< ဗျာဒိတ်ကျမ်း 18 >

1 ထို​နောက်​ကောင်း​ကင်​မှ​ဆင်း​သက်​လာ​သော အ​ခြား ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​ငါ​မြင်​ရ​၏။ သူ့ မှာ​ကြီး​မား​သည့်​အာ​ဏာ​စက်​ရှိ​၏။ သူ​၏​အ​ရောင် အ​ဝါ​သည်​ကမ္ဘာ​မြေ​ပြင်​တစ်​ဝန်း​လုံး​ကို​ထွန်း လင်း​တောက်​ပ​စေ​၏။-
ⲁ̅ⲙⲛⲛⲥⲁⲛⲁⲓ ⲁⲓⲛⲁⲩ ⲉⲕⲉⲁⲅⲅⲉⲗⲟⲥ ⲉϥⲛⲏⲩ ⲉⲃⲟⲗ ϩⲛⲧⲡⲉ ⲉⲩⲛⲧϥⲟⲩⲛⲟϭ ⲛⲉⲝⲟⲩⲥⲓⲁ ⲁⲩⲱ ⲡⲕⲁϩ ⲁϥⲣⲟⲩⲟⲉⲓⲛ ⲉⲃⲟⲗ ϩⲙⲡⲉϥⲉⲟⲟⲩ
2 သူ​သည်​အ​သံ​ကျယ်​စွာ​ဖြင့်``ဗာ​ဗု​လုန်​မြို့​ကြီး သည်​ပျက်​သုဉ်း​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ကြီး​ပျက် သုဉ်း​လေ​ပြီ။ ယ​ခု​ထို​မြို့​သည်​နတ်​မိစ္ဆာ​များ နှင့်​ညစ်​ညမ်း​သော​နတ်​တို့​နေ​ထိုင်​ရာ၊ စက်​ဆုပ် ဖွယ်​ကောင်း​သည့်​ငှက်​ဆိုး​တို့​မှီ​ခို​ရာ​အ​ရပ် ဖြစ်​လေ​ပြီ။-
ⲃ̅ⲁϥⲁϣⲕⲁⲕ ⲉⲃⲟⲗ ϩⲛⲟⲩⲛⲟϭ ⲛⲥⲙⲏ ϫⲉ ⲁⲥϩⲉ ⲛϭⲓⲧⲃⲁⲃⲩⲗⲱⲛ ⲛⲟϭ ⲁⲩⲱ ⲁⲥϣⲱⲡⲉ ⲙⲙⲁ ⲛⲟⲩⲱϩ ⲛⲉⲛⲇⲁⲓⲙⲟⲛⲓⲟⲛ ϩⲓⲡ̅ⲛ̅ⲁ̅ ⲛⲓⲙ ⲛⲁⲕⲁⲑⲁⲣⲧⲟⲛ ⲁⲩⲱ ⲙⲙⲁ ⲛϣⲱⲡⲉ ⲛⲑⲩⲣⲓⲟⲛ ⲛⲓⲙ ϩⲓϩⲁⲗⲏⲧ ⲛⲓⲙ̅ ϩⲓⲁⲕⲁⲑⲁⲣⲧⲟⲛ ⲉⲧⲃⲏⲧ
3 အ​ဘယ်​ကြောင့်​ဆို​သော်​လူ​မျိုး​အ​ပေါင်း​တို့​သည် ထို​မြို့​၏​ကာ​မ​ဂုဏ်​လိုက်​စား​မှု​တည်း​ဟူ​သော မူး​ယစ်​စေ​သည့်​စ​ပျစ်​ရည်​ကို​သောက်​ခဲ့​ကြ သော​ကြောင့်​ဖြစ်​၏။ ကမ္ဘာ​ပေါ်​ရှိ​ရှင်​ဘု​ရင်​အ ပေါင်း​တို့​သည်​ဗာ​ဗု​လုန်​မြို့​နှင့်​အ​တူ ကာ​မ ဂုဏ်​ကို​လိုက်​စား​ခဲ့​ကြ​လေ​ပြီ။ ကမ္ဘာ​ပေါ်​ရှိ ကုန်​သည်​တို့​သည်​လည်း​ထို​မြို့​၏​တ​ရား​လွန် ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​မှု​ကို​အ​ကြောင်း ပြု​၍​ချမ်း​သာ​ကြွယ်​ဝ​ကြ​လေ​ပြီ'' ဟု ကြွေး​ကြော်​လေ​၏။
