< ဗျာဒိတ်ကျမ်း 12 >

1 ထို​နောက်​မိုး​ကောင်း​ကင်​တွင်​အ​တိတ်​နိ​မိတ် ကြီး​တစ်​ရပ်​ပေါ်​လာ​သည်​ကို​ငါ​မြင်​ရ​၏။ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​နေ​ကို​ဝတ်​ရုံ ကာ၊ လ​၏​အ​ပေါ်​တွင်​ခြေ​တင်​၍​ကြယ်​တစ် ဆယ့်​နှစ်​လုံး​ပါ​သည့်​သ​ရ​ဖူ​ကို​ဆောင်း​၍ ထား​၏။-
και σημειον μεγα ωφθη εν τω ουρανω γυνη περιβεβλημενη τον ηλιον και η σεληνη υποκατω των ποδων αυτης και επι της κεφαλης αυτης στεφανος αστερων δωδεκα
2 သူ​သည်​မ​ကြာ​မီ​သား​ဖွား​မည်​ဖြစ်​၍​သား ဖွား​ခြင်း​ဝေ​ဒ​နာ​ဖြင့်​အော်​လျက်​နေ​၏။
και εν γαστρι εχουσα εκραζεν ωδινουσα και βασανιζομενη τεκειν
3 မိုး​ကောင်း​ကင်​တွင်​အ​ခြား​အ​တိတ်​နိ​မိတ် တစ်​ရပ်​ပေါ်​လာ​ပြန်​၏။ ဦး​ခေါင်း​ခု​နစ်​လုံး၊ ဦး ချို​ဆယ်​ချောင်း​ရှိ​သော​နဂါး​နီ​ကြီး​တစ်​ကောင် သည်​မိ​မိ​၏​ဦး​ခေါင်း​များ​ပေါ်​တွင်​သ​ရ​ဖူ ခု​နစ်​လုံး​ကို​ဆောင်း​၍​ထား​၏။-
και ωφθη αλλο σημειον εν τω ουρανω και ιδου δρακων μεγας πυρρος εχων κεφαλας επτα και κερατα δεκα και επι τας κεφαλας αυτου επτα διαδηματα
4 သူ​သည်​မိုး​ကောင်း​ကင်​က​ကြယ်​တာ​ရာ​သုံး​ပုံ တစ်​ပုံ​ကို မိ​မိ​အ​မြီး​ဖြင့်​ဆွဲ​ငင်​ကာ​ကမ္ဘာ​မြေ ပေါ်​သို့​ပစ်​ချ​လိုက်​၏။ နဂါး​ကြီး​သည်​သား​ဖွား အံ့​ဆဲ​ဆဲ​ဖြစ်​သော​အ​မျိုး​သ​မီး​၏​ရှေ့​တွင် ရပ်​လျက် ထို​အ​မျိုး​သ​မီး​သား​ဖွား​သည်​နှင့် တစ်​ပြိုင်​နက်​သား​ငယ်​ကို​စား​မျို​ရန်​စောင့် ၍​နေ​၏။-
και η ουρα αυτου συρει το τριτον των αστερων του ουρανου και εβαλεν αυτους εις την γην και ο δρακων εστηκεν ενωπιον της γυναικος της μελλουσης τικτειν ινα οταν τεκη το τεκνον αυτης καταφαγη
5 ထို​နောက်​ထို​အ​မျိုး​သ​မီး​သည်​လူ​မျိုး​တ​ကာ တို့​ကို သံ​လှံ​တံ​ဖြင့်​အုပ်​စိုး​မည့်​သား​ယောကျာ်း ကို​ဖွား​မြင်​လေ​သည်။ သို့​ရာ​တွင်​ထို​သား​ငယ် သည်​သူ​၏​မိ​ခင်​ထံ​မှ​ဘု​ရား​သ​ခင်​စံ​တော် မူ​ရာ​ပလ္လင်​တော်​သို့​ချီ​ယူ​ခြင်း​ကို​ခံ​ရ​၏။-
και ετεκεν υιον αρρενα ος μελλει ποιμαινειν παντα τα εθνη εν ραβδω σιδηρα και ηρπαγη το τεκνον αυτης προς τον θεον και προς τον θρονον αυτου
6 အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​တွင်​ဘု​ရား သ​ခင်​ပြင်​ဆင်​ထား​တော်​မူ​သော​အ​ရပ်​သို့ ထွက်​ပြေး​လေ​၏။ ထို​အ​ရပ်​တွင်​သူ​သည်​ရက် ပေါင်း ၁၂၆၀ အ​ထိ​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၏။
και η γυνη εφυγεν εις την ερημον οπου εχει εκει τοπον ητοιμασμενον απο του θεου ινα εκει εκτρεφωσιν αυτην ημερας χιλιας διακοσιας εξηκοντα
7 ထို​နောက်​ကောင်း​ကင်​၌​စစ်​ဖြစ်​လေ​သည်။ မိက္ခေ​လ နှင့်​သူ​၏​ကောင်း​ကင်​တ​မန်​များ​သည် န​ဂါး ကို​တိုက်​ခိုက်​ကြ​၏။ န​ဂါး​နှင့်​သူ​၏​ဘက်​သား ကောင်း​ကင်​တ​မန်​တို့​က​ပြန်​လှန်​တိုက်​ခိုက် ကြ​သော်​လည်း၊-
και εγενετο πολεμος εν τω ουρανω ο μιχαηλ και οι αγγελοι αυτου του πολεμησαι μετα του δρακοντος και ο δρακων επολεμησεν και οι αγγελοι αυτου
8 အ​ရေး​ရှုံး​နိမ့်​သွား​ကြ​၏။ သူ​တို့​သည်​ကောင်း ကင်​တွင်​နေ​ရန်​အ​ခွင့်​မ​ရ​ကြ​တော့​ချေ။-
και ουκ ισχυσεν ουδε τοπος ευρεθη αυτω ετι εν τω ουρανω
9 ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​လှည့်​ဖြား​သူ​နတ် မိစ္ဆာ​ဘု​ရင်​ဟူ​၍​လည်း​ကောင်း၊ စာ​တန်​ဟူ​၍ လည်း​ကောင်း​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ​ရှေး​မြွေ န​ဂါး​ကြီး​သည် မိ​မိ​၏​ဘက်​သား​ကောင်း​ကင် တ​မန်​များ​နှင့်​အ​တူ​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ ခြင်း​ကို​ခံ​ရ​လေ​သည်။
και εβληθη ο δρακων ο μεγας ο οφις ο αρχαιος ο καλουμενος διαβολος και σατανας ο πλανων την οικουμενην ολην εβληθη εις την γην και οι αγγελοι αυτου μετ αυτου εβληθησαν
10 ၁၀ ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။-
και ηκουσα φωνην μεγαλην εν τω ουρανω λεγουσαν αρτι εγενετο η σωτηρια και η δυναμις και η βασιλεια του θεου ημων και η εξουσια του χριστου αυτου οτι κατεβληθη ο κατηγορος των αδελφων ημων ο κατηγορων αυτων ενωπιον του θεου ημων ημερας και νυκτος
11 ၁၁ ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-
και αυτοι ενικησαν αυτον δια το αιμα του αρνιου και δια τον λογον της μαρτυριας αυτων και ουκ ηγαπησαν την ψυχην αυτων αχρι θανατου
12 ၁၂ သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။
δια τουτο ευφραινεσθε οι ουρανοι και οι εν αυτοις σκηνουντες ουαι τη γη και τη θαλασση οτι κατεβη ο διαβολος προς υμας εχων θυμον μεγαν ειδως οτι ολιγον καιρον εχει
13 ၁၃ မိ​မိ​သည်​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ သည်​ကို​န​ဂါး​သိ​သော​အ​ခါ သား​ယောကျာ်း လေး​ဖွား​မြင်​သူ​အ​မျိုး​သ​မီး​အား​လိုက် ၍​ဖမ်း​လေ​၏။-
και οτε ειδεν ο δρακων οτι εβληθη εις την γην εδιωξεν την γυναικα ητις ετεκεν τον αρρενα
14 ၁၄ အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-
και εδοθησαν τη γυναικι δυο πτερυγες του αετου του μεγαλου ινα πετηται εις την ερημον εις τον τοπον αυτης οπως τρεφηται εκει καιρον και καιρους και ημισυ καιρου απο προσωπου του οφεως
15 ၁၅ နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။-
και εβαλεν ο οφις εκ του στοματος αυτου οπισω της γυναικος υδωρ ως ποταμον ινα αυτην ποταμοφορητον ποιηση
16 ၁၆ သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-
και εβοηθησεν η γη τη γυναικι και ηνοιξεν η γη το στομα αυτης και κατεπιεν τον ποταμον ον εβαλεν ο δρακων εκ του στοματος αυτου
17 ၁၇ ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။-
και ωργισθη ο δρακων επι τη γυναικι και απηλθεν ποιησαι πολεμον μετα των λοιπων του σπερματος αυτης των τηρουντων τας εντολας του θεου και εχοντων την μαρτυριαν ιησου

< ဗျာဒိတ်ကျမ်း 12 >