< ဗျာဒိတ်ကျမ်း 12 >
1 ၁ ထိုနောက်မိုးကောင်းကင်တွင်အတိတ်နိမိတ် ကြီးတစ်ရပ်ပေါ်လာသည်ကိုငါမြင်ရ၏။ အမျိုးသမီးတစ်ယောက်သည်နေကိုဝတ်ရုံ ကာ၊ လ၏အပေါ်တွင်ခြေတင်၍ကြယ်တစ် ဆယ့်နှစ်လုံးပါသည့်သရဖူကိုဆောင်း၍ ထား၏။-
ⲁ̅ⲞⲨⲞϨ ⲒⲤ ϨⲎⲠⲠⲈ ⲀⲞⲨⲚⲒϢϮ ⲘⲘⲎⲒⲚⲒ ⲀϤⲞⲨⲞⲚϨϤ ⲈⲂⲞⲖ ϦⲈⲚⲦⲪⲈ ⲞⲨⲤϨⲒⲘⲒ ⲈⲤϪⲞⲖϨ ⲘⲪⲢⲎ ⲞⲨⲞϨ ⲠⲒⲒⲞϨ ⲤⲀⲠⲈⲤⲎⲦ ⲚⲚⲈⲤϬⲀⲖⲀⲨϪ ⲞⲨⲬⲖⲞⲘ ⲈϤⲦⲞⲒ ⲈϪⲈⲚ ⲦⲈⲤⲀⲪⲈ ⲘⲒⲂ ⲚⲤⲒⲞⲨ
2 ၂ သူသည်မကြာမီသားဖွားမည်ဖြစ်၍သား ဖွားခြင်းဝေဒနာဖြင့်အော်လျက်နေ၏။
ⲃ̅ⲞⲨⲞϨ ⲈⲤⲘⲂⲞⲔⲒ ⲈⲤⲰϢ ⲈⲂⲞⲖ ⲈⲤϮⲚⲀⲔϨⲒ ⲈⲤⲘⲞⲔϨ ⲈⲤⲚⲀⲘⲒⲤⲒ.
3 ၃ မိုးကောင်းကင်တွင်အခြားအတိတ်နိမိတ် တစ်ရပ်ပေါ်လာပြန်၏။ ဦးခေါင်းခုနစ်လုံး၊ ဦး ချိုဆယ်ချောင်းရှိသောနဂါးနီကြီးတစ်ကောင် သည်မိမိ၏ဦးခေါင်းများပေါ်တွင်သရဖူ ခုနစ်လုံးကိုဆောင်း၍ထား၏။-
ⲅ̅ⲞⲨⲞϨ ⲔⲈⲘⲎⲒⲚⲒ ⲀϤⲞⲨⲞⲚϨϤ ϦⲈⲚⲦⲪⲈ ⲞⲨⲞϨ ⲒⲤ ⲞⲨⲆⲢⲀⲔⲰⲚ ⲚⲀⲞⲨⲀⲚ ⲚⲬⲢⲰⲘ ⲞⲨⲚⲒϢϮ ⲠⲈ ⲈⲘⲀϢⲰ ⲈⲞⲨⲞⲚ ⲌⲚⲀⲪⲈ ⲈⲢⲞϤ ⲚⲈⲘ ⲒⲚⲦⲀⲠ ⲈⲞⲨⲞⲚ ⲌⲚⲬⲖⲞⲘ ϨⲒϪⲈⲚ ⲚⲈϤⲀⲪⲎⲞⲨⲒ
4 ၄ သူသည်မိုးကောင်းကင်ကကြယ်တာရာသုံးပုံ တစ်ပုံကို မိမိအမြီးဖြင့်ဆွဲငင်ကာကမ္ဘာမြေ ပေါ်သို့ပစ်ချလိုက်၏။ နဂါးကြီးသည်သားဖွား အံ့ဆဲဆဲဖြစ်သောအမျိုးသမီး၏ရှေ့တွင် ရပ်လျက် ထိုအမျိုးသမီးသားဖွားသည်နှင့် တစ်ပြိုင်နက်သားငယ်ကိုစားမျိုရန်စောင့် ၍နေ၏။-
ⲇ̅ⲞⲨⲞϨ ⲠⲈϤⲤⲀⲦ ⲀϤⲰϢϮ ⲘⲪⲢⲈⲄ ⲚⲚⲒⲤⲒⲞⲨ ⲚⲦⲈⲦⲪⲈ ⲞⲨⲞϨ ⲀϤϨⲒⲦⲞⲨ ⲈⲠⲈⲤⲎⲦ ϨⲒϪⲈⲚ ⲠⲔⲀϨⲒ ⲞⲨⲞϨ ⲠⲒⲆⲢⲀⲔⲰⲚ ⲀϤⲞϨⲒ ⲈⲢⲀⲦϤ ⲘⲠⲈⲘⲐⲞ ⲚϮⲤϨⲒⲘⲒ ϨⲒⲚⲀ ⲈϢⲰⲠ ⲀⲤϢⲀⲚⲘⲒⲤⲒ ⲘⲠⲒϢⲎⲢⲒ ⲚⲦⲈϤⲞⲘⲔϤ ⲚϪⲈⲠⲒⲆⲢⲀⲔⲰⲚ.
5 ၅ ထိုနောက်ထိုအမျိုးသမီးသည်လူမျိုးတကာ တို့ကို သံလှံတံဖြင့်အုပ်စိုးမည့်သားယောကျာ်း ကိုဖွားမြင်လေသည်။ သို့ရာတွင်ထိုသားငယ် သည်သူ၏မိခင်ထံမှဘုရားသခင်စံတော် မူရာပလ္လင်တော်သို့ချီယူခြင်းကိုခံရ၏။-
ⲉ̅ⲞⲨⲞϨ ⲀⲤⲘⲒⲤⲒ ⲘⲠⲒϢⲎⲢⲒ ⲚϨⲰⲞⲨⲦ ⲪⲀⲒ ⲠⲈ ⲪⲎ ⲈⲐⲚⲀⲀⲘⲞⲚⲒ ⲚⲚⲒⲈⲐⲚⲞⲤ ϦⲈⲚⲞⲨϢⲂⲰⲦ ⲘⲂⲈⲚⲒⲠⲒ ⲞⲨⲞϨ ⲀⲨϨⲰⲖⲈⲘ ⲘⲠⲒϢⲎⲢⲒ ⲈⲠϢⲰⲒ ϨⲀ ⲪⲚⲞⲨϮ ⲚⲈⲘ ϨⲀ ⲠⲈϤⲐⲢⲞⲚⲞⲤ.
6 ၆ အမျိုးသမီးသည်တောကန္တာရတွင်ဘုရား သခင်ပြင်ဆင်ထားတော်မူသောအရပ်သို့ ထွက်ပြေးလေ၏။ ထိုအရပ်တွင်သူသည်ရက် ပေါင်း ၁၂၆၀ အထိပြုစုစောင့်ရှောက်ခြင်းကို ခံရ၏။
ⲋ̅ⲞⲨⲞϨ ϮⲤϨⲒⲘⲒ ⲀⲤⲪⲰⲦ ⲈⲠϢⲀϤⲈ ⲈⲠⲒⲘⲀ ⲈⲦⲀ ⲪⲚⲞⲨϮ ⲤⲈⲂⲦⲰⲦϤ ⲚⲀⲤ ϨⲒⲚⲀ ⲚⲤⲈϢⲀⲚⲞⲨϢⲤ ⲘⲘⲀⲨ ⲚⲞⲨϢⲞ ⲚⲈⲘ ⲤⲚϤ ⲚⲈϨⲞⲞⲨ.
7 ၇ ထိုနောက်ကောင်းကင်၌စစ်ဖြစ်လေသည်။ မိက္ခေလ နှင့်သူ၏ကောင်းကင်တမန်များသည် နဂါး ကိုတိုက်ခိုက်ကြ၏။ နဂါးနှင့်သူ၏ဘက်သား ကောင်းကင်တမန်တို့ကပြန်လှန်တိုက်ခိုက် ကြသော်လည်း၊-
ⲍ̅ⲞⲨⲞϨ ⲞⲨⲚⲒϢϮ ⲘⲂⲰⲦⲤ ⲀϤϢⲰⲠⲒ ϦⲈⲚⲦⲪⲈ ⲘⲒⲬⲀⲎⲖ ⲚⲈⲘ ⲚⲈϤⲀⲄⲄⲈⲖⲞⲤ ⲈⲂⲰⲦⲤ ⲞⲨⲂⲈ ⲠⲒⲆⲢⲀⲔⲰⲚ ⲞⲨⲞϨ ⲠⲒⲆⲢⲀⲔⲰⲚ ⲀϤⲂⲰⲦⲤ ⲞⲨⲂⲎⲞⲨ ⲚⲈⲘ ⲚⲈϤⲀⲄⲄⲈⲖⲞⲤ
8 ၈ အရေးရှုံးနိမ့်သွားကြ၏။ သူတို့သည်ကောင်း ကင်တွင်နေရန်အခွင့်မရကြတော့ချေ။-
ⲏ̅ⲞⲨⲞϨ ⲘⲠⲈϤϢϪⲈⲘϪⲞⲘ ⲞⲨⲂⲎⲞⲨ ⲈϮ ⲚⲈⲘⲰⲞⲨ ⲞⲨⲞϨ ⲘⲠⲞⲨⲬⲀ ⲘⲀ ⲚⲀϤ ϪⲈ ⲈⲠϢⲰⲒ ϦⲈⲚⲦⲪⲈ.
9 ၉ ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ⲑ̅ⲞⲨⲞϨ ⲀⲨϨⲒⲞⲨⲒ ⲘⲠⲒⲆⲢⲀⲔⲰⲚ ⲠⲒⲚⲒϢϮ ⲚϨⲞϤ ⲠⲀⲢⲬⲈⲞⲤ ⲪⲎ ⲈⲦⲞⲨⲘⲞⲨϮ ⲈⲢⲞϤ ⲠⲒⲆⲒⲀⲂⲞⲖⲞⲤ ⲠⲤⲀⲦⲀⲚⲀⲤ ⲪⲎ ⲈⲦⲤⲰⲢⲈⲘ ⲘⲠⲒⲔⲞⲤⲘⲞⲤ ⲦⲎⲢϤ ⲀⲨϨⲒⲦϤ ⲈⲠⲈⲤⲎⲦ ⲘⲠⲔⲀϨⲒ ⲀⲨϨⲒⲞⲨⲒ ⲚⲚⲈϤⲔⲈⲀⲄⲄⲈⲖⲞⲤ ⲈⲠⲈⲤⲎⲦ ⲚⲈⲘⲀϤ.
10 ၁၀ ထိုနောက်ကောင်းကင်မှကျယ်စွာသောအသံ က``ယခုအခါဘုရားသခင်၏ကယ်တင် ခြင်းသက်ရောက်လာလေပြီ။ ယခုအခါ ဘုရားသခင်သည်ဘုရင်ဖြစ်ကြောင်းပြသ တော်မူပြီ။ ခရစ်တော်သည်လည်းသူ၏အာ ဏာတော်စက်ကိုပြတော်မူပြီ။ အဘယ် ကြောင့်ဆိုသော်ငါတို့၏ညီအစ်ကိုများ အားနေ့ရောညဥ့်ပါ ငါတို့၏ဘုရားသခင် ရှေ့တော်တွင် ပြစ်တင်စွပ်စွဲလျက်နေသူကို ကောင်းကင်ဘုံမှနှင်ထုတ်လိုက်ပြီဖြစ်သော ကြောင့်တည်း။-
ⲓ̅ⲞⲨⲞϨ ⲀⲒⲤⲰⲦⲈⲘ ⲈⲞⲨⲚⲒϢϮ ⲚⲤⲘⲎ ⲘⲠϢⲰⲒ ϦⲈⲚⲦⲪⲈ ⲈⲤϪⲰ ⲘⲘⲞⲤ ϪⲈ ϮⲚⲞⲨ ⲀⲠⲒⲞⲨϪⲀⲒ ϢⲰⲠⲒ ⲚⲈⲘ ϮϪⲞⲘ ⲚⲈⲘ ϮⲘⲈⲦⲞⲨⲢⲞ ⲚⲦⲈⲠⲈⲚⲚⲞⲨϮ ⲚⲈⲘ ⲠⲒⲈⲢϢⲒϢⲒ ⲚⲦⲈⲠⲈϤⲬⲢⲤ ϪⲈ ⲀⲨϨⲒⲞⲨⲒ ⲘⲠⲒⲔⲀⲦⲎⲄⲞⲢⲞⲤ ⲚⲦⲈⲚⲈⲚⲤⲚⲎⲞⲨ ⲈⲠⲒⲔⲀϨⲒ ⲪⲎ ⲈⲦⲀϤⲈⲢⲔⲀⲦⲎⲄⲞⲢⲒⲚ ⲘⲠⲈⲘⲐⲞ ⲘⲪⲚⲞⲨϮ ⲘⲠⲒⲈϨⲞⲞⲨ ⲚⲈⲘ ⲠⲒⲈϪⲰⲢϨ.
11 ၁၁ ငါတို့၏ညီအစ်ကိုများသည်သိုးသူငယ် တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိ တို့ဟောပြောကြေညာသည့်နှုတ်ကပတ် တရားတော်အားဖြင့်လည်းကောင်းစာတန် ကိုအောင်မြင်ခဲ့ကြ၏။ သူတို့သည်အသေ ခံသည်တိုင်အောင်မိမိတို့အသက်ကို မနှမြောကြ။-
ⲓ̅ⲁ̅ϪⲈ ⲚⲐⲰⲞⲨ ⲀⲨϬⲢⲞ ⲈⲢⲞϤ ⲈⲐⲂⲈ ⲠⲤⲚⲞϤ ⲚⲦⲈⲠⲒϨⲒⲎⲂ ⲚⲈⲘ ⲈⲐⲂⲈ ⲠⲤⲚⲞϤ ⲚⲦⲈⲦⲞⲨⲘⲈⲦⲘⲀⲢⲦⲨⲢⲞⲤ ϪⲈ ⲞⲨⲎⲒ ⲄⲀⲢ ⲘⲠⲞⲨⲘⲈⲚⲢⲈ ⲦⲞⲨⲮⲨⲬⲎ ϢⲀ ⲈϦⲢⲎⲒ ⲈⲪⲘⲞⲨ
12 ၁၂ သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။
ⲓ̅ⲃ̅ⲈⲐⲂⲈⲪⲀⲒ ⲞⲨⲚⲞϤ ⲘⲘⲰⲦⲈⲚ ⲚⲒⲪⲎⲞⲨⲒ ⲚⲈⲘ ⲚⲎ ⲈⲦϢⲞⲠ ⲚϦⲎⲦⲞⲨ ⲞⲨⲞⲒ ⲘⲠⲒⲔⲀϨⲒ ⲚⲈⲘ ⲪⲒⲞⲘ ϪⲈ ⲀϤⲒ ⲈⲠⲈⲤⲎⲦ ϨⲀⲢⲰⲦⲈⲚ ⲚϪⲈⲠⲒⲆⲒⲀⲂⲞⲖⲞⲤ ⲈⲞⲨⲞⲚ ⲞⲨⲚⲒϢϮ ⲚⲘⲂⲞⲚ ⲚϦⲎⲦϤ ⲈϤⲈⲘⲒ ϪⲈ ⲔⲈⲔⲞⲨϪⲒ ⲚⲤⲎⲞⲨ ⲈⲦⲈⲚⲦⲀϤ ⲘⲘⲀⲨ.
13 ၁၃ မိမိသည်ကမ္ဘာမြေပေါ်သို့ပစ်ချခြင်းခံရ သည်ကိုနဂါးသိသောအခါ သားယောကျာ်း လေးဖွားမြင်သူအမျိုးသမီးအားလိုက် ၍ဖမ်းလေ၏။-
ⲓ̅ⲅ̅ⲈⲦⲀϤⲚⲀⲨ ⲆⲈ ⲚϪⲈⲠⲒⲆⲢⲀⲔⲰⲚ ϪⲈ ⲀⲨϨⲒⲦϤ ⲈⲠⲔⲀϨⲒ ⲀϤϬⲞϪⲒ ⲚⲤⲀϮⲤϨⲒⲘⲒ ⲐⲎ ⲈⲦⲀⲤⲘⲒⲤⲒ ⲘⲠⲒϢⲎⲢⲒ ⲚϨⲰⲞⲨⲦ.
14 ၁၄ အမျိုးသမီးသည်တောကန္တာရရှိမိမိအရပ် သို့ပျံသန်းသွားနိုင်ရန် လင်းယုန်ကြီး၏အတောင် နှစ်ခုကိုရရှိထားသည်။ သူသည်ထိုအရပ်တွင် သုံးနှစ်ခွဲတိုင်တိုင် နဂါး၏ဘေးမှကင်းလွတ် လုံခြုံလျက်ပြုစုစောင့်ရှောက်ခြင်းကိုခံရ မည်ဖြစ်၏။-
ⲓ̅ⲇ̅ⲞⲨⲞϨ ⲀⲨϮ ⲚⲀⲤ ⲚⲚⲒϢϮ ⲚⲦⲈⲚϨ Ⲃ- ⲘⲪⲢⲎϮ ⲚⲚⲀ ⲞⲨⲀϦⲰⲘ ϨⲒⲚⲀ ⲚⲦⲈⲤϨⲰⲖ ⲈⲠϢⲀϤⲈ ⲚϪⲈϮⲤϨⲒⲘⲒ ⲈⲪⲘⲀ ⲈⲦⲞⲨⲚⲀϢⲀⲚⲞⲨϢⲤ ⲚⲞⲨⲤⲎⲞⲨ ⲚⲈⲘ ϨⲀⲚⲤⲎⲞⲨ ⲚⲈⲘ ⲦⲪⲀϢⲒ ⲚⲦⲈⲞⲨⲤⲎⲞⲨ ⲈⲂⲞⲖ ϨⲀ ⲠϨⲞ ⲘⲠⲒϨⲞϤ.
15 ၁၅ နဂါးသည်အမျိုးသမီးအားရေအဟုန်တွင် မျောပါသွားစေရန် မိမိ၏ခံတွင်းမှရေကို မြစ်သဖွယ်မှုတ်ထုတ်လိုက်၏။-
ⲓ̅ⲉ̅ⲞⲨⲞϨ ⲠⲒϨⲞϤ ⲀϤϨⲒⲞⲨⲒ ⲈⲂⲞⲖ ϦⲈⲚⲢⲰϤ ⲘⲪⲢⲎϮ ⲚⲞⲨⲒⲀⲢⲞ ⲘⲘⲰⲞⲨ ⲤⲀⲪⲀϨⲞⲨ ⲚϮⲤϨⲒⲘⲒ.
16 ၁၆ သို့ရာတွင်မြေကြီးသည်မိမိ၏ခံတွင်းကို ဖွင့်၍ နဂါးမှုတ်ထုတ်လိုက်သောမြစ်ရေကို မျိုချကာအမျိုးသမီးအားကယ်ဆယ် လိုက်သည်။-
ⲓ̅ⲋ̅ⲞⲨⲞϨ ⲠⲔⲀϨⲒ ⲀϤⲞⲨⲰⲚ ⲚⲢⲰϤ ⲀϤⲞⲘⲔ ⲘⲠⲒⲒⲀⲢⲞ ⲘⲘⲰⲞⲨ ⲈⲦⲀ ⲠⲒⲆⲢⲀⲔⲰⲚ ϨⲒⲦϤ ⲈⲂⲞⲖ ϨⲒⲪⲀϨⲞⲨ ⲚϮⲤϨⲒⲘⲒ.
17 ၁၇ ထိုအခါနဂါးသည်အမျက်ထွက်သဖြင့် အမျိုးသမီး၏ကျန်ကြွင်းနေသေးသော သားမြေးများတည်းဟူသော ဘုရားသခင် ၏ပညတ်တော်တို့ကိုစောင့်ရှောက်၍သခင် ယေရှုဖော်ပြတော်မူသော သမ္မာတရားတော် ကိုသစ္စာရှိစွာထိန်းသိမ်းသူများအားတိုက် ခိုက်ရန်ထွက်ခွာသွား၏။-
ⲓ̅ⲍ̅ⲞⲨⲞϨ ⲀϤϪⲰⲚⲦ ⲚϪⲈⲠⲒⲆⲢⲀⲔⲰⲚ ϨⲒϪⲈⲚ ϮⲤϨⲒⲘⲒ ⲞⲨⲞϨ ⲀϤϢⲈ ⲚⲀϤ ⲈⲒⲢⲒ ⲚⲞⲨⲂⲰⲦⲤ ⲚⲈⲘ ⲠⲤⲈⲠⲒ ⲘⲠⲤⲠⲈⲢⲘⲀ ⲚϮⲤϨⲒⲘⲒ ⲚⲎ ⲈⲦⲀⲢⲈϨ ⲈⲚⲒⲈⲚⲦⲞⲖⲎ ⲚⲦⲈⲪⲚⲞⲨϮ ⲚⲈⲘ ϮⲘⲈⲦⲘⲈⲐⲢⲈ ⲚⲦⲈⲒⲎⲤⲞⲨⲤ.