< ဗျာဒိတ်ကျမ်း 11 >
1 ၁ ထိုနောက်ကောင်းကင်တမန်သည်ငါ့အား တိုင်းတာရန် ကူရိုးတစ်ချောင်းကိုပေးပြီး လျှင်``ထ၍ဘုရားသခင်၏ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကိုတိုင်းလော့။ ထိုအရပ်တွင်ဝတ် ပြုကိုးကွယ်နေသူတို့ကိုလည်းရေတွက် လော့။-
I was given a reed like a measuring rod. And the angel stood saying: “Rise and measure the temple of God and the altar, and those who worship there.
2 ၂ ဗိမာန်တော်အြုပင်တံတိုင်းကိုမတိုင်းနှင့်၊ အဘယ်ကြောင့်ဆိုသော်ထိုအရာကိုလူမျိုး ခြားတို့အားပေးအပ်ထားသောကြောင့်ဖြစ် ၏။ သူတို့သည်သန့်ရှင်းမြင့်မြတ်သောမြို့ တော်ကိုလေးဆယ်နှစ်လတိုင်တိုင်ခြေဖြင့် နင်းကြလိမ့်မည်။-
But leave out the outer court of the temple and do not measure it, because it has been given to the nations; and they will trample the holy city for forty-two months.
3 ၃ ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။
And I will give authority to my two witnesses, and they will prophesy one thousand two hundred and sixty days, clothed in sackcloth.”
4 ၄ ထိုသက်သေခံနှစ်ပါးကားကမ္ဘာမြေကြီး ကိုစိုးပိုင်တော်မူသောအရှင်၏ရှေ့တော်၌ ရှိသောသံလွင်ပင်နှစ်ပင်နှင့်မီးခွက်နှစ် လုံးတို့ဖြစ်၏။-
These are the two olive trees, even the two lampstands that stand before the Lord of the earth.
5 ၅ တစ်စုံတစ်ယောက်သောသူသည်ထိုသက်သေ ခံနှစ်ပါးအားအန္တရာယ်ပြုလျှင် သူတို့၏ခံ တွင်းမှမီးလျှံများထွက်၍ထိုသူ့ကိုကျွမ်း လောင်စေလေသည်။ သူတို့အားအန္တရာယ်ပြု ကြရန်ကြိုးစားသူမှန်သမျှပင် ဤနည်း အတိုင်းသေကြရမည်သာဖြစ်၏။-
And if anyone wants to harm them fire comes out of their mouths and consumes their enemies. So if anyone wants to harm them he must be killed in this way.
6 ၆ ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-
They have authority to shut up the sky so that no rain falls during the days of their prophecy; and they have authority over the waters to turn them into blood, and to strike the earth with every plague, as often as they wish.
7 ၇ သို့ရာတွင်သူတို့ဟောပြောကြေညာသည့် အလုပ်ပြီးစီးသောအခါ၌ တွင်းနက်ကြီး ထဲမှသားရဲသည်တက်လာ၍သူတို့အား တိုက်ခိုက်အောင်မြင်သတ်ဖြတ်ပစ်လိမ့်မည်။- (Abyssos )
When they finish their witness, the Beast of prey that comes up out of the Abyss will make war with them, overcome them and kill them (Abyssos )
8 ၈ သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-
—and leave their corpses in the street of the great city! (which is called Sodom and Egypt, spiritually speaking), even where their Lord was crucified.
9 ၉ တိုင်းနိုင်ငံအသီးသီးရှိဘာသာစကား အမျိုးမျိုးကို ပြောကြသောလူမျိုးအနွယ် အပေါင်းတို့သည် သူတို့၏အလောင်းများကို သင်္ဂြိုဟ်ရန်ခွင့်မပြုဘဲ သုံးရက်ခွဲတိုင်အောင် ကြည့်နေကြလိမ့်မည်။-
And those from the peoples, tribes, languages and ethnic nations look at their corpses three and a half days, and will not allow their corpses to be buried.
10 ၁၀ ကမ္ဘာသူကမ္ဘာသားတို့သည်ပရောဖက်နှစ်ပါး သေသည့်အတွက် အားရဝမ်းမြောက်လျက် အချင်းချင်းလက်ဆောင်ပဏ္ဏာများပေးကာ အောင်ပွဲခံကြလိမ့်မည်။ အဘယ်ကြောင့်ဆို သော်ထိုပရောဖက်နှစ်ပါးသည် ကမ္ဘာသူ ကမ္ဘာသားတို့အားများစွာဒုက္ခရောက်စေ ခဲ့ကြသောကြောင့်ဖြစ်၏။-
And those who dwell on the earth rejoice over them, and they will enjoy themselves and send gifts to one another, because these two prophets tormented those who dwell on the earth.
11 ၁၁ ထိုနောက်သုံးရက်ခွဲကြာသောအခါဘုရား သခင်၏ထံတော်မှအသက်ဝိညာဉ်သည် ထိုသူ တို့အထဲသို့ဝင်သဖြင့်သူတို့သည်ထ၍ မတ်တတ်ရပ်ကြ၏။ ဤအချင်းအရာကို တွေ့မြင်သူကမ္ဘာသူကမ္ဘာသားတို့သည် လည်းထိတ်လန့်ကြကုန်၏။-
And after three and a half days a breath of life from God entered them and they stood on their feet, and a great fear fell on those who were watching them.
