​သက်​ပြန်​၍​ရှင်​လာ​သူ​၏​ထံ​မှ ဖြစ်​သည်။-
And unto the angel of the Church in Smyrna, write. These are the words of the First and the Last, he who died and has returned to life.
9 သင်​သည်​အ​ဘယ်​မျှ​ဆင်း​ရဲ​၍​အ​ဘယ်​မျှ​ဒုက္ခ ရောက်​သည်​ကို​ငါ​သိ​၏။ သို့​ရာ​တွင်​အ​မှန်​စင်​စစ် သင်​သည်​ကြွယ်​ဝ​သူ​ဖြစ်​၏။ မိ​မိ​တို့​ကိုယ်​ကို ဟေ​ဗြဲ​အ​မျိုး​သား​များ​ဟု​ဆို​ကြ​သော​သူ​တို့ သည်​သင့်​အား​အ​သ​ရေ​ပျက်​စေ​သည့်​စ​ကား များ​ကို​ပြော​ဆို​ကြ​ကြောင်း​ငါ​သိ​၏။ သူ​တို့ သည်​စင်​စစ်​အား​ဖြင့်​ဟေ​ဗြဲ​အ​မျိုး​သား​များ မ​ဟုတ်။ စာ​တန်​၏​အ​ဖွဲ့​ဝင်​များ​ဖြစ်​ကြ​၏။-
I know your persecution and your poverty - but you are rich! I know the reviling of those who say that they themselves are Jews, when they are not, but are a synagogue of Satan.
10 ၁၀ သင်​ခံ​ရ​မည့်​ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​မ​စိုး ရိမ်​နှင့်။ စာ​တန်​သည်​သင်​တို့​အ​ချို့​ကို​ထောင်​ထဲ ၌​အ​ကျဉ်း​ချ​ထား​ခြင်း​အား​ဖြင့်​စစ်​ဆေး​လိမ့် မည်။ သင်​သည်​ဆယ်​ရက်​တိုင်​တိုင်​ဒုက္ခ​ခံ​ရ​လိမ့်​မည်။ သေ​သည်​တိုင်​အောင်​သစ္စာ​စောင့်​လော့။ သို့​မှ​သာ သင့်​အား​အ​သက်​သ​ရ​ဖူ​ကို​ငါ​ပေး​မည်။
Fear not what you are about to suffer! Behold, the devil is indeed going to put some of you in prison, that you may be tested, and you will have persecution for ten days. Be faithful even unto death, and I will give you the crown of life.
11 ၁၁ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ​သူ တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​သည်​ဒု​တိ​ယ​သေ ခြင်း​ဘေး​နှင့်​ကင်း​လွတ်​လိမ့်​မည်။
Let him who has ears, listen to what the Spirit is saying to the churches. He that overcomes shall not be hurt of the second death.
12 ၁၂ ``ပေ​ရ​ဂံ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ဤ​သြ​ဝါ​ဒ​သည်​ထက်​မြက်​သော​သန်​လျက် ဆောင်​ထား​သူ​၏​ထံ​မှ​ဖြစ်​၏။-
And to the angel of the Church in Pergamum, write These are the words of Him who holds the sharp two-edged sword.
13 ၁၃ အ​ဘယ်​အ​ရပ်​တွင်​သင်​နေ​ထိုင်​သည်​ကို​ငါ​သိ ၏။ သင်​သည်​စာ​တန်​၏​ပလ္လင်​ရှိ​ရာ​အ​ရပ်​တွင်​နေ ထိုင်​၏။ ငါ​၏​ဘက်​မှာ​သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​သူ အန္တိပ​သည် စာ​တန်​နေ​ထိုင်​ရာ​တွင်​အ​သတ်​ခံ​ရ ချိန်​၌​ပင် သင်​သည်​ငါ​၏​သစ္စာ​ကို​စောင့်​၍ ငါ့​ကို ယုံ​ကြည်​ကိုး​စား​မှု​မ​စွန့်။-
I know where you dwell, where the throne of Satan is; and yet you are holding fast my name, and you have not denied my faith, even in the days of Antipas, my witness, my faithful one, who was slain among you, where Satan has his dwelling.
14 ၁၄ သို့​ရာ​တွင်​သင်​တို့​အ​ထဲ​တွင်​ဗာ​လမ်​၏​အ​ယူ ဝါ​ဒ​ကို​လိုက်​လျှောက်​သူ​များ​ရှိ​နေ​သ​ဖြင့် သင့်​အား​အ​ပြစ်​ဆို​စ​ရာ​အ​နည်း​ငယ်​ရှိ​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ရုပ်​တု​ပူ​ဇော် ရာ​အ​စား​အ​စာ​များ​ကို​စား​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​ကို​လိုက်​စား​ကြ​စေ​ရန်​ဗာ​လမ်​က ဗာ​လက်​မင်း​အား​သင်​ကြား​ပေး​၏။-
But I have a few things against you, because you have there some who hold to the teaching of Balaam, who taught Balak to put a stumbling- block before the sons of Israel, to eat food offered to idols, and to practise immorality.
