< ဗျာဒိတ်ကျမ်း 15 >

1 ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။
And I saw another sign in heaven, great and marvellous, seven angels having the seven last plagues; for in them is filled up the wrath of God.
2 ထို​နောက်​ငါ​သည်​မီး​နှင့်​ရော​သည့်​ဖန်​ရေ​ကန် နှင့်​တူ​သော​အ​ရာ​တစ်​ခု​ကို​မြင်​ရ​၏။ သား​ရဲ နှင့်​သူ​၏​ရုပ်​တု​အား​လည်း​ကောင်း၊ ကိန်း​ဂ​ဏန်း ၏​နာ​မည်​ကို​ပိုင်​ဆိုင်​သူ​အား​လည်း​ကောင်း၊ အ​နိုင်​ရ​သူ​များ​ကို​လည်း​ငါ​မြင်​ရ​၏။ သူ​တို့ သည်​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​စောင်း​များ ကို​ကိုင်​လျက်​ဖန်​ရေ​ကန်​အ​နီး​တွင်​ရပ်​လျက် နေ​ကြ​၏။-
And I saw as it were a sea of glass mingled with fire: and them that had gotten the victory over the beast, and over his image, and over his mark, and over the number of his name, stand on the sea of glass, having the harps of God.
3 သူ​တို့​သည် ``အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် အ​လွန်​ကြီး​မြတ်​၍​အံ့​သြ​ဖွယ်​ကောင်း​လှ ပါ​သည်​တ​ကား။ လူ​မျိုး​တ​ကာ​တို့​၏​ဘု​ရင်၊ကိုယ်​တော်​ရှင်​၏ နည်း​လမ်း​တော်​တို့​သည် အ​လွန်​မျှ​တ​မှန်​ကန်​လှ​ပါ​သည်​တ​ကား။
And they sing the song of Moses the servant of God, and the song of the Lamb, saying, Great and marvellous are thy works, Lord God Almighty; just and true are thy ways, thou King of saints.
4 အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​ရှင်​အား​မ​ကြောက်​ရွံ့ မ​ရို​သေ​ဘဲ​အ​ဘယ်​သူ​နေ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တို့​သည် တ​ရား​မျှ​တ​ကြောင်း​ပေါ်​လွင်​ထင်​ရှား​သ​ဖြင့် လူ​မျိုး​တ​ကာ​တို့​သည်​ရှေ့​တော်​သို့​လာ​၍ ပျပ်​ဝပ်​ရှိ​ခိုး​ကြ​ပါ​လိမ့်​မည်'' ဟူ​၍​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ​၏ သီ​ချင်း​နှင့် သိုး​သူ​ငယ်​တော်​၏​သီ​ချင်း​ကို သီ​ဆို​လျက်​နေ​ကြ​၏။
Who shall not fear thee, O Lord, and glorify thy name? for thou only art holy: for all nations shall come and worship before thee; for thy judgments are made manifest.
5 ထို​နောက်​ကောင်း​ကင်​ဘုံ​၌​ပ​ဋိ​ညာဉ်​တဲ​တော်​ရှိ သော ဗိ​မာန်​တော်​သည်​ပွင့်​၍​လာ​သည်​ကို​မြင်​ရ​၏။-
And after that I looked, and, behold, the temple of the tabernacle of the testimony in heaven was opened:
6 ထို​အ​ခါ​ကပ်​ခု​နစ်​ပါး​ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​သည်​ဗိ​မာန်​တော် ထဲ​မှ​ထွက်​လာ​ကြ​၏။ သူ​တို့​သည်​ပြောင်​လက် စင်​ကြယ်​သော ပိတ်​ချော​ထည်​ကို​ဝတ်​ဆင်​၍ ရွှေ​ရင်​စည်း​ကို​ပတ်​ထား​ကြ​၏။-
And the seven angels came out of the temple, having the seven plagues, clothed in pure and white linen, and having their breasts girded with golden girdles.
7 သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ်​ပါး​သည် ကမ္ဘာ​အ​ဆက်​ဆက်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ပြည့်​လျက်​ရှိ သည့် ရွှေ​ဖ​လား​ခု​နစ်​လုံး​ကို​ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား​ပေး​အပ်​၏။- (aiōn g165)
And one of the four beasts gave unto the seven angels seven golden vials full of the wrath of God, who liveth for ever and ever. (aiōn g165)
8 ဗိ​မာန်​တော်​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​တန်​ခိုး တော်​ကြောင့်​မီး​ခိုး​နှင့်​ပြည့်​လျက်​ရှိ​၏။ သို့​ဖြစ် ၍​ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​ယူ​ဆောင်​လာ သည့်​ကပ်​ခု​နစ်​ပါး​မ​ပြီး​ဆုံး​မီ​အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​ထဲ​သို့​မ​ဝင်​နိုင်။
And the temple was filled with smoke from the glory of God, and from his power; and no man was able to enter into the temple, till the seven plagues of the seven angels were fulfilled.

< ဗျာဒိတ်ကျမ်း 15 >