12 ၁၂ ထိုနောက်ပရောဖက်နှစ်ပါးတို့သည်``ဤအရပ် သို့တက်ခဲ့လော့'' ဟုကောင်းကင်မှမိမိတို့ အားကျယ်စွာပြောသောအသံကိုကြားကြ ရ၏။ သူတို့သည်ရန်သူများစောင့်ကြည့်နေ စဉ် မိုးတိမ်တိုက်ကိုစီး၍ကောင်းကင်သို့တက် သွားကြ၏။-
And I heard a loud voice from the heaven saying to them, “Come up here!” And they went up to heaven in a cloud, and their enemies watched them.
13 ၁၃ ထိုခဏ၌မြေငလျင်ပြင်းစွာလှုပ်သဖြင့် မြို့ကြီး၏ဆယ်ပုံတစ်ပုံပျက်စီး၍လူပေါင်း ခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူ တို့သည်ထိတ်လန့်လျက်ကောင်းကင်ဘုံရှင် ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူးကြ ကုန်၏။
And in that day there was a severe earthquake and a tenth of the city fell, and seven thousand individuals were killed in the earthquake. And the rest became fearful and gave glory to the God of heaven.)
14 ၁၄ ဒုတိယအမင်္ဂလာကားကုန်လွန်သွားလေပြီ။ တတိယအမင်္ဂလာသည်မကြာမီလာ လိမ့်မည်။
The second woe is past. Look out, here comes the third woe!
15 ၁၅ ထိုနောက်သတ္တမကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ``ကမ္ဘာလောကကိုအုပ်စိုး သောအာဏာသည် ငါတို့အရှင်နှင့်ကိုယ်တော် ၏မေရှိယလက်ထဲသို့ရောက်လာလေပြီ။ ကိုယ်တော်သည်ကမ္ဘာအဆက်ဆက်စိုးစံတော် မူလိမ့်မည်'' ဟုကောင်းကင်မှကျယ်စွာပြော သောအသံများကိုကြားရ၏။- (aiōn )
So the seventh angel trumpeted, and there were loud voices in heaven saying: “The kingdom of the world has become the kingdom of our Lord and of His Christ, and He shall reign forever and ever!” (aiōn )
16 ၁၆ ထိုအခါဘုရားသခင်၏ရှေ့တော်ရှိပလ္လင်ပေါ် ၌ ထိုင်လျက်နေသောအကြီးအကဲနှစ်ဆယ့် လေးပါးတို့သည်ဘုရားသခင်အားပျပ် ဝပ်ရှိခိုးလျက်၊
And the twenty-four elders, who sit on their thrones in God's presence, fell on their faces and worshiped God
17 ၁၇ ``ပစ္စုပ္ပန်၊အတိတ်ကာလတို့၌ရှိတော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်၊ ကိုယ်တော်သည်မိမိ၏မဟာတန်ခိုးတော် ကို သုံးတော်မူလျက် လောကကိုအုပ်စိုးတော်မူပြီဖြစ်၍ ကျေးဇူးတော်ကိုချီးမွမ်းပါ၏။
saying: “We thank You, O Lord God Almighty, He who is and who was and who is coming, because You have taken up your great power and begun to reign.
18 ၁၈ ကိုယ်တော်၏အမျက်တော်သက်ရောက်ရာ ကာလသည်လည်းကောင်း၊ သေလွန်သူတို့ကိုတရားစီရင်တော်မူရာ ကာလသည်လည်းကောင်း ယခုအခါကျရောက်လာပြီဖြစ်၍လူမျိုး အပေါင်းတို့သည်အမျက်ထွက်ကြပါ၏။ ကိုယ်တော်၏အစေခံပရောဖက်များ၊ ကိုယ်တော်၏ လူစုဝင်အပေါင်း၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသူ၊အကြီး အငယ်တို့ ဆုလာဘ်တော်ကိုခံယူရန် အချိန်ကာလသည်လည်းကောင်း၊ကမ္ဘာမြေ ကြီးကို ပျက်စီးစေသူတို့ ပျက်စီးရမည့်အချိန်ကာလသည်လည်း ကောင်း ရောက်ရှိလာပါပြီ'' ဟုဘုရားသခင်အားလျှောက်ထားကြ၏။-
The nations were angry and your wrath came, even the time for the dead to be judged and to give the reward to Your slaves the prophets, and to the saints and those who fear your name, small and great, and to destroy those who have corrupted the earth.”
19 ၁၉ ထိုအခါကောင်းကင်ဘုံ၌ဘုရားသခင် ၏ဗိမာန်တော်တံခါးသည်ပွင့်၍လာသဖြင့် ဗိမာန်တော်ထဲကပဋိညာဉ်သေတ္တာတော်ကို ငါမြင်ရ၏။ ထိုနောက်လျှပ်စစ်များပြက် ခြင်း၊ မိုးခြိမ်းခြင်း၊ မြေငလျင်လှုပ်ခြင်း၊ မိုး သီးမုန်တိုင်းကြီးကျခြင်းများဖြစ်လေ သည်။
And the temple of God in heaven was opened, and the ark of the covenant of the Lord was seen in His temple. And there were lightnings, noises, thunderings and huge hail.