< ဗျာဒိတ်ကျမ်း 11 >

1 ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​ငါ့​အား တိုင်း​တာ​ရန် ကူ​ရိုး​တစ်​ချောင်း​ကို​ပေး​ပြီး လျှင်``ထ​၍​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​နှင့် ယဇ်​ပလ္လင်​ကို​တိုင်း​လော့။ ထို​အ​ရပ်​တွင်​ဝတ် ပြု​ကိုး​ကွယ်​နေ​သူ​တို့​ကို​လည်း​ရေ​တွက် လော့။-
And there was given me a reed like to a rod, and a voice said to me. "Go and measure the temple of God, and the altar, and those who are worshiping therein.
2 ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-
But the court which is outside the temple, omit, and do not measure that, for it has been given up to the Gentiles, and they shall tread under foot the Holy City for forty and two months.
3 ငါ​၏​သက်​သေ​ခံ​နှစ်​ပါး​အား​ငါ​စေ​လွှတ် မည်။ သူ​တို့​သည်​လျှော်​တေ​အ​ဝတ်​ကို​ဝတ်​၍ ရက်​ပေါင်း​တစ်​ထောင်​နှစ်​ရာ​ခြောက်​ဆယ်​တိုင် တိုင် ဗျာ​ဒိတ်​တော်​ကို​ဟော​ကြား​ကြ​လိမ့် မည်'' ဟု​ဆို​၏။
And I will give power to my two witnesses, and clothed in sackcloth they shall prophesy a thousand two hundred and threescore days.
4 ထို​သက်​သေ​ခံ​နှစ်​ပါး​ကား​ကမ္ဘာ​မြေ​ကြီး ကို​စိုး​ပိုင်​တော်​မူ​သော​အ​ရှင်​၏​ရှေ့​တော်​၌ ရှိ​သော​သံ​လွင်​ပင်​နှစ်​ပင်​နှင့်​မီး​ခွက်​နှစ် လုံး​တို့​ဖြစ်​၏။-
"These are the two olive trees, and the two candlesticks standing before the God of the earth.
5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည်​ထို​သက်​သေ ခံ​နှစ်​ပါး​အား​အန္တ​ရာယ်​ပြု​လျှင် သူ​တို့​၏​ခံ တွင်း​မှ​မီး​လျှံ​များ​ထွက်​၍​ထို​သူ့​ကို​ကျွမ်း လောင်​စေ​လေ​သည်။ သူ​တို့​အား​အန္တ​ရာယ်​ပြု ကြ​ရန်​ကြိုး​စား​သူ​မှန်​သ​မျှ​ပင် ဤ​နည်း အ​တိုင်း​သေ​ကြ​ရ​မည်​သာ​ဖြစ်​၏။-
When any one wishes to hurt them, fire comes from their mouth and devours their enemies; and if any man wishes to hurt them, in this manner he must be killed.
6 ထို​သူ​တို့​မှာ​ဗျာ​ဒိတ်​တော်​ကို​ဟော​ပြော သည့်​အ​ချိန်​ကာ​လ​အ​တွင်း မိုး​မ​ရွာ​စေ​ရန် မိုး​ကောင်း​ကင်​ကို​ပိတ်​နိုင်​သော​တန်​ခိုး​ရှိ​၏။ ရေ​ကို​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​စေ​နိုင် သော​တန်​ခိုး​လည်း​ရှိ​၏။ သူ​တို့​သည်​မိ​မိ တို့​အ​လို​ရှိ​သည့်​အ​ခါ​တိုင်း​ကမ္ဘာ​မြေ​ကြီး ကို​ဘေး​ဒဏ်​အ​မျိုး​မျိုး​သင့်​စေ​နိုင်​၏။-
These have power to shut heaven so that it does not rain in the days of their prophecy; and have power over waters to turn them to blood, and to smite the earth with all plagues, as often as they will.
