< ဗျာဒိတ်ကျမ်း 14 >

1 ထို​နောက်​ကြည့်​လိုက်​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​တွင် သိုး​သူ​ငယ်​တော်​ရပ်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​၏​နာ​မ​နှင့်​ခ​မည်း​တော်​၏​နာ​မ တော်​ကို​န​ဖူး​တွင် ရေး​မှတ်​ထား​သူ​လူ​ပေါင်း တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့​သည် သိုး သူ​ငယ်​တော်​နှင့်​အ​တူ​ရှိ​ကြ​၏။-
E olhei, e eis que estava o Cordeiro sobre o monte de Sião, e com ele cento e quarenta e quatro mil, que em suas testas tinham escrito o nome de seu Pai.
2 ကောင်း​ကင်​မှ​သမု​ဒ္ဒ​ရာ​ဟုန်း​သံ​နှင့်​မိုး​ချုန်း သံ​ကြီး​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​စောင်း​သ​မား​များ​တီး​သည့် စောင်း​သံ​နှင့်​တူ​၏။-
E ouvi uma voz do céu, como a voz de muitas águas, e como a voz de um grande trovão; e ouvi uma voz de harpistas, que tocavam com as suas harpas.
3 ထို​သူ​တစ်​သိန်း​လေး​သောင်း​လေး​ထောင်​တို့ သည် ပလ္လင်​တော်​ရှေ့​၌​လည်း​ကောင်း၊ သက်​ရှိ သတ္တ​ဝါ​လေး​ပါး​နှင့်​အ​ကြီး​အ​ကဲ​များ​၏ ရှေ့​၌​လည်း​ကောင်း​ရပ်​လျက်​သီ​ချင်း​သစ်​ကို သီ​ဆို​ကြ​၏။ လူ​သား​အ​ပေါင်း​တို့​အ​ထဲ မှ​ရွေး​နုတ်​ကယ်​တင်​ခြင်း​ခံ​ရ​သူ၊ လူ​တစ် သိန်း​လေး​သောင်း​လေး​ထောင်​မှ​တစ်​ပါး အ​ခြား​အ​ဘယ်​သူ​မျှ​ထို​သီ​ချင်း ကို​မ​သီ​ဆို​တတ်။-
E cantavam um como cântico novo diante do trono, e diante dos quatro animais e dos anciãos: e ninguém podia aprender aquele cântico, senão os cento e quarenta e quatro mil que foram comprados da terra.
4 ထို​သူ​တို့​သည်​ကာ​မ​ဂုဏ်​ခံ​စား​မှု​နှင့်​ကင်း လွတ်​သူ​လူ​ပျို​စင်​များ​ဖြစ်​၍ သိုး​သူ​ငယ် တော်​သွား​လေ​ရာ​အ​ရပ်​သို့​လိုက်​ကြ​၏။ သူ တို့​သည်​လူ​သား​တို့​အ​နက်​က​ရွေး​နုတ် ကယ်​တင်​ခြင်း​ခံ​ရ​သ​ဖြင့် ဘု​ရား​သခင်​နှင့် သိုး​သူ​ငယ်​တော်​အား အ​ဦး​ဆုံး​ဆက်​သ ခြင်း​ခံ​ရ​သူ​များ​ဖြစ်​ကြ​သ​တည်း။-
Estes são os que não estão contaminados com mulheres: porque são virgens. Estes são os que seguem o Cordeiro para onde quer que vai. Estes são os que dentre os homens foram comprados por primícias para Deus e para o Cordeiro.
5 သူ​တို့​သည်​အ​ဘယ်​အ​ခါ​မျှ လိမ်​လည်​၍ မ​ပြော​တတ်။ အ​ပြစ်​ကင်း​စင်​သူ​များ​ဖြစ် ပေ​သည်။
E na sua boca não se achou engano; porque são irrepreensíveis diante do trono de Deus.
6 ထို​နောက်​ကောင်း​ကင်​အ​လယ်​တွင် ကောင်း​ကင် တ​မန်​တစ်​ပါး​ပျံ​ဝဲ​လျက်​နေ​သည်​ကို​ငါ မြင်​ရ​၏။ သူ​သည်​တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ကို​ပြော​ဆို​သူ လူ​အ​မျိုး​အ​နွယ်​ခပ်​သိမ်း​တို့​အား ကြေ​ညာ ရန်​ထာ​ဝ​ရ​သ​တင်း​ကောင်း​ကို​ယူ​ဆောင် လာ​၏။- (aiōnios g166)
E vi outro anjo voar pelo meio do céu, e tinha o evangelho eterno, para proclama-lo aos que habitam sobre a terra, e a toda a nação, e tribo, e língua, e povo. (aiōnios g166)
7 ထို​ကောင်း​ကင်​တ​မန်​က``ဘု​ရား​သ​ခင်​တ​ရား စီ​ရင်​တော်​မူ​ရာ​နေ့​ရက်​သည်​ကျ​ရောက်​၍​လာ လေ​ပြီ။ ထို​ကြောင့်​ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ ကြ​လော့။ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။ ကောင်း ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​လည်း​ကောင်း၊ ပင်​လယ် နှင့်​စမ်း​ပေါက်​များ​ကို​လည်း​ကောင်း​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ကို​ရှိ​ခိုး​ကြ​လော့'' ဟု အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​လေ​၏။
Dizendo com grande voz: Temei a Deus, e dai-lhe glória; porque vinda é a hora do seu juízo. E adorai aquele que fez o céu, e a terra, e o mar, e as fontes das águas.
8 ထို​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​ပေါ်​လာ ပြီး​လျှင်၊ ``ဗာ​ဗု​လုန်​မြို့​ကြီး​ပြို​ပျက်​လေ​ပြီ၊ ပြို​ပျက်​လေ​ပြီ။ ထို​မြို့​သည်​ကာ​မ​ဂုဏ်​လိုက် စား​မှု​တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို​လူ​မျိုး တ​ကာ​တို့​အား​တိုက်​လေ​ပြီ'' ဟု​ကြွေး​ကြော်​၏။
E outro anjo seguiu, dizendo: É caída, é caída Babilônia, aquela grande cidade, porque a todas as nações deu a beber do vinho da ira da sua fornicação.
9 ထို​နောက်​တ​တိ​ယ​ကောင်း​ကင်​တ​မန် ပေါ်​လာ လျက် ``သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို​ရှိ​ခိုး​၍ မိ​မိ ၏​န​ဖူး​သို့​မ​ဟုတ်​လက်​တွင် ထို​သား​ရဲ​၏ အ​မှတ်​တံ​ဆိပ်​ကို​ရိုက်​နှိပ်​ထား​သော​သူ​သည်၊-
E seguiu-os o terceiro anjo, dizendo com grande voz: Se alguém adorar a besta, e a sua imagem, e receber o sinal na sua testa, ou na sua mão,
10 ၁၀ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား​မှ ပြင်း ထန်​သော​အ​မျက်​တော်​တည်း​ဟူ​သော​စ​ပျစ် ရည်​ကို​သောက်​ရ​လိမ့်​မည်။ မြင့်​မြတ်​သန့်​ရှင်း သော​ကောင်း​ကင်​တ​မန်​များ​နှင့်​သိုး​သူ​ငယ် တော်​၏​ရှေ့​၌ ကန့်​နှင့်​မီး​ထဲ​တွင်​နှိပ်​စက်​ညှဉ်း ဆဲ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-
Também o tal beberá do vinho da ira de Deus, que se deitou puro no cálice da sua ira; e será atormentado com fogo e enxofre diante dos santos anjos e diante do Cordeiro.
11 ၁၁ ထို​မီး​လျှံ​မှ​မီး​ခိုး​သည် ထာ​ဝ​စဉ်​အ​ထက် သို့​တက်​လျက်​နေ​၏။ သား​ရဲ​နှင့်​သူ​၏​ရုပ်​တု​ကို ရှိ​ခိုး​၍ သား​ရဲ​၏​နာ​မည်​တံ​ဆိပ်​နှိပ်​ခြင်း​ခံ​ရ သူ​အ​ပေါင်း​တို့​သည် နေ့​ရော​ညဥ့်​ပါ​သက်​သာ ရာ​ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​အ​သံ​ကျယ်​စွာ ကြွေး​ကြော်​လေ​၏။ (aiōn g165)
E o fumo do seu tormento sobe para todo o sempre; e não tem repouso nem de dia nem de noite os que adoram a besta e a sua imagem, e aquele que receber o sinal do seu nome. (aiōn g165)
12 ၁၂ ဘု​ရား​သ​ခင်​၏​ပ​ညတ်​တော်​ကို​စောင့်​ထိန်း​၍ ခ​ရစ်​တော်​ကို​သစ္စာ​ရှိ​ကြ​သော​ဘု​ရား​သ​ခင် ၏​လူ​စု​တော်​သည် ဤ​အ​ခြေ​အ​နေ​မျိုး​၌​ခံ နိုင်​ရည်​ရှိ​ရန်​လို​ပေ​သည်။
Aqui está a paciência dos santos: aqui estão os que guardam os mandamentos de Deus e a fé de Jesus.
13 ၁၃ ထို​နောက်​ကောင်း​ကင်​မှ``ရေး​မှတ်​လော့။ ယ​ခု​အ​ချိန် မှ​စ​၍​သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင်​ရွက် လျက် သေ​ဆုံး​သူ​တို့​သည်​မင်္ဂလာ​ရှိ​ကြ​၏'' ဟု​ဆို သော​အ​သံ​ကို​ငါ​ကြား​ရ​၏။ ဝိညာဉ်​တော်​က​လည်း ``ဤ​အ​တိုင်း​မှန်​ပေ​၏။ သူ​တို့​သည်​ဆင်း​ရဲ​ပင်​ပန်း စွာ​လုပ်​ဆောင်​ခြင်း​မှ ရပ်​နား​ခွင့်​ကို​ရ​ရှိ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​၏​လုပ်​ဆောင် ချက်​အ​ကျိုး​သည် သူ​တို့​နှင့်​အ​တူ​လိုက်​ပါ လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
E ouvi uma voz do céu, que me dizia: Escreve: bem-aventurados os mortos que desde agora morrem no Senhor. Sim, diz o espírito; para que descancem dos seus trabalhos, e as suas obras os sigam.
14 ၁၄ တစ်​ဖန်​ကြည့်​လိုက်​သော​အ​ခါ​မိုး​တိမ်​ဖြူ​တစ်​ခု ကို ငါ​မြင်​ရ​၏။ ထို​မိုး​တိမ်​ပေါ်​တွင်​လူ​နှင့်​တူ​သော သူ​တစ်​ဦး​ထိုင်​၍​နေ​၏။ သူ​၏​ဦး​ခေါင်း​၌​ရွှေ သ​ရ​ဖူ​ကို​ဆောင်း​ထား​၏။ လက်​ထဲ​တွင်​ထက် သော​တံ​စဉ်​ကို​ကိုင်​ထား​၏။-
E olhei, e eis uma nuvem branca, e assentado sobre a nuvem um semelhante ao Filho do homem, que tinha sobre a sua cabeça uma coroa de ouro, e na sua mão uma foice aguda.
15 ၁၅ အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-
E outro anjo saiu do templo, clamando com grande voz ao que estava assentado sobre a nuvem: Lança a tua foice, e sega; pois já é vinda a hora de segar, porquanto já a seara da terra está madura.
16 ၁၆ သို့​ဖြစ်​၍​မိုး​တိမ်​ပေါ်​တွင်​ထိုင်​နေ​သူ​သည် မိ​မိ ၏​တံ​စဉ်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​ဝှေ့​ယမ်း​ကာ​ကမ္ဘာ မြေ​ကြီး​က​စ​ပါး​များ​ကို​ရိတ်​တော်​မူ​၏။
E aquele que estava assentado sobre a nuvem lançou a sua foice à terra, e a terra foi segada.
17 ၁၇ ထို​နောက်​အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ကောင်း​ကင်​ဘုံ​ရှိ​ဗိ​မာန်​တော်​မှ​ထွက်​လာ​၏။ ထို သူ​သည်​လည်း​ထက်​သော​တံ​စဉ်​ကို​ကိုင်​ထား​၏။
E saiu do templo, que está no céu, outro anjo, o qual também tinha uma foice aguda.
18 ၁၈ ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-
E saiu do altar outro anjo, que tinha poder sobre o fogo, e clamou com grande voz ao que tinha a foice aguda, dizendo: Lança a tua foice aguda, e vindima os cachos da vinha da terra, porque já as suas uvas estão maduras.
19 ၁၉ သို့​ဖြစ်​၍​ထို​ကောင်း​ကင်​တ​မန်​သည် မိ​မိ​တံ​စဉ် ကို​ယူ​၍​ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​များ​ကို ရိတ်​သိမ်း​လေ​၏။ ထို​နောက်​စ​ပျစ်​သီး​များ​ကို ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​တည်း​ဟူ​သော စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​သို့​သွန်​ချ​လိုက် ၏။-
E o anjo lançou a sua foice à terra e vindimou as uvas da vinha da terra, e lançou-as no grande lagar da ira de Deus.
20 ၂၀ စ​ပျစ်​သီး​များ​ကို​မြို့​ပြင်​တွင်​နယ်​၍​စ​ပျစ် သီး​နယ်​ရာ​ကျင်း​မှ​သွေး​ချောင်း​စီး​ထွက်​၍ လာ​၏။ ထို​သွေး​ချောင်း​သည်​အ​လျား​မိုင်​နှစ်​ရာ၊ အ​နက်​ငါး​ပေ​ခန့်​ရှိ​သ​တည်း။
E o lagar foi pisado fora da cidade, e saiu sangue do lagar até aos freios dos cavalos, por mil e seiscentos estádios.

< ဗျာဒိတ်ကျမ်း 14 >