15 ၁၅ ထို​နည်း​တူ​စွာ​သင်​တို့​အ​ထဲ​တွင်​လည်း​နိ ကော​လ​၏​တ​ပည့်​များ သင်​ကြား​ပို့​ချ​သည့် အ​ယူ​ဝါ​ဒ​များ​ကို​လိုက်​လျှောက်​နေ​သူ​များ ရှိ​ပေ​သည်။-
So you have also some who hold the teaching of the Nicolaitans.
16 ၁၆ ထို့​ကြောင့်​နောင်​တ​ရ​လော့။ နောင်​တ​မ​ရ​ပါ​မူ မ​ကြာ​မီ ငါ​လာ​၍​ထို​သူ​တို့​အား​ငါ​၏​ခံ တွင်း​မှ​ထွက်​သော​သန်​လျက်​နှင့်​တိုက်​ခိုက်​မည်။
Repent; if you do not I will very soon come to you, and will make war upon them with the sword of my mouth.
17 ၁၇ ``အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ အောင်​မြင်​သော​သူ​အား​ဝှက်​ထား​သော​မန္န​မုန့် ကို​ငါ​ပေး​မည်။ ကျောက်​စ​ရစ်​ဖြူ​ကို​လည်း ငါ​ပေး​မည်။ ထို​ကျောက်​ဖြူ​ပေါ်​တွင်​အက္ခ​ရာ တင်​ထား​သည့်​နာ​မည်​သစ်​ကို​အ​ဘယ်​သူ မျှ​မ​သိ​နိုင်​ရာ။ ထို​ကျောက်​ကို​ခံ​ယူ​ရ​ရှိ သူ​သာ​လျှင်​သိ​ရှိ​နိုင်​ပေ​သည်။
He who has ears, let him listen to what the Spirit is saying to the churches. To him that overcomes I will give of the hidden manna, and I will give him a white stone, and upon the stone a new name written, which no man knows, but he that receives it.
18 ၁၈ သွာ​တိ​ရ​မြို့​အ​သင်း​တော်​၏​ကောင်း​ကင်​တ​မန် ထံ​သို့​ဤ​သို့​စာ​ရေး​၍​သြ​ဝါ​ဒ​ပေး​လော့။ ``ဤ​သြ​ဝါ​ဒ​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ထံ​မှ​ဖြစ်​၏။ ထို​အ​ရှင်​၏​မျက်​စိ​တော်​များ​သည် မီး​လျှံ​သ​ဖွယ်​တောက်​ပ​လျက်၊ ခြေ​တော်​များ သည်​တောက်​ပြောင်​သော​ကြေး​ဝါ​ကဲ့​သို့​ဖြစ်​၏။-
And to the angel of the Church in Thyatira, write. These are the words of the Son of God, who has his eyes like a flame of fire, and his feet like burnished brass.
19 ၁၉ ငါ​သည်​သင်​ပြု​သော​အ​မှု​ကို​သိ​၏။ သင်​မေတ္တာ ထား​ပုံ​နှင့်​သစ္စာ​စောင့်​ပုံ​တို့​ကို​လည်း​ကောင်း၊ အ​မှု​တော်​ဆောင်​ပုံ​နှင့်​တည်​ကြည်​ပုံ​ကို လည်း​ကောင်း​ငါ​သိ​၏။ ထို့​ပြင်​နောက်​ပိုင်း အ​ချိန်​သင်​ပြု​သည့်​အ​မှု​များ​သည် စော စော​ပိုင်း​အ​ချိန်​ပြု​သည့်​အ​မှု​များ​ထက် သာ​လွန်​ကောင်း​မွန်​ပေ​သည်။-
I know your works and your love and faith and service and endurance; I know that your last works are more than the first.
20 ၂၀ သို့​ရာ​တွင်​သင့်​အား​အ​ပြစ်​ဆို​စ​ရာ​ရှိ​သည် မှာ ယေ​ဇ​ဗေ​လ​ဆို​သူ​အ​မျိုး​သ​မီး​ကို​သင် လက်​ခံ​လျက်​နေ​ခြင်း​ပင်​ဖြစ်​၏။ သူ​သည်​မိ​မိ ကိုယ်​ကို​ဘု​ရား​သ​ခင်​၏​စေ​တ​မန်​ဟု​ဆို​ကာ ငါ​၏​တ​ပည့်​တို့​အား ကာ​မ​ဂုဏ်​လိုက်​စား​စေ ရန်​နှင့်​ရုပ်​တု​တို့​အား​ပူ​ဇော်​သည့်​အ​စား အ​စာ​များ​ကို​စား​စေ​ရန် သွန်​သင်​ခြင်း​အား ဖြင့်​မှောက်​မှား​လမ်း​လွဲ​စေ​လေ​သည်။-
But I have this against you, that you are tolerating that woman Jezebel, who calls herself a prophetess, and she is teaching and leading my slaves astray, leading them to practise immorality, and to eat food which has been sacrificed to idols.
