< ဗျာဒိတ်ကျမ်း 16 >

1 ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။
また、私は、大きな声が聖所から出て、七人の御使いに言うのを聞いた。「行って、神の激しい怒りの七つの鉢を、地に向けてぶちまけよ。」
2 ပ​ထ​မ​ကောင်း​ကင်​တ​မန်​သည်​သွား​၍ မိ​မိ ဖ​လား​မှ​အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့ သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​အ​မှတ် တံ​ဆိပ်​ခတ်​နှိပ်​ခြင်း​ခံ​ရ​သူ​များ​နှင့် သူ​၏ ရုပ်​ကို​ရှိ​ခိုး​သော​သူ​တို့​တွင်​အ​လွန်​ဆိုး​ရွား သော​အ​နာ​စိမ်း​များ​ပေါက်​လေ​၏။
そこで、第一の御使いが出て行き、鉢を地に向けてぶちまけた。すると、獣の刻印を受けている人々と、獣の像を拝む人々に、ひどい悪性のはれものができた。
3 ထို့​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ဖ​လား​မှ အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​ပင်​လယ်​ရေ​သည်​လူ သေ​၏​သွေး​ကဲ့​သို့​ဖြစ်​လေ​၏။ ပင်​လယ်​ထဲ​ရှိ ရေ​သတ္တဝါ​မှန်​သ​မျှ​သည်​သေ​ကုန်​၏။
第二の御使いが鉢を海にぶちまけた。すると、海は死者の血のような血になった。海の中のいのちのあるものは、みな死んだ。
4 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​၏​ဖ​လား​မှ​အ​မျက်​တော်​ကို​မြစ်​များ၊ စမ်း ပေါက်​များ​ပေါ်​သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ ရေ​တို့​သည်​သွေး​အ​တိ​ဖြစ်​လေ​၏။-
第三の御使いが鉢を川と水の源とにぶちまけた。すると、それらは血になった。
5 ရေ​ကို​စောင့်​သည့်​ကောင်း​ကင်​တ​မန်​က``ပစ္စုပ္ပန် အ​တိတ်​ကာ​လ​တို့​တွင်​ရှိ​တော်​မူ​၍​သန့်​ရှင်း မြင့်​မြတ်​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​သည်​ဖြောင့်​မှန်​ပါ​၏။-
また私は、水をつかさどる御使いがこう言うのを聞いた。「常にいまし、昔います聖なる方。あなたは正しい方です。なぜならあなたは、このようなさばきをなさったからです。
6 ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​နှင့် ပ​ရော​ဖက်​တို့​၏​သွေး​ကို​သွန်း​ခဲ့​ကြ​သ​ဖြင့် ကိုယ်​တော်​သည်​သူ​တို့​သောက်​ရန်​သွေး​ကို​ပေး တော်​မူ​လေ​ပြီ။ ထို​သူ​တို့​ခံ​ထိုက်​သော​ဒဏ်​ကို ခံ​ရ​ကြ​ပါ​၏'' ဟု​လျှောက်​ထား​၏။-
彼らは聖徒たちや預言者たちの血を流しましたが、あなたは、その血を彼らに飲ませました。彼らは、そうされるにふさわしい者たちです。」
7 ထို​နောက်​ယဇ်​ပလ္လင်​မှ​အ​သံ​က``အန​န္တ​တန်​ခိုး​ရှင် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​စီ​ရင် တော်​မူ​ချက်​တို့​သည်​မှန်​ကန်​၍​တ​ရား​မျှ​တ ပါ​၏'' ဟု​လျှောက်​ထား​သည်​ကို​ငါ​ကြား​ရ​၏။
また私は、祭壇がこう言うのを聞いた。「しかり。主よ。万物の支配者である神よ。あなたのさばきは真実な、正しいさばきです。」
8 ထို​နောက်​စ​တုတ္ထ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ၏​ဖ​လား​မှ အ​မျက်​တော်​ကို​နေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​နေ​သည်​လူ​တို့​အား အ​ပူ​ရှိန်​ဖြင့် ကျွမ်း​လောင်​စေ​နိုင်​ခွင့်​ကို​ရ​လေ​၏။-
第四の御使いが鉢を太陽に向けてぶちまけた。すると、太陽は火で人々を焼くことを許された。
9 လူ​တို့​သည်​အား​ကြီး​သော​အ​ပူ​ရှိန်​ဖြင့်​ကျွမ်း လောင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘေး​ဒဏ်​တို့​ကို​အ​စိုး​ရ သော​ဘု​ရား​သ​ခင်​၏​နာ​မ​တော်​ကို​ကျိန်​ဆဲ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​နောင်​တ​လည်း မ​ရ​ကြ။ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​မ​ချီး​မွမ်း ကြ။
こうして、人々は激しい炎熱によって焼かれた。しかも、彼らは、これらの災害を支配する権威を持つ神の御名に対してけがしごとを言い、悔い改めて神をあがめることをしなかった。
10 ၁၀ ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ​အ​မျက်​တော်​ကို​သား​ရဲ​၏​ပလ္လင်​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​သား​ရဲ​၏​နိုင်​ငံ သည်​မှောင်​အ​တိ​ဖြစ်​လေ​၏။ ထို​နိုင်​ငံ​သား​တို့ သည်​ဝေ​ဒ​နာ​ခံ​ရ​သည်​နှင့်​မိ​မိ​တို့​၏​လျှာ ကို​ကိုက်​ခဲ​ကြ​၏။-
第五の御使いが鉢を獣の座にぶちまけた。すると、獣の国は暗くなり、人々は苦しみのあまり舌をかんだ。
11 ၁၁ မိ​မိ​တို့​၏​ဝေ​ဒ​နာ​နှင့်​အ​နာ​စိမ်း​များ​ကြောင့် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ ၏။ မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​နောင်​တ​မ​ရ ကြ။
そして、その苦しみと、はれものとのゆえに、天の神に対してけがしごとを言い、自分の行ないを悔い改めようとしなかった。
12 ၁၂ ထို​နောက်​ဆ​ဋ္ဌ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​၏ ဖ​လား​မှ အ​မျက်​တော်​ကို​ဥ​ဖ​ရတ်​မြစ်​ကြီး​ပေါ် သို့​သွန်း​လောင်း​လိုက်​၏။ ထို​အ​ခါ​မြစ်​ရေ​သည် ခန်း​ခြောက်​သွား​သ​ဖြင့် အ​ရှေ့​ပြည်​မှ​လာ​သော ရှင်​ဘု​ရင်​တို့​အ​တွက်​လမ်း​ပွင့်​သွား​၏။-
第六の御使いが鉢を大ユーフラテス川にぶちまけた。すると、水は、日の出るほうから来る王たちに道を備えるために、かれてしまった。
13 ၁၃ ထို​နောက်​ငါ​သည်​ဖား​နှင့်​တူ​သည့်​ညစ်​ညမ်း​သော နတ်​သုံး​ပါး​ကို​တွေ့​မြင်​ရ​၏။ သူ​တို့​သည်​န​ဂါး၊ သား​ရဲ၊ မိစ္ဆာ​ပ​ရော​ဖက်​တို့​၏​ခံ​တွင်း​အ​သီး သီး​မှ​ထွက်​လာ​ကြ​၏။-
また、私は竜の口と、獣の口と、にせ預言者の口とから、かえるのような汚れた霊どもが三つ出て来るのを見た。
14 ၁၄ သူ​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​နိုင်​သော နတ်​မိစ္ဆာ​များ​၏​ဝိညာဉ်​များ​ဖြစ်​ကြ​၏။ အ​နန္တ တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​၏​နေ့​ကြီး​စစ်​ပွဲ​သို့ ဝင်​ရန် ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​ရှင်​ဘု​ရင်​များ​အား စု​ရုံး​ခြင်း​ငှာ​သူ​တို့​သည်​ထွက်​ခွာ​သွား​ကြ​၏။
彼らはしるしを行なう悪霊どもの霊である。彼らは全世界の王たちのところに出て行く。万物の支配者である神の大いなる日の戦いに備えて、彼らを集めるためである。
15 ၁၅ ``ငါ​သည်​သူ​ခိုး​လာ​သ​ကဲ့​သို့​အ​မှတ်​မ​ထင် လာ​မည်။ သို့​ဖြစ်​၍​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွား​လာ​၍​လူ​တို့​၏​ရှေ့​၌​အ​ရှက်​မ​ရ​စေ ရန်​နိုး​လျက်​နေ​၍ မိ​မိ​၏​အ​ဝတ်​များ​ကို သ​တိ​နှင့်​စောင့်​ကြပ်​သော​သူ​သည်​မင်္ဂလာ​ရှိ​၏။
――見よ。わたしは盗人のように来る。目をさまして、身に着物を着け、裸で歩く恥を人に見られないようにする者は幸いである。――
16 ၁၆ ထို​နောက်​ဝိ​ညာဉ်​တို့​သည်​ရှင်​ဘု​ရင်​တို့​အား ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန်​ဟု နာ​မည်​တွင်​သော​အ​ရပ်​သို့​ခေါ်​ဆောင်​စု​ရုံး စေ​ကြ​၏။
こうして彼らは、ヘブル語でハルマゲドンと呼ばれる所に王たちを集めた。
17 ၁၇ သတ္တ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​ဖ​လား​မှ အ​မျက်​တော်​ကို လေ​ထဲ​သို့​သွန်း​လောင်း​လိုက် ၏။ ထို​အ​ခါ​ဗိ​မာန်​တော်​အ​တွင်း​ရှိ​ပလ္လင်​တော် မှ``အ​မှု​ပြီး​ဆုံး​လေ​ပြီ'' ဟု​ကျယ်​စွာ​သော အ​သံ​ထွက်​ပေါ်​၍​လာ​၏။-
第七の御使いが鉢を空中にぶちまけた。すると、大きな声が御座を出て、聖所の中から出て来て、「事は成就した。」と言った。
18 ၁၈ ထို​နောက်​လျှပ်​ပန်း​လျှပ်​နွယ်​များ၊ တော်​လဲ​သံ​များ၊ မိုး​ကြိုး​သံ​များ​ထွက်​ပေါ်​လျက်​မြေ​င​လျင်​ပြင်း စွာ​လှုပ်​လေ​၏။ လူ့​သ​မိုင်း​တွင်​ဤ​မျှ​ပြင်း​ထန်​စွာ မြေ​င​လျင်​လှုပ်​ခြင်း​မ​ရှိ​ဘူး​ချေ။-
すると、いなずまと声と雷鳴があり、大きな地震があった。この地震は人間が地上に住んで以来、かつてなかったほどのもので、それほどに大きな、強い地震であった。
19 ၁၉ မြို့​ကြီး​သည်​သုံး​ပိုင်း​ကွဲ​လေ​၏။ ကမ္ဘာ​ပေါ်​ရှိ​မြို့ များ​သည်​လည်း​ပြို​ပျက်​ကုန်​၏။ ဘု​ရား​သ​ခင်​သည် ဗာ​ဗု​လုန်​မြို့​ကြီး​ကို​သ​တိ​ရ​တော်​မူ​လျက် မိ​မိ ၏​ဖ​လား​မှ​ပြင်း​ထန်​သော​အ​မျက်​တော်​တည်း​ဟူ သော​စ​ပျစ်​ရည်​ကို​သောက်​စေ​တော်​မူ​၏။-
また、あの大きな都は三つに裂かれ、諸国の民の町々は倒れた。そして、大バビロンは、神の前に覚えられて、神の激しい怒りのぶどう酒の杯を与えられた。
20 ၂၀ ကျွန်း​အ​ပေါင်း​တို့​သည်​ပျောက်​လွင့်​သွား​ကုန်​၏။ တောင်​များ​သည်​ကွယ်​ပျောက်​သွား​ကုန်​၏။-
島はすべて逃げ去り、山々は見えなくなった。
21 ၂၁ ကောင်း​ကင်​မှ​ပေါင်​တစ်​ရာ​မျှ​အ​လေး​ချိန်​ရှိ​သော မိုး​သီး​ကြီး​များ​သည်​လူ​တို့​အ​ပေါ်​သို့​ကျ​ကုန် ၏။ လူ​တို့​သည်​ထို​ဆိုး​ရွား​လှ​သော​မိုး​သီး​ဘေး ဒဏ်​ကြောင့်​ဘု​ရား​သ​ခင်​ကို​ကျိန်​ဆဲ​ကြ​၏။
また、一タラントほどの大きな雹が、人々の上に天から降って来た。人々は、この雹の災害のため、神にけがしごとを言った。その災害が非常に激しかったからである。

< ဗျာဒိတ်ကျမ်း 16 >