< ဗျာဒိတ်ကျမ်း 19 >
1 ၁ ထိုနောက်ကောင်းကင်ပရိသတ်ကြီးမှ ထွက် ပေါ်လာသောအသံနှင့်တူသည့်အသံကိုငါ ကြားရ၏။ ထိုသူတို့က``ဘုရားသခင်၏ဂုဏ် တော်ကိုချီးမွမ်းကြလော့။ ငါတို့ဘုရားသခင် သည်ကယ်တင်တော်မူသောအရှင်၊ ဘုန်းအသ ရေတော်၊ တန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူပါ၏။-
ⲁ̅ⲘⲈⲚⲈⲚⲤⲀ ⲚⲀⲒ ⲀⲒⲤⲰⲦⲈⲘ ⲘⲪⲢⲎϮ ⲚⲞⲨⲚⲒϢϮ ⲚϦⲢⲰⲞⲨ ⲚⲦⲈⲞⲨⲘⲎϢ ⲈϤⲞϢ ϦⲈⲚⲦⲪⲈ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲖⲖⲎⲖⲞⲨⲒⲀ ⲠⲒⲞⲨϪⲀⲒ ⲚⲈⲘ ⲠⲒⲰⲞⲨ ⲚⲈⲘ ⲠⲒⲦⲀⲒⲞ ⲚⲈⲘ ϮϪⲞⲘ ⲚⲀ ⲠⲈⲚⲚⲞⲨϮ ⲚⲈϪⲈ ⲚⲈϤϨⲀⲠ ϨⲀⲚⲘⲈⲐⲘⲎⲒ ⲚⲈ.
2 ၂ ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် ဖြောင့်မှန်ပါ၏။ မိမိ၏ကာမဂုဏ်စည်းစိမ်အား ဖြင့် ကမ္ဘာသူကမ္ဘာသားတို့အားဖောက်ပြန်ပျက်စီး စေသည့်ပြည့်တန်ဆာမကြီးအား အပြစ်ဒဏ် ခတ်တော်မူပြီ။ ကိုယ်တော်၏အစေခံတို့အား သတ်ခဲ့သောကြောင့် ဒဏ်ခတ်တော်မူပြီ'' ဟု ကြွေးကြော်ကြ၏။-
ⲃ̅ⲞⲨⲞϨ ϦⲈⲚⲞⲨϨⲀⲠ ⲘⲘⲎⲒ ⲀϤϮϨⲀⲠ ⲈϮⲚⲒϢϮ ⲘⲠⲞⲢⲚⲎ ⲞⲨⲞϨ ⲀϤϬⲒ ⲘⲠⲈⲘⲠϢⲒϢ ⲘⲠⲤⲚⲞϤ ⲚⲦⲈⲚⲈϤⲈⲂⲒⲀⲒⲔ ⲈⲂⲞⲖ ϨⲒⲦⲞⲦⲤ.
3 ၃ တစ်ဖန်ထိုသူတို့၏``ဘုရားသခင်၏ဂုဏ်တော် ကိုချီးမွမ်းကြလော့'' ထိုမြို့မှမီးခိုးတို့သည် ထာဝစဉ်လွင့်တက်လျက်ရှိ၏'' ဟုကြွေးကြော် ကြပြန်၏။- (aiōn )
ⲅ̅ⲞⲨⲞϨ ⲪⲘⲀϨ ⲀϤϪⲞⲤ ϪⲈ ⲀⲖⲖⲎⲖⲞⲨⲒⲀ ⲞⲨⲞϨ ⲠⲈⲤⲬⲢⲈⲘⲦⲤ ⲈϤⲈϢⲈ ⲈⲠϢⲰⲒ ϢⲀ ⲈⲚⲈϨ ⲚⲦⲈⲠⲒⲈⲚⲈϨ (aiōn )
4 ၄ ထိုအခါအကြီးအကဲနှစ်ဆယ့်လေးပါးနှင့် သက် ရှိသတ္တဝါလေးပါးတို့က``အာမင်၊ ဘုရားသခင် ၏ဂုဏ်တော်ကိုချီးမွမ်းကြလော့'' ဟုဆိုကာပလ္လင် တော်ပေါ်တွင် စံနေတော်မူသောဘုရားသခင် အားပျပ်ဝပ်ရှိခိုးကြ၏။
ⲇ̅ⲞⲨⲞϨ ⲀⲨϨⲒⲦⲞⲨ ⲈⲠⲈⲤⲎⲦ ⲚϪⲈⲠⲒⲔⲆ ⲘⲠⲢⲈⲤⲂⲨⲦⲈⲢⲞⲤ ⲚⲈⲘ ⲠⲒⲆ ⲚⲌⲰⲞⲚ ⲞⲨⲞϨ ⲀⲨⲞⲨⲰϢⲦ ⲘⲪⲚⲞⲨϮ ⲪⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒϪⲈⲚ ⲠⲒⲐⲢⲞⲚⲞⲤ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲘⲎⲚ ⲀⲖⲖⲎ ⲖⲞⲨⲒⲀ.
5 ၅ ``ဘုရားသခင်၏အစေခံအပေါင်းတို့၊ ကိုယ်တော် ကိုကြောက်ရွံ့ရိုသေသူအကြီးအငယ်အပေါင်း တို့၊ ငါတို့ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့'' ဟုပလ္လင်တော်မှအသံထွက်ပေါ်လာ၏။-
ⲉ̅ⲞⲨⲞϨ ⲞⲨⲤⲘⲎ ⲀⲤⲒ ⲈⲂⲞⲖ ϨⲀ ⲠⲒⲐⲢⲞⲚⲞⲤ ⲈⲤϪⲰ ⲘⲘⲞⲤ ϪⲈ ⲤⲘⲞⲨ ⲈⲠⲈⲚⲚⲞⲨϮ ⲚⲈϤⲈⲂⲒⲀⲒⲔ ⲦⲎⲢⲞⲨ ⲚⲈⲘ ⲚⲎ ⲈⲦⲈⲢϨⲞϮ ϦⲀⲦⲈϤϨⲎ ⲚⲒⲔⲞⲨϪⲒ ⲚⲈⲘ ⲚⲒⲚⲒϢϮ.
6 ၆ ထိုနောက်လူပရိသတ်ကြီး၏အသံကဲ့သို့လည်း ကောင်း၊ အဟုန်ဖြင့်စီးသောရေသံနှင့်မိုးချုန်းသံ ကဲ့သို့လည်းကောင်းထွက်ပေါ်လာသောအသံ ကိုငါကြားရ၏။ ထိုအသံကြီးက``ဘုရား သခင်၏ဂုဏ်တော်ကိုချီးမွမ်းကြလော့။ အနန္တ တန်ခိုးနှင့်ပြည့်စုံတော်မူသောထာဝရအရှင် ငါတို့၏ဘုရားသခင်သည်စိုးစံတော်မူလေပြီ။-
ⲋ̅ⲞⲨⲞϨ ⲀⲒⲤⲰⲦⲈⲘ ⲘⲪⲢⲎϮ ⲚⲞⲨⲚⲒϢϮ ⲚⲤⲘⲎ ⲚⲦⲈⲞⲨⲚⲒϢϮ ⲘⲘⲎϢ ⲚⲈⲘ ⲘⲪⲢⲎϮ ⲚⲦⲤⲘⲎ ⲚⲞⲨⲘⲎϢ ⲘⲘⲰⲞⲨ ⲚⲈⲘ ⲦⲤⲘⲎ ⲚⲦⲈϨⲀⲚϦⲀⲢⲀⲂⲀⲒ ⲈⲨϪⲞⲢ ⲈⲨϪⲰ ⲘⲘⲞⲤ ϪⲈ ⲀⲖⲖⲎ ⲖⲞⲨⲒⲀ ⲀϤⲈⲢⲞⲨⲢⲞ ⲚϪⲈⲠϬⲞⲒⲤ ⲪⲚⲞⲨϮ ⲠⲒⲠⲀⲚⲦⲞⲔⲢⲀⲦⲰⲢ.
7 ၇ သိုးသူငယ်တော်၏ထိမ်းမြားမင်္ဂလာပွဲအခါ ကျရောက်ပြီဖြစ်၍ငါတို့သည်ရွှင်လန်းဝမ်း မြောက်လျက် ဘုန်းအသရေတော်ကိုချီးမွမ်း ကြကုန်အံ့။ ကိုယ်တော်၏မင်္ဂလာဆောင်သတို့ သမီးသည်မိမိကိုယ်ကိုအသင့်ပြင်ဆင် ထားလေပြီ။-
ⲍ̅ⲘⲀⲢⲈⲚⲢⲀϢⲒ ⲞⲨⲞϨ ⲚⲦⲈⲚⲐⲈⲖⲎⲖ ⲞⲨⲞϨ ⲚⲦⲈⲚϮⲰⲞⲨ ⲚⲀϤ ϪⲈ ⲀϤⲒ ⲚϪⲈⲠⲒϨⲞⲠ ⲚⲦⲈⲠⲒϨⲒⲎⲂ ⲚⲈⲘ ⲦⲈϤϢⲈⲖⲈⲦ ⲈⲦⲀⲨⲤⲈⲂⲦⲰⲦⲤ ⲚⲀϤ
8 ၈ သူသည်ဝတ်ဆင်ရန်တောက်ပဖြူစင်သောပိတ် ချောထည်ကိုရရှိထားပြီ'' ဟုဆို၏။ (ထိုပိတ် ချောထည်ကားဘုရားသခင်လူစုဝင်တို့၏ မွန်မြတ်သည့်အကျင့်များကိုဆိုလိုသတည်း။)
ⲏ̅ⲞⲨⲞϨ ⲀⲨϮ ⲚⲀⲤ ϨⲒⲚⲀ ⲚⲦⲈⲤϮ ϨⲒⲰⲦⲤ ⲚⲞⲨϢⲈⲚⲤ ⲈϤⲪⲞⲢⲒ ⲈϤⲞⲨⲀⲂ ⲠⲒϢⲈⲚⲤ ⲄⲀⲢ ⲚⲒⲘⲈⲐⲘⲎⲒ ⲚⲦⲈⲚⲒⲀⲄⲒⲞⲤ.
9 ၉ ထိုနောက်ကောင်းကင်တမန်က``သိုးသူငယ်တော် ၏ထိမ်းမြားမင်္ဂလာပွဲသို့ဖိတ်ခေါ်ခြင်းခံရသူ တို့သည်မင်္ဂလာရှိကြ၏ဟုရေးမှတ်ထားလော့'' ဟူ၍လည်းကောင်း``ဤစကားသည်ဘုရားသခင် ၏နှုတ်တော်ထွက်စကားပင်ဖြစ်၏'' ဟူ၍လည်း ကောင်းငါ့အားမြွက်ဆို၏။
ⲑ̅ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲎⲒ ϪⲈ ⲤϦⲀⲒ ϪⲈ ⲰⲞⲨⲚⲒⲀⲦⲞⲨ ⲚⲚⲎ ⲈⲦⲀⲨⲐⲀϨⲘⲞⲨ ⲈⲠⲒⲆⲒⲠⲚⲞⲚ ⲚⲦⲈⲠⲒϨⲒⲎⲂ ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲎⲒ ϪⲈ ⲚⲀⲒⲤⲀϪⲒ ϨⲀⲚⲘⲈⲐⲘⲎⲒ ⲚⲈⲚⲦⲈⲪⲚⲞⲨϮ.
10 ၁၀ ထိုအခါငါသည်သူ၏ခြေရင်းတွင်ပျပ်ဝပ် လျက်သူ့အားရှိခိုးမည်ပြု၏။ သို့ရာတွင်ကောင်း ကင်တမန်က``ဤသို့မပြုနှင့်။ ငါသည်သင်နှင့် သင်၏ညီအစ်ကိုများမှစ၍သခင်ယေရှု ဖော်ပြသည့်သမ္မာတရားကိုစောင့်ထိန်းရသူ တို့နှင့်လုပ်ဖော်ဆောင်ဘက်အစေခံတစ်ဦး သာလျှင်ဖြစ်၏။ ဘုရားသခင်ကိုသာရှိခိုး လော့'' ဟုဆို၏။ အဘယ်ကြောင့်ဆိုသော်သခင်ယေရှုဖော်ပြ တော်မူသောသမ္မာတရားသည်ပရောဖက်တို့ အားလှုံ့ဆော်သောကြောင့်တည်း။
ⲓ̅ⲞⲨⲞϨ ⲀⲒϨⲈⲒ ⲘⲠⲈⲘⲐⲞ ⲚⲚⲈϤϬⲀⲖⲀⲨϪ ⲀⲒⲞⲨⲰϢⲦ ⲘⲘⲞϤ ⲞⲨⲞϨ ⲠⲈϪⲀϤ ⲚⲎⲒ ϪⲈ ⲘⲪⲰⲢ ϪⲈ ⲀⲚⲞⲔ ⲞⲨϢⲪⲎⲢ ⲘⲂⲰⲔ ⲚⲦⲀⲔ ⲚⲈⲘ ⲚⲈⲔⲤⲚⲎⲞⲨ ⲚⲎ ⲈⲦⲈ ϮⲘⲈⲦⲘⲈⲐⲢⲈ ⲚⲦⲞⲦⲞⲨ ⲚⲦⲈⲒⲎⲤⲞⲨⲤ ⲞⲨⲰϢⲦ ⲘⲪⲚⲞⲨϮ ϮⲘⲈⲦⲘⲈⲐⲢⲈ ⲄⲀⲢ ⲚⲦⲈⲒⲎⲤⲞⲨⲤ ⲠⲈ ⲠⲒⲠⲚⲈⲨⲘⲀⲚⲦⲈϮⲘⲈⲐⲘⲎⲒ.
11 ၁၁ ထိုနောက်ကောင်းကင်ဘုံပွင့်လျက်နေသည်ကိုငါ မြင်ရ၏။ ထိုအရပ်တွင်မြင်းဖြူတစ်စီးရှိ၏။ ထို မြင်းကိုစီးသူသည်သစ္စာသမ္မာဟူ၍နာမည်တွင်၏။ ထိုအရှင်သည်ဖြောင့်မှန်စွာတရားစီရင်တတ်၏။ တရားသဖြင့်စစ်တိုက်တတ်၏။-
ⲓ̅ⲁ̅ⲘⲈⲚⲈⲚⲤⲀ ⲚⲀⲒ ⲀⲒⲚⲀⲨ ⲈⲦⲪⲈ ⲈⲤⲞⲨⲎⲚ ⲞⲨⲞϨ ⲀⲒⲚⲀⲨ ⲈⲞⲨϨⲐⲞ ⲈϤⲞⲨⲰⲂϢ ⲞⲨⲞϨ ⲪⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒϪⲰϤ ⲈⲨⲘⲞⲨϮ ⲈⲢⲞϤ ϪⲈ ⲠⲒⲠⲒⲤⲦⲞⲤ ⲞⲨⲞϨ ⲠⲒⲐⲘⲎⲒ ⲞⲨⲞϨ ⲀϤϮ ⲘⲠⲒϨⲀⲠ ϦⲈⲚⲞⲨⲆⲒⲔⲈⲞⲤⲨⲚⲎ.
12 ၁၂ သူ၏မျက်လုံးတော်တို့သည်မီးလျှံကဲ့သို့ တောက်ပ၏။ သူ၏ဦးခေါင်းတော်တွင်သရဖူ များကိုဆောင်းထား၏။ မိမိမှတစ်ပါး အခြားမည်သူမျှမသိသည့်အမည်နာမ တော်ကိုသူ၏အပေါ်မှာရေးမှတ်ထား၏။-
ⲓ̅ⲃ̅ⲞⲨⲞϨ ⲚⲀⲢⲈ ⲚⲈϤⲂⲀⲖ ⲞⲚⲒ ⲠⲈ ⲚⲞⲨϢⲀϨ ⲚⲬⲢⲰⲘ ⲈⲞⲨⲞⲚ ⲞⲨⲘⲎϢ ⲚⲬⲖⲞⲘ ϨⲒϪⲈⲚ ⲦⲈϤⲀⲪⲈ ⲈⲞⲨⲞⲚ ⲞⲨⲢⲀⲚ ⲤϦⲎⲞⲨⲦ ⲘⲘⲀⲨ ⲘⲘⲞⲚ ϢϪⲞⲘ ⲚⲦⲈϨⲖⲒ ⲈⲘⲒ ⲈⲢⲞϤ ⲈⲂⲎⲖ ⲚⲐⲞϤ ⲘⲘⲀⲨⲀⲦϤ
13 ၁၃ ထိုအရှင်သည်သွေးတွင်နှစ်သည့်အဝတ်ကို ဝတ်ဆင်ထား၏။ သူ၏နာမတော်မှာ``ဘုရား သခင်၏နှုတ်ကပတ်တော်'' ဟူ၍ဖြစ်၏။-
ⲓ̅ⲅ̅ⲈⲞⲨⲞⲚ ⲞⲨϨⲂⲰⲤ ϨⲒⲰⲦϤ ⲈϤⲚⲞϪϦ ϦⲈⲚⲠⲤⲚⲞϤ ⲞⲨⲞϨ ⲈⲨⲘⲞⲨϮ ⲈⲢⲞϤ ϪⲈ ⲠⲤⲀϪⲒ ⲘⲪⲚⲞⲨϮ.
14 ၁၄ ကောင်းကင်ဗိုလ်ခြေတို့သည်စင်ကြယ်သည့်ပိတ် ချောဖြူထည်ကိုဝတ်ဆင်ကာမြင်းဖြူများစီး လျက်ထိုအရှင်၏နောက်တော်ကလိုက်ကြ၏။-
ⲓ̅ⲇ̅ⲞⲨⲞϨ ⲠⲒⲤⲦⲢⲀⲦⲈⲨⲘⲀ ⲚⲀⲨⲘⲞϢⲒ ⲚⲤⲰϤ ⲠⲈ ϦⲈⲚϨⲀⲚϨⲐⲰⲢ ⲈⲨⲞⲨⲰⲂϢ ⲈⲞⲨⲞⲚ ϨⲀⲚϢⲈⲚⲤ ⲈⲨⲪⲞⲢⲒ ⲦⲞⲒ ϨⲒⲰⲦⲞⲨ.
15 ၁၅ လူမျိုးတကာတို့ကိုနှိမ်နင်းရန်အတွက်ကိုယ် တော်၏ခံတွင်းမှထက်သောသန်လျက်ထွက်၏။ ကိုယ်တော်သည်ထိုသူတို့ကိုသံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ အနန္တတန်ခိုးရှင်ဘုရား သခင်၏အမျက်တော်တည်းဟူသောစပျစ် သီးနယ်ရာကျင်းတွင်စပျစ်ရည်များကို နင်းတော်မူလိမ့်မည်။-
ⲓ̅ⲉ̅ⲞⲨⲞϨ ⲤⲚⲎⲞⲨ ⲈⲂⲞⲖ ϦⲈⲚⲢⲰⲞⲨ ⲚϪⲈⲞⲨⲤⲎϤⲒ ⲈⲤϨⲒⲞⲨⲒ ϨⲒⲚⲀ ⲚⲦⲈϤϢⲀⲢⲒ ⲈⲚⲒⲈⲐⲚⲞⲤ ⲚϦⲎⲦⲤ ⲞⲨⲞϨ ⲚⲐⲞϤ ⲈϤⲈⲀⲘⲞⲚⲒ ⲘⲘⲰⲞⲨ ϦⲈⲚⲞⲨϢⲂⲰⲦ ⲘⲂⲈⲚⲒⲠⲒ ⲞⲨⲞϨ ⲚⲐⲞϤ ⲈϤⲈϨⲰⲘⲒ ⲚϮϨⲢⲰⲦ ⲚⲦⲈⲠⲒⲎⲢⲠ ⲘⲠϪⲰⲚⲦ ⲘⲪⲚⲞⲨϮ ⲠⲒⲠⲀⲚⲦⲞⲔⲢⲀⲦⲰⲢ.
16 ၁၆ ကိုယ်တော်၏ဝတ်လုံတော်နှင့်ပေါင်တော်တွင်``ဘုရင် တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်'' ဟူသောအမည်နာမတော်ကိုရေးထားလျက် ရှိ၏။
ⲓ̅ⲋ̅ⲞⲨⲞϨ ⲞⲨⲢⲀⲚ ⲈϤⲤϦⲎⲞⲨⲦ ϨⲒ ⲠⲈϤϨⲂⲰⲤ ⲚⲈⲘ ⲠⲈϤⲀⲖⲰϪ ϪⲈ ⲠⲞⲨⲢⲞ ⲚⲦⲈⲚⲒⲞⲨⲢⲰⲞⲨ ⲞⲨⲞϨ ⲠϬⲞⲒⲤ ⲚⲦⲈⲚⲒϬⲞⲒⲤ.
17 ၁၇ ထိုနောက်နေကိုကြည့်လိုက်သောအခါ၊ နေထဲ တွင်ကောင်းကင်တမန်တစ်ပါးရပ်လျက်နေသည် ကိုငါမြင်ရ၏။ သူသည်ကောင်းကင်အလယ်တွင် ပျံသန်းနေသောငှက်အပေါင်းတို့အား``လာကြ၊ ဘုရားသခင်၏စားပွဲတော်ကြီးသို့စုဝေး ကြလော့။-
ⲓ̅ⲍ̅ⲞⲨⲞϨ ⲀⲒⲚⲀⲨ ⲈⲔⲈⲀⲄⲄⲈⲖⲞⲤ ⲈϤⲞϨⲒ ⲈⲢⲀⲦϤ ϦⲈⲚⲪⲢⲎ ⲈϤⲰϢ ⲈⲂⲞⲖ ϦⲈⲚⲞⲨⲚⲒϢϮ ⲚϦⲢⲰⲞⲨ ⲈϤϪⲰ ⲘⲘⲞⲤ ϪⲈ ⲚⲒϨⲀⲖⲀϮ ⲦⲎⲢⲞⲨ ⲈⲦϨⲎⲖ ϦⲈⲚⲐⲘⲎϮ ⲚⲦⲪⲈ ⲀⲘⲰⲒⲚⲒ ⲐⲰⲞⲨϮ ϦⲈⲚⲠⲒⲚⲒϢϮ ⲚⲆⲒⲠⲚⲞⲚ ⲚⲦⲈⲠϬⲞⲒⲤ ⲪϮ
18 ၁၈ သင်တို့သည်ရှင်ဘုရင်တို့၏အသား၊ ဗိုလ်ချုပ် ကြီးတို့၏အသား၊ စစ်သူရဲတို့၏အသား၊ လူ ကြီးလူငယ်၊ ကျွန်နှင့်ကျွန်မဟုတ်သူတို့၏ အသားကိုစားကြရလတ္တံ့'' ဟုအသံကျယ် စွာကြွေးကြော်လေသည်။
ⲓ̅ⲏ̅ϨⲒⲚⲀ ⲚⲦⲈⲦⲈⲚⲞⲨⲰⲘ ⲚⲚⲒⲤⲀⲢⲜ ⲚⲦⲈⲚⲒⲞⲨⲢⲰⲞⲨ ⲚⲈⲘ ⲚⲒⲤⲀⲢⲜ ⲚⲦⲈⲚⲒⲬⲒⲖⲒⲀⲢⲬⲎⲤ ⲚⲈⲘ ⲚⲒⲤⲀⲢⲜ ⲚⲦⲈⲚⲒϪⲰⲢⲒ ⲚⲈⲘ ⲚⲒⲤⲀⲢⲜ ⲚⲦⲈⲚⲒϨⲐⲰⲢ ⲚⲈⲘ ⲚⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒϪⲰⲞⲨ ⲚⲈⲘ ⲚⲒⲤⲀⲢⲜ ⲚⲦⲈⲚⲒⲢⲈⲘϨⲈⲨ ⲚⲈⲘ ⲚⲒⲂⲰⲔ ⲚⲈⲘ ⲚⲒⲔⲞⲨϪⲒ ⲚⲈⲘ ⲚⲒⲚⲒϢϮ.
19 ၁၉ ထိုနောက်သားရဲနှင့်တကွကမ္ဘာပေါ်ရှိရှင်ဘုရင် များနှင့်သူတို့၏စစ်သည်ဗိုလ်ပါတို့သည်မြင်းဖြူ ကိုစီးတော်မူသောအရှင်နှင့်သူ၏စစ်သည်တော် များကိုတိုက်ခိုက်ရန်စုရုံးကြသည်ကိုငါမြင် ရ၏။-
ⲓ̅ⲑ̅ⲞⲨⲞϨ ⲀⲒⲚⲀⲨ ⲈⲠⲒⲐⲎⲢⲒⲞⲚ ⲚⲈⲘ ⲚⲒⲞⲨⲢⲰⲞⲨ ⲚⲦⲈⲠⲔⲀϨⲒ ⲚⲈⲘ ⲚⲞⲨⲤⲦⲢⲀⲦⲈⲨⲘⲀ ⲈⲨⲐⲞⲨⲎⲦ ⲈⲒⲢⲒ ⲚⲞⲨⲠⲞⲖⲈⲘⲞⲤ ⲚⲈⲘ ⲪⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒ ⲠⲒϨⲐⲞ ⲚⲞⲨⲰⲂϢ ⲚⲈⲘ ⲠⲈϤⲤⲦⲢⲀⲦⲈⲨⲘⲀ.
20 ၂၀ သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။- (Limnē Pyr )
ⲕ̅ⲞⲨⲞϨ ⲀⲨⲦⲀϨⲈ ⲠⲒⲐⲎⲢⲒⲞⲚ ⲚⲈⲘ ⲚⲎ ⲈⲐⲚⲈⲘⲀϤ ⲚⲈⲘ ⲠⲒⲮⲈⲨⲆⲞⲠⲢⲞⲪⲎⲦⲎⲤ ⲪⲎ ⲈⲦⲀϤⲒⲢⲒ ⲚⲚⲒⲘⲎⲒⲚⲒ ⲚϦⲢⲎⲒ ⲚϦⲎⲦⲞⲨ ⲘⲠⲈϤⲘⲐⲞ ⲈⲀⲨⲤⲰⲚϨ ⲚⲚⲎ ⲈⲦⲀⲨϬⲒ ⲚϮⲦⲈⲂⲤ ⲚⲦⲈⲠⲒⲐⲎ ⲢⲒⲞⲚ ⲚⲈⲘ ⲚⲎ ⲈⲐⲞⲨⲰϢⲦ ⲚⲦⲈϤϨⲨⲔⲰⲚ ⲀⲨϨⲒⲦⲞⲨ ⲈϦⲢⲎⲒ ⲘⲠⲒ ⲈⲨⲞⲚϦ ⲈϮⲖⲨⲘⲚⲎ ⲈⲐⲘⲞϨ ⲚⲬⲢⲰⲘ ⲚⲈⲘ ⲐⲎⲚ. (Limnē Pyr )
21 ၂၁ ကြွင်းကျန်သောသူတို့သည်ကားမြင်းဖြူကို စီးတော်မူသောအရှင်၏ခံတွင်းမှထွက်လာ သောသန်လျက်ဖြင့်ကွပ်မျက်ခြင်းကိုခံရ ကြ၏။ ငှက်အပေါင်းတို့သည်သူတို့၏အသား ကိုဝစွာစားကြ၏။
ⲕ̅ⲁ̅ⲞⲨⲞϨ ⲠⲤⲈⲠⲒ ⲀⲨϦⲞⲐⲂⲞⲨ ϦⲈⲚⲦⲤⲎϤⲒ ⲘⲪⲎ ⲈⲦϨⲈⲘⲤⲒ ϨⲒ ⲠⲒϨⲐⲞ ⲐⲎ ⲈⲦⲀⲤⲒ ⲈⲂⲞⲖ ϦⲈⲚⲢⲰϤ ⲞⲨⲞϨ ⲚⲒϨⲀⲖⲀϮ ⲦⲎⲢⲞⲨ ⲚⲦⲈⲦⲪⲈ ⲀⲨⲞⲨⲰⲘ ⲈⲂⲞⲖ ϦⲈⲚⲚⲞⲨⲤⲀⲢⲜ.