ⲅ̅ϫⲉ ⲉⲃⲟⲗ ϩⲙⲡⲏⲣⲡ ⲙⲡϭⲱⲛⲧ ⲛⲧⲉⲥⲡⲟⲣⲛⲓⲁ ⲁⲩϩⲉ ⲛϭⲓⲛ̅ϩⲉⲑⲛⲟⲥ ⲧⲏⲣⲟⲩ ⲁⲩⲱ ⲛⲣⲣⲱⲟⲩ ⲙⲡⲕⲁϩ ⲁⲩⲡⲟⲣⲛⲉⲩⲉ ⲛⲙⲙⲁⲥ ⲁⲩⲱ ⲛⲙⲡⲟⲣⲟⲥ ⲙⲡⲕⲁϩ ⲁⲩⲣⲣⲙⲙⲁⲟ ⲉⲃⲟⲗ ϩⲛⲧϭⲟⲙ ⲙⲡⲉⲥϫⲏⲣ
4 ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။
ⲇ̅ⲁⲩⲱ ⲁⲓⲥⲱⲧⲙ ⲉⲕⲉⲥⲙⲏ̅ ⲉⲃⲟⲗ ϩⲛⲧⲡⲉ ⲉⲥϫⲱ ⲙⲙⲟⲥ ϫⲉ ⲡⲁⲗⲁⲟⲥ ⲁⲙⲟⲩ ⲉⲃⲟⲗ ⲛϩⲏⲧⲥ ϫⲉ ⲛⲛⲉⲧⲉⲧⲛⲕⲟⲓⲛⲟⲛⲉⲓ ⲉⲛⲉⲥⲛⲟⲃⲉ ⲁⲩⲱ ⲛⲛⲉⲧⲛϫⲓ ⲉⲃⲟⲗ ϩⲛⲛⲉⲥⲡⲗⲩⲅⲏ
5 အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​အ​ပြစ်​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မြင့်​မား​၍ သူ​၏​ဆိုး​ယုတ်​သော​အ​ပြု​အ​မူ​များ​ကို ဘု​ရား​သ​ခင်​သ​တိ​ရ​တော်​မူ​လေ​ပြီ ဖြစ်​သော​ကြောင့်​တည်း။
ⲉ̅ϫⲉ ⲁⲛⲉⲥⲛⲟⲃⲉ ϫⲓⲥⲉ ϣⲁϩⲣⲁⲓ ⲉⲧⲡⲉ ⲁⲩⲱ ⲁⲡⲛⲟⲩⲧⲉ ⲣⲡⲙⲉⲉⲩⲉ ⲛⲛⲉⲥϫⲓ ⲛϭⲟⲛⲥ
6 သင်​တို့​အား​သူ​ပြု​ကျင့်​သည့်​အ​တိုင်း သူ့​အား​လက်​စား​ချေ​ကြ​လော့။ သူ​ပြု​ကျင့်​သည်​ထက်​နှစ်​ဆ​လက်​စား​ချေ ကြ​လော့။ သင်​တို့​အ​တွက်​ဖ​လား​တွင်​သူ​ရော​စပ်​ပေး​သည့် သောက်​သုံး​စ​ရာ​ထက်​နှစ်​ဆ​ပြင်း​အောင်​သူ့ အ​တွက် ရော​စပ်​ပေး​ကြ​လော့။
ⲋ̅ⲧⲱⲱⲃⲉ ⲛⲁⲥ ⲕⲁⲧⲁⲛⲉⲛⲧⲁⲥⲁⲁⲩ ⲁⲩⲱ ⲛⲉⲥϩⲃⲏⲩⲉ ⲛⲧⲉⲧⲛⲧⲟⲟⲃⲟⲩ ⲛⲁⲥ ⲛⲥⲉⲡⲥⲛⲁⲩ ϩⲙⲡⲉⲥϫⲱ ⲉⲛⲧⲁⲥⲕⲉⲣⲁ ⲙⲙⲟϥ ⲕⲉⲣⲁ ⲛⲁⲥ ⲛⲥⲛⲁⲩ
7 သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှ သူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟု မိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။
ⲍ̅ⲛⲉⲥϣⲟⲩϣⲟⲩ ⲙⲛⲛⲉⲥϫⲏⲣ ⲛⲧⲁⲥϣⲱⲡⲉ ⲛϩⲏⲧⲟⲩ ϯ ⲉⲣⲟⲟⲩ ⲛⲁⲥ ⲛⲃⲁⲍⲁⲛⲟⲥ ⲁⲩⲱ ⲛϩⲏⲃⲉ ϫⲉ ⲉⲥϫⲱ ⲙⲙⲟⲥ̅ ϩⲙⲡⲉⲥϩⲏⲧ ϫⲉ ⲁⲛⲟⲕ ϯⲛⲁϩⲙⲟⲟⲥ ⲁⲛ ⲉⲓⲟ ⲛⲭⲏⲣⲁ ⲟⲩⲇⲉ ⲛϯⲛⲁⲛⲁⲩ ⲁⲛ ⲉϩⲏⲃⲉ
8 ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊ အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည် သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။ သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အား တ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။
ⲏ̅ⲉⲧⲃⲉⲡⲁⲓ ϩⲛⲟⲩϩⲟⲟⲩ ⲛⲟⲩⲱⲧ ⲥⲉⲛⲏⲩ ⲛϭⲓⲛⲉⲥⲡⲗⲩⲅⲏ ⲧⲏⲣⲟⲩ ⲡⲙⲟⲩ ⲁⲩⲱ ⲡϩⲏⲃⲉ ⲙⲛⲡϩⲉⲃⲱⲛ ⲁⲩⲱ ⲛⲥⲉⲣⲟⲕϩⲥ ϩⲛⲟⲩⲕⲱϩⲧ ϫⲉ ⲟⲩϫⲱⲱⲣⲉ ⲡⲉ ⲡϫ̅ⲥ̅ ⲡⲛⲟⲩⲧⲉ ⲉⲧⲕⲣⲓⲛⲉ ⲙⲙⲟⲥ̅
9 သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-
ⲑ̅ⲁⲩⲱ ⲛⲣⲣⲱⲟⲩ ⲙⲡⲕⲁϩ ⲥⲉⲛⲁⲣⲓⲙⲉ ⲛⲥⲉⲛⲉϩⲡⲉ ⲉϩⲣⲁⲓ ⲉϫⲱⲥ ⲛⲁⲓ ⲉⲛⲧⲁⲩⲡⲟⲣⲛⲉⲩⲉ ⲁⲩⲱ ⲁⲩϫⲏⲣ ⲛⲙⲙⲁⲥ ⲉⲩϣⲁⲛⲛⲁⲩ ⲉⲡⲕⲁⲡⲛⲟⲥ ⲙⲡⲉⲥⲣⲱⲕϩ
10 ၁၀ သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။
ⲓ̅ⲉⲩⲁϩⲉⲣⲁⲧⲟⲩ ⲙⲡⲟⲩⲉ ⲉⲧⲃⲉⲑⲟⲧⲉ ⲛⲧⲉⲥⲃⲁⲍⲁⲛⲟⲥ ⲉⲩϫⲱ ⲙⲙⲟⲥ ϫⲉ ⲟⲩⲟⲓ ⲟⲩⲟⲓ ⲛⲧⲛⲟϭ ⲙⲡⲟⲗⲓⲥ ⲧⲃⲁⲃⲩⲗⲱⲛ ⲧⲡⲟⲗⲓⲥ ⲉⲧⲧⲁϫⲣⲏⲩ ϫⲉ ϩⲛⲟⲩⲟⲩⲛⲟⲩ ⲛⲟⲩⲱⲧ ⲁϥⲉⲓ ⲛϭⲓⲡⲉⲥϩⲁⲡ
11 ၁၁ ကမ္ဘာ​ပေါ်​ရှိ​ကုန်​သည်​ကြီး​တို့​သည်​လည်း​မိ​မိ တို့​ကုန်​ပစ္စည်း​များ​ကို​ဝယ်​ယူ​မည့်​သူ​တစ်​ယောက် မျှ​မ​ရှိ​တော့​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း​၍​ဝမ်း နည်း​ပူ​ဆွေး​ကြ​၏။-
ⲓ̅ⲁ̅ⲛⲙ̅ⲡⲟⲣⲟⲥ̅ ⲙⲡⲕⲁϩ ⲥⲉⲛⲁⲣⲓⲙⲉ ⲛⲥⲉⲣϩⲏⲃⲉ ⲉϩⲣⲁⲓ ⲉϫⲱⲥ ϫⲉ ⲙⲛⲗⲁⲁⲩ ϭⲉ ϣⲟⲟⲡ ⲙⲡⲉⲩⲁⲩⲁⲁⲛ
12 ၁၂ သူ​တို့​၏​ကုန်​ပစ္စည်း​များ​ကား​ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ၊ ပု​လဲ၊ ပိတ်​ချော​ထည်၊ မ​ရမ်း​စေ့​ရောင်​ပိုး ထည်၊ ဖဲ​နီ​ထည်၊ နံ့​သာ​သား​အ​မျိုး​မျိုး၊ ဆင်​စွယ်၊ အ​ဖိုး​တန်​သစ်​သား၊ ကြေး၊ သံ၊ ကျောက်​ဖြူ​တို့ ဖြင့်​ပြု​လုပ်​ထား​သည့်​ပစ္စည်း​အ​မျိုး​မျိုး၊-
ⲓ̅ⲃ̅ⲟⲩⲁⲩⲁⲁⲛ ⲛⲛⲟⲩⲃ ϩⲓϩⲁⲧ ϩⲓⲉⲛⲉⲙⲙⲉ ϩⲓⲙⲁⲣⲅⲁⲣⲓⲧⲏⲥ ϩⲓϣⲛ̅ⲥ̅ ϩⲓϫⲏϭⲉ ϩⲓⲥⲓⲣⲓⲕⲟⲛ ϩⲓⲕⲟⲕⲕⲟⲥ ϩⲓϣⲉ ⲛⲑⲓⲛⲟⲛ ϩⲓⲥⲕⲉⲟⲥ ⲛⲓⲙ ⲛⲉⲗⲉⲫⲁⲛⲧⲓⲛⲟⲛ ϩⲓⲥⲕⲉⲟⲥ ⲛⲓⲙ ⲛϣⲉ ⲉϥⲧⲁⲓⲏⲩ ϩⲓϩⲟⲙⲛ̅ⲧ̅ ϩⲓⲡⲉⲛⲓⲡⲉ ϩⲓⲙⲁⲣⲙⲁⲣⲟⲛ
13 ၁၃ သစ်​ကြံ​ပိုး၊ ဟင်း​ခပ်​အ​မွှေး​အ​ကြိုင်၊ နံ့​သာ​ပေါင်း၊ မု​ရန်၊ ဆီ​မွှေး။ လော်​ဗန်၊ စ​ပျစ်​ရည်၊ ဆီ၊ ဂျုံ​မှုန့်၊ ဂျုံ​ဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရ​ထား၊ ကျွန်၊ လူ့​အ​သက်​များ ပင်​ဖြစ်​လေ​သည်။-
ⲓ̅ⲅ̅ϩⲓϭⲓⲛⲛⲁⲙⲟⲙⲟⲛ ϩⲓⲁⲙⲟⲙⲟⲛ ϩⲓϣⲟⲩϩⲏⲛⲉ ϩⲓⲥⲧⲟⲓ ϩⲓⲗⲓⲃⲁⲛⲟⲥ ϩⲓⲏⲣⲡ ϩⲓⲛⲉϩ ϩⲓⲥⲁⲙⲓⲧ ϩⲓⲧⲃⲛⲏ ϩⲓⲉⲥⲟⲟⲩ ϩⲓϩⲧⲟ ϩⲓⲙⲁⲥⲡⲟⲣⲕ ϩⲓϭⲁⲙⲟⲩⲗ ϩⲓⲃⲣϭⲟⲟⲩⲧ̅ ϩⲓϩⲙϩⲁⲗ
14 ၁၄ ကုန်​သည်​ကြီး​များ​က​ထို​မြို့​အား``သင်​လို​ချင် တောင့်​တ​သည့်​အ​ရာ​များ​သည်​မ​ရှိ​တော့​ပြီ။ စည်း စိမ်​ချမ်း​သာ​ဂုဏ်​ကျက်​သ​ရေ​တို့​သည်​လည်း​ကွယ် ပျောက်​သွား​လေ​ပြီ။ ထို​အ​ရာ​များ​ကို​သင်​သည် နောက်​တစ်​ဖန်​ရ​ရှိ​တော့​မည်​မ​ဟုတ်'' ဟု​ဆို ကြ​၏။-
ⲓ̅ⲇ̅ⲁⲩⲱ ⲧⲟⲡⲟⲣⲁ ⲛⲧⲟⲩⲡⲉⲑⲩⲙⲓⲁ ⲛⲧⲟⲩⲯⲩⲭⲏ ⲁⲥⲃⲱⲕ̅ ⲁⲩⲱ ⲛⲟⲩⲛⲟϭ ⲛⲧⲣⲩⲫⲏ ⲉⲧⲛⲁϣⲱⲟⲩ ⲁⲩⲧⲁⲕⲟ ⲁⲩⲱ ⲛⲥⲉⲛⲁϩⲉ ⲉⲣⲟⲟⲩ ⲁⲛ
15 ၁၅ ဗာ​ဗု​လုန်​မြို့​ကို​အ​မှီ​ပြု​၍​ထို​ကုန်​ပစ္စည်း​များ ကို​ရောင်း​ဝယ်​ခြင်း​အား​ဖြင့်​ချမ်း​သာ​ကြွယ်​ဝ လာ​သော​ကုန်​သည်​ကြီး​များ​သည်​ထို​မြို့​ခံ​ရ သည့်​ဒဏ်​ကြောင့်​ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး မှ​ရပ်​လျက်၊-
ⲓ̅ⲉ̅ⲛⲉⲙⲡⲟⲣⲟⲥ ⲛⲁⲓ ⲛⲧⲁⲩⲣⲣⲙⲙⲁⲟ ⲛϩⲏⲧⲥ ⲥⲉⲛⲁⲁϩⲉⲣⲁⲧⲟⲩ ⲙⲡⲟⲩⲉ ⲉⲧⲃⲉⲑⲟⲧⲉ ⲛⲧⲉⲥⲃⲁⲍⲁⲛⲟⲥ ⲉⲩⲣⲓⲙⲉ ⲁⲩⲱ ⲉⲩⲣϩⲃⲃⲉ
16 ၁၆ ``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပိတ်​ချော၊ မ​ရမ်း စေ့​ရောင်​ပိုး​ထည်၊ အ​နီ​ရောင်​အ​ဝတ်​အ​ထည်၊ ရွှေ တန်​ဆာ၊ ကျောက်​မျက်​ရ​တ​နာ​တန်​ဆာ၊ ပု​လဲ တန်​ဆာ​များ​ကို​ဝတ်​ဆင်​ထား​သော​မြို့​ကြီး​သည်၊-
ⲓ̅ⲋ̅ⲉⲩϫⲱ ⲙⲙⲟⲥ ϫⲉ ⲟⲩⲟⲓ ⲟⲩⲟⲓ ⲛⲧⲛⲟϭ ⲙⲡⲟⲗⲓⲥ ⲧⲉⲧϭⲟⲟⲗⲉ ⲛϣⲛ̅ⲥ̅ ϩⲓϫⲏϭⲉ ϩⲓⲕⲟⲕⲕⲟⲥ ϩⲓⲛⲟⲩⲃ ϩⲓⲉⲛⲉⲙⲙⲉ ϩⲓⲙⲁⲣⲅⲁⲣⲓⲧⲏⲥ
17 ၁၇ မိ​မိ​၌​ရှိ​သ​မျှ​ကို​တစ်​နာ​ရီ​အ​တွင်း​၌ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး မြည်​တမ်း​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော​ရေ​ယာဉ်​မှူး​များ​နှင့်​ခ​ရီး​သည် အ​ပေါင်း​တို့​သည်​လည်း​ကောင်း၊ သင်္ဘော​သား​များ နှင့်​ရေ​ကြောင်း​ကုန်​သွယ်​မှု​ကို​ပြု​ကြ​သူ​အ​ပေါင်း တို့​သည်​လည်း​ကောင်း​အ​ဝေး​က​ရပ်​လျက်​နေ ကြ​၏။-
ⲓ̅ⲍ̅ϫⲉ ϩⲛ(ⲟⲩ)ⲟⲩⲛⲟⲩ ⲛⲟⲩⲱⲧ ⲁⲥϣⲱϥ ⲛϭⲓϯⲛⲟϭ ⲙⲙⲛⲧⲣⲙⲙⲁⲟ ⲁⲩⲱ ⲣⲉϥⲣϩⲙⲙⲉ ⲛⲓⲙ ⲙⲛⲛⲉⲧⲥϭⲏⲣ ϩⲛⲛⲉⲓⲉⲣⲱⲟⲩ ⲙⲛⲛⲛⲉϥ ⲙⲛⲛⲉⲧⲣϩⲱⲃ ϩⲛⲑⲁⲗⲗⲁⲥⲥⲁ ⲁⲩⲁϩⲉⲣⲁⲧⲟⲩ ⲙⲡⲟⲩⲉ
18 ၁၈ ထို​မြို့​ကို​ကျွမ်း​လောင်​စေ​သည့်​မီး​လျှံ​များ​မှ မီး​ခိုး​များ​ကို​မြင်​သော​အ​ခါ​သူ​တို့​က``အ​ဘယ် အ​ခါ​၌​မျှ​ဤ​မြို့​ကဲ့​သို့​ကြီး​ကျယ်​ခမ်း​နား သည့်​မြို့​မ​ရှိ​ခဲ့​ဘူး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။-
ⲓ̅ⲏ̅ⲁⲩⲁϣⲕⲁⲕ ⲉⲃⲟⲗ ⲉⲩⲛⲁⲩ ⲉⲡⲕⲁⲡⲛⲟⲥ ⲙⲡⲉⲥⲣⲱⲕϩ ⲉⲩϫⲱ ⲙⲙⲟⲥ ϫⲉ ⲛⲓⲙ ⲡⲉⲧⲧⲛⲧⲱⲛ ⲉⲧⲉⲓⲡⲟⲗⲓⲥ ⲛⲟϭ ⲧⲁⲓ ⲛⲧⲁⲩⲣⲣⲙⲙⲁⲟ ⲛϩⲏⲧⲥ ⲛϭⲓⲛⲁⲣⲭⲱⲛ ⲧⲏⲣⲟⲩ
19 ၁၉ သူ​တို့​သည်​မြေ​မှုန့်​များ​ကို​မိ​မိ​တို့​အ​ပေါ်​သို့​ကြဲ ဖြန့်​လျက်``ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ ပင်​လယ် ကူး​သင်္ဘော​ပိုင်​ရှင်​အ​ပေါင်း​အား​ကြွယ်​ဝ​ချမ်း​သာ စေ​သော​မြို့​ကြီး​သည်​တစ်​နာ​ရီ​အ​တွင်း​ရှိ​သ​မျှ ဆုံး​ရှုံး​ရ​ပါ​သည်​တ​ကား'' ဟု​ငို​ကြွေး​မြည်​တမ်း ကြ​၏။
ⲓ̅ⲑ̅ⲁⲩⲱ ⲛⲉⲩⲛⲉϫⲉⲓⲧⲛ ⲉϫⲛⲛⲉⲩⲁⲡⲏⲩⲉ ⲉⲩϫⲓϣⲕⲁⲕ ⲉⲃⲟⲗ ⲉⲩⲣⲓⲙⲉ ⲉⲩⲣϩⲏⲃⲉ ⲉⲩϫⲱ ⲙⲙⲟⲥ ϫⲉ ⲟⲩⲟⲓ ⲟⲩⲟⲓ ⲛⲧⲛⲟϭ ⲙⲡⲟⲗⲓⲥ ⲧⲁⲓ ⲛⲧⲁⲩⲣⲣⲙⲙⲁⲟ ⲛϩⲏⲧⲥ ⲛϭⲓⲛⲉⲧⲉⲟⲩⲛⲧⲁⲩⲛⲉϫⲏⲩ ϩⲛⲑⲁⲗⲗⲁⲥⲥⲁ ⲉⲃⲟⲗ ϩⲛⲧⲉⲥⲙⲛⲧⲣⲙ̅ⲙⲁⲟ ϫⲉ ϩⲛⲟⲩⲟⲩⲛⲟⲩ ⲛⲟⲩⲱⲧ ⲁⲥⲣϫⲁⲓⲉ
20 ၂၀ ကောင်း​ကင်​ဘုံ​သား​တို့၊ ထို​မြို့​ပျက်​စီး​သည့် အ​တွက်​ဝမ်း​မြောက်​ရွှင်​မြှုး​ကြ​လော့။ ဘု​ရား သ​ခင်​၏​လူ​စု​တော်​ဝင်​များ၊ တ​မန်​တော်​များ၊ ပ​ရော​ဖက်​များ​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ သင်​တို့​အား​ပြု​သ​မျှ​အ​တွက်​ဘု​ရား​သ​ခင် သည်​ထို​မြို့​ကို​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပြီ။
ⲕ̅ⲉⲩⲫⲣⲁⲛⲉ ⲧⲡⲉ ⲉϩⲣⲁⲓ ⲉϫⲱⲥ ⲁⲩⲱ ⲛⲉⲧⲟⲩⲁⲁⲃ ⲁⲩⲱ ⲛⲁⲡⲟⲥⲧⲟⲗⲟⲥ ⲙⲛⲛⲉⲡⲣⲟⲫⲩⲧⲏⲥ ϫⲉ ⲁⲡⲛⲟⲩⲧⲉ ⲕⲣⲓⲛⲉ ⲙⲡⲉⲧⲛ̅ϩⲁⲡ ⲉⲃⲟⲗ ⲛϩⲏⲧⲥ
21 ၂၁ ထို​နောက်​ခွန်​အား​ကြီး​သော​ကောင်း​ကင်​တ​မန် တစ်​ပါး​သည်​ကြိတ်​ဆုံ​ကျောက်​ကြီး​ခန့်​ရှိ​သော ကျောက်​တုံး​တစ်​ခု​ကို​ယူ​၍​ပင်​လယ်​ထဲ​သို့​ပစ် ချ​လိုက်​ပြီး​လျှင်``ဗာ​ဗု​လုန်​မြို့​ကြီး​သည်​ဤ​သို့ ပစ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​ထို မြို့​ကို​ပြန်​၍​တွေ့​မြင်​ကြ​ရ​လိမ့်​မည်​မ​ဟုတ်။-
ⲕ̅ⲁ̅ⲁⲩⲱ ⲟⲩⲁⲅⲅⲉⲗⲟⲥ ⲛϫⲱⲱⲣⲉ ⲁϥϥⲓ ⲛⲟⲩⲛⲟϭ ⲛⲱⲛⲉ ⲛⲑⲉ ⲛⲟⲩⲱⲛⲉ ⲛⲛⲟⲩⲧ ⲁϥⲛⲟϫϥ ⲉϩⲣⲁⲓ ⲉⲑⲁⲗⲗⲁⲥⲥⲁ ⲉϥϫⲱ ⲙⲙⲟⲥ ϫⲉ ⲧⲁⲓ ⲧⲉ ⲑⲉ ⲉⲧⲟⲩⲛⲁⲧⲁⲩⲟ ⲉϩⲣⲁⲓ ϩⲛⲟⲩⲥϣⲛⲉ ⲛⲧⲃⲁⲃⲩⲗⲱⲛ ⲧⲛⲟϭ ⲙⲡⲟⲗⲓ̅ⲥ ⲛⲥⲉⲧⲙϩⲉ ⲉⲣⲟⲥ
22 ၂၂ သင်​၏​ထံ​တွင်​စောင်း​သံ၊ သီ​ချင်း​သံ၊ ပလွေ​သံ၊ တံ​ပိုး ခ​ရာ​သံ​တို့​ကို​နောက်​တစ်​ဖန်​ကြား​ရ​တော့​မည် မ​ဟုတ်။ အ​ဘယ်​အ​လုပ်​သ​မား​မျှ​သင့်​ထံ​တွင် တွေ့​ရ​တော့​မည်​မ​ဟုတ်။ ကြိတ်​ဆုံ​သံ​ကို​လည်း ကြား​ရ​တော့​မည်​မ​ဟုတ်။-
ⲕ̅ⲃ̅ⲁⲩⲱ ⲛϭⲓⲑⲁⲣⲟⲧⲟⲥ ϩⲓⲙⲟⲩⲥⲓⲕⲟⲛ ϩⲓⲣⲉϥϫⲱ ϩⲓⲥⲁⲗⲡⲓⲅⲝ ⲛⲛⲉⲩⲥⲱⲧⲙ ⲉⲣⲟⲟⲩ ⲛϩⲏⲧⲉ ϫⲓⲛ ⲛⲧⲉⲛⲟⲩ ⲁⲩⲱ ⲧⲉⲭⲛⲓⲧⲏⲥ ⲛⲓⲙ ⲛⲧⲉⲭⲛⲏ ⲛⲓⲙ ⲛⲛⲉⲩϭⲛⲧⲟⲩ ⲛϩⲏⲧⲉ ϫⲓⲛ ⲛⲧⲉⲛⲟⲩ ⲁⲩⲱ ⲛⲛⲉⲩⲥⲉⲧⲙϩⲣⲟⲟⲩ ⲙⲙⲁⲭⲁⲛⲏ ⲛϩⲏⲧⲉ ϫⲓⲛ ⲛⲧⲉⲛⲟⲩ ⲟⲩⲇⲉ ⲥⲙⲏ ⲙⲡⲁⲧϣⲉⲗⲉⲉⲧ ϩⲓϣⲉⲗⲉⲉⲧ
23 ၂၃ သင်​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဆီ​မီး​၏​အ​လင်း ရောင်​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။ မင်္ဂ​လာ​ဆောင်​သ​တို့ သား​နှင့်​သ​တို့​သ​မီး​၏​အ​သံ​ကို​လည်း​အ​ဘယ် အ​ခါ​၌​မျှ​ကြား​ရ​လိမ့်​မည်​မ​ဟုတ်။ သင်​၏​ကုန် သည်​ကြီး​များ​ကား​ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​သြ​ဇာ အာ​ဏာ​ကြီး​မား​သူ​များ​ဖြစ်​ကြ​၏။ သင်​သည် လူ​မျိုး​တ​ကာ​တို့​ကို​စုန်း​အ​တတ်​ဖြင့်​ပြု​စား ကာ​မှောက်​မှား​လမ်း​လွဲ​စေ​လေ​ပြီ'' ဟု​ဆို​လေ​၏။
ⲕ̅ⲅ̅ⲟⲩⲇⲉ ⲛⲛⲉⲩϫⲉⲣⲉϩⲏⲃⲥ ⲛϩⲏⲧⲉ ϫⲓⲛ ⲛⲧⲉⲛⲟⲩ ⲛⲛⲟϭ ⲛⲧⲉⲡⲕⲁϩ ⲛⲉⲩⲟ ⲛⲉϣⲱⲧ ⲛⲉ ϫⲉ ϩⲣⲁⲓ ϩⲛⲛⲟⲩⲙⲛⲧⲣⲉϥⲣⲡⲁϩⲣⲉ ⲁⲩⲡⲗⲁⲛⲁ ⲛϭⲓⲛϩⲉⲑⲛⲟⲥ ⲧⲏⲣⲟⲩ
24 ၂၄ ဗာ​ဗု​လုန်​မြို့​အ​ပြစ်​ဒဏ်​ခံ​ရ​သည်​မှာ​ထို​မြို့​တွင် ပ​ရော​ဖက်​များ​၏​အ​သွေး၊ ဘု​ရား​သ​ခင်​၏​လူ​စု တော်​ဝင်​များ​၏​သွေး၊ ကမ္ဘာ​ပေါ်​တွင်​အ​သတ်​ခံ​ရ သူ​အ​ပေါင်း​တို့​၏​သွေး​များ​ကို​တွေ့​ရှိ​ရ​သော ကြောင့်​ဖြစ်​၏။
ⲕ̅ⲇ̅ⲁⲩⲱ ⲛⲧⲁⲩϩⲉ ⲉⲡⲉⲥⲛⲟϥ ⲛⲛⲉⲡⲣⲟⲫⲩⲧⲏⲥ ⲛϩⲏⲧⲥ ⲙⲛⲡⲁⲛⲉⲧⲟⲩⲁⲁⲃ ⲙⲛⲟⲩⲟⲛ ⲛⲓⲙ ⲛⲧⲁⲩϩⲟⲧⲃⲟⲩ ϩⲓϫⲙⲡⲕⲁ

< ဗျာဒိတ်ကျမ်း 18 >