7 သို့​ရာ​တွင်​သူ​တို့​ဟော​ပြော​ကြေ​ညာ​သည့် အ​လုပ်​ပြီး​စီး​သော​အ​ခါ​၌ တွင်း​နက်​ကြီး ထဲ​မှ​သား​ရဲ​သည်​တက်​လာ​၍​သူ​တို့​အား တိုက်​ခိုက်​အောင်​မြင်​သတ်​ဖြတ်​ပစ်​လိမ့်​မည်။- (Abyssos g12)
"And when they shall have finished their testimony, the beast that is coming up out of the bottomless pit will make war with them, and overcome them, and kill them. (Abyssos g12)
8 သူ​တို့​၏​အ​လောင်း​များ​သည်​မြို့​ကြီး​များ ၏​လမ်း​ပေါ်​တွင်​ကျန်​ရစ်​ကြ​လိမ့်​မည်။ ထို​မြို့ ကား​သူ​တို့​၏​အ​ရှင်​သ​ခင်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​အ​သတ်​ခံ​ရာ​မြို့​ဖြစ်​၏။ ယင်း​မြို့ သည် သော​ဒုံ​မြို့​သို့​မ​ဟုတ်​အီ​ဂျစ်​ပြည်​ကို သ​ရုပ်​ဆောင်​သော​မြို့​ဖြစ်​သ​တည်း။-
And their dead bodies lie in the streets of the great city whose mystical name is ‘Sodom’ and ‘Egypt’ - where also their Lord was crucified.
9 တိုင်း​နိုင်​ငံ​အ​သီး​သီး​ရှိ​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ကို ပြော​ကြ​သော​လူ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် သူ​တို့​၏​အ​လောင်း​များ​ကို သင်္ဂြိုဟ်​ရန်​ခွင့်​မ​ပြု​ဘဲ သုံး​ရက်​ခွဲ​တိုင်​အောင် ကြည့်​နေ​ကြ​လိမ့်​မည်။-
For three days and a half men of all peoples, and tribes, and languages, and nations, look upon their dead bodies, and refuse to let their dead bodies be laid in a tomb.
10 ၁၀ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည်​ပ​ရော​ဖက်​နှစ်​ပါး သေ​သည့်​အ​တွက် အား​ရ​ဝမ်း​မြောက်​လျက် အ​ချင်း​ချင်း​လက်​ဆောင်​ပဏ္ဏာ​များ​ပေး​ကာ အောင်​ပွဲ​ခံ​ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို သော်​ထို​ပ​ရော​ဖက်​နှစ်​ပါး​သည် ကမ္ဘာ​သူ ကမ္ဘာ​သား​တို့​အား​များ​စွာ​ဒုက္ခ​ရောက်​စေ ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-
"And those who dwell on the earth are rejoicing over them, and making merry; and they will send gifts to one another; because these two prophets were a torment to those who dwell on the earth.
11 ၁၁ ထို​နောက်​သုံး​ရက်​ခွဲ​ကြာ​သော​အ​ခါ​ဘု​ရား သခင်​၏​ထံ​တော်​မှ​အ​သက်​ဝိ​ညာဉ်​သည် ထို​သူ တို့​အ​ထဲ​သို့​ဝင်​သ​ဖြင့်​သူ​တို့​သည်​ထ​၍ မတ်​တတ်​ရပ်​ကြ​၏။ ဤ​အ​ချင်း​အ​ရာ​ကို တွေ့​မြင်​သူ​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် လည်း​ထိတ်​လန့်​ကြ​ကုန်​၏။-
And after three days and a half the breath of life from God entered into them, and they stood on their feet, and great fear fell upon them.
12 ၁၂ ထို​နောက်​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည်``ဤ​အ​ရပ် သို့​တက်​ခဲ့​လော့'' ဟု​ကောင်း​ကင်​မှ​မိ​မိ​တို့ အား​ကျယ်​စွာ​ပြော​သော​အ​သံ​ကို​ကြား​ကြ ရ​၏။ သူ​တို့​သည်​ရန်​သူ​များ​စောင့်​ကြည့်​နေ စဉ် မိုး​တိမ်​တိုက်​ကို​စီး​၍​ကောင်း​ကင်​သို့​တက် သွား​ကြ​၏။-
And they heard a great voice from heaven saying unto them, "Come up hither," and they went up to heaven on a cloud, while their enemies watched them.
13 ၁၃ ထို​ခ​ဏ​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​သ​ဖြင့် မြို့​ကြီး​၏​ဆယ်​ပုံ​တစ်​ပုံ​ပျက်​စီး​၍​လူ​ပေါင်း ခု​နစ်​ထောင်​သေ​ကြ​၏။ ကြွင်း​ကျန်​သော​သူ တို့​သည်​ထိတ်​လန့်​လျက်​ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ ကုန်​၏။
And in that hour there was a great earthquake, and the tenth part of the city fell; and there were killed in the earthquake seven thousand persons; and the rest were frightened and gave glory to the God of heaven.
14 ၁၄ ဒု​တိ​ယ​အ​မင်္ဂလာ​ကား​ကုန်​လွန်​သွား​လေ​ပြီ။ တ​တိ​ယ​အ​မင်္ဂ​လာ​သည်​မ​ကြာ​မီ​လာ လိမ့်​မည်။
"The second woe is passed; and there is a third woe soon to follow."
15 ၁၅ ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။- (aiōn g165)
And the seventh angel blew his trumpet; and there followed great voices in heaven, and they said, "THE KINGDOMS OF THIS WORLD ARE BECOME THE KINGDOM OF OUR LORD AND OF HIS CHRIST, AND HE WILL REIGN FOREVER AND EVER." (aiōn g165)
16 ၁၆ ထို​အ​ခါ​ဘု​ရား​သခင်​၏​ရှေ့​တော်​ရှိ​ပလ္လင်​ပေါ် ၌ ထိုင်​လျက်​နေ​သော​အ​ကြီး​အ​ကဲ​နှစ်​ဆယ့် လေး​ပါး​တို့​သည်​ဘု​ရား​သ​ခင်​အား​ပျပ် ဝပ်​ရှိ​ခိုး​လျက်၊
Then the four and twenty Elders who are seated before God on their thrones, fell upon their faces and worshiped God,
17 ၁၇ ``ပစ္စုပ္ပန်၊အ​တိတ်​ကာ​လ​တို့​၌​ရှိ​တော်​မူ​သော အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​မိ​မိ​၏​မ​ဟာ​တန်​ခိုး​တော် ကို သုံး​တော်​မူ​လျက် လော​က​ကို​အုပ်​စိုး​တော်​မူ​ပြီ​ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​၏။
saying. "We give thee thanks, O Lord God, The Almighty, who art and who wast; For thou hast taken thy great power, And begun to reign.
18 ၁၈ ကိုယ်​တော်​၏​အ​မျက်​တော်​သက်​ရောက်​ရာ ကာ​လ​သည်​လည်း​ကောင်း၊ သေ​လွန်​သူ​တို့​ကို​တ​ရား​စီ​ရင်​တော်​မူ​ရာ ကာ​လ​သည်​လည်း​ကောင်း ယ​ခု​အ​ခါ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍​လူ​မျိုး အ​ပေါင်း​တို့​သည်​အ​မျက်​ထွက်​ကြ​ပါ​၏။ ကိုယ်​တော်​၏​အ​စေ​ခံ​ပ​ရော​ဖက်​များ၊ ကိုယ်​တော်​၏ လူ​စု​ဝင်​အ​ပေါင်း၊ ကိုယ်​တော်​ကို​ကြောက်​ရွံ့​ရို​သေ​သူ၊အ​ကြီး အ​ငယ်​တို့ ဆု​လာဘ်​တော်​ကို​ခံ​ယူ​ရန် အ​ချိန်​ကာ​လ​သည်​လည်း​ကောင်း၊ကမ္ဘာ​မြေ ကြီး​ကို ပျက်​စီး​စေ​သူ​တို့ ပျက်​စီး​ရ​မည့်​အ​ချိန်​ကာ​လ​သည်​လည်း ကောင်း ရောက်​ရှိ​လာ​ပါ​ပြီ'' ဟု​ဘု​ရား​သ​ခင်​အား​လျှောက်​ထား​ကြ​၏။-
The nations raged, and thy wrath came, And the time for the dead to be judged; The time for rewarding thy slaves, the prophets And the saints, and those who reverence thy name, Both small and great; And the time to destroy those who are destroying the earth."
19 ၁၉ ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။
Then the temple of God in heaven was opened, and the ark of his covenant was seen inside his sanctuary; and there followed lightnings and voices and thunders, and an earthquake, and great hail.

< ဗျာဒိတ်ကျမ်း 11 >