21 ၂၁ နောင်​တ​ရ​ရန်​သူ့​အား​ငါ​အ​ချိန်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​သူ​သည်​မိ​မိ​အ​ကျင့်​ပျက်​မှု အ​တွက်​နောင်​တ​ရ​လို​စိတ်​မ​ရှိ။-
I have given her time for repentance; but she is determined not to turn from her immorality.
22 ၂၂ သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​အိပ်​ရာ​ပေါ်​တွင်​လဲ ကျ​စေ​၍ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​နှင့်​ကာ​မ ရာ​ဂ​စပ်​ယှက်​သူ​တို့​အား​လည်း​ပြင်း​ထန်​စွာ ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။ သူ​တို့​သည်​ထို​အ​မျိုး သ​မီး​နှင့်​ပြု​သည့်​ဆိုး​ညစ်​မှု​များ​အ​တွက် နောင်​တ​မ​ရ​ကြ​ပါ​မူ ငါ​သည်​ယ​ခု​ပင်​သူ တို့​အား​ဒုက္ခ​ဝေ​ဒ​နာ​ခံ​စေ​မည်။-
Behold, I will lay her on a sick bed, and bring great distress upon those who have committed adultery with her, unless they turn away from her works.
23 ၂၃ သူ​၏​နောက်​လိုက်​တို့​သည်​အ​သတ်​ခံ​ကြ​ရ လိမ့်​မည်။ ထို​အ​ခါ​၌​ငါ​သည်​လူ​တို့​၏​စိတ် နှ​လုံး​နှင့်​အ​ကြံ​အ​စည်​တို့​ကို​သိ​မြင် တော်​မူ​သော​အ​ရှင်​ဖြစ်​ကြောင်း အ​သင်း​တော် အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ သင်​တို့ အ​သီး​သီး​၏​အ​ကျင့်​အ​လျောက်​အ​ကျိုး အ​ပြစ်​ကို​ငါ​ပေး​မည်။
And moreover, her children will I kill with pestilence. And all the churches shall know that I am he who searches the hearts and souls of men. I will give to each of you according to his works.
24 ၂၄ ထို​သူ​တို့​မှ​လွဲ​၍ အ​ခြား​သွာ​တိ​ရ​မြို့​အ​သင်း တော်​ဝင်​တို့​သည်​ဤ​ဆိုး​ညစ်​သည့်​အ​ယူ​ဝါ​ဒ ကို​မ​လိုက်​နာ​ကြ။ စာ​တန်​၏​နက်​နဲ​သည့်​လျှို့​ဝှက် ချက်​များ​ဟု​သူ​တစ်​ပါး​တို့​ခေါ်​ဝေါ်​ကြ​သည့် အ​ရာ​များ​ကို​လည်း​မ​ခံ​မ​ယူ​ကြ။ သင်​တို့ အ​ပေါ်​သို့​အ​ခြား​ဝန်​ထုပ်​ကို​ငါ​မ​တင်။-
But to the rest of you in Thyatira, those who do not hold his teaching, and who do not know the "deep things" of Satan (as they call them),
25 ၂၅ သင်​တို့​သည်​မိ​မိ​တို့​၏​လက်​ဝယ်​ရှိ​သည့် အ​ရာ​ကို​ငါ​လာ​သည်​တိုင်​အောင်​စွဲ​မြဲ စွာ​ကိုင်​ထား​ကြ​လော့။-
I say that I am imposing upon you no fresh burden; only hold fast what you have till I come.
26 ၂၆ အောင်​မြင်​၍​ငါ​လို​လား​သည့်​အ​ကျင့်​ကို အ​ဆုံး​တိုင်​အောင် ကျင့်​သော​သူ​တို့​အား ခ​မည်း​တော်​ထံ​မှ​ငါ​ရ​ရှိ​သည့်​အ​ခွင့် အာ​ဏာ​ကို​ငါ​ပေး​မည်။ ယင်း​အ​ခွင့်​အာ​ဏာ မှာ​လူ​မျိုး​တ​ကာ​တို့​ကို​သံ​လှံ​တံ​ဖြင့် အုပ်​စိုး​၍ မြေ​အိုး​များ​ကို​သံ​တုတ်​ဖြင့် အ​စိတ်​စိတ်​အ​မြွှာ​မြွှာ​ရိုက်​ခွဲ​သ​ကဲ့​သို့ သူ​တို့​အား​ချေ​မှုန်း​ပိုင်​ခွင့်​ဖြစ်​သည်။ မိုး သောက်​ကြယ်​ကို​လည်း​သူ​တို့​အား​ငါ ပေး​မည်။
To him that overcomes and perseveres in my works to the end, will I give authority over the nations.
27 ၂၇
And he shall shepherd them with a rod of iron, shattering them like earthen vessels (as I myself have received from my Father),
28 ၂၈
and I will give him the Morning Star."
29 ၂၉ အ​သင်း​တော်​တို့​အား​ဝိ​ညာဉ်​တော်​မိန့်​တော် မူ​သော​စ​ကား​များ​ကို​ကြား​တတ်​သော နား​ရှိ​သူ​တို့​ကြား​ပါ​စေ။
Let him who has an ear, listen to what the Spirit is saying to the churches.

< ဗျာဒိတ်ကျမ်